Crouching Tiger Hidden Dragon (2000)
ဝူတန်သိုင်းလို့ပြောလိုက်တာနဲ့ Chinese Fanတွေဆိုရင်းရင်းနှီးနှီးသိကြမှာပါ
ဒီကားမှာတော့ ဝူတန်သိုင်းသမားသူရဲကောင်းလီမူဘိုင်က သိုင်းလောကကနေအနားယူပြီး အေးအေးချမ်းချမ်းနေဖို့ သူ့ရဲ့ကျောက်စိမ်းကံကြမ္မာဓားကို ဆရာတီဆီလက်ဆောင်ပေးရာကနေစတဲ့ဇာတ်လမ်းပါ
သူရဲကောင်းလီမူဘိုင်ရဲ့ဆရာတောင်ပိုင်းကြိုးကြာ(နာမည်ဝှက်)ဆီက ဝူတန်သိုင်းရဲ့လျှို့ဝှက်သိုင်းကျမ်းကို ကျောက်စိမ်းမြေခွေး(နာမည်ဝှက်)ကခိုးယူကျင့်ကြံပြီး တောင်ပိုင်းကြိုးကြာကိုသတ်ပစ်ခဲ့ပါတယ်
ကျောက်စိမ်းမြေခွေးက လျှောက်သွားရင်း ရှောင်လုံဆိုတဲ့ချမ်းသာတဲ့မမလေးကို တပည့်တော်ကာပညာသင်ပေးရင်း ဇာတ်မြှုပ်နေရာမှ တပည့်လေးကြောင့် သူ့ကိုရန်သူတွေသိသွားပါတော့တယ်
ရှောင်လုံကလည်း ငယ်ငယ်ထဲကဆရာ့ပြောစကားတွေကြောင့် သိုင်းလောကမှာကျင်လည်ပြီးလျှောက်သွားချင်သူပါ နာမည်ကျော်သူရဲကောင်းတွေလို အစွမ်းထက်လက်နက်တွေနဲ့ ဟိတ်ဟန်ထုတ်ချင်သူပါ
မမျှော်လင့်ဘဲ ရှောင်လုံနဲ့ရှုလျန်တို့တွေ့ဆုံခင်မင်ရာမှ ကျောက်စိမ်းကံကြမ္မာဓားကိုရှောင်လုံတွေ့သွားသောအခါအရမ်းလိုချင်သွားပါတော့တယ်
ရှောင်လုံကလည်းဓားရအောင်ဘယ်လိုလုပ်မလဲ…
ရှုလျန်ကလည်း သူ့ချစ်သူအတွက်ဓားကို ဘယ်လိုကာကွယ်ပေးမလဲ…
လီမူဘိုင်ကရော သိုင်းလောကကနေအနားယူရပါ့မလား…
ကဲဇာတ်လမ်းထဲပဲကြည့်လိုက်ရအောင်နော်
ရှုလျန်အဖြစ် Michelle Yeoh (သူ့ကိုတော့ The Ladyကားမှာထဲက သိကြမှာပါ)
လီမူဘိုင်အဖြစ် Chow Yun-Fat
ရှောင်လုံအဖြစ် Zhang Ziyi
ကျောက်စိမ်းမြေခွေးအဖြစ် Cheng Pei Pei
( အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )
Quality__1080p, 720p
IMDb Rating__7.8/10
Format__mp4
Duration__02:00:00
Type__Action ,Adventure , Fantasy , Romance
Subtitle__Myanmar Subtitle (Hardsub)
Translated by Hlaing Theint Theint Latt
Encoded by Naing Aung Latt
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။