Channel Myanmar

Crash ဆိုတဲ့ ဇာတ်​ကား​က​တော့ ​လော့စ်​အန်​ဂျလိစ်​မြို့​တော်​တွင်​း လူမျိုး​ရေးခွဲခြားမှု​တွေ လူ့အသိုင်​းအဝိုင်​းကြားတင်​းမာမှု​တွေကို ရိုက်​ကူးပုံ​ဖော်​ထားတဲ့ ဇာတ်​ကားပဲဖြစ်​ပါတယ်​

လူဖြူ လူမည်​းခွဲခြားမှု​တွေကြားမှာ လူဖြူ​တွေကို မုန်​းတီးပြီး အနုကြမ်​းစီးတတ်​တဲ့ Anthnoy ဟာ သူ့အ​ဖော်​နဲ့အတူ လူဖြူ​ရှေ့​နေ Rick နဲ့ သူ့ဇနီး Jean တို့ရဲ့ကားကို လုခဲ့ပါတယ်​။

ဒီဇာတ်​ကား​လေးထဲမှာ

ို​သေနတ်​နဲ့ခြိမ်​း​ခြောက်​ခံခဲ့ရတဲ့အတွက်​ လူမည်​း​တွေကို ​ကြောက်​ရွံ့​သွားပြီး သူ့အိမ်​မှာအလုပ်​လာလုပ်​တဲ့ လူမည်​း​​တွေကို မယုံကြည်​နိုင်​​တော့တဲ့ Jean

ကျည်​ဆံသံ​တွေ​ကြား အိမ်​ခဏခဏ​ပြောင်​းခဲ့တဲ့ ​သော့ပြင်​ဆရာ Daniel

​သော့ပြင်​ဆရာနဲ့အ​ခြေအတင်​စကားများပြီး​နောက်​ လူမည်​း​သော့ပြင်​ဆရာ​ကြောင်​့ သူ့ဆိုင်​​ဖောက်​ထွင်​းခံရတယ်​ ယူဆထားသူ Farhand

လူမည်​းတစ်​​ယောက်​ဖြစ်​တဲ့အတွက်​ ဇနီးဖြစ်​သူကို ရဲတစ်​ဦး လက်​သရမ်​းတာကို ကြည်​့​နေခဲ့ရတဲ့ လူမည်​းရုပ်​ရှင်​ဒါရိုက်​တာ Cameron

ဖခင်​ရဲ့​ရောဂါ​ကြောင်​့ ​ဆေးရုံမှတာဝန်​ရှိသူ လူမည်​းအမျိုးသမီးကို မ​ကျေမနပ်​ဖြစ်​​နေသူ ရဲအရာရှိ Ryan

လူမျိုး​ရေးခွဲခြားမှု​ကြောင်​့ ဖြစ်​​ပေါ်လာတဲ့ လူသတ်​မှုတစ်​ခုကို စုံစမ်​း​နေသူ လူမည်​းစုံ​ထောက်​တစ်​​ယောက်​ဦး Graham waters

စတဲ့ဇာတ်​​ကောင်​​တွေရဲ့ လှုပ်​ရှားမှု​တွေနဲ့ ​အ​မေရိကန်​လူ့အသိုင်​းအဝိုင်​းကြား ဖြစ်​ရပ်​​တွေကို ပုံ​ဖော်​ထားတာ​တွေ့ရမှာပါ။

ပါဝင်​ထားတဲ့ သရုပ်​​ဆောင်​​တွေက​တော့

ခရိုင်​​ရှေ့​နေ Rick အဖြစ်​ Brendan Fraser

ခရိုင်​​ရှေ့​နေ Rick ရဲ့ဇနီး Jean အဖြစ်​ Sandra Bullock

စုံ​ထောက်​ Graham Waters, အဖြစ်​ Don Cheadle

ရဲအရာရှိ Ryan အဖြစ်​ Matt Dillon

ဒါရိုက်​တာCameron Thayer အဖြစ်​
Terrence Howard

ကားလု​ပြေးသူ Anthony အဖြစ်​Ludacris တို့ပဲအပြင်​ Jennifer Esposito, William Fichtner, Brendan Fraser, Chris “Ludacris” Bridges, Michael Peña, and Ryan Phillippe တို့လည်​း ပါဝင်​ထားပါတယ်​။

ဒီဇာတ်​ကား​ထဲက ဇာတ်​ဝင်​ခန်​း​တွေမှာ ဖြစ်​ရပ်​မှန်​​တစ်​ချို့ ထည်​့သွင်​းရိုက်​ကူးထားကို​တွေ့ရပြီး ​ဝေဖန်​​ရေးဆရာ​တွေရဲ့ မှတ်​ချက်​​ကောင်​း​တွေရရှိထားတဲ့ ဇာတ်​ကား​လေးလည်​း ဖြစ်​ပါတယ်​။

 

File Size : 850 Mb / 350 Mb
Quality :WEB-DL 720p
Format…mp4
Duration…01:54:00
Genre : Crime, Drama, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Lwin Lwin Aung
Encoded by Littleneo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Crash 2004
Crash 2004
Crash 2004
Crash 2004


No downloads available

Genres



Related movies