Channel Myanmar

Constantine: The House of Mystery (2022)

AdventureAnimation

IMDB: /10 votes

, ,

977823

Report error

Constantine: The House of Mystery (2022)

==============================

DC Fanတိုင်း ကိုစံသိန်းရယ်လို့ ချစ်စနိုး​ခေါ်ကြတဲ့ John Constantine ရဲ့
Animation ဇာတ်လမ်းတစ်ပုဒ် ထွက်လာပါပြီ၊ ဇာတ်အိမ်က​တော့ Justice
Dark : Apokolips Warအပြီးကို တည်ထားတာပါ၊ Runtime က​ မိနစ်၃၀
​လောက်ပဲရှိလို့ ဇာတ်လမ်းတိုလို့ပြောလို့ရပါတယ်၊ ကမ္ဘာပျက်စစ်ပွဲကြီး အပြီး
စစ်လည်းနိုင်သလို Justice League Member​ တွေနဲ့ ကမ္ဘာကြီး ကိုယ်တိုင်
​ဆုံးရှုံးမှု​တွေ အများကြီးကြုံ​လိုက်ရပါတယ်၊ ကမ္ဘာကြီးလည်း ပျက်စီးမှုဒဏ်
​​ကြောင့် အဆုံးသတ်လုဆဲဖြစ်လာပါပြီ။

ဒါ​ကြောင့် ဂျွန်ကွန်စတန်တင်းက ဖလက်ရှ်ရဲ့အလျင်နဲ့ ဖလက်ရှ်ပွိုင့်ဖန်တီးပြီး
ဒီဖြစ်စဉ်​တွေလုံးဝမဖြစ်ခဲ့သလို အတိတ်ကိုပြင်ဆင်ဖို့ အကြံထုတ်ခဲ့ပါတယ်၊
ဒါ​ပေမဲ့ အဲဒီလို ပြင်ဆင်စဉ်မှာ ရုတ်တရက် ပ​ဟေဠိဆန်ဆန် စံအိမ်ကြီးထဲကို
​ရောက်သွားပါတယ်၊ အိမ်ထဲမှာ​ ဂျွန်ချစ်ရတဲ့ ဇီနဲ့ ​​သေပြီးသားသူ့မိတ်​ဆွေ​တွေ
ရှိ​နေတာပါ၊ ဒါ​ပေမဲ့ သူတို့က လူစင်စစ်​မဟုတ်ဘဲ မ​ကောင်းဆိုးဝါး​​ ဖြစ်​နေပြီး
ဂျွန်ကို ဝိုင်းသတ်လိုက်ကြပါတယ်။

ဒါ​ပေမဲ့ ဂျွန်က ​သေသွားတယ်လို့မရှိဘဲ ဒီအိမ်ထဲမှာပဲ အချိန်စက်ဝန်း​ကျော့​နေ
သလို ပြန်ရှင်လာလိုက်၊ အသတ်ခံရလိုက်နဲ့ ကြက်ဥနဲ့ ကြက်မ ဘယ်ကစသလဲ
ဆိုသလို သံသရာ​လည်​နေပါတယ်၊ ဒီလိုဖြစ်လာတဲ့​နောက် ဂျွန်ကွန်စတန်တင်း
လည်း သူ့ကိုဒီသံသရာစက်ဝန်းထဲ ထည့်ထားတာ ဘယ်သူလဲ၊ ဒီပ​ဟေဠိစံအိမ်
ထဲက​နေ လွတ်​​အောင် ဘယ်လို​ထွက်ပြေးရမလဲဆိုပြီး ကြံရပါ​တော့တယ်။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်)

File Size – (480 MB)
Quality – Blu-Ray 1080p
Duration – 30mins
Subtitle – Myanmar Hardsub
Format – MP4
Genre : Adventure, Animation
Translator – JimX
Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Constantine: The House of Mystery (2022)


No downloads available

Genres



Related movies