Exit print mode Print Data A+ A- Undo all

Crime Story (1993)

The world's toughest city needs more than an army to stop the mob… They need one man!
Crime Story (1993)Crime Story (1993)

Synopsis:

 

 

ဒီဇတ်ကားမှာအဓိကဇာတ်ကောင်ဖြစ်တဲ့ အင်စပက်တာအက်ဒီချန်းနေရာမှာ သရုပ်ဆောင်ဖို့ပထမဆုံးစဉ်းစားခံရတဲ့သူကတော့ တရုတ်ပြည်ရဲ့ထိပ်တန်းမင်းသားဂျက်လီပဲဖြစ်ပါတယ်..

ဂျက်လီဟာ
အကြောင်းအမျိုးမျိုးကြောင့် ဒီရုပ်ရှင်ဇာတ်ကားကိုမရိုက်ကူးဖြစ်ခဲ့ပဲ မင်းသမီး မီရှဲရွန်းနဲ့တွဲဖက်ပြီး Tai Chi Master(၁၉၉၃)ဇတ်ကားကိုပြောင်းလဲရိုက်ကူးခဲ့ပါတယ်..

(၁၉၉၃)ခုနှစ်မတိုင်ခင်မှာ ရဲစုံထောက်အက်ရှင်ဇာတ်ကားများ အများအပြားရိုက်ကူးခဲ့ပြီး ရဲစုံထောက်ဇာတ်ရုပ်နှင့်အကျွမ်းတဝင်ဖြစ်နေခဲ့တဲ့ ဂျက်ကီချန်းဟာ

ဂျက်လီမရိုက်ကူးဖြစ်ခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ညွှန်းကိုဖတ်ကြည့်ပြီး သူနှစ်ခြိုက်တဲ့ကာရိုက်တာမျိုးဖြစ်နေတဲ့အတွက် ရိုက်ကူးဖို့ဆုံးဖြတ်ခဲ့ပါတယ်

ဟောင်ကောင်ဒါရိုက်တာ ကာကီဟွမ်နှင့် ပူးပေါင်းပြီး ဂျက်ကီချန်းဟာ တွဲဖက်အက်ရှင်ဒါရိုက်တာအနေနဲ့ရော Main Role အနေနဲ့ပါ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်…

ဟောင်ကောင်နဲ့ ထိုင်ဝမ်ပြည်နယ်တို့မှာ
(၁၉၉၂) ဇူလိုင်(၉)ရက်နေ့မှစပြီး
သြဂုတ်(၂၀)ရက်နေ့အထိ (၄၂)ရက်ကြာအောင် ဒီရုပ်ရှင်ကိုစနစ်တကျရိုက်ကူးခဲ့ပါတယ်…

ဂျက်ကီချန်းကိုယ်တိုင်ရေးသားထားတဲ့ (My Life Acting)စာအုပ်ထဲက ရေးသားဖော်ပြချက်အရ ဒီစုံထောက်ဇာတ်ကားရိုက်ကူးစဉ်မှာ ကားနှစ်စီးယှဉ်တိုက်တဲ့ဇာတ်ဝင်ခန်းကိုလူစားမထိုးပဲ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ခြေထောက်သွင်သွင်ကျိုးသည်အထိ ဒဏ်ရာရခဲ့ဖူးတယ်လို့လည်း သိရပါတယ်..

(၁၉၉၃)ခုနှစ် ဇွန်လ(၂၄)ရက်နေ့မှာ ဒီရုပ်ရှင်ဇာတ်ကားကို ဟောင်ကောင်မှာ စတင်ရုံတင်ပြသခဲ့ပြီး

အောင်မြင်မှုအနေနဲ့ ရရှိခဲ့တဲ့ဆုတွေကတော့

(၁၉၉၃)ခုနှစ်မှာ ဂျက်ကီချန်းဟာ အကောင်းဆုံးသရုပ်ဆောင်အဖြစ်Golden Horseဆုကိုရှိခဲ့ပါတယ်

(၁၉၉၄)ခုနှစ်ရဲ့ ဟောင်ကောင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း
ဂျက်ကီချန်းဟာ အကောင်းဆုံးဇာတ်ဆောင်ဆုနှင့် အကောင်းဆုံးအက်ရှင်စတန့်ပြကွက်(Best Action Choreography) ဆုကိုပါ ထပ်မံရရှိခဲ့တဲ့အပြင် အကောင်းဆုံး ဒါရိုက်တာဆုကို ဒါရိုက်တာ ကာကီဟွမ်မှလည်း ရရှိခဲ့ပါတယ်..

အကောင်းဆုံး ဇာတ်ပို့ဆု
အကောင်းဆုံး ဓာတ်ပုံဆု
အကောင်းဆုံး တည်းဖြတ်ဆု စသဖြင့်

ရုပ်ရှင်ထူးချွန်ဆုပေါင်း(၇)ဆုရရှိခဲ့တဲ့အထိ
အောင်မြင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်

ဇာတ်လမ်းလေးကတော့

အယ်ဒီချန်ဟာ ဟောင်ကောင်ရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ အထူးရဲအရာရှိဖြစ်ပါတယ်။ တနေ့မှာတော့ အယ်ဒီတစ်ယောက် ဆောက်လုပ်ရေးလုပ်သားတွေကို နေ့စားခမရှင်းပေးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ဖြစ်တဲ့ သူဌေးဝမ်ရပ်ဖေးကို ဆန္ဒပြနေတာကို တားပေးဖို့ တာဝန်ကျလာပါတယ်။

ဒီလိုဆန္ဒပြပြီးမကြာပါဘူး သူဌေးဝမ်ရပ်ဖေးဟာ အမည်မသိလူတစ်စု ပြန်ပေးဆွဲတာခံလိုက်ရပြီး အမေရိကန်ဒေါ်လာ သန်းခြောက်ဆယ် ပြန်ပေးငွေတောင်းလာတဲ့အခါမှာ အယ်ဒီနှင့် ရဲတပ်ဖွဲ့တို့ ပြန်ပေးသမားတွေကို ဘယ်လိုဖော်ထုတ်ကြမလဲ၊ ဒေါ်လာသန်းခြောက်ဆယ်ကို မသမာသူလက်ထဲ မရောက်အောင် ဘယ်လိုတားဆီးကြမလဲ၊ ရဲဌာနက အမြဲခြေတစ်လှမ်းနောက်ကျနေရတဲ့အကြောင်းအရင်းက ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဂျက်ကီချန်းကားဆိုမှတော့ အထူးတလည်းညွန်းပေးစရာတောင်မလိုတော့တဲ့အတွက် ကြည့်ရှုကြပါဦးခင်ဗျာ။

ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။

(ရုပ်ရှင်အညွှန်းကို  Rockie Chan JC Facebook မှကူးယူဖော်ပြပါသည်။)

File size…(2.5 GB)/(1.5 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:43:00
Genre…Action, Crime, Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Matteo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Jung on zo
Director
Kirk Wong
Stars
Au-Yeung Pui-San, Blackie Ko, Blacky Ko Sau-Leung, Christine Ng, Chung Fat, Jackie Chan, Ken Lo, Kent Cheng, Law Kar-Ying, Poon Ling-Ling, William Duen
Release Date
24 June 1993 (Hong Kong)
Rated
R
Runtime
1h 43min
Awards
2 wins & 8 nominations.
Country
Hong Kong
Revenue
USD $194 720,00
Popularity
10.843
Status
Released
ID IMDb.com
tt0108656
IMDB Rating
6.8
IMDB votes
5,575
ID Themoviedb.org
18857
TMDb Rating
6.6
TMDb votes
81