IMDb 7.3 ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်
Coming Home ဆိုတဲ့ ဇာတ်ကားလေးဟာ တရုတ်ပြည်ရဲ့ ခေတ်တစ်ခေတ်မှာ
လူသူမသိ တိမ်မြှုပ်ခဲ့ရတဲ့ ပါတီအတွက် အလုပ်လုပ်ပေးခဲ့တဲ့ ပရောဖက်ဆာတစ်ဦးရဲ့
မိသားစုဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်…
ပါတီက ခွဲထားခဲ့တဲ့ သားအဖ…ပါတီက ခွဲထားတဲ့ လင်မယား…
ပါတီကြောင့် အစိတ်စိတ်အမွှာမွှာကွဲခဲ့ရတဲ့ မိသားစုလေးအကြောင်းပေါ့…
ပါတီကြောင့် အိမ်ကိုလွမ်းလို့ ခိုးပြန်လာတဲ့ အဖေကိုတောင်
ရန်သူတစ်ယောက်လိုမြင်ပြီး သမီးဖြစ်သူကိုယ်တိုင်က သတင်းပေး ဖမ်းဆီးစေခဲ့တယ်လေ။
ဒီလိုနဲ့ နောက်ဆုံး အိမ်ပြန်ခွင့်ရလို့ ပြန်လာတဲ့ ပရောဖက်ဆာကြီးအတွက်
စောင့်ကြိုနေတာက သာယာတဲ့ မိသားစုလေး မဟုတ်ခဲ့ပါဘူး။
သူစိမ်းနဲ့ မခြားတဲ့ သမီးအရင်းအချာနဲ့ ကိုယ်ပြန်လာမှာကို
စောင့်မျှော်နေပေမယ့် ကိုယ့်ကို မမှတ်မိတော့တဲ့ ဇနီးသည်ပါပဲ။
ဒီလိုအခြေအနေမျိုးကြုံကြည့်ကြစမ်းပါ…ခံနိုင်ပါ့မလား…
ပရောဖက်ဆာကြီးကတော့ သည်းခံခြင်းကို
လက်ကိုင်ထားပြီး ဘယ်လိုဖြေရှင်းခဲ့တယ်…
သမီးရဲ့ အသိအမှတ်ပြုခြင်းကို ဘယ်လိုပြန်ယူပြီး ကိုယ့်ကိုမမှတ်မိတဲ့
ဇနီးသည်ကို ဘယ်လိုအချစ်တွေပေးခဲ့တယ်ဆိုတာ
ဇာတ်ကားထဲမှာ အဖြေဖော်ရင်း ခံစားကြည့်လိုက်ကြပါတော့….
Translated By Chu Chu
Encoded By LK