Exit print mode Print Data A+ A- Undo all

Tomorrowland ( 2015 )

Tomorrowland ( 2015 )

Synopsis:

IMDb 6.5 ရရှိထားတဲ့ သိပ္ပံဆန်ဆန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး .

မင်းသားကြီး George Clooney ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ကာ

ဒါရိုက်တာ  Brad Bird က ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းစအဖွင့်မှာ ဖရန့်ဝေါ်ကာ အဖြစ် မင်းသားကြီး George Clooney နဲ့

ကေစီနယူတန် အဖြစ် မင်းသမီး Britt Robertson တို့နဲ့ သူတို့ဖြတ်သန်းခဲ့ရတဲ့

အတွေ့အကြုံကိုပြန်ပြောပြတာကနေ စပြခဲ့ပါတယ်။ ဒီကားမှာ George Clooney ရဲ့

ကလေးဘဝကို ကလေးသရုပ်ဆောင် Thomas Robinson ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။

အကျိုးရှိတဲ့ သိပ္ပံပစ္စည်းများကို ပြသရမယ့် ပွဲတစ်ခုကို ဖရန့်ဝေါ်ကာ

( Thomas Robinson ) ရောက်ရှိလာပြီး သူကိုယ်တိုင်တီထွင်ထားတဲ့ မိုးပျံဂျက်လေးနဲ့

အတူ ဝင်ခွင့်ရဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အသိအမှတ်အပြုမခံရတဲ့အတွက်

ပွဲကနေပြန်ထွက်ခါနီးမှာ အေသီနာ ( Raffey Cassidy ) နဲ့တွေ့ခဲ့ပြီး

ထူးဆန်းတဲ့ သိပ္ပံပညာတွေအရမ်းခေတ်စားတဲ့

အနာဂါတ်မြို့တော်ထဲကိုရောက်သွားပါတော့တယ်။

အဲ့လိုပဲ ကေစီနယူတန် ကလည်း ထူးချွန်ဉာဏ်ထက်တဲ့

ကောင်မလေးတစ်ယောက်ဖြစ်ပြီး . သူ့အဖေပါဝင်တဲ့ အစိုးရရဲ့

စီမံကိန်းတစ်ချို့ကို အခက်အခဲဖြစ်ပြီးရှေ့ဆက်တိုးမရအောင်

အဟန့်အတားတွေလိုက်လုပ်နေခဲ့တယ်။ အဲ့ဒီလုပ်ရပ်တွေနဲ့

သူမရဲ့ထူးချွန်မှုတွေကြောင့် အေသီနာ က သိပ္ပံမြို့တော်ကိုခေါ်ယူဖို့

ဆုံးဖြတ်ရွေးချယ်လိုက်ပါတယ်။ဒါကြောင့် မြို့တော်ကိုတွေ့မြင်ခံစားနိုင်မယ့်

အမှတ်တံဆိပ်အကြွေစေ့လေးကို ကေစီထံပို့ခဲ့ပြီး စတင်ဆွဲဆောင်ခဲ့တယ်။

အကြွေစေ့ကိုအင်တာနက်မှာလေ့လာရင်း စက်ရုပ်တွေရဲ့အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့

ကေစီ ကို အေသီနာက လာရောက်ကယ်တင်ခဲ့ပြီး သိပ္ပံမြို့ကိုသွားဖို့

ပို့ဆောင်နိုင်တဲ့လူဆီ ရောက်အောင်ပို့ခဲ့ပါတယ်။

အဲ့ဒီကို ပို့ဆောင်မယ့်လူကတော့ တစ်ခြားလူမဟုတ်ဘဲ အသက်ခပ်ကြီးကြီး

အနေအထားဖြစ်နေတဲ့ ဖရန့်ဝေါ်ကာ နဲ့တွေ့ဆုံခဲ့ပါတယ်။

ဒီနေရာမှာ တစ်ခုရှင်းပြချင်တာက ဖရန့်ဝေါ်ကာ ဟာ

အသက်အရွယ်ကြီးလာခဲ့ပြီး အေသီနာ ဟာ တွေ့စကအတိုင်းကလေး

အရွယ်ပဲရှိနေခဲ့တာကတော့ သူမဟာ Program ကောင်းကောင်းနဲ့

အသက်သွင်းထားတဲ့ စက်ရုပ်တစ်ရုပ် ဖြစ်နေခဲ့တဲ့အတွက် ကလေးအတိုင်းဖြစ်နေခဲ့တာပါပဲ။

ကေစီ ၊ ဝေါ်ကာ နဲ့ အေသီနာ တို့ သိပ္ပံမြို့ကို ပြန်လည်ရောက်ရှိသွားတဲ့

အချိန်မှာ တော့ ဘာတွေဖြစ်ပျက်ခဲ့လဲ . အနာဂတ်ကိုဘယ်လိုကယ်တင်ခဲ့သလဲ .

နောက်ပြီး ထူဆန်းတဲ့ သိပ္ပံပစ္စည်းတွေနဲ့ ဖြစ်ပျက်ခဲ့သမျှတွေကို

အပြည့်အဝသိချင်ကြတယ်ဆိုရင်တော့ ဒီကားလေးကို Download ဆွဲပြီး

ကိုယ်တိုင်သာခံစားကြည့်ရှုလိုက်ကြပါ။ ပြောပြချင်တာက ဇာတ်လမ်းတစ်ခုလုံး

စိတ်ကိုပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစွာကြည့်ရှုရမယ့်

ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး . . . မိမိကိုယ်တိုင် စိတ်ကူးရင်ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

( ဇာတ်လမ်းကို ဘာသာပြန်တင်ဆက်ပေးသူကတော့ ကိုဟေဒိ (Ha Des) ဖြစ်ပြီး .

ဇာတ်လမ်းအညွန်းကိုတော့ ကျွန်တော်ကိုယ်တိုင် movie ကို ၂ ခါတိတိပြန်ကြည့်ပြီး

ရေးပေးထားပါတယ်။

                                                                  ——————————————————-

IMDb 6.5 ရရွိထားတဲ့ သိပၸံဆန္ဆန္ဇာတ္ကားေကာင္းတစ္ကားျဖစ္ၿပီး .

မင္းသားၾကီး George Clooney ပါဝင္သရုပ္ေဆာင္ထားတဲ့ ဇာတ္ကားတစ္ကားျဖစ္ကာ

ဒါရိုက္တာ  Brad Bird က ရိုက္ကူးထားပါတယ္။

ဇာတ္လမ္းစအဖြင့္မွာ ဖရန္႕ေဝၚကာ အျဖစ္ မင္းသားၾကီး George Clooney နဲ႕

ေကစီနယူတန္ အျဖစ္ မင္းသမီး Britt Robertson တို႕နဲ႕ သူတို႕ျဖတ္သန္းခဲ့ရတဲ့

အေတြ႕အၾကံဳကိုျပန္ေျပာျပတာကေန စျပခဲ့ပါတယ္။ ဒီကားမွာ George Clooney ရဲ႕

ကေလးဘဝကို ကေလးသရုပ္ေဆာင္ Thomas Robinson ကပါဝင္သရုပ္ေဆာင္ေပးထားပါတယ္။

အက်ဳိးရွိတဲ့ သိပၸံပစၥည္းမ်ားကို ျပသရမယ့္ ပြဲတစ္ခုကို ဖရန္႕ေဝၚကာ

( Thomas Robinson ) ေရာက္ရွိလာၿပီး သူကိုယ္တိုင္တီထြင္ထားတဲ့ မိုးပ်ံဂ်က္ေလးနဲ႕

အတူ ဝင္ခြင့္ရဖို႕ၾကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ အသိအမွတ္အျပဳမခံရတဲ့အတြက္

ပြဲကေနျပန္ထြက္ခါနီးမွာ ေအသီနာ ( Raffey Cassidy ) နဲ႕ေတြ႕ခဲ့ၿပီး

ထူးဆန္းတဲ့ သိပၸံပညာေတြအရမ္းေခတ္စားတဲ့

အနာဂါတ္ျမိဳ႕ေတာ္ထဲကိုေရာက္သြားပါေတာ့တယ္။

အဲ့လိုပဲ ေကစီနယူတန္ ကလည္း ထူးခြ်န္ဥာဏ္ထက္တဲ့

ေကာင္မေလးတစ္ေယာက္ျဖစ္ၿပီး . သူ႕အေဖပါဝင္တဲ့ အစိုးရရဲ႕

စီမံကိန္းတစ္ခ်ိဳ႕ကို အခက္အခဲျဖစ္ၿပီးေရွ႕ဆက္တိုးမရေအာင္

အဟန္႕အတားေတြလိုက္လုပ္ေနခဲ့တယ္။ အဲ့ဒီလုပ္ရပ္ေတြနဲ႕

သူမရဲ႕ထူးခြ်န္မႈေတြေၾကာင့္ ေအသီနာ က သိပၸံျမိဳ႕ေတာ္ကိုေခၚယူဖို႕

ဆံုးျဖတ္ေရြးခ်ယ္လိုက္ပါတယ္။ဒါေၾကာင့္ ျမိဳ႕ေတာ္ကိုေတြ႕ျမင္ခံစားႏိုင္မယ့္

အမွတ္တံဆိပ္အေၾကြေစ့ေလးကို ေကစီထံပို႕ခဲ့ၿပီး စတင္ဆြဲေဆာင္ခဲ့တယ္။

အေၾကြေစ့ကိုအင္တာနက္မွာေလ့လာရင္း စက္ရုပ္ေတြရဲ႕အႏၱရာယ္နဲ႕ ၾကံဳေတြ႕ရတဲ့

ေကစီ ကို ေအသီနာက လာေရာက္ကယ္တင္ခ့ဲၿပီး သိပၸံျမိဳ႕ကိုသြားဖို႕

ပို႕ေဆာင္ႏိုင္တဲ့လူဆီ ေရာက္ေအာင္ပို႕ခဲ့ပါတယ္။

အဲ့ဒီကို ပို႕ေဆာင္မယ့္လူကေတာ့ တစ္ျခားလူမဟုတ္ဘဲ အသက္ခပ္ၾကီးၾကီး

အေနအထားျဖစ္ေနတဲ့ ဖရန္႕ေဝၚကာ နဲ႕ေတြ႕ဆံုခဲ့ပါတယ္။

ဒီေနရာမွာ တစ္ခုရွင္းျပခ်င္တာက ဖရန္႕ေဝၚကာ ဟာ

အသက္အရြယ္ၾကီးလာခဲ့ၿပီး ေအသီနာ ဟာ ေတြ႕စကအတိုင္းကေလး

အရြယ္ပဲရွိေနခဲ့တာကေတာ့ သူမဟာ Program ေကာင္းေကာင္းနဲ႕

အသက္သြင္းထားတဲ့ စက္ရုပ္တစ္ရုပ္ ျဖစ္ေနခဲ့တဲ့အတြက္ ကေလးအတိုင္းျဖစ္ေနခဲ့တာပါပဲ။

ေကစီ ၊ ေဝၚကာ နဲ႕ ေအသီနာ တို႕ သိပၸံျမိဳ႕ကို ျပန္လည္ေရာက္ရွိသြားတဲ့

အခ်ိန္မွာ ေတာ့ ဘာေတြျဖစ္ပ်က္ခဲ့လဲ . အနာဂတ္ကိုဘယ္လိုကယ္တင္ခဲ့သလဲ .

ေနာက္ၿပီး ထူဆန္းတဲ့ သိပၸံပစၥည္းေတြနဲ႕ ျဖစ္ပ်က္ခဲ့သမွ်ေတြကို

အျပည့္အဝသိခ်င္ၾကတယ္ဆိုရင္ေတာ့ ဒီကားေလးကို Download ဆြဲၿပီး

ကိုယ္တိုင္သာခံစားၾကည့္ရႈလိုက္ၾကပါ။ ေျပာျပခ်င္တာက ဇာတ္လမ္းတစ္ခုလံုး

စိတ္ကိုေပါ့ေပါ့ပါးပါးနဲ႕ စိတ္ဝင္စားစြာၾကည့္ရႈရမယ့္

ရုပ္ရွင္ကားတစ္ကားျဖစ္ၿပီး . . . မိမိကိုယ္တိုင္ စိတ္ကူးရင္ခံစားၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။

( ဇာတ္လမ္းကို ဘာသာျပန္တင္ဆက္ေပးသူကေတာ့ ကိုေဟဒိ (Ha Des) ျဖစ္ၿပီး .

ဇာတ္လမ္းအညြန္းကိုေတာ့ ကြ်န္ေတာ္ကိုယ္တိုင္ movie ကို ၂ ခါတိတိျပန္ၾကည့္ၿပီး

ေရးေပးထားပါတယ္။



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Brad Bird
Stars
Britt Robertson, George Clooney, Hugh Laurie
Release Date
22 May 2015 (USA)
Rated
PG
Runtime
2h 10min
IMDB Rating
6.4
IMDB votes
167603