Exit print mode Print Data A+ A- Undo all

Columbus (2017)

In the middle of all the mess... there was this.
Columbus (2017)Columbus (2017)

Synopsis:

Columbus (2017)
IMDb – 7.2/10_____Rotten – 97%

 

 

2017 ခုနှစ်ရဲ့ အလှပဆုံးရုပ်ရှင် Columbus

Columbus ရုပ်ရှင်ဟာ ဝေဖန်ရေးဆရာတွေကြားမှာ မှတ်ချက်ကောင်းတွေရရှိခဲ့ပြီး Cinematography အရ အလှပဆုံးရုပ်ရှင်တစ်ကားလို့ပါ

သတ်မှတ်ထားကြတဲ့ Indie/Art Film ကားတစ်ကားဖြစ်ပါတယ်။ IMDb 7.2, Rotten Tomatoes 97% ရရှိထားပြီး Archi Major
ကျောင်းသူကျောင်းသားတွေ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ကားတစ်ကားပါ။

Columbus မြို့က နာမည်ကျော်ဗိသုကာပညာရှင်တစ်ယောက်ဟာ Coma ဝင်သွားတဲ့အတွက် သူ့ရဲ့သားဖြစ်သူ ဂျင် ဟာ ကိုရီးယားကနေ Columbus ကို ရောက်လာခဲ့ပါတယ်။

ငယ်ငယ်တည်းက အဖေနဲ့သားကြားမှာ ဆက်ဆံရေးအဆင်မပြေခဲ့တဲ့အတွက် ဂျင်ဟာ အဖေ့အနားမှာမနေပဲ ကိုယ့်အလုပ်ကိုသာအာရုံစိုက်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဗိသုကာပညာကို စိတ်ဝင်စားတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးနဲ့
ဂျင်နဲ့ မထင်မှတ်ပဲ ဆုံမိခဲ့ပြီး Columbus မြို့ရဲ့ ဗိသုကာလက်ရာအပြောင်မြောက်ဆုံး နေရာတွေကို အတူတူသွားရောက်လည်ပတ်ပါတော့တယ်။

သူတို့သွားရောက်လည်ပတ်တဲ့ အဆောက်အဦးတွေကနေတဆင့် ဘယ်လိုသင်ခန်းစာတွေယူကြသလဲ၊ ဒီအဆောက်အဦးတွေက သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို ဘယ်လိုပြောင်းလဲစေသလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ခံစားနိုင်ပါတယ်။

 

 

ဗိသုကာပညာဆိုတာ အပေါ်ယံကြည့်တဲ့အခါ အဆောက်အဦးတစ်ခုရဲ့ ဒီဇိုင်းတစ်ခုလောက်သာ ဖြစ်နိုင်ပေမယ့် သေချာအတွင်းကျကျ
ကြည့်ကြည့်မယ်ဆိုရင် အဆောက်အဦးဒီဇိုင်းတစ်ခုဟာ လူတွေရဲ့ အပြုအမူ၊ စိတ်ခံစားချက်တွေကို ပြောင်းလဲစေနိုင်တယ်ဆိုတာကို ဒီရုပ်ရှင်က မီးမောင်းထိုးပြသွားခဲ့ပါတယ်။

ဒီရုပ်ရှင်ဟာ အချစ်ရုပ်ရှင်တစ်ခုမဟုတ်သလို ဗိသုကာပညာအကြောင်း ရိုက်ပြထားတဲ့ရုပ်ရှင်လဲမဟုတ်ပါဘူး။

ဗိသုကာလက်ရာတွေကနေတဆင့် ကိုယ့်ရဲ့စိတ်ထဲက အခက်အခဲ၊ အချုပ်အနှောင်တွေကို ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ ယောကျ်ားတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်သာ ဖြစ်ပါတယ်။

Columbus ရုပ်ရှင်ရဲ့ scene တိုင်းဟာ Wallpaper ထားချင်လောက်အောင် လှပလွန်းပြီး ရုပ်ရှင်ကင်မရာအယူအဆတွေ အများကြီးထည့်သွင်းအသုံးပြုထားတာကိုတွေ့ရပါတယ်။

Architecture Major ကျောင်းသားတွေအနေနဲ့ မကြည့်မဖြစ် ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး ဒီရုပ်ရှင်ကနေတဆင့် ဗိသုကာလက်ရာကောင်းတစ်ခုရဲ့ အရေးပါပုံကို သိလာနိုင်မှာ သေချာပါတယ်။

ဒီကားကိုကြည့်ပြီးပြီဆိုရင်တော့ ကျွန်တော်၂၀၁၇ ရဲ့အလှပဆုံးရုပ်ရှင်လို့ ညွန်းတာမလွန်ပါဘူးဆိုတာ လက်ခံလာမှာအသေချာပါပဲ။

 

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုအာကာဖြိုးပါ)

 

 

 

File Size : (900 MB)
Quality : WEB-DL 720p
Running Time : 1hr 40min
Format : Mp4
Genre :Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.WEB-DL.DD5.1.H264-FGT
Translated by Arkar Phyo
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Columbus
Director
Emily Neumann, Eric Williams, Kogonada, Merissa Ide Costanza
Stars
Erin Allegretti, Haley Lu Richardson, John Cho, Lindsey Shope, Michelle Forbes, Parker Posey, Reen Vogel, Rory Culkin, Rosalyn R. Ross, Shani Salyers Stiles
Release Date
4 August 2017 (USA)
Runtime
1h 40min
Awards
9 wins & 30 nominations.
Country
USA
Revenue
USD $1 015 744,00
Popularity
11.529
Status
Released
ID IMDb.com
tt5990474
IMDB Rating
7.2
IMDB votes
13,483
ID Themoviedb.org
414453
TMDb Rating
7.1
TMDb votes
191