Channel Myanmar















[Unicode]

“ကျွန်မက အမြဲအဆင်ပြေနေတယ်လို့ လူတွေကထင်ကြတယ် တကယ်တော့ဒီလိုမဟုတ်ခဲ့ပါဘူး
ကိစ္စသေးသေးလေးတွေကတောင်မှ ကျွန်မကိုနာကျင်စေပါတယ်”

“လူတစ်ယောက်ကို မုန်းလဲမုန်း ချစ်လဲချစ်နေတာမျိုးက အချစ်စစ်ပါပဲ”

English sub ပဲရှိကတည်းက နာမည်ကြီးတဲ့ကားလေးမို့လို့ တော်တော်များများလည်းသိပြီးသားဖြစ်မှာပါ..

ကူရူရူဂီ ယူနီဆိုတာ အေးတိအေးစက်နဲ့ မာကျောတယ်လို့ထင်ရတဲ့ အထက်တန်းကျောင်းသူလေးပါ ။

သူကစာလဲတော်ပြီး စိတ်မာတယ်လို့ထင်ရတဲ့အတွက် လူတွေကသူ့အတွက်ဆို ဘယ်တော့မှ ဂရုတစိုက်စဉ်းစားပေးကြပါဘူး

ကူရူရူဂီက ပျော်သည်ဖြစ်စေ ဒေါသထွက်သည်ဖြစ်စေ သူ့ရဲ့ခံစားချက်ကိုမျက်နှာမှာ လုံးဝမဖော်ပြဘဲ ရုပ်တည်ကြီးနဲ့အမြဲနေပါတယ်…

သူကတခြားဘာသာရပ်တွေမှာTopထဲဝင်ပေမယ့် အင်္ဂလိပ်စာမှာတော့ဆိုးဆိုးဝါးဝါးပါပဲ

ပထမအစမ်းစာမေးပွဲအတွက် အမှတ်တွေထွက်တဲ့အခါ ကူရူရူဂီရဲ့အင်္ဂလိပ်အမှတ်က အရမ်းနည်းတဲ့အတွက် သူတို့အတန်းရဲ့အင်္ဂလိပ်စာဆရာဖြစ်တဲ့
ဆရာ ဆာကူရိုင်နဲ့အချိန်ပိုသင်ဖို့ကျောင်းကစီစဉ်ပေးပါတယ်

ဆရာဆာကူရိုင်က လူတွေရဲ့စိတ်ကိုနားလည်တတ်တဲ့သူပါ ကူရူရူဂီရဲ့အပြုအမူတွေကိုကြည့်ပြီး သူ့စိတ်ထဲမှာဘာတြွေဖစ်နေလဲဆိုတာကို ခန့်မှန်းနိုင်တဲ့သူမျိုးပါ

ခံစားချက်တွေကိုမဖော်ပြတဲ့သူနဲ့ သူမပြောလည်း သူ့ခံစားချက်တွေကိုနားလည်ပေးနိုင်တဲ့သူတို့တွေ့ကြတဲ့အခါ ဘာတွေဖြစ်မလဲ…

အချစ်ကိုတစ်ခါမှမကြုံဖူးတဲ့သူရယ်

ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကစမချစ်ဖူးတဲ့သူရယ်

ဒီနှစ်ယောက်ဆီမှာသံယောဇဉ်တွေဖြစ်ကြတဲ့အခါ ဘယ်လိုထုတ်ပြကြမှာလဲဆိုတာကိုသိချင်ရင် ဒီကားလေးကို ကြည့်ပါလို့…

( အညွှန်းနဲ့ဘာသာပြန်သူကတော့ Ingyin San ဖြစ်ပါတယ် )

 


File size__( 999 MB) and ( 370 MB)
Quality__720p
IMDb Rating__6.3/10
Format__mp4
Duration__01:57:48
Type__Drama, Romance
Subtitle__Myanmar Subtitle (Hardsub)
Translated by Ingyin San
Encoded by Naing Aung Latt

Close Range Love (2014)


No downloads available

Genres



Related movies