Exit print mode Print Data A+ A- Undo all

Cinema Paradiso (1988)

A celebration of youth, friendship, and the everlasting magic of the movies.
Cinema Paradiso (1988)Cinema Paradiso (1988)

Synopsis:

Cinema Paradiso (1988)

IMDb – 8.5/10_____Rotten – 89%


Won 1 Oscar. 
Another 24 wins & 31 nominations

1988ကဇာတ်ကားဖြစ်ပြီးတော့ ဆုပေါင်းများစွာကိုလည်း ရရှိထားပါတယ်

ဇာတ်လမ်းကတော့ ရုပ်ရှင်ကိုအရမ်းရူးသွပ်တဲ့သူတစ်ယောက်ရဲ့

ဘဝအကြောင်းရိုက်ထားတာပါ ဇာတ်လမ်းရဲ့

အဓိကဇာတ်ကောင်နှစ်ယောက်ကတော့

အဲလ်ဖရက်ဒိုလို့ခေါ်တဲ့ ရုပ်ရှင်ရုံမှာ

ပရိုဂျက်တာထိုးတဲ့သူနဲ့ ဆာလဗာတိုဆိုတဲ့

ရုပ်ရှင်တွေနဲ့ရုပ်ရှင်ရုံကို ဘဝလိုသတ်မှတ်ထားတဲ့

ကောင်လေးတို့ပဲဖြစ်ပါတယ် ဇာတ်လမ်းအစမှာ ရောမမြို့က

နာမည်ကြီးဒါရိုက်တာတစ်ယောက်ဟာ

အဲလ်ဖရက်ဒိုဆိုတဲ့သူဆုံးပြီဆိုတဲ့ သတင်းကြားပြီးနောက်

နောက်ကြောင်းပြန်ရာကနေစပါတယ်

ဒီနောက်ကြောင်းပြန်ရာကနေပဲ

သူ့ရဲ့ငယ်ဘဝ အဖြစ်အပျက်များက

တိုတို ဆိုတဲ့ကောင်လေးအဖြစ်မှာ

ကြုံခဲ့ရတဲ့အကြောင်းတွေကို ရိုက်ကူးထားတာပါ

အဲဖရက်ဒိုက တိုတို ခေါ် ဆာလဗာတိုကို

အစပိုင်းမှာ အန္တရယ်ဖြစ်မှာစိုးလို့

ရုပ်ရှင်ရုံထဲကနေမောင်းထုတ်ခဲ့ပေမယ့်

နောက်ပိုင်းမှာတော့ ကောင်လေးရဲ့စိတ်ဝင်စားမှုကို

နားလည်လာခဲ့ပါတယ် ဒီလိုနဲ့ နေ့နေ့ညည

ပရိုဂျက်တာခန်းထဲမှာ ပရိုဂျက်တာထိုးတဲ့အလုပ်ကို

သင်ပေးရင်းနဲ့ ကောင်လေးကို သားအရင်းတစ်ယောက်လို

သံယောဇဉ်တွယ်မိသွားသလို တိုတို ကလည်း

အဲလ်ဖရက်ဒိုကို ဖခင်တစ်ယောက်လို ချစ်ခင်သွားခဲ့ပါတယ်

ဒီရုပ်ရှင်ကားဟာ ကျွန်တော်တို့ အတွက် နှလုံးသား အဟာရ

ဖြည့်ပေးမယ့် ရုပ်ရှင်ကားကောင်း တစ်ခု ဖြစ်သလို

ဘ၀ မှာ မသေခင် ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်း

တစ်ခုဖြစ်ပါတယ်…

ရုပ်ရှင် ရုံတင်တဲ့ ခုနှစ် ကတော့ ၁၉၈၈ ခု နှစ်ဖြစ်ပြီး

ယခု ဆိုရင် နှစ်ပေါင်း ၃၀ တောင် ပြည့်တော့မှာပါ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်က ရုပ်ရှင် တစ်ခုဟာ

ယနေ့ခေတ် လူငယ်တွေ ရော အဲ့ဒီခေတ်ဘက်ပါ

လူတွေပါ ပြန်ကြည့်ရင် ကြည်နူးစရာ ၊ လွမ်းဆွတ်စရာ

တွေးစရာတွေ အစုံအလင် ရနိုင်မှာပါ….

ပိုပြီးထူးခြားတာက ရုပ်ရှင်ရုံ နဲ့ ပတ်သက်တဲ့

ရုပ်ရှင်ကား ဖြစ်တာကြောင့် အဖြူ အမဲ ခေတ်

ကာလာစုံခေတ် ဖလင်စက် အကူးအပြောင်း

တွေ နဲ့ ရုပ်ရှင်ကားနာမည်ပေါင်းစုံ အပြင်

ရုပ်ရှင်ကားတွေ ရဲ့ ဒိုင်ယာလော့ခ် တွေပါ

အမှတ်တရ ရှိစွာ ပြန်လည်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်….

ဇတ်လမ်းလေးဟာ တိုတို ဆိုတဲ့ အသက် ၅ နှစ်ပဲ

ရှိသေးတဲ့ ကလေးတစ်ယောက် နဲ့ စတင်ထားပြီး

အစကနေ အဆုံးထိ ထိုင်ရာက မထစတမ်း

ရုပ်ရှင်ကြည့်သူများကို ဆွဲခေါ်သွားမှာ မုချ ပါပဲ…

 ………………………………………………

 

Cinema Paradiso ရုပ်ရှင်မှရရှိခဲ့သောဆုများ

(1) 1990 Oscar Best Foreign Language Film

(2) Grand Prize of the Jury Cannes Film Festival 1989

(3) Best Foreign Language Film Hollywood Golden Globes

(4) Special Prize of the Jury Felix Award 1989

(5) Best Actor for Philippe Noiret Felix Award 1989

(6) Best Foreign Film French César Awards

(7) Best Poster of the Year French César Awards

(8) Best Foreign Film Japanese newspaper “Mainichi Eiga”

(9) Best Foreign Language Film Japanese press

(10) EuropaCinema Festival Prize Best technical contribution

(11) Confédération internationale des cinémas d’essai Prize

(12) Pasinetti Prize Italian Syndicate of Film Journalists

(13) Best Music David di Donatello Awards

(14) Best Original Film Score prize for Ennio Morricone

(15) Efebo d’Oro Prize 1989

(16) Cinema & Società Prize 1989

တို့ပဲ ဖြစ်ပါတယ်…

 

ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့

Chanyein Soe ဖြစ်ပြီး အညွှန်းကိုတော့

Chanyein Soe နဲ့ Thit San Khant တို့

ပေါင်းရေးထားပါတယ် ခံစားကြည့်ရှုပေးကြပါ။

 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Nuovo Cinema Paradiso
Director
Giuseppe Giglietti, Giuseppe Tornatore
Stars
Agnese Nano, Antonella Attili, Enzo Cannavale, Isa Danieli, Jacques Perrin, Leo Gullotta, Marco Leonardi, Philippe Noiret, Pupella Maggio, Salvatore Cascio
Release Date
17 November 1988 (Italy)
Rated
R
Runtime
2h 35min
Awards
Won 1 Oscar. Another 24 wins & 31 nominations
Country
Italy | France
Revenue
USD $11 990 401,00
Popularity
19.88
Status
Released
ID IMDb.com
tt0095765
IMDB Rating
8.5
IMDB votes
221,135
ID Themoviedb.org
11216
TMDb Rating
8.4
TMDb votes
2408