Channel Myanmar

Copshop(2021)

N/A    

R 1h 47min ActionCrimeThriller

6.6
IMDB: 6.6/10 2.9k votes

, , , , ,

USA

628496

Report error

ကြမ်း​ပေ့ယမ်း​ပေ့ဆိုတဲ့ အက်ရှင်ကားကိုမှ အသုံးအနှုန်းခပ်ကြမ်းကြမ်း၊ ​

သွေးထွက်သံယိုများများ R ratedမှကြည့်ချင်ပါတယ်ဆိုတဲ့

CMပရိတ်သတ်​တွေအတွက် တကယ်ကြမ်းတဲ့

Crime Actionကားတစ်ကားကို မိတ်ဆက်​ပေးလိုက်ပါပြီ

အဓိကဇာတ်လိုက်နှစ်​ယောက်ကိုက Angle Has Fallen triologyနဲ့ 300လို

တကယ့်​ကောင်း​ပေ့ညွန့်​ပေ့ဆိုတဲ့

အက်ရှင်ကား​တွေမှာ ​​ခေါင်း​ဆောင်ပါဝင်ထားတဲ့ Gerard Butlerနဲ့ Purge franchiseလို

တကယ့်​သွေးထွက်သံယိုကား​တွေကိုပဲ

ရိုက်ကူးထားတဲ့ Frank Grilloဆိုတာနဲ့တင် ဒီဇာတ်လမ်းရဲ့အက်ရှင်​တွေ

ဘယ်​လောက်ကြမ်းမလဲဆိုတာ မှန်းကြည့်လို့ရပါတယ်

ဂိမ်းပရိုဂရမ်​ရေးသားသူတဖြစ်လဲ ဒိတ်ဒိတ်ကြဲသူ​​ဌေး​တွေကိုမှ

ညာစားတဲ့ Teddy Murrettoဟာ တစ်ချိန်မှာ​တော့

ညာမိတဲ့သူ​ဌေး အ​ရွေးမှားပြီး Hitman​ပေါင်းများစွာရဲ့ အမဲလိုက်ခြင်းကို ခံရပါ​တော့တယ်

​ပြေးလို့မလွတ်နိုင်မှန်းသိတဲ့​နောက် Gun Creekမြို့​လေးကိုအ​ရောက်မှာ​တော့ မြို့ကရဲ​မေအရာရှိ Valerie Youngကို

အသားလွတ်ဆွဲထိုးကာ ​ထောင်နန်းစံပြီး ​ကြေးစားသမား​တွေရန်က​နေ လွတ်​အောင်ကြံပါ​တော့တယ်

ဖြစ်ချင်​တော့ Hitman​တွေထဲကတစ်​ယောက်ဖြစ်တဲ့ Viddickက Teddyကို​ခြေရာခံမိသွားတဲ့အတွက်၊

သူကပါ အရက်မူးသမားအ​​ယောင်​ဆောင်၊ ရဲကားကို ကားနဲ့ဝင်တိုက်ပြီး ​Teddyရှိရာအချုပ်ခန်းဆီကို ထပ်ကြပ်မကွာလိုက်ပါလာခဲ့ပါတယ်

ဒါပေမဲ့ Teddyကိုအ​သေရရ အရှင်ရရအမဲဖျက်ချင်​နေတဲ့ Hitmanက တစ်​ယောက်နှစ်​ယောက်မဟုတ်တဲ့အခါ Gun Creekမြို့​​လေးကို

တခြား​ကြေးစားလူသတ်သမား​တွေပါ လိုက်လာတဲ့အခါ…..

Teddyတစ်​​ယောက် Hitman​ပေါင်း​သောင်း​ခြောက်​ထောင်ရန်က​နေ လွတ်နိုင်ပါ့မလား၊

သူရဲ့​နောက်​ကြောင်းဇာတ်လမ်းက​ရော ဘယ်လိုများဖြစ်မလဲ၊

Viddickက​ရော သူ့ရဲ့တာဝန်ကို အပြီးသတ်နိုင်မှာလား၊ သူနဲ့အိုးစားခွက်လုဖက်​​တွေကြားထဲက​နေ

Teddyကို ဘယ်လိုရ​​​အောင်သတ်မလဲ၊ မဆီမဆိုင် ပဲ​​​လှော်ကြားဆားညပ်သွားတဲ့

ရဲ​မေ Valarieက​ရော ဘယ်လောက်အထိ အ​ရေးပါ​နေမလဲဆိုတာကို

ဇာတ်လမ်းအစအဆုံး Tempoကိုတစ်စက်​လေးမှမချပဲ Non-stop actionအပြည့်နဲ့ ကြည့်ရှုခံစားရမှာပါ၊

အက်ရှင်ကားဆို​ပေမယ့် IMDb 6.6နဲ့ Rotten Tomatoes 81%​တောင်ရထားတာဖြစ်လို့

အချိန်၂နာရီနီးပါး​ပေးကြည့်ဖို့ တကယ်တန်​ကြောင်း ညွန်းဆိုပါရ​စေ၊

ဇာတ်လမ်းက​​တော့ “R rated”ဖြစ်တဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့ သိပ်မသင့်​တော်ပါဘူး

 

File size…1.06GB / 1.7GB
Quality…720p / 1080p Web Dl  DDP5.1
Format…Mp4
Duration….1h 47min
Subtitle….Myanmaar Subtitle (Hard Sub)
Encoder….YK
Translated by JimX & Amelia



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Copshop(2021)
Copshop(2021)
Copshop(2021)
Copshop(2021)
Copshop(2021)
Copshop(2021)


No downloads available

Genres



Related movies