Exit print mode Print Data A+ A- Undo all

Couples Retreat (2009)

It may be paradise... but it's no vacation.
Couples Retreat (2009)Couples Retreat (2009)

Synopsis:

Vince Vaughn အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ပြီး Jason Bateman, Jon Favreau စတဲ့ စတားတွေ
ခြံရံထားတဲ့ Couples’ retreat ဆိုတဲ့ အိမ်ထောင်ရေးအချစ်ဟာသဇာတ်ကားလေးနဲ့
မိတ်ဆက်ပေးချင်ပါတယ်.
အချစ်ရေးဆိုတာကလည်း ဘာပြဿနာမှမရှိနေတာကလည်း ပြဿနာတစ်ခုလို့ ဆိုရမလိုဖြစ်နေပါပြီ။
အိမ်ထောင် တစ်ခု ဖြစ်တည်လာပြီဆိုရင် စုံတွဲတွေအဖို့ အခက်အခဲတွေ ပြဿနာတွေကြားထဲကပဲ
အချစ်ကိုတည်ဆောက် ပဲ့ပြင်ကြရစမြဲပါပဲ။
Couples’ retreat ဆိုတာကတော့ စုံတွဲတွေအတွက် အေးစက်နေတဲ့အချစ်ရေးကိုပြန်စတင်ဖို့
အချိန်ကာလတစ်ခု ကိုဆိုလိုတာပါ
စုံတွဲတွေအတွက် ခံစားချက်တွေ အေးစက်လာတဲ့အချိန်. ပုံမှန်နေ့စဉ်ဘဝကြီးထဲမှာ
စိတ်လှုပ်ရှားစရာတွေကုန်ခမ်း လာတဲ့အချိန်မှာ ခြေတစ်လှမ်းဆုတ်ပြီး ဘဝကိုအနားခဏပေးကာ
စိတ်ရောကိုယ်ပါအနားယူပြီး ခံစားချက် တွေကို တည့်မတ်ခွင့်ရတဲ့အတွက်လည်း Couples’ retreat လို့
တင်စားပြောနိုင်ပါတယ်
ဒီစိတ်ကူးကို ပထမဆုံးအကြံရပြီး အကောင်အထည်ဖော်ဖို့ တကယ်ကြီးတင်ဆက်လာတာကတော့
ဂျေဆင်နဲ့ စင်သီရာ တို့ အတွဲပါပဲ. သူတို့ရဲ့ ကျွန်းပေါ်ကအပန်းဖြေစခန်းမှာ အနားယူကြမယ့် အိုင်ဒီယာကို
ပရိုဂျက်တာနဲ့ ပြပြီး ပါဝါပွိုင့်စလိုက်ရှိုးတွေနဲ့ပါ တင်ဆက်လာခဲ့ပါတော့တယ်
ပထမအစမှာတော့ ကျန်တဲ့စုံတွဲ ၃ တွဲက သဘောမတူခဲ့ကြပါဘူး. ဒါပေမယ့် ဂျေဆင်ရဲ့
အထူးကြိုးပမ်းမှုအရ ဒေ့ဗ် နဲ့ ရွန်နီတို့ အတွဲပါ ပါလာခဲ့ပြီးချိန်မှာတော့ ဂျေဆင်ခန့်မှန်းထားတဲ့အတိုင်း
စုံတွဲ၄တွဲရဲ့ အပန်းဖြေခရီးစဉ်က ဖြစ်မြောက်လာခဲ့ပါတယ်
စလိုက်ရှိုးမှာပြထားတဲ့အတိုင်း စနော်ကယ်နဲ့ရေငုပ်တာတွေ. ဂျက်စကီးစီးတာတွေ.
ကနူးလှေလှော်တာတွေစတဲ့ ပျော်စရာလှုပ်ရှားမှုတွေကို မျှော်လင့်ထားပေမယ့် ကျွန်းကို

ရောက်သွားချိန်မှာတော့ သူတို့ မမျှော်လင့်ထားတဲ့ Couples’ therapy Session ကို မဖြစ်မနေလုပ်ရမယ့်
အခြေအနေကို ရောက်လာခဲ့ပါတော့တယ်
မအားလပ်တဲ့နေ့စဉ်ဘဝကနေ ရုန်းထွက်လာခဲ့ပြီးမှ စုံတွဲဆွေးနွေးခန်းဝင်နေရတဲ့သူတို့.
ကျွန်းပေါ်မှာ ပျော်စရာ အခိုက်အတန့်လေးတွေကို ဖန်တီးနိုင်မလား.
ကိုယ့်ဘဝရဲ့လက်တွဲဖော်အစစ်ကို တွေ့ရှိသွားမလား.
စုံတွဲတွေကြားထဲက အေးစက်ပျောက်ဆုံးနေတဲ့ခံစားချက်တွေကို ပြန်လည်ရှာတွေ့နိုင်မလား ဆိုတာကို
ဟာသနှောပြီးတင်ဆက်ထားတဲ့ ဇာတ်ကားလေးကို CM ကနေ ပရိသတ်များကြည့်ရှုနိုင်ဖို့
တင်ဆက်ပေးလိုက် ရပါတယ်

 

File size…  3.89 GB /  1.37 GB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 2h
Genre …..   Comedy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Sai Sumali



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $70 000 000,00
Revenue
USD $171 844 840,00
Popularity
31.365
Status
Released
ID IMDb.com
tt1078940
IMDB Rating
5.5
ID Themoviedb.org
19899
TMDb Rating
5.544
TMDb votes
1812