Channel Myanmar

Cloud Atlas (2012)

Cloud Atlas    

R 2h 52min ActionDramaMystery

7.4
IMDB: 7.4/10 339,007 votes

, , , , , , ,

, , , , , , , , , , ,

1 Golden Globe. Another 16 wins & 76 nominations

USA | Germany | Hong Kong | Singapore | China

924924

Report error

Cloud Atlas (2012)
IMDb…..7.4,,,,Rotten…66%

 

Storyline

Cloud Atlas ဟာ ၁၈၀၀ ခုနှစ်များကစတင်ပြီး ယခု ကျွန်တော်တို့ နေထိုင်တဲ့
ကမ္ဘာကြီးပျက်ဆီးသွားတဲ့အထိ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက်
များ၊ အပြုအမူများဟာ ခေတ်အဆက်ဆက် ဘယ်လောက်ထိ အကျိုးသက် ရောက်မှုရှိတယ်ဆိုတာကို ရိုက်ပြထားပါတယ်။

Review

ကျွန်တော် ရုပ်ရှင်တော်တော်များများကြည့်ဖူးပါတယ်။ ဒါပေမယ့် Cloud Atlas လို

ဇာတ်အိမ်ကြီးတဲ့ ရုပ်ရှင်မျိုးမကြည့်ဖူးဘူးလို့ ဝန်ခံရမှာပါပဲ။
ဇာတ်အိမ်ကြီးလှပါတယ်ဆိုတဲ့ J.R.R Tolkien ရဲ့ Lord of the Rings Universe ကတောင် ၁၈၀၀ ခုနှစ် ကနေ
ဒီကမ္ဘာပျက်သွားပြီး နောက်ထပ်ဂြိုလ်တွေပေါ်မှာ လူတွေသွားနေရတဲ့ ခေတ်များ
အထိ ဇာတ်လမ်းဆင်ထားတဲ့ Cloud Atlas လောက်ကြီးပါ့မလားလို့ တွေးမိပါတယ်။

Cloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင်
၆ ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ပြထားပြီး

အဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ၂၁၀၀၊
နောက်တော့ လူ့ယဉ်ကျေးမှုပျက်ဆီးသွားတဲ့ ခေတ် စတဲ့ မတူညီတဲ့ ခေတ် ၆ ခေတ်ကဖြစ်ပါတယ်။

ဇာတ်လမ်းဆင်ထားတဲ့ ပုံကအရမ်းအံ့အော်စရာ
ကောင်းပါတယ်။ ဇာတ်ကားတစ်ကားတည်းနဲ့ ဇာတ်ကား ၆ ကားကို တစ်ခါတည်းကြည့်ရသလို
ပါပဲ။ အဲ့ဇာတ်ကား ၆ ကား ဟာလည်း တစ်ခုနဲ့တစ်ခု theme မတူညီတဲ့အတွက်

အပေါ်မှာရေးထား သလို
Adventure, Drama, Thriller, Scifi, Action, Mystery, Fantasy, Comedy ခံစားမှုပေါင်းစုံနဲ့ ရိုက်ကူးထားပါ
တယ်။ ကျွန်တော်အကြိုက်ဆုံးအချက်ကတော့ ဒီလိုမတူညီတဲ့ ခေတ် ၆ ခေတ်မှာ မတူညီတဲ့ ဇာတ်ကောင် ၆
ယောက်ရဲ့ ဇာတ်လမ်းကို တစ်ပြိုင်တည်း တင်ဆက်ထားတာမှာ

ဇာတ်လမ်းအတက်အကျတွေဟာ တစ်ပြေးညီဖြစ်

နေတာပါပဲ။ ဇာတ်လမ်း ၇ ပုဒ်ကို တစ်ခါတည်းပြဖို့ ကြိုးစား ထားတာဖြစ်တဲ့အတွက်

စစချင်းတော့ ဘယ်သူက ဘာတွေမှန်းမသိ ခေါင်းတွေမူးနောက်နေခဲ့ပေမယ့် ဇာတ်ကြောင်းတွေပေါ်လာလေလေ

နောက်ဘာဆက်ဖြစ်မလဲဆိုပြီး ၇ ပုဒ်လုံး ဇာတ်ကောင် ၆ ယောက်လုံးကို စိတ်ဝင်စားလာအောင်၊

ပြီးတော့ အဲ့ ဇာတ်ကောင် ၆ ယောက်ကို ဘယ်လို ချိတ်ဆက်ထားလဲဆိုတာကို သိချင်လာအောင် ရိုက်ပြထားပါတယ်။

ဒီကားမှာသုံးထားတဲ့ Make-up ကိုတော့ တော်တော်လေးကြိုက်
ပါတယ်။ မင်းသား၊ မင်းသမီး အတူတူပေမယ့် Make-up ကြောင့် နောက်ဆုံးစာတမ်းထိုးတော့မှ သြော်၊ အဲ့တာလည်း

သူတို့ပါပဲလားဆိုပြီး သိရတာပါ။ အချုပ်ပြောရရင်တော့ Cloud Atlas ဟာတော်တော်ကောင်းတဲ့ကား၊ ထူးခြားတဲ့ကားတွေထဲမှာပါပါတယ်။

ဇာတ်လမ်းက ခေတ် ၇ ခေတ်ကို တစ်ခါတည်းရိုက်ပြထားတာဆိုတော့ ကြည့်ပြီးတဲ့လူတွေအတွက်

နည်းနည်းရှုပ်နေနိုင်တဲ့အတွက်

ထုံးစံအတိုင်း ရေးနိုင်သလောက် Synopsis လေးရေးထားပါတယ်။

ဒီကားက တစ်ချို့အတွက်တော့ ဇာတ်လမ်းစ၊ဆုံးမလိုပေမယ့်
တစ်ချို့အတွက်တော့ တစ်ချို့အတွက်တော့ ရှင်းလင်းချက်ဟန်
က လိုနေပါလိမ့်မယ်…မဟုတ်ရင် ခေါင်းအနည်းငယ်နောက်နိုင်လို့
ပါ…
ဒီလိုရှင်းလင်းချက်အညွှန်းတွေအတွက် ကူးယူဖော်ပြခွင့်ပြုသော
DatShin နှင့် ခဲရာခဲဆစ် ဒိုင်ယာလော့ပေါင်းများစွာကို
စိတ်ရှည်လက်ရှည်ဘာသာပြန်ပေးသော Crystal Win တို့အား
အထူးပင်ကျေးဇူးတင်ရှိပါသည်…
ရှင်းလင်းချက်မလိုတဲ့သူများ စပွိုင်လာမိမှာကြောက်သူများ
ဆက်မဖတ်ဘဲ ဒေါင်းနိုင်ပါပြီ

—————————————————————

Cloud Atlas ဟာ ၁၈၀၀ ခုုႏွစ္မ်ားကစတင္ျပီး ယခုု ကၽြန္ေတာ္တိုု႕ ေနထိုင္တဲ့
ကမၻာၾကီးပ်က္ဆီးသြားတဲ့အထိ လူပုုဂၢိဳလ္တစ္ေယာက္ခ်င္းစီရဲ႕ ဆံုုးျဖတ္ခ်က္
မ်ား၊ အျပဳအမူမ်ားဟာ ေခတ္အဆက္ဆက္ ဘယ္ေလာက္ထိ အက်ုိးသက္ ေရာက္မွုုရွိတယ္ဆိုုတာကိုု ရုုိက္ျပထားပါတယ္။

Review
ကၽြန္ေတာ္ ရုုပ္ရွင္ေတာ္ေတာ္မ်ားမ်ားၾကည့္ဖူးပါတယ္။ ဒါေပမယ့္ Cloud Atlas လိုု

ဇာတ္အိမ္ၾကီးတဲ့ ရုုပ္ရွင္မ်ိဳးမၾကည့္ဖူးဘူးလိုု႕ ၀န္ခံရမွာပါပဲ။
ဇာတ္အိမ္ၾကီးလွပါတယ္ဆိုုတဲ့ J.R.R Tolkien ရဲ႕ Lord of the Rings Universe ကေတာင္ ၁၈၀၀ ခုႏွစ္ ကေန
ဒီကမၻာပ်က္သြားျပီး ေနာက္ထပ္ျဂိဳလ္ေတြေပၚမွာ လူေတြသြားေနရတဲ့ ေခတ္မ်ား
အထိ ဇာတ္လမ္းဆင္ထားတဲ့ Cloud Atlas ေလာက္ၾကီးပါ့မလားလိုု႕ ေတြးမိပါတယ္။

Cloud Atlas မွာ အဓိကအားျဖင့္ ဇာတ္ေကာင္
၆ ေယာက္ရဲ႕ ဇာတ္လမ္းကိုု ရုုိက္ျပထားျပီး

အဲ့ ဇာတ္ေကာင္ ၆ ေယာက္ဟာ ၁၈၀၀ ႏွစ္မ်ား၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ၂၁၀၀၊
ေနာက္ေတာ့ လူ႕ယဥ္ေက်းမွုုပ်က္ဆီးသြားတဲ့ ေခတ္ စတဲ့ မတူညီတဲ့ ေခတ္ ၆ ေခတ္ကျဖစ္ပါတယ္။

ဇာတ္လမ္းဆင္ထားတဲ့ ပံုုကအရမ္းအံ့ေအာ္စရာ
ေကာင္းပါတယ္။ ဇာတ္ကားတစ္ကားတည္းနဲ့ ဇာတ္ကား ၆ ကားကိုု တစ္ခါတည္းၾကည့္ရသလိုု
ပါပဲ။ အဲ့ဇာတ္ကား ၆ ကား ဟာလည္း တစ္ခုုနဲ႕တစ္ခုု theme မတူညီတဲ့အတြက္

အေပၚမွာေရးထား သလိုု
Adventure, Drama, Thriller, Scifi, Action, Mystery, Fantasy, Comedy ခံစားမွုုေပါင္းစံုုနဲ႕ ရုုိက္ကူးထားပါ
တယ္။ ကၽြန္ေတာ္အၾကိဳက္ဆံုုးအခ်က္ကေတာ့ ဒီလိုုမတူညီတဲ့ ေခတ္ ၆ ေခတ္မွာ မတူညီတဲ့ ဇာတ္ေကာင္ ၆
ေယာက္ရဲ႕ ဇာတ္လမ္းကိုု တစ္ျပိုင္တည္း တင္ဆက္ထားတာမွာ

ဇာတ္လမ္းအတက္အက်ေတြဟာ တစ္ေျပးညီျဖစ္

ေနတာပါပဲ။ ဇာတ္လမ္း ၇ ပုုဒ္ကိုု တစ္ခါတည္းျပဖိုု့ ၾကိဳးစား ထားတာျဖစ္တဲ့အတြက္

စစခ်င္းေတာ့ ဘယ္သူက ဘာေတြမွန္းမသိ ေခါင္းေတြမူးေနာက္ေနခဲ့ေပမယ့္ ဇာတ္ေၾကာင္းေတြေပၚလာေလေလ

ေနာက္ဘာဆက္ျဖစ္မလဲဆိုုျပီး ၇ ပုုဒ္လံုုး ဇာတ္ေကာင္ ၆ ေယာက္လံုုးကိုု စိတ္၀င္စားလာေအာင္၊

ျပီးေတာ့ အဲ့ ဇာတ္ေကာင္ ၆ ေယာက္ကိုု ဘယ္လိုု ခ်ိတ္ဆက္ထားလဲဆိုုတာကိုု သိခ်င္လာေအာင္ ရုုိက္ျပထားပါတယ္။

ဒီကားမွာသံုုးထားတဲ့ Make-up ကိုုေတာ့ ေတာ္ေတာ္ေလးၾကိဳက္
ပါတယ္။ မင္းသား၊ မင္းသမီး အတူတူေပမယ့္ Make-up ေၾကာင့္ ေနာက္ဆံုုးစာတမ္းထိုုးေတာ့မွ ေျသာ္၊ အဲ့တာလည္း

သူတိုု့ပါပဲလားဆိုုျပီး သိရတာပါ။ အခ်ုပ္ေျပာရရင္ေတာ့ Cloud Atlas ဟာေတာ္ေတာ္ေကာင္းတဲ့ကား၊ ထူးျခားတဲ့ကားေတြထဲမွာပါပါတယ္။

ဇာတ္လမ္းက ေခတ္ ၇ ေခတ္ကိုု တစ္ခါတည္းရိုုက္ျပထားတာဆိုုေတာ့ ၾကည့္ျပီးတဲ့လူေတြအတြက္

နည္းနည္းရွုုပ္ေနႏိုုင္တဲ့အတြက္

ထံုုးစံအတိုုင္း ေရးႏိုုင္သေလာက္ Synopsis ေလးေရးထားပါတယ္။

ဒီကားက တစ္ခ်ဳိ႕အတြက္ေတာ့ ဇာတ္လမ္းစ၊ဆုံးမလုိေပမယ့္
တစ္ခ်ဳိ႕အတြက္ေတာ့ တစ္ခ်ဳိ႕အတြက္ေတာ့ ရွင္းလင္းခ်က္ဟန္
က လုိေနပါလိမ့္မယ္…မဟုတ္ရင္ ေခါင္းအနည္းငယ္ေနာက္ႏုိင္လုိ႕
ပါ…
ဒီလုိရွင္းလင္းခ်က္အညႊန္းေတြအတြက္ ကူးယူေဖာ္ျပခြင့္ျပဳေသာ
DatShin ႏွင့္ ခဲရာခဲဆစ္ ဒုိင္ယာေလာ့ေပါင္းမ်ားစြာကုိ
စိတ္ရွည္လက္ရွည္ဘာသာျပန္ေပးေသာ Crystal Win တို႔အား
အထူးပင္ေက်းဇူးတင္ရွိပါသည္…
ရွင္းလင္းခ်က္မလုိတဲ့သူမ်ား စပြဳိင္လာမိမွာေၾကာက္သူမ်ား
ဆက္မဖတ္ဘဲ ေဒါင္းႏုိင္ပါၿပီ

 

Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p
Format…mp4
Duration…02:52:00
Genre :  ActionDramaMystery
Subtitle : Myanmar Subtitle (Hard Sub)
Translated by Crystal Win
Encoded by Phyo Pyae

*******************************************************************

Adam Ewing
ပထမ ဇာတ်ကောင်ကတော့ ၁၈၀၀ ခုနှစ်ပတ်ဝန်းကျင်က ရှေ့နေတစ်ယောက် ဖြစ်တဲ့ Adam Ewing ဖြစ်ပါတယ်။ Adam ရဲ့ယောက္ခကြီးဟာ ပစိဖိတ်ကျွန်းဆွယ်တွေပေါ်က ကျွန်တွေသွားဝယ်ဖို့ Adam ကိုစေလွှတ်ခဲ့ပါတယ်။ ပစိဖိတ်ကနေ အိမ်ကိုအပြန် ကျွန်တစ်ယောက် က သင်္ဘောပေါ်ခိုးလိုက်လာပြီး သူ့ကိုကူညီဖို့ Adam ကိုအသနားခံခဲ့ပါတယ်။ သဘောကောင်းတဲ့ Adam က captain ကိုပြောပြီးအဲ့ကျွန်ကို သင်္ဘောသား အဖြစ်လက်ခံစေကာကယ်တင်ခဲ့ပါတယ်။ သင်္ဘောရဲ့ ဆရာဝန် Dr. Henry Goose ဟာ Adam ရဲ့ခန္ဓာကိုယ်ထဲမှာ သန်ကောင်တွေရှိနေတယ်ဆိုပြီး ဆေးကုပေးသလိုလိုနဲ့ လိမ်ညာပြီး Adam ရဲ့ပစ္စည်းတွေကို ခိုးဖို့ကြိုးစားခဲ့ ပါတယ်။ Adam ကယ်ခဲ့တဲ့ ကျွန် Autua က Adam ကိုပြန်ကယ်လိုက်တော့ Adam ရဲ့ကျွန်တွေအပေါ်ထားတဲ့ စိတ်ထားပြောင်းလဲသွားပြီး အိမ်ပြန်ရောက် တဲ့အခါ သူနဲ့သူ့မိန်းမဟာ အိမ်ကိုဆန့်ကျင်ကာ ကျွန်စနစ်ဆန့်ကျင်ရေး သမားတွေဖြစ်လာခဲ့ပါတယ်။ အိမ်ပြန်လမ်းခရီးမှာ Adam ကြုံခဲ့ရတာတွေကို စာအုပ်ထုတ်လုပ်ခဲ့ပါတယ်။

Robert Frobisher & Rufus Sixsmith
ဒုတိယဇာတ်ကောင်ကတော့ ၁၉၃၀ နှစ်များမှာနေထိုင်ခဲ့တဲ့ တေးဂီတ ပညာရှင် Robert Frobisher ဖြစ်ပါတယ်။ သူ့မှာ Rufus Sixsmith လို့ ခေါ်တဲ့ ချစ်သူ (နှစ်ဦးလုံးဟာ အမျိုးသားများဖြစ်ပါတယ်။) တစ်ယောက်ရှိပါတယ်။ Robert ဟာ နာမည်ကြီး ဂီတစပ်ဆိုသူတစ်ဦး ဖြစ်လာအောင်လို့ ဂီတပညာရှင်အဖိုးကြီး Vyvyan Ayrs ထံမှာ အလုပ်လုပ်ခဲ့ ပါတယ်။ သူ့ထံမှာအလုပ်လုပ်ရင်းနဲ့ Cloud Atlas Sextet ကိုစပ်ဆိုခဲ့ပါတယ်။ ဒီတေးသွားကို အရမ်းကြိုက်သွားတဲ့ အဖိုးကြီး Ayrs ကအပိုင်စီးဖို့ကြိုးစားတဲ့ အခါမှာတော့ အဖိုးကြီးကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးလာခဲ့ပါတယ်။ ဒါပေမယ့် အဖိုးကြီးက မသေပဲ Robert ကိုလိုက်ရှာဖို့ ရဲတွေလွှတ်လိုက်ပါတယ်။ Robert ဟာ သူရဲ့တေးသွား Cloud Atlas ကိုပြီး ဆုံးအောင်ရေးသားခဲ့ပြီး သူရဲ့ချစ်သူထံကိုပို့လိုက်ပါတယ်။ နောက်တော့ ကို့ကိုယ်ကို အဆုံးစီရင်လိုက်ပါတယ်။ Sixsmith က အဲ့တေးသွားကို အသံသွင်းခဲ့ပြီး ထုတ်ဝေခဲ့ပါတယ်။

Luisa Rey
တတိယဇာတ်ကောင်ကတော့ ၁၉၇၀ ခုနှစ်က ဂျာနယ်လစ် Luisa Rey ဖြစ်ပါတယ်။ Luisa က ဒုတိယဇာတ်လမ်းက Rufus Sixsmithနဲ့ သိကျွမ်း ရင်းနှီးခဲ့ပါတယ်။ Rufus ကဒီအချိန်မှာ အဖိုးကြီးဖြစ်နေပြီး နာမည်ကြီး ရူပဗေဒ ပညာရှင်ကြီးဖြစ်နေပါပြီ။ Sixsmith ဟာ နျူကလီးယား ဓာတ်ပေါင်းဖို တစ်ခုအတွက်အလုပ်လုပ်ခဲ့ပြီး ဆိုးရွားတဲ့လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ အဲ့တာကတော့ အဲ့ဓာတ်ပေါင်းဖိုဟာ ရေနံ company တစ်ခုက ထောင်ပေးထားတာဖြစ်ပြီး တစ်ချိန်မှာ ပေါက်ကွဲနိုင်အောင် စီမံထားတာပါပဲ။ အဲ့တော့မှာသာ လူတွေက နျူကလီယားစွမ်းအင်ဟာ မလုံခြုံဘူးဆိုပြီး ရေနံပေါ်မှာသာ မှီခိုနေအောက် စီမံထားခြင်းဖြစ်ပါတယ်။ ဒါကို သတင်းထောက်မ Luisa ကိုပြောပြဖို့ကြိုးစားတဲ့ Sixsmith ဟာအသတ်ခံခဲ့ ရပါတယ်။ Luisa ဟာဒီအမှုကိုလိုက်ရင်းနဲ့ Sixsmith ဆီကိုတစ်ချိန်တုန်းက သူ့ချစ်သူ Robert ပေးပို့ခဲ့တဲ့စာတွေနဲ့ Robert ရဲ့ Cloud Atlas Sextet ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုပိုင်ရှင် Lolyd Hook ဟာ Luisa ကိုသတ်ဖို့ လူသတ်သမား Bill Smoke ကိုလွှတ်ခဲ့ပေမယ့် နောက်ဆုံးမှာ Luisa ဟာအမှန်တရားကို ထုတ်ဖော်ခဲ့ပြီး Hook ရဲ့ဓာတ်ပေါင်းဖိုဟာ ပိတ်လိုက်ရပါတယ်။

Timothy Cavendish
လေးခုမြောက်ဇာတ်လမ်းကတော့ ၂၀၁၂ ခုနှစ်မှာနေထိုင်ခဲ့တဲ့ စာအုပ်တိုက်အသေးစားလေးတစ်ခုရဲ့ပိုင်ရှင် Timothy Cavendish ရဲ့အကြောင်းဖြစ်ပါတယ်။ Cavendish ဟာ လူဆိုးတစ်ယောက် တစ်ရောက်ရဲ့ ကိုယ်ရေးဝတ္ထုကိုထုတ်ပေးခဲ့ပါတယ်။ အဲ့လူဆိုးဟာ ဝေဖန်ရေး ဆရာတစ်ယောက် ကို တိုက်ပေါ်ကပစ်ချပြီး (ဓာတ်ရှင်အဖွဲ့သားတွေလည်း သတိထားနေမှာပဲ) ထောင်ထဲဝင်သွားတော့ သူ့စာအုပ်ဟာ သောက်သောက် လဲရောင်းအားတွေတက်လာပါတယ်။ အဲ့မှာထောင်ထဲဝင်သွားတဲ့ လူဆိုးကြီးက Timothy Cavendish ဆီကို တပည့်လူဆိုးတွေလွှတ်ပြီး သူ့ရဲ့ ရှယ်ရာကိုတောင်းပါတော့တယ်။စာအုပ်ရောင်းရငွေတွေကို အကြွေးတွေ အကုန်ဆက်လိုက်ရလို့ ပေးစရာ ပိုက်ဆံမရှိတော့တဲ့ Timothy ဟာ သူရဲ့အစ်ကို ထံသွားပြီးအကူအညီတောင်းတော့ သူအစ်ကိုက ဟိုတယ်တစ်ခု မှာသွားရောက်ပုံးအောင်းနေဖို့ အကြံဉာဏ်ပေးပါတယ်။ အဲ့ဟိုတယ်ကိုသွားနေတုံး ရထားပေါ်မှာ Timothy Cavendish ဟာ တတိယ ဇာတ်လမ်းထဲက ဇာတ်လိုက်မ Luisa Rey အကြောင်းရေးထားတဲ့ လျှို့ဝှက်သဲဖိုစာအုပ်ကို ဖတ်နေတာတွေ့ရပါတယ်။ သူ့အစ်ကို ပြောထားတဲ့ ဟိုတယ်ဟာအမှန်တော့ ဟိုတယ်မဟုတ်ပဲ လူအိုရုံကြီးတစ်ခုဖြစ်နေပါတယ်။ ကျေးဇူးကန်းတဲ့ သားသမီးတွေဟာ အသက်ကြီးလာတဲ့ မိဘတွေ ဒီမှာလာ ပစ်ထားကြပြီး ဝန်ထမ်းတွေကလည်း အဖိုးအဖွားတွေကို အကျဉ်းသားတွေ အလားကိုင်တွယ်ပြီး လုံးဝအပြင်ထွက်ခွင့်မရတဲ့ လူအိုရုံကြီးဖြစ်ပါတယ်။ Timothy ဟာဒီလူအိုရုံကြီးကနေ ဖောက်ထွက်ဖို့တစ်ခြား အဖိုးအဖွားကြီးတွေ နဲ့အတူ အစီစဉ်တွေဆွဲပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ နောက်တော့ သူရဲ့အတွေ့အကြုံတွေကို စာအုပ်ပြန်ရေးတဲ့အခါ အရောင်းရဆုံးစာအုပ် တစ်အုပ်ဖြစ်လာတဲ့အပြင် ရုပ်ရှင်တောင်ပြန်လည်ရိုက်ကူးနိုင်ခဲ့ပါတယ်။

Somni and the Rebellion
ငါးခုမြောက် ဇာတ်လမ်းကတော့ ကမ္ဘာပျက်ခါနီး Dystopia Future လိုဖြစ်နေတဲ့ ၂၄၀၀ ခုနှစ်အကျော်(မှားနိုင်ပါတယ်)က ကိုရီးယားနိုင်ငံ ဆိုလ်မြို့မှာအခြေတည်ပါတယ်။ ဒီခေတ်မှာ Pa Pa Song ဆိုတဲ့ fast food restaurant ကအရမ်းနာမည်ကြီးနေပါတယ်။ အဲ့စားသောက်ဆိုင်မှာ စားပွဲထိုးတွေအဖြစ် clone လုပ်ထားတဲ့ကောင်မလေးတွေကို အသုံးပြုပါတယ်။ သူတို့ကို fabrication – လူကပြုလုပ်ထားခြင်း၊ ပုံမှန်လူတွေကို – Pure Blood- မျိုးစစ်တွေဆိုပြီး ခွဲခြားထားပါတယ်။ စားသုံးသူ ဧည့်သည်တွေက သူတို့ကို ဘာပဲလုပ်နေလုပ်နေ ဘာမှပြန်လုပ်ခွင့် ပြောခွင့်မရှိပါဘူး။ သူတို့လည်ပင်းမှာလည်း ကွင်းလေးတွေစွတ်ပေးထားပြီး စားသောက်ဆိုင်ရဲ့ မန်နေဂျာက ခလုတ်နှိပ်လိုက်တဲ့အခါ လည်ပင်းက ကွင်းလေးက လည်မျိုကိုဖောက်ပစ်လိုက်ပြီး ထွက်ပြေးလို့မရအောင် လုပ်ထားပါတယ်။ ပိုဆိုးတာက သူတို့ စားသောက်ဆိုင်မှာ လုပ်သက်များလာ လေလေ သူတို့ကွင်းလေးမှာ ကြယ်ပွင့်လေးတွေထိုးပေးပါတယ်။ ကြယ်ပွင့် ၇ ပွင့်ပြည့်တဲ့အခါ လွတ်လပ်မှုကိုပေးမယ်လို့လိမ်ညာထားပါတယ်။ အမှန်က တော့ clone တွေကိုသတ်ပစ်ပြီး အလောင်းတွေကို protein အားဆေးလုပ် တာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး clone တွေမှာ protein ဓာတ်တွေပြည့်ဝအောင်လို့ သူတို့ကိုကျွေးတဲ့ soap ဆိုတဲ့ဆေးဟာလည်း သူတို့ရဲ့ အလောင်းတွေကနေပြန်လည်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ မင်းသမီးက ခုနက clone တစ်ယောက်ဖြစ်တဲ့ Sonmi-451 ဖြစ်ပါတယ်။ စနစ်ကြီးကို တော်လှန်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Union Rebellion ရဲ့ တပ်မှူး Hae-Joo က Somni ကိုကယ်တင်ခဲ့ပြီး လူသားတစ် ယောက်သိသင့်တဲ့ အတွေးအခေါ်တွေ အနုပညာတွေကို သင်ပေးခဲ့ပါတယ်။ ဆိုးရွားတဲ့ အမှန်တရားကို သိရှိခဲ့ရပြီးနောက်မှာ Somni ဟာ တော်လှန်ရေးကို ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ဟာ အသံလွှင့်ရုံတစ်ခုကိုသိမ်းပိုက်ခဲ့ပြီး အမှန်တရားကို တစ်ကမ္ဘာလုံးသာမက ကမ္ဘာအပြင်ဘက်က ဂြိုလ်တွေဆီပါ ထုတ်လွှင့်ခဲ့ပါတယ်။ အစိုးရတပ်တွေဝင်တိုက်တဲ့အခါ တော်လှန်ရေးသမားတွေ အကုန်လုံးသေဆုံးသွားပြီး Somni ကိုတော့ အရှင်မိခဲ့ပါတယ်။ Somni ကိုမကွက်မျက်ခင် အစိုးရကိုယ်စားလှယ်တစ်ယောက် စစ်ဆေးပါတယ်။ Somni ကသူ့ကို အမှန်အတိုင်းအကုန်ပြောပြပြီးတဲ့နောက်မှာ သူက Somni ကို မင်းပြောခဲ့တောတွေအကုန်လုံးကို အမှားတွေလို့အစိုးရလုပ်လိုက်မှာပဲ၊ ဘယ်သူမှ ယုံမှာမဟုတ်ဘူး၊ ဒါကိုသိနေရဲ့သားနဲ့ ဘာလို့အသေခံပြီး လုပ်တာလဲလို့မေးတဲ့အခါမှာ Somni က အနည်းဆုံးတော့ အခု တစ်ယောက်(သူ့ကိုစစ်မေးတဲ့သူ) သိရှိပြီးယုံသွားပြီလို့ပြောခဲ့ပါတယ်။

Zachry and Meronym
ဆဌမမြောက်ဇာတ်လမ်းကတော့ ခုန ဆိုလ်းမြို့ကရေတွေတက်လာလို့ ပျက်ဆီးသွားပြီး လူ့ယဉ်ကျေးမှုပျက်စီးသွားတဲ့နောက်မှာ Miami မှာနေထိုင်တဲ့ လူမျိုးစုတစ်စုက လူတစ်ယောက်ဖြစ်တဲ့ Zachry ရဲ့အကြောင်းဖြစ်ပါတယ်။ Zachry တို့လူမျိုးစုဟာ Sonmi ကိုဘုရားအဖြစ် ကိုးကွယ်ကြပါတယ်။ သူတို့လူမျိုးစုရဲ့ရန်သူ လူရိုင်းတွေဖြစ်တဲ့ Kona တွေဟာလည်း ကျွန်းပေါ်မှာပဲ နေထိုင်ပြီး သူတို့ကိုတွေ့တိုင်းသတ်ဖြတ်လေ့ရှိပါတယ်။ တစ်ရက်မှာ Zachry ဟာ သူ့ယောက်ဖနဲ့တူလေးနဲ့ အပြင်ထွက်နေတုန်း Koni တွေရောက်လာခဲ့ပါတယ်။ Koni တွေဟာ သူ့ယောက်ဖနဲ့ တူလေးကို သတ်ဖြတ်နေပေမယ့် Zachry ဟာကြောက်ရွံ့စွာနဲ့ ထွက်မကူညီပဲ ပုန်းအောင်း နေခဲ့ပါတယ်။ လူတွေဟာ Zachry ကိုအဲ့အချိန်ကစပြီး ကျဉ်ခဲ့ပါတယ်။ သူတို့လူမျိုးစုနဲ့ အမြဲတမ်းအဆက်အသွယ်ရှိနေတာကတော့ နည်းပညာအဆင့်မြင့်တဲ့ လူမျိုးစု Prescient တွေဖြစ်ပါတယ်။ Prescient တွေဟာ သူတို့နဲ့ အမြဲတမ်းအဆက်အသွယ်ရှိပြီး ထူဆန်းတဲ့ ယာဉ်ပျံကြီးတွေ နဲ့ရောက်လာတတ်ပါတယ်။ တစ်ရက်မှာတော့ Prescient တစ်ယောက်ဖြစ်တဲ့ Meronym ဟာ Zachry တို့ရွာမှာနေဖို့ခွင့်တောင်းခဲ့ပါတယ်။ Meronym ကို Zachry ရဲ့အမသူ့အိမ်မှာ လက်ခံခဲ့ပေမယ့် Zachry ကတော့သဘောသိပ်မကျခဲ့ပါဘူး။ Meronym ဟာသူတို့ကျွန်းပေါ်က တောင်ထိပ်ကို သွားချင်ပေမယ့် အဲ့ဒီ့တောင်ပေါ်မှာ မကောင်းဆိုးရွားကြီး Old Gerogie ရှိနေတဲ့အတွက် ဘယ်သူမှလိုက်မပို့ရဲကြပါဘူး။ တစ်ရက်မှာတော့ Zachry ရဲ့တူမလေးဟား အဆိပ်မိခဲ့ပါတယ်။ ကုဖို့ဆေးမရှိတော့ သေတော့မှာပါ။ Zachry ဟာ Meronym ကိုအကူအညီတောင်းခဲ့ပြီး သူ့တူမလေးကိုကယ်ရင် တောင်ထိပ်ကိုရောက်အောင်ပို့ပေးမယ်လို့ ကတိပေးခဲ့တဲ့အတွက် Meronym ဟာကယ်တင်ပေးခဲ့ပါတယ်။ တောင်ထိပ်ကို သွားရာလမ်းတစ်လျှောက်မှာလည်း Zachry ရဲ့ကြောက်စိတ်က Old Georgie အသွင်နဲ့လာရောက်ပြီးတော့ Meronym ကို သတ်ဖို့လာပြောနေပေမယ့် Zachry ကသူ့ကြောက်စိတ်ကိုအနိုင်ယူပြီးတော့ မသတ်ခဲ့ပါဘူး။ အမှန်ကတော့ သူတို့သွားနေတဲ့နေရာဟာ Somni ကအမှန်တရားကို တစ်ကမ္ဘာလုံးသိအောင် ထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်ရုံကြီးဖြစ် ပါတယ်။ ဘာလို့သွားနေရတာလဲဆိုတော့ ဒီကမ္ဘာကြီးကပျက်တော့မှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာနေထိုင်နေတဲ့ Zachry တို့ရော Prescient တွေရောအကုန်သေတော့မှာဖြစ်ပါတယ်။ အဲ့တော့ ဒီအသံလွှင့်ရုံကနေ တစ်ခြားဂြိုလ်တွေကို အချက်ပြပြီး ဒီကမ္ဘာပေါ်မှာ လူတွေရှိသေးတယ်။ လာကယ်ပါဆိုပြီး အကူအညီတောင်းမလို့ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ တစ်ခြားဂြိုလ်တွေ ရှိနေမှန်းတောင် မသေချာတော့ပါဘူး။ သူတို့နှစ်ယောက် အသံလွှင့်ရုံကနေပြန်လာတော့ Zachry ရဲ့ရွာဟာမီးလောင်နေတာကို တွေ့လိုက်ရပါတယ်။ တစ်ရွာလုံးသေသွားပြီဖြစ်ကာ Zachry ရဲ့တူမလေးပဲအသက်ရှင်ပါတယ်။ Zachry နဲ့သူ့တူမလေးတို့ Koni တွေလက်ကနေ အသက်လုပြေးခဲ့ပေမယ့် Zachry ရဲ့ယောက်ဖသေသွားတဲ့နေရာမှာပဲ သူတို့နှစ်ယောက်ကို ချောင်ပိတ်ဖမ်းမိခဲ့ပါတယ်။ ဒါပေမယ့် Meronym ကလာရောက်ကယ်ဆယ်ခဲ့တာမို့ Koni တွေကိုပြန်လည်သတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Zachry တို့နှစ်ယောက်ဟာ Meronym နဲ့အတူ လိုက်သွားခဲ့ပါတယ်။ တစ်ခြားဂြိုလ်ကလာကယ်ခဲ့ပြီး အဲ့ဂြိုလ်ပေါ်မှာသွားရောက် နေထိုင်ခဲ့ပါတယ်။ Zachry နဲ့ Meronym တို့နှစ်ယောက်ဟာချစ်ကြိုက်ခဲ့ပြီး သားသမီး၊ မြေးမြစ်တွေ ထွန်းကားခဲ့ပါတယ်။

Conclusion
ဇာတ်လမ်း ၆ ပုဒ်က ဘယ်လိုဆက်ထားတယ်ဆိုတာကို ရုပ်ရှင်မှာ သေချာကြီးပြောမထားတဲ့အတွက် အမျိုးမျိုးနားလည်လို့ရပါတယ်။ ဒီဇာတ်ကောင်တွေဟာ ဘဝ အဆက်ဆက်တွေလို့ပြောတဲ့လူလည်းရှိပါတယ်။ ဥပမာ ပထမဇာတ်လမ်းက villain ကြီး Henry Goose ဟာ ဒုတိယမြောက် ဇာတ်လမ်းမှာ သူ့ရဲ့နောက်ဘဝမှာ Hotel Manager ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ အဲ့လိုမဟုတ်ဘူးထင်ပါတယ်။ နောက်တစ်မျိုးပြောတာကတော့ ဇာတ်လမ်းအဆက်ဆက်က ဇာတ်ကောင်တွေက မျိုးဆက်တွေပါတဲ့။ ဥပမာ ပထမဇာတ်လမ်းက ထွက်ပြေးလာတဲ့ ကျွန် Autua ဟာ တတိယမြောက်ဇာတ်လမ်းက ဇာတ်လိုက်မ Luisa Rey ရဲ့ အဘေးအဘီဖြစ်သလို တစ်ခြားဇာတ်ကောင်တွေဟာလည်း အရင်ဇာတ်လမ်းက ဇာတ်ကောင်တွေရဲ့ မျိုးဆက်လို့ဆိုလိုချင်တာပါ။ တော်တော်ကြီးဖြစ်နိုင်ပေမယ့် ဇာတ်လမ်းရဲ့ အနှစ်သာရက အဲ့တာကိုပြောချင်တာလို့ မထင်ပါဘူး။ ကျွန်တော်ယုံကြည် တာကတော့ လူတစ်ယောက်ရဲ့ အပြုအမှုဆုံးဖြတ်ချက်တွေဟာ နှစ်ထောင်ချီသွားသည့်တိုင် အကျိုးသက်ရောက်မှုတွေရှိနေတယ်ဆိုတာကို ပြသွားတယ်ထင်ပါတယ်။ ဒါဟာ ကျွန်တော့်အထင်သက်သက်သာဖြစ်ပြီး မှားနိုင်တဲ့အတွက် ပရိတ်သတ်ကြီးတို့ အမြင်တွေကိုလည်း Comment ပေးသွားပါလို့ ပြောချင်ပါတယ်။

ကျွန်တော့်ထင်တာကို ရှင်းပြရရင်တော့ ပထမဆုံးဇာတ်လမ်းနောက်ဆုံးမှာ Adam Ewing တို့လင်မယားဟာ ကျွန်စနစ်ကိုတိုက်ဖျက်ဖို့ အရှေ့အရပ်ကို ထွက်ခွာခဲ့တယ်ဆိုပါတယ်။ အရှေ့အရပ်ဆိုတော့ အာရှအရှေ့ပိုင်းလည်း ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ အတွေးအခေါ်၊ လုပ်ရက်များဟာ ခြောက်ခုမြောက် ဇာတ်လမ်းက တော်လှန်ရေးသမားတွေကို clone တွေကိုကျွန်လုပ်နေတဲ့ စနစ်ကြီးကို တော်လှန်နိုင်အောင် လွှမ်းမိုးမှုပေးခဲ့ပါတယ်။

ဒုတိယဇာတ်လမ်းက ဂီတဆရာ Robert ဟာ Adam Ewing ရဲ့မှတ်တမ်းကို ဖတ်ခဲ့ပါတယ်။ သူဟာအချစ်မေတ္တာကိုတန်ဖိုးထားခဲ့ပြီး သူရဲ့ဆရာ Ayrs လို လောဘတက်ဂုဏ်မောက်ခြင်းမရှိခဲ့ပါဘူး။ သူဟာသူ့ချစ်သူ Sixsmith ဆီပို့တဲ့စာတွေကနေတစ်ဆင့် သူရဲ့အတွေးအခေါ်ကို သင်ပေးခဲ့တဲ့အတွက် Sixsmith ဟာ နာမည်ကြီး ရူပဗေဒပညာရှင်ဖြစ်လာတဲ့အခါမှာ တစ်ချိန်ချိန်မှာ ပေါက်ကွဲမယ့် နျူကလီးယားဓာတ်ပေါင်းဖိုကြီးဆောက်ဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ ဒါ့အပြင် Robert ရဲ့တေးသွား Cloud Atlas Sextet ကို သတင်းထောက်မ Luisa Rey ကကြားဖူးတယ်လို့ိဆိုပါတယ်။ ဒါပေမယ့် ဘယ်မှာကြားဖူးခဲ့သလဲဆိုတာကိုတော့ မပြထားပါဘူး။ နောက်တော့ Robert ဆရာအဖိုးကြီးက အဲ့တေးသွားကို အိပ်မက်မက်တော့ သူ့အိပ်မက်ထဲမှာ Pa Pa Song စားသောက်ဆိုင်မှာ ဖွင့်ထားတာကို ကြားခဲ့တာဖြစ်ပါတယ်။

Timothy ရဲ့စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်တဲ့အခါ အဲ့ရုပ်ရှင်ထဲက Dialouge တစ်ခုဖြစ်တဲ့ I will not be subjected to Criminal Abuse – မတရားမှုကို ငါသီးခံမှာမဟုတ်ဘူး ဆိုတဲ့ dialogue ဟာ နေ့စဉ်နဲ့အမျှ ဧည့်သည်တွေရဲ့ မတရားမှုကို ရင်ဆိုင်နေရတဲ့ Somni လိုclone တွေအတွက် ပြန်လည် တွန်းလှန်ဖို့တွန်းအားတစ်ရပ်ဖြစ်စေခဲ့ပါတယ်။ Somni တို့တော်လှန်ရေးပြီးသွားတဲ့အခါ ကမ္ဘာကြီးမှာဘာဖြစ်သွားတယ်ဆိုတာ မရှင်းပါဘူး။ ဒါပေမယ့် ကျွန်တော်ထင်တာကတော့ Somni ကိုစစ်ဆေးခဲ့တဲ့ အစိုးရကိုယ်စားလှယ်ကနေတစ်ဆင့် အမှန်တရားကို လူတွေသိလာပြီး clone တွေကိုကျွန်ပြုထားတဲ့ စနစ်ကို ဖျက်ဆီးခဲ့တယ်လို့ထင်ပါတယ်။ ဒါကြောင့်သာ Zachry တို့ခေတ်မှာ Prescient တွေဟာ နည်းပညာမြင့်ပေမယ့် ရက်စက် ကြမ်းကြုတ်ခြင်းမရှိပဲ သိမ်မွေ့နှုးညံ့တဲ့ခွင့်လွှတ်တတ်တဲ့သူတွေဖြစ်နေတဲ့ အပြင် Zachry တို့ကိုလည်း ကယ်တင်ခဲ့ပါတယ်။

နောက်ဆုံးပြောချင်ဒါကတော့ တစ်ကားလုံးဟာ Somni ရဲ့စကားဖြစ်တဲ့ our lives are not our own, from womb to tomb, we are bound to others, past and present. And by each crime and every kindness we birth our future – ငါတို့ဘဝတွေဟာ ငါတို့နဲ့ပဲ သက်ဆိုင်တာမဟုတ် ပါဘူး။ ငါတို့ရဲ့ အတိတ်နဲ့ ပစ္စုပန်ဟာ သန္ဓေသားကနေ သေသည်အထိ တစ်ခြားဘဝတွေနဲ့ ဆက်စပ်နေပါတယ်။ ငါတို့ပြုလုပ်တဲ့ ပြစ်မှုတိုင်းနဲ့ ချစ်ခင်ကြင်နာမှုတိုင်းဟာ ငါ့တို့ရဲ့အနာဂတ်ကို ပြောင်းလဲစေပါတယ် – ဆိုတဲ့ စကားလေးတစ်ခွန်းပေါ်မှာအခြေခံထားတာလို့ ကျွန်တော်ယုံကြည်ပါတယ်။

=============================================

Adam Ewing
ပထမ ဇာတ္ေကာင္ကေတာ့ ၁၈၀၀ ခုုႏွစ္ပတ္ဝန္းက်င္က ေရွ့ေနတစ္ေယာက္ ျဖစ္တဲ့ Adam Ewing ျဖစ္ပါတယ္။ Adam ရဲ႕ေယာကၡၾကီးဟာ ပစိဖိတ္ကၽြန္းဆြယ္ေတြေပၚက ကၽြန္ေတြသြား၀ယ္ဖိုု႕ Adam ကိုုေစလႊတ္ခဲ့ပါတယ္။ ပစိဖိတ္ကေန အိမ္ကိုုအျပန္ ကၽြန္တစ္ေယာက္ က သေဘၤာေပၚခိုုးလိုုက္လာျပီး သူ႕ကိုုကူညီဖိုု့ Adam ကိုုအသနားခံခဲ့ပါတယ္။ သေဘာေကာင္းတဲ့ Adam က captain ကိုုေျပာျပီးအဲ့ကၽြန္ကိုု သေဘၤာသား အျဖစ္လက္ခံေစကာကယ္တင္ခဲ့ပါတယ္။ သေဘၤာရဲ႕ ဆရာဝန္ Dr. Henry Goose ဟာ Adam ရဲ႕ခႏၶာကိုုယ္ထဲမွာ သန္ေကာင္ေတြရွိေနတယ္ဆိုုျပီး ေဆးကုုေပးသလိုုလိုုနဲ့ လိမ္ညာျပီး Adam ရဲ႕ပစၥည္းေတြကိုု ခိုုးဖိုု့ၾကိဳးစားခဲ့ ပါတယ္။ Adam ကယ္ခဲ့တဲ့ ကၽြန္ Autua က Adam ကိုုျပန္ကယ္လိုုက္ေတာ့ Adam ရဲ႕ကၽြန္ေတြအေပၚထားတဲ့ စိတ္ထားေျပာင္းလဲသြားျပီး အိမ္ျပန္ေရာက္ တဲ့အခါ သူနဲ႕သူ့မိန္းမဟာ အိမ္ကိုုဆန့္က်င္ကာ ကၽြန္စနစ္ဆန့္က်င္ေရး သမားေတြျဖစ္လာခဲ့ပါတယ္။ အိမ္ျပန္လမ္းခရီးမွာ Adam ၾကံုခဲ့ရတာေတြကိုု စာအုုပ္ထုုတ္လုုပ္ခဲ့ပါတယ္။ 

Robert Frobisher & Rufus Sixsmith
ဒုုတိယဇာတ္ေကာင္ကေတာ့ ၁၉၃၀ ႏွစ္မ်ားမွာေနထိုုင္ခဲ့တဲ့ ေတးဂီတ ပညာရွင္ Robert Frobisher ျဖစ္ပါတယ္။ သူ့မွာ Rufus Sixsmith လိုု႕ ေခၚတဲ့ ခ်စ္သူ (နွစ္ဦးလံုုးဟာ အမ်ိုးသားမ်ားျဖစ္ပါတယ္။) တစ္ေယာက္ရွိပါတယ္။ Robert ဟာ နာမည္ၾကီး ဂီတစပ္ဆိုုသူတစ္ဦး ျဖစ္လာေအာင္လိုု႕ ဂီတပညာရွင္အဖိုုးၾကီး Vyvyan Ayrs ထံမွာ အလုုပ္လုုပ္ခဲ့ ပါတယ္။ သူ့ထံမွာအလုုပ္လုုပ္ရင္းနဲ့ Cloud Atlas Sextet ကုိုုစပ္ဆိုုခဲ့ပါတယ္။ ဒီေတးသြားကိုု အရမ္းၾကိဳက္သြားတဲ့ အဖိုုးၾကီး Ayrs ကအပိုုင္စီးဖိုု့ၾကိဳးစားတဲ့ အခါမွာေတာ့ အဖိုုးၾကီးကိုု ေသနတ္နဲ႕ပစ္ျပီး ထြက္ေျပးလာခဲ့ပါတယ္။ ဒါေပမယ့္ အဖိုုးၾကီးက မေသပဲ Robert ကိုုလိုုက္ရွာဖိုု့ ရဲေတြလႊတ္လိုုက္ပါတယ္။ Robert ဟာ သူရဲ႕ေတးသြား Cloud Atlas ကိုုျပီး ဆံုုးေအာင္ေရးသားခဲ့ျပီး သူရဲ့ခ်စ္သူထံကိုုပိုု႕လိုုက္ပါတယ္။ ေနာက္ေတာ့ ကိုု့ကိုုယ္ကိုု အဆံုုးစီရင္လိုုက္ပါတယ္။ Sixsmith က အဲ့ေတးသြားကိုု အသံသြင္းခဲ့ျပီး ထုုတ္ေဝခဲ့ပါတယ္။

 

Luisa Rey
တတိယဇာတ္ေကာင္ကေတာ့ ၁၉၇၀ ခုုႏွစ္က ဂ်ာနယ္လစ္ Luisa Rey ျဖစ္ပါတယ္။ Luisa က ဒုုတိယဇာတ္လမ္းက Rufus Sixsmithနဲ့ သိကၽြမ္း ရင္းႏွီးခဲ့ပါတယ္။ Rufus ကဒီအခ်ိန္မွာ အဖိုုးၾကီးျဖစ္ေနျပီး နာမည္ၾကီး ရူပေဗဒ ပညာရွင္ၾကီးျဖစ္ေနပါျပီ။ Sixsmith ဟာ န်ူကလီးယား ဓာတ္ေပါင္းဖိုု တစ္ခုုအတြက္အလုုပ္လုုပ္ခဲ့ျပီး ဆိုုးရြားတဲ့လွ်ိဳ့ဝွက္ခ်က္တစ္ခုုကိုု ရွာေဖြေတြ့ရွိ ခဲ့ပါတယ္။ အဲ့တာကေတာ့ အဲ့ဓာတ္ေပါင္းဖိုုဟာ ေရနံ company တစ္ခုုက ေထာင္ေပးထားတာျဖစ္ျပီး တစ္ခ်ိန္မွာ ေပါက္ကြဲႏိုုင္ေအာင္ စီမံထားတာပါပဲ။ အဲ့ေတာ့မွာသာ လူေတြက န်ူကလီယားစြမ္းအင္ဟာ မလံုုျခံုဘူးဆိုုျပီး ေရနံေပၚမွာသာ မွီခိုုေနေအာက္ စီမံထားျခင္းျဖစ္ပါတယ္။ ဒါကိုု သတင္းေထာက္မ Luisa ကိုုေျပာျပဖိုု့ၾကိဳးစားတဲ့ Sixsmith ဟာအသတ္ခံခဲ့ ရပါတယ္။ Luisa ဟာဒီအမွုုကိုုလိုုက္ရင္းနဲ့ Sixsmith ဆီကိုုတစ္ခ်ိန္တုုန္းက သူ႕ခ်စ္သူ Robert ေပးပိုု့ခဲ့တဲ့စာေတြနဲ့ Robert ရဲ့ Cloud Atlas Sextet ကိုု ရွာေဖြေတြ့ရွိခဲ့ပါတယ္။ ဓာတ္ေပါင္းဖိုုပိုုင္ရွင္ Lolyd Hook ဟာ Luisa ကိုုသတ္ဖိုု့ လူသတ္သမား Bill Smoke ကိုုလႊတ္ခဲ့ေပမယ့္ ေနာက္ဆံုုးမွာ Luisa ဟာအမွန္တရားကိုု ထုုတ္ေဖာ္ခဲ့ျပီး Hook ရဲ့ဓာတ္ေပါင္းဖိုုဟာ ပိတ္လိုုက္ရပါတယ္။

 

Timothy Cavendish
ေလးခုုေျမာက္ဇာတ္လမ္းကေတာ့ ၂၀၁၂ ခုုနွစ္မွာေနထိုုင္ခဲ့တဲ့ စာအုုပ္တိုုက္အေသးစားေလးတစ္ခုုရဲ့ပိုုင္ရွင္ Timothy Cavendish ရဲ့အေျကာင္းျဖစ္ပါတယ္။ Cavendish ဟာ လူဆိုုးတစ္ေယာက္ တစ္ေရာက္ရဲ့ ကိုုယ္ေရးဝတၳုကိုုထုုတ္ေပးခဲ့ပါတယ္။ အဲ့လူဆိုုးဟာ ေဝဖန္ေရး ဆရာတစ္ေယာက္ ကိုု တိုုက္ေပၚကပစ္ခ်ျပီး (ဓာတ္ရွင္အဖြဲ့သားေတြလည္း သတိထားေနမွာပဲ) ေထာင္ထဲဝင္သြားေတာ့ သူ႕စာအုုပ္ဟာ ေသာက္ေသာက္ လဲေရာင္းအားေတြတက္လာပါတယ္။ အဲ့မွာေထာင္ထဲဝင္သြားတဲ့ လူဆိုုးၾကီးက Timothy Cavendish ဆီကိုု တပည့္လူဆိုုးေတြလႊတ္ျပီး သူ့ရဲ့ ရွယ္ရာကိုုေတာင္းပါေတာ့တယ္။စာအုုပ္ေရာင္းရေငြေတြကိုု အေၾကြးေတြ အကုုန္ဆက္လိုုက္ရလိုု့ ေပးစရာ ပိုုက္ဆံမရွိေတာ့တဲ့ Timothy ဟာ သူရဲ့အစ္ကိုု ထံသြားျပီးအကူအညီေတာင္းေတာ့ သူအစ္ကိုုက ဟိုုတယ္တစ္ခုု မွာသြားေရာက္ပံုုးေအာင္းေနဖိုု့ အၾကံဥာဏ္ေပးပါတယ္။ အဲ့ဟိုုတယ္ကိုုသြားေနတံုုး ရထားေပၚမွာ Timothy Cavendish ဟာ တတိယ ဇာတ္လမ္းထဲက ဇာတ္လိုုက္မ Luisa Rey အေၾကာင္းေရးထားတဲ့ လ်ွို႕ဝွက္သဲဖိုုစာအုုပ္ကိုု ဖတ္ေနတာေတြ့ရပါတယ္။ သူ့အစ္ကိုု ေျပာထားတဲ့ ဟိုုတယ္ဟာအမွန္ေတာ့ ဟိုုတယ္မဟုုတ္ပဲ လူအိုုရုုံၾကီးတစ္ခုုျဖစ္ေနပါတယ္။ ေက်းဇူးကန္းတဲ့ သားသမီးေတြဟာ အသက္ၾကီးလာတဲ့ မိဘေတြ ဒီမွာလာ ပစ္ထားၾကျပီး ဝန္ထမ္းေတြကလည္း အဖိုုးအဖြားေတြကိုု အက်ဥ္းသားေတြ အလားကိုုင္တြယ္ျပီး လံုုးဝအျပင္ထြက္ခြင့္မရတဲ့ လူအိုုရုုံၾကီးျဖစ္ပါတယ္။ Timothy ဟာဒီလူအိုုရုုံၾကီးကေန ေဖာက္ထြက္ဖိုု့တစ္ျခား အဖိုုးအဖြားၾကီးေတြ နဲ့အတူ အစီစဥ္ေတြဆြဲျပီး ထြက္ေျပးလြတ္ေျမာက္ခ့ဲပါတယ္။ ေနာက္ေတာ့ သူရဲ့အေတြ့အျကံဳေတြကိုု စာအုုပ္ျပန္ေရးတဲ့အခါ အေရာင္းရဆံုုးစာအုုပ္ တစ္အုုပ္ျဖစ္လာတဲ့အျပင္ ရုုပ္ရွင္ေတာင္ျပန္လည္ရိုုက္ကူးနိုုင္ခဲ့ပါတယ္။

 

Somni and the Rebellion
ငါးခုုေျမာက္ ဇာတ္လမ္းကေတာ့ ကမၻာပ်က္ခါနီး Dystopia Future လိုုျဖစ္ေနတဲ့ ၂၄၀၀ ခုုနွစ္အေက်ာ္(မွားနိုုင္ပါတယ္)က ကိုုရီးယားနိုုင္ငံ ဆိုုလ္ျမိုု႕မွာအေျခတည္ပါတယ္။ ဒီေခတ္မွာ Pa Pa Song ဆိုုတဲ့ fast food restaurant ကအရမ္းနာမည္ၾကီးေနပါတယ္။ အဲ့စားေသာက္ဆိုုင္မွာ စားပြဲထိုုးေတြအျဖစ္ clone လုုပ္ထားတဲ့ေကာင္မေလးေတြကိုု အသံုုးျပုပါတယ္။ သူတိုု့ကိုု fabrication – လူကျပုလုုပ္ထားျခင္း၊ ပံုုမွန္လူေတြကိုု – Pure Blood- မ်ိဳးစစ္ေတြဆိုုျပီး ခြဲျခားထားပါတယ္။ စားသံုုးသူ ဧည့္သည္ေတြက သူတိုု့ကိုု ဘာပဲလုုပ္ေနလုုပ္ေန ဘာမွျပန္လုုပ္ခြင့္ ေျပာခြင့္မရွိပါဘူး။ သူတိုု့လည္ပင္းမွာလည္း ကြင္းေလးေတြစြတ္ေပးထားျပီး စားေသာက္ဆိုုင္ရဲ့ မန္ေနဂ်ာက ခလုုတ္ႏွိပ္လိုုက္တဲ့အခါ လည္ပင္းက ကြင္းေလးက လည္မ်ိဳကိုုေဖာက္ပစ္လိုုက္ျပီး ထြက္ေျပးလိုု့မရေအာင္ လုုပ္ထားပါတယ္။ ပိုုဆိုုးတာက သူတိုု့ စားေသာက္ဆိုုင္မွာ လုုပ္သက္မ်ားလာ ေလေလ သူတိုု့ကြင္းေလးမွာ ၾကယ္ပြင့္ေလးေတြထိုုးေပးပါတယ္။ ၾကယ္ပြင့္ ၇ ပြင့္ျပည့္တဲ့အခါ လြတ္လပ္မွုုကိုုေပးမယ္လိုု့လိမ္ညာထားပါတယ္။ အမွန္က ေတာ့ clone ေတြကိုုသတ္ပစ္ျပီး အေလာင္းေတြကိုု protein အားေဆးလုုပ္ တာျဖစ္ပါတယ္။ ဒါတင္မကေသးပါဘူး clone ေတြမွာ protein ဓာတ္ေတြျပည့္ဝေအာင္လိုု့ သူတိုု့ကိုုေကၽြးတဲ့ soap ဆိုုတဲ့ေဆးဟာလည္း သူတိုု့ရဲ့ အေလာင္းေတြကေနျပန္လည္ထုုတ္လုုပ္ထားတာျဖစ္ပါတယ္။ ဒီဇာတ္လမ္းရဲ့ မင္းသမီးက ခုုနက clone တစ္ေယာက္ျဖစ္တဲ့ Sonmi-451 ျဖစ္ပါတယ္။ စနစ္ၾကီးကိုု ေတာ္လွန္ေနတဲ့ အဖြဲ့အစည္းျဖစ္တဲ့ Union Rebellion ရဲ့ တပ္မွဴး Hae-Joo က Somni ကိုုကယ္တင္ခဲ့ျပီး လူသားတစ္ ေယာက္သိသင့္တဲ့ အေတြးအေခၚေတြ အႏုုပညာေတြကိုု သင္ေပးခဲ့ပါတယ္။ ဆိုုးရြားတဲ့ အမွန္တရားကိုု သိရွိခဲ့ရျပီးေနာက္မွာ Somni ဟာ ေတာ္လွန္ေရးကိုု ကူညီဖိုု့ဆံုုးျဖတ္လိုုက္ပါတယ္။ သူတိုု့ဟာ အသံလႊင့္ရုုံတစ္ခုုကိုုသိမ္းပိုုက္ခဲ့ျပီး အမွန္တရားကိုု တစ္ကမၻာလံုုးသာမက ကမၻာအျပင္ဘက္က ျဂိဳလ္ေတြဆီပါ ထုုတ္လႊင့္ခဲ့ပါတယ္။ အစိုုးရတပ္ေတြဝင္တိုုက္တဲ့အခါ ေတာ္လွန္ေရးသမားေတြ အကုုန္လံုုးေသဆံုုးသြားျပီး Somni ကိုုေတာ့ အရွင္မိခဲ့ပါတယ္။ Somni ကိုုမကြက္မ်က္ခင္ အစိုုးရကိုုယ္စားလွယ္တစ္ေယာက္ စစ္ေဆးပါတယ္။ Somni ကသူ့ကိုု အမွန္အတိုုင္းအကုုန္ေျပာျပျပီးတဲ့ေနာက္မွာ သူက Somni ကိုု မင္းေျပာခဲ့ေတာေတြအကုုန္လံုုးကိုု အမွားေတြလိုု့အစိုုးရလုုပ္လိုုက္မွာပဲ၊ ဘယ္သူမွ ယံုုမွာမဟုုတ္ဘူး၊ ဒါကိုုသိေနရဲ့သားနဲ့ ဘာလိုု့အေသခံျပီး လုုပ္တာလဲလိုု့ေမးတဲ့အခါမွာ Somni က အနည္းဆံုုးေတာ့ အခုု တစ္ေယာက္(သူ့ကိုုစစ္ေမးတဲ့သူ) သိရွိျပီးယံုုသြားျပီလုုိ့ေျပာခဲ့ပါတယ္။

 

Zachry and Meronym
ဆဌမေျမာက္ဇာတ္လမ္းကေတာ့ ခုုန ဆိုုလ္းျမို့ကေရေတြတက္လာလုုိ့ ပ်က္ဆီးသြားျပီး လူ့ယဥ္ေက်းမွုုပ်က္စီးသြားတဲ့ေနာက္မွာ Miami မွာေနထိုုင္တဲ့ လူမ်ိုးစုုတစ္စုုက လူတစ္ေယာက္ျဖစ္တဲ့ Zachry ရဲ့အေၾကာင္းျဖစ္ပါတယ္။ Zachry တိုု့လူမ်ိုးစုုဟာ Sonmi ကိုုဘုရားအျဖစ္ ကိုုးကြယ္ၾကပါတယ္။ သူတိုု့လူမ်ိုးစုုရဲ့ရန္သူ လူရိုုင္းေတြျဖစ္တဲ့ Kona ေတြဟာလည္း ကၽြန္းေပၚမွာပဲ ေနထုိုုင္ျပီး သူတိုု့ကိုုေတြ့တိုုင္းသတ္ျဖတ္ေလ့ရွိပါတယ္။ တစ္ရက္မွာ Zachry ဟာ သူ့ေယာက္ဖနဲ့တူေလးနဲ့ အျပင္ထြက္ေနတုန္း Koni ေတြေရာက္လာခဲ့ပါတယ္။ Koni ေတြဟာ သူ့ေယာက္ဖနဲ့ တူေလးကိုု သတ္ျဖတ္ေနေပမယ့္ Zachry ဟာေၾကာက္ရြံ့စြာနဲ့ ထြက္မကူညီပဲ ပုုန္းေအာင္း ေနခဲ့ပါတယ္။ လူေတြဟာ Zachry ကိုုအဲ့အခ်ိန္ကစျပီး က်ဥ္ခဲ့ပါတယ္။ သူတိုု့လူမ်ိုးစုုနဲ့ အျမဲတမ္းအဆက္အသြယ္ရွိေနတာကေတာ့ နည္းပညာအဆင့္ျမင့္တဲ့ လူမ်ိုးစုု Prescient ေတြျဖစ္ပါတယ္။ Prescient ေတြဟာ သူတိုု့နဲ့ အျမဲတမ္းအဆက္အသြယ္ရွိျပီး ထူဆန္းတဲ့ ယာဥ္ပ်ံၾကီးေတြ နဲ့ေရာက္လာတတ္ပါတယ္။ တစ္ရက္မွာေတာ့ Prescient တစ္ေယာက္ျဖစ္တဲ့ Meronym ဟာ Zachry တိုု့ရြာမွာေနဖိုု့ခြင့္ေတာင္းခဲ့ပါတယ္။ Meronym ကိုု Zachry ရဲ့အမသူ့အိမ္မွာ လက္ခံခဲ့ေပမယ့္ Zachry ကေတာ့သေဘာသိပ္မက်ခဲ့ပါဘူး။ Meronym ဟာသူတိုု့ကၽြန္းေပၚက ေတာင္ထိပ္ကိုု သြားခ်င္ေပမယ့္ အဲ့ဒီ့ေတာင္ေပၚမွာ မေကာင္းဆိုုးရြားၾကီး Old Gerogie ရွိေနတဲ့အတြက္ ဘယ္သူမွလိုုက္မပိုု့ရဲၾကပါဘူး။ တစ္ရက္မွာေတာ့ Zachry ရဲ့တူမေလးဟား အဆိပ္မိခဲ့ပါတယ္။ ကုုဖိုု့ေဆးမရွိေတာ့ ေသေတာ့မွာပါ။ Zachry ဟာ Meronym ကိုုအကူအညီေတာင္းခဲ့ျပီး သူ့တူမေလးကိုုကယ္ရင္ ေတာင္ထိပ္ကိုုေရာက္ေအာင္ပုုိ့ေပးမယ္လိုု့ ကတိေပးခဲ့တဲ့အတြက္ Meronym ဟာကယ္တင္ေပးခဲ့ပါတယ္။ ေတာင္ထိပ္ကိုု သြားရာလမ္းတစ္ေလ်ွာက္မွာလည္း Zachry ရဲ့ေၾကာက္စိတ္က Old Georgie အသြင္နဲ့လာေရာက္ျပီးေတာ့ Meronym ကိုု သတ္ဖိုု့လာေျပာေနေပမယ့္ Zachry ကသူ့ေၾကာက္စိတ္ကိုုအႏိုုင္ယူျပီးေတာ့ မသတ္ခဲ့ပါဘူး။ အမွန္ကေတာ့ သူတိုု့သြားေနတဲ့ေနရာဟာ Somni ကအမွန္တရားကိုု တစ္ကမၻာလံုုးသိေအာင္ ထုုတ္လႊင့္ခဲ့တဲ့ အသံလႊင့္ရုုံၾကီးျဖစ္ ပါတယ္။ ဘာလိုု့သြားေနရတာလဲဆိုုေတာ့ ဒီကမၻာၾကီးကပ်က္ေတာ့မွာျဖစ္ပါတယ္။ ကမၻာေပၚမွာေနထိုုင္ေနတဲ့ Zachry တိုု့ေရာ Prescient ေတြေရာအကုုန္ေသေတာ့မွာျဖစ္ပါတယ္။ အဲ့ေတာ့ ဒီအသံလႊင့္ရုုံကေန တစ္ျခားျဂိဳလ္ေတြကိုု အခ်က္ျပျပီး ဒီကမၻာေပၚမွာ လူေတြရွိေသးတယ္။ လာကယ္ပါဆိုုျပီး အကူအညီေတာင္းမလိုု့ ျဖစ္ပါတယ္။ ဒါေပမယ့္ သူတိုု့ဟာ တစ္ျခားျဂိဳလ္ေတြ ရွိေနမွန္းေတာင္ မေသခ်ာေတာ့ပါဘူး။ သူတိုု့ႏွစ္ေယာက္ အသံလႊင့္ရုုံကေနျပန္လာေတာ့ Zachry ရဲ့ရြာဟာမီးေလာင္ေနတာကိုု ေတြ့လိုုက္ရပါတယ္။ တစ္ရြာလံုုးေသသြားျပီျဖစ္ကာ Zachry ရဲ့တူမေလးပဲအသက္ရွင္ပါတယ္။ Zachry နဲ့သူ့တူမေလးတိုု့ Koni ေတြလက္ကေန အသက္လုုေျပးခဲ့ေပမယ့္ Zachry ရဲ့ေယာက္ဖေသသြားတဲ့ေနရာမွာပဲ သူတိုု့ႏွစ္ေယာက္ကိုု ေခ်ာင္ပိတ္ဖမ္းမိခဲ့ပါတယ္။ ဒါေပမယ့္ Meronym ကလာေရာက္ကယ္ဆယ္ခဲ့တာမိုု့ Koni ေတြကိုုျပန္လည္သတ္ႏိုုင္ခဲ့ပါတယ္။ ေနာက္ဆံုုးမွာေတာ့ Zachry တိုု့နွစ္ေယာက္ဟာ Meronym နဲ့အတူ လိုုက္သြားခဲ့ပါတယ္။ တစ္ျခားျဂိဳလ္ကလာကယ္ခဲ့ျပီး အဲ့ျဂိုလ္ေပၚမွာသြားေရာက္ ေနထိုုင္ခဲ့ပါတယ္။ Zachry နဲ့ Meronym တိုု့ႏွစ္ေယာက္ဟာခ်စ္ၾကိဳက္ခဲ့ျပီး သားသမီး၊ ေျမးျမစ္ေတြ ထြန္းကားခဲ့ပါတယ္။

Conclusion
ဇာတ္လမ္း ၆ ပုုဒ္က ဘယ္လိုုဆက္ထားတယ္ဆိုုတာကိုု ရုုပ္ရွင္မွာ ေသခ်ာၾကီးေျပာမထားတဲ့အတြက္ အမ်ိဳးမ်ိဳးနားလည္လိုု့ရပါတယ္။ ဒီဇာတ္ေကာင္ေတြဟာ ဘဝ အဆက္ဆက္ေတြလိုု့ေျပာတဲ့လူလည္းရွိပါတယ္။ ဥပမာ ပထမဇာတ္လမ္းက villain ၾကီး Henry Goose ဟာ ဒုုတိယေျမာက္ ဇာတ္လမ္းမွာ သူ့ရဲ့ေနာက္ဘဝမွာ Hotel Manager ျဖစ္ေနတယ္လိုု့ ဆိုုပါတယ္။ ကၽြန္ေတာ္ကေတာ့ အဲ့လိုုမဟုုတ္ဘူးထင္ပါတယ္။ ေနာက္တစ္မ်ိဳးေျပာတာကေတာ့ ဇာတ္လမ္းအဆက္ဆက္က ဇာတ္ေကာင္ေတြက မ်ိဳးဆက္ေတြပါတဲ့။ ဥပမာ ပထမဇာတ္လမ္းက ထြက္ေျပးလာတဲ့ ကၽြန္ Autua ဟာ တတိယေျမာက္ဇာတ္လမ္းက ဇာတ္လိုုက္မ Luisa Rey ရဲ့ အေဘးအဘီျဖစ္သလိုု တစ္ျခားဇာတ္ေကာင္ေတြဟာလည္း အရင္ဇာတ္လမ္းက ဇာတ္ေကာင္ေတြရဲ့ မ်ိုးဆက္လိုု့ဆိုုလိုုခ်င္တာပါ။ ေတာ္ေတာ္ၾကီးျဖစ္ႏိုုင္ေပမယ့္ ဇာတ္လမ္းရဲ့ အႏွစ္သာရက အဲ့တာကုုိိေျပာခ်င္တာလိုု့ မထင္ပါဘူး။ ကၽြန္ေတာ္ယံုုၾကည္ တာကေတာ့ လူတစ္ေယာက္ရဲ့ အျပုအမွုုဆံုုးျဖတ္ခ်က္ေတြဟာ ႏွစ္ေထာင္ခ်ီသြားသည့္တိုုင္ အက်ိဳးသက္ေရာက္မွုုေတြရွိေနတယ္ဆိုုတာကိုု ျပသြားတယ္ထင္ပါတယ္။ ဒါဟာ ကၽြန္ေတာ့္အထင္သက္သက္သာျဖစ္ျပီး မွားႏိုုင္တဲ့အတြက္ ပရိတ္သတ္ၾကီးတိုု့ အျမင္ေတြကိုုလည္း Comment ေပးသြားပါလိုု့ ေျပာခ်င္ပါတယ္။

ကၽြန္ေတာ့္ထင္တာကိုု ရွင္းျပရရင္ေတာ့ ပထမဆံုုးဇာတ္လမ္းေနာက္ဆံုုးမွာ Adam Ewing တိုု့လင္မယားဟာ ကၽြန္စနစ္ကိုုတိုုက္ဖ်က္ဖိုု့ အေရွ့အရပ္ကိုု ထြက္ခြာခဲ့တယ္ဆိုုပါတယ္။ အေရွ့အရပ္ဆိုုေတာ့ အာရွအေရွ့ပိုုင္းလည္း ျဖစ္ႏိုုင္ပါတယ္။ သူတိုု့ရဲ့ အေတြးအေခၚ၊ လုုပ္ရက္မ်ားဟာ ေျခာက္ခုုေျမာက္ ဇာတ္လမ္းက ေတာ္လွန္ေရးသမားေတြကိုု clone ေတြကိုုကၽြန္လုုပ္ေနတဲ့ စနစ္ၾကီးကိုု ေတာ္လွန္ႏိုုင္ေအာင္ လြွမ္းမိုုးမွုုေပးခဲ့ပါတယ္

ဒုုတိယဇာတ္လမ္းက ဂီတဆရာ Robert ဟာ Adam Ewing ရဲ့မွတ္တမ္းကိုု ဖတ္ခဲ့ပါတယ္။ သူဟာအခ်စ္ေမတၱာကိုုတန္ဖိုုးထားခဲ့ျပီး သူရဲ့ဆရာ Ayrs လိုု ေလာဘတက္ဂုုဏ္ေမာက္ျခင္းမရွိခဲ့ပါဘူး။ သူဟာသူ့ခ်စ္သူ Sixsmith ဆီပိုု့တဲ့စာေတြကေနတစ္ဆင့္ သူရဲ့အေတြးအေခၚကိုု သင္ေပးခဲ့တဲ့အတြက္ Sixsmith ဟာ နာမည္ၾကီး ရူပေဗဒပညာရွင္ျဖစ္လာတဲ့အခါမွာ တစ္ခ်ိန္ခိ်န္မွာ ေပါက္ကြဲမယ့္ န်ူကလီးယားဓာတ္ေပါင္းဖိုုၾကီးေဆာက္ဖိုု့ကိုု ျငင္းဆန္ခဲ့ပါတယ္။ ဒါ့အျပင္ Robert ရဲ့ေတးသြား Cloud Atlas Sextet ကိုု သတင္းေထာက္မ Luisa Rey ကၾကားဖူးတယ္လိုု့ိဆိုုပါတယ္။ ဒါေပမယ့္ ဘယ္မွာၾကားဖူးခဲ့သလဲဆိုုတာကိုုေတာ့ မျပထားပါဘူး။ ေနာက္ေတာ့ Robert ဆရာအဖိုုးၾကီးက အဲ့ေတးသြားကိုု အိပ္မက္မက္ေတာ့ သူ့အိပ္မက္ထဲမွာ Pa Pa Song စားေသာက္ဆိုုင္မွာ ဖြင့္ထားတာကိုု ၾကားခဲ့တာျဖစ္ပါတယ္။

Timothy ရဲ့စာအုုပ္ကိုု ရုုပ္ရွင္ျပန္ရိုုက္တဲ့အခါ အဲ့ရုုပ္ရွင္ထဲက Dialouge တစ္ခုုျဖစ္တဲ့ I will not be subjected to Criminal Abuse – မတရားမွုုကိုု ငါသီးခံမွာမဟုုတ္ဘူး ဆိုုတဲ့ dialogue ဟာ ေန့စဥ္နဲ့အမ်ွ ဧည့္သည္ေတြရဲ့ မတရားမွုုကိုု ရင္ဆိုုင္ေနရတဲ့ Somni လိုုclone ေတြအတြက္ ျပန္လည္ တြန္းလွန္ဖိုု့တြန္းအားတစ္ရပ္ျဖစ္ေစခဲ့ပါတယ္။ Somni တိုု့ေတာ္လွန္ေရးျပီးသြားတဲ့အခါ ကမၻာၾကီးမွာဘာျဖစ္သြားတယ္ဆိုုတာ မရွင္းပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ထင္တာကေတာ့ Somni ကိုုစစ္ေဆးခဲ့တဲ့ အစိုုးရကိုုယ္စားလွယ္ကေနတစ္ဆင့္ အမွန္တရားကိုု လူေတြသိလာျပီး clone ေတြကိုုကၽြန္ျပုထားတဲ့ စနစ္ကိုု ဖ်က္ဆီးခဲ့တယ္လိုု့ထင္ပါတယ္။ ဒါေၾကာင့္သာ Zachry တိုု့ေခတ္မွာ Prescient ေတြဟာ နည္းပညာျမင့္ေပမယ့္ ရက္စက္ ၾကမ္းၾကုတ္ျခင္းမရွိပဲ သိမ္ေမြ့နွုုးညံ့တဲ့ခြင့္လႊတ္တတ္တဲ့သူေတြျဖစ္ေနတဲ့ အျပင္ Zachry တိုု့ကိုုလည္း ကယ္တင္ခဲ့ပါတယ္။

ေနာက္ဆံုုးေျပာခ်င္ဒါကေတာ့ တစ္ကားလံုုးဟာ Somni ရဲ့စကားျဖစ္တဲ့ our lives are not our own, from womb to tomb, we are bound to others, past and present. And by each crime and every kindness we birth our future – ငါတိုု့ဘဝေတြဟာ ငါတိုု့နဲ့ပဲ သက္ဆိုုင္တာမဟုုတ္ ပါဘူး။ ငါတိုု့ရဲ့ အတိတ္နဲ့ ပစၥုပန္ဟာ သေႏၶသားကေန ေသသည္အထိ တစ္ျခားဘဝေတြနဲ့ ဆက္စပ္ေနပါတယ္။ ငါတိုု့ျပုလုုပ္တဲ့ ျပစ္မွုုတိုုင္းနဲ့ ခ်စ္ခင္ၾကင္နာမွဳတိုုင္းဟာ ငါ့တိုု့ရဲ့အနာဂတ္ကိုု ေျပာင္းလဲေစပါတယ္ – ဆိုုတဲ့ စကားေလးတစ္ခြန္းေပၚမွာအေျခခံထားတာလိုု့ ကၽြန္ေတာ္ယံုုၾကည္ပါတယ္။



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)
Cloud Atlas (2012)


No downloads available

Genres



Related movies