Channel Myanmar

Chinese Doctors (2021)

Zhong guo yi sheng    

2h 9min Drama

5
IMDB: 5/10 votes

441397

Report error

Chinese Doctors (2021)

Wuhanဆိုတဲ့ အမည်ကိုကြားလိုက်တာနဲ့
ကျွန်​တော်တို့ရဲ့အ​တွေးထဲမှာ ​နေရာတစ်ခုကိုတန်းပြီး ​ပြေးမြင်မိမှာပါ၊
ဟုတ်ပါတယ် …..
တစ်ကမ္ဘာလုံးက လူသန်း​ပေါင်းများစွာကို ဒုက္ခ​​ပေးခဲ့၊ ​ပေးဆဲဖြစ်တဲ့
Covid 19လို့​​ခေါ်တဲ့ ကမ္ဘာ့ကပ်​ရောဂါဆိုးကြီး စတင်​ပေါ်​ပေါက်ခဲ့တဲ့​နေရာပါ၊

ဒီရုပ်ရှင်က​တော့ Wuhan မြို့မှာ
Corona virusစတင်​တွေ့ရှိချိန်ကစပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်မျိုးပါ၊
ရုပ်ရှင်လို့လည်း ဆိုနိုင်သလို Real footage ​တွေပါ ပြန်သုံးထားတဲ့အတွက်
Documentary လို့​​လည်း သတ်မှတ်လို့ရနိုင်ပါတယ်

ဒီရုပ်ရှင်ထဲမှာ ဒီ Virusက ဘယ်​လောက်ထိ​ကြောက်ဖို့​ကောင်းလဲ
​ရောဂါအ​ကြောင်း ဂဃနဏမသိ​သေးတဲ့
စမ်းတဝါးဝါးအချိန်မှာကတည်းက ဘယ်​လောက်ထိ ဒုက္ခ​ပေးနိုင်လဲဆိုတာ
ကိုယ်တိုင်တကယ်ကြုံ​နေရသလို ခံစားရမယ်၊
ဇာတ်​ကောင်​တွေနဲ့အတူ စီး​မြောပြီး ရင်​​မောရပါမယ်

ပြီး​တော့ ဆရာဝန်​တွေရဲ့ကျင့်ဝတ်နဲ့ ကိုယ်ကျိုးယှဉ်လာတဲ့အချိန်မှာ
ဘယ်​လောက်ထိ ​ဝေခွဲရခက်တယ်၊ ​ရွေးရခက်တယ်ဆိုတာ မြင်နိုင်တယ်၊
အပြင်လူ​တွေသိဖို့ခက်တဲ့ ဆရာဝန်​တွေရဲ့ဘဝကို​​တွေ့ရမယ်၊
လူနာအသက်ကိုကယ်ဖို့ဆိုရင် ဘာမဆိုလုပ်ရလုပ်ရဆိုတဲ့
သမားဂုဏ်ကိုလည်း ​ပေါ်လွင်​အောင် ရိုက်ကူးပြထားတယ်

Covidအ​ကြောင်းပဲလား၊ ဆရာဝန်​တွေရဲ့ရှု​ထောင့်ပဲလားဆိုရင် မဟုတ်ပြန်ပါဘူး၊
လူနာ​တွေရဲ့ ဘဝ​တွေ၊ မိသားစု​တွေရဲ့ ဇာတ်​ကြောင်း​တွေ၊
Panicဖြစ်လာချိန်မှာ အမြဲကြုံရတဲ့ လူ့သ​ဘောလူ့မ​နော​တွေကိုလည်း မလွတ်​စေရ​အောင်ရိုက်ကူးထားပြန်ပါတယ်

ဒါ့အပြင် ရုပ်ရှင်တစ်ကားလုံးဟာ အ​ရေး​ပေါ်အ​ခြေအ​နေမှာ
Covid 19ဆိုတဲ့ ​ရောဂါကြီးကို နဖူး​တွေ့ဒူး​တွေ့စမြင်ဖူးတဲ့အချိန်ကို ရိုက်ကူးထားတာဖြစ်လို့
Caseတိုင်းနီးပါးက အ​ရေး​ပေါ်အသက်ကယ်ရတဲ့ အ​ခြေအ​နေ​တွေချည်းပါပဲ၊
ဒီလိုCaseမျိုး​တွေမှာ ဘာလက္ခဏာ​တွေ​ပေါ်တတ်လဲ၊
ဘယ်လိုအသက်ကယ်နည်း​တွေသုံးတယ်၊ ဘယ်လို​ဆေး​တွေသုံးတယ်ဆိုတာကအစ
တကယ့်အပြင်က အသက်ကယ်​ဆေးကုသနည်း​တွေကိုပါ
ရှင်းရှင်းလင်းလင်းသ​ဘော​​ပေါက်​အောင်လည်း ရိုက်ပြထားပါတယ်

ဇာတ်​​ကောင်တိုင်းဟာ အဓိက​ဇာတ်​ဆောင်ဖြစ်​နေတဲ့ ရုပ်ရှင်ဆိုတာ အရမ်းရှားပါတယ်၊
ဒီကားမှာက​တော့ ဆရာဝန်​တွေဟာလည်း ​ခေါင်း​​ဆောင်​မင်းသား၊ မင်းသမီး​တွေဖြစ်သလို
လူနာ​တွေဟာလည်း ​ခေါင်း​ဆောင်​တွေပါပဲ၊

ဘယ်ရှု​ထောင့်ကပဲ ကြည့်ကြည့် ဇာတ်ကားထဲကလူတိုင်းက
အ​ရေးပါအ​ရာ​​ရောက်​နေတဲ့သူ​တွေချည်းပါပဲ၊

သူတို့​တွေ​ပျော်တဲ့အချိန်ဆို ကိုယ်ပါဝင်​ပျော်မိသလို
ဝမ်းနည်းပူ​​ဆွေးရတဲ့အခန်းဆိုရင် ကိုယ်တိုင်ဖြစ်​နေသလို လိုက်ပါခံစားရပြန်ပါတယ်

တချို့ရုပ်ရှင်ကား​တွေက ရသပီပြင်​​အောင်ညွှန်းရတာခက်ပါတယ်၊
ကိုယ်တိုင်ခံစားကြည့်မှ ချိုချဉ်ငန်စပ်ခါး ရသာစုံကို ​တွေ့ရမှာပါ၊

ဒီရုပ်ရှင်ဟာလည်း ဒီလိုပါပဲ၊ Documentaryပုံစံ ဇာတ်ကားဖြစ်​ပေမယ့်
ကြည့်ရှုသူနဲ့ စိတ်ခံစားချက်အ​ပေါ်လိုက်ပြီး ဗဟုသုတရနိုင်တဲ့ ဇာတ်ကားလည်းဖြစ်နိုင်သလို
ရသအပြည့်အဝ​ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလည်း ဖြစ်သွားနိုင်ပါတယ်၊
ကြည့်ရှုတဲ့ ရှု​ထောင့်​ပေါ်မူတည်ပြီး ဝိဝါဒကွဲလွဲသွားနိုင်ပါတယ်၊

ဒါ​ပေမယ့် ​သေချာတာတစ်ခုက ဘယ်လိုရှု​ထောင့်နဲ့ပဲ ကြည့်ကြည့်
ဒီရုပ်ရှင်ကားက အချိန်၂နာရီ ​ပေးရကျိုးနပ်​စေမယ့်၊
ကြည့်မိလို့ ​​နောင်တလုံးဝမရ​စေမယ့် ဇာတ်ကားဆိုတာကို​တော့ ​သေချာ​ပေါက်ညွှန်းဆိုနိုင်ပါတယ်

ဘာသာပြန် နဲ့ အညွှန်းကတော့ JimX ပဲ ဖြစ်ပါတယ်။

Quality….WEB-DL 1080p and 720p and 480p
File size…1.76GB and 1.1GB and 539MB
Format…mp4
Duration….2h 9min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. JimX
Encoder …..August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Chinese Doctors (2021)


No downloads available

Genres



Related movies