Channel Myanmar

Report error

ဒီဇတ်လမ်းကတော့ ဂျပန်နိုင်ငံမှာ ၁၉၈၈-၁၉၈၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်မှုခင်းတစ်ခုပါ။

ကွန်ကရစ်စည်ပိုင်းထဲထည့်ပြီးမြှုပ်ခံရတဲ့ကောင်မလေး(The Girl In Concrete)ဆိုပြီး ဂျပန်နိုင်ငံ

မှာဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။ လူသတ်မှုကိုကျူးလွန်ခဲ့တဲ့ တရားခံ ၄ ယောက်ကတော့

အသက်မပြည့်သေးတဲ့အတွက် ဂျပန်နိုင်ငံရဲ့ (Juvenile Law)အရ ပြင်းထန်တဲ့ထောင်ဒဏ်ကို

မခံခဲ့ရပါဘူး….

++++++++++++++++

၁၉၈၈ခုနှစ် ဂျပန်နိုင်ငံရဲ့အေးချမ်းလှတဲ့ နိဝင်ဘာလ… သူမစောင့်မျှော်နေတဲ့ ၈း၃၀ အချိန်ရောက်

လာပါပြီ။ သူမရဲ့အချိန်ပိုင်းအလုပ်လဲပြီးပြီမို့ စက်ဘီးလေးကိုနင်းရင်း သိပ်ကိုကြည့်ချင်နေတဲ့ဂျပန်

ဇတ်လမ်းတွဲကြည့်ဖို့ ပြန်လာခဲ့ပါတယ်။ အဲ့ဒီနေ့သာ သူမ ကံကြမ္မာဆိုးဝင်မဲ့နေ့သာသူမ သိခဲ့ရင်…

သူမချစ်သော သူတွေအားလုံးနဲ့နောက်ဆုံးတွေ့ရသောနေ့တစ်နေ့မှန်းသာ သူမ ကြိုသိခဲ့ရင်…

++++++++++++++++

သူတို့ကျွန်မကို လူမဆန်စွာနှိပ်စက်ကြတယ်၊ အကြိမ်ကြိမ်အခါခါ တစ်ယောက်တလှည့်စီ မုဒိန်းကျင့်

ကြတယ်၊ ပြီးတော့ ကျွန်မကိုကန်ကျောက်ထိုးနှက်ကြတယ်၊ ကျွန်မရဲ့ မိန်းမကိုယ်ထဲကိုလည်း မ်ီးစတွေ

နဲ့ထိုးတယ်..ဘီယာပုလင်းအဖုံးတွေ…ဘာမှန်းမသိတဲ့အရာတွေနဲ့ ထည့်ပြီးနာကျင်အောင်လုပ်ကြတယ်

ကျွန်မနာကျင်လွန်းလို့အသံတောင်မထွက်နိုင်တော့ဘူး… ကျွန်မရဲ့နာကျင်မှုတွေက သူတို့အတွက်

ရယ်စရာကောင်းနေသလားရှင်…

++++++++++++++++

အခုဆို ကျွန်မတကိုယ်လုံး သူတို့နှိပ်စက်ပြုမူထားလို့ လူရုပ်တောင်မပေါက်တော့ဘူး၊ ကျွန်မလူရုပ်

မပေါက်တော့ ကျွန်မကိုမုဒိန်းကျင့်ဖို့ထက် နှိပ်စက်ဖို့ဘဲအသုံးဝင်လာတော့တယ်၊ ကျွန်မရေဆာလို့

ရေတောင်းတဲ့အခါ သောက်ဖို့ရေအစား ကျွန်မဆီး(ကျင်ငယ်)ကို ကိုယ်တိုင်သောက်ပါဆိုပြီး အတင်း

သောက်စေခဲ့တယ်၊ ချမ်းအေးလှတဲ့ဆောင်းရာသီကြီးမှာ ကျွန်မအကျီတောင်မကပ်နိုင်ဘဲ အေးစက်

စွာနေခဲ့ရတယ် ။ ကျွန်မရဲ့ မွေးနေ့ကမကြာခင်ရောက်လာတော့မယ်၊ ကျွန်မ မိဘ၊ သူငယ်ချင်းတွေ

ကျွန်မကိုမျော်နေတော့မယ် ..ဒါပေမယ့် သူတို့မတွေ့ မမြင်နိုင်တဲ့နေရာတစ်ခုမှာ ကျွန်မလူမဆန်စွာ

နှိပ်စက်ခံနေရတယ်..ပြုသမျှနုခံနေရတယ်၊ ကျွန်မအိမ်ပြန်ချင်တယ်၊ ကျွန်မကိုလွှတ်ပေးကြပါ၊

ကျွန်မကိုသနားကြပါရှင်… ကျွန်မအိမ်ကိုတကယ်ပြန်ချင်လို့ပါရှင်…အမေရေ သမီးကိုကြည့်လှည့်ပါဦး

++++++++++++++++

လပေါင်းများစွာ နှိပ်စက်ခံနေရပြီး နောက်ဆုံးတော့ ကျွန်မဖြစ်ချင်တဲ့ဆန္ဒလေးပြည့်ဝသွားပါပြီ။

အခုကျွန်မ အဲ့ဝဋ်ကနေလွတ်မြောက်သွားခဲ့ပါပြီ၊ ကျွန်မကိုဘယ်သူမှ ထပ်နှိပ်စက်လို့မရတော့ဘူး၊

ကျွန်မ အေးချမ်းသွားပါပြီ..

အမေ… ခရစ္စမတ်ညမှာ သမီးအမေနဲ့အတူတူမုန့်ဖုတ်စားမယ် မိသားစုနဲ့ အတူတူရှိနေမယ်

ဆိုတဲ့ကတိလေးပျက်သွားရလို့ သမီးတောင်းပန်ပါတယ် ..အမေတို့သမီးကိုမျှော်နေမယ်ဆိုတာလဲ

သိပါတယ် ဒါပေမယ့် သမီးကိုစောင့်မနေပါနဲ့တော့… သမီးအေးချမ်းသွားပါပြီအမေ…

++++++++++++++++

(ဇတ်လမ်းနှင့်အညွှန်းကို Ant မှ ဘာသာပြန်ဆိုပါသည်။)

 

File Size : 771 MB
Quality : .DVDRip.DivX
Running Time :1hr  29min
Format : Mp4
Genre    : Crime, Drama, Horror
Subtitle : Myanmar Subtitle (Hard Sub)
Translated by Ant
Encoded by Arkar Phyo (Yrfatt)


Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Concrete (2004)


No downloads available

Genres



Related movies