Channel Myanmar

Dallas Buyers Club (2013)

Dallas Buyers Club    

R 1h 57min BiographyDrama

8.0
IMDB: 8.0/10 425,073 votes

, ,

, , , , , , , , ,

Won 3 Oscars. Another 82 wins & 82 nominations.

USA

271524

Report error

Dallas Buyers Club (2013)

IMDb – 8.0 /10___________Rotten – 93%

Won 3 Oscars. Another 82 wins & 82 nominations.

1984ခုနှစ်ကျော်ကာလက ရောဂါဆန်းတွေ ကမ္ဘာကြီးထဲကို ထဲထဲဝင်ဝင် ရောက်ရှိလာသည့် နှစ်ကာလတွေဟု ပြောရမည်။အမေရိကလို အထူးလွတ်လပ်စွာနေထိုင်ခွင့်ရနိုင်သည့် လူတန်းစားတွေကြားမှာ လူတွေပဲ သတ်မှတ်ထားသည့် ကောင်းမှု ။မကောင်းမှု တွေအား အလွယ်တကူ ရရှိခံစားနိုင်သော အချိန်ကာလမှာ အေ့အိုင်ဒီအက်စ်ရောဂါကို ဖြစ်စေသည့် အိတ်ချ်အိုင်ဗွီ ဗိုင်းစ်ရပ်ပိုးကလေးတွေကလည်း လူသားတွေကြားကို တိုးဝင်ရောက်ရှိလာသည်။

ယခုနှစ်ကာလများသည် အေအိုင်ဒီအက်စ် ခေတ်ဦးလို့ ဆိုရမည်။လူတန်းစားအကြား ဖြစ်ပွားလာချိန်မှာ ဆေးသိပ္ပံအဖွဲ့အစည်းတွေအတွက် အထူးခေါင်းခဲရသော အချိန်ကာလများဖြစ်နိုင်သည်။လိင် အပျော်အပါး။မူးယစ်ဆေးဝါးစတဲ့ စိတ်လွတ်လပ်မှု ကို အထောက်အကူပြု သော ယင်းအချက်အလက်များနှင့် လွတ်ကင်းနိုင်ဖွယ်မရှိသည့် လူတန်းစားတွေကြားကို ချက်ချင်းပျံ့နှံ့လာသည်။ထဲထဲဝင်ဝင် ထိန်းချု ပ်တားဆီးလို့ရမည့် ဆေးတွေလည်း မရှိသေး။လူတွေလည်း တစ်ဖြု တ်ဖြုတ်သေကုန်သည်။ဆေးရုံအများစုတွင်လည်း အိတ်ချ်အိုင်ဗီကနေ အေ့စ်အဆင့်ဖြစ်နေသည့် လူနာတွေနှင့်ပြည့်လို့နေသည်။

သို့ဖြစ်စေကာမူ လူထုအကြားဝယ် ပညာပေးနှိုးဆော်မှု နှင့် ရောဂါကူးစက်နိုင်သော အကြောင်းရင်းတွေကို ရှောင်ကျဉ်ကာကွယ်ရမည့် အချက်တွေကို ထိထိရောက်ရောက် ပညာပေးချိန်မရှိသေးတဲ့အချိန်မျို းမှာ အပျော်အပါးခုံမင်သည့် ရွန်လို လူတစ်ယောက်မှာလည်း အိတ်ချ်ဗွီစက်ကွင်းက မလွတ်မြောက်ခဲ့။သူခန္ဓာကိုယ်ထဲမှာ အချိန်အတော်ကြာကတည်းက တိုးဝင်ရောက်ရှိနေပုံရသည့် ဗိုင်းရပ်စ်ပိုးသည် သူ၏ ခုခံအားကာကွယ်မှု နည်းစနစ်ကို ဘယ်အချိန်ကတည်းက တိုက်ဖျက်အောင်နိုင်ခဲ့ပြီလဲ မသိနိုင်။ကနဦးကမှ ကျန်းမာရေးစောင့်ရှောက်မှု နည်းပြီး ပေပေတေတေနေလေ့ရှိသူဖြစ်တော့ ခန္ဓာကိုယ်ဟာ ထောက်ကန်မပေးနိုင်ရှာတော့။

ရွန် တစ်ယောက် ဆေးရုံရောက်သွားသည်။ဆေးရုံရောက်တော့ ဆရာဝန်ပြောကြားချက်အရ သူမှာ အေအိုင်ဒီအက်စ်ရောဂါဖြစ်နေပြီတဲ့။သူမကြာခင်သေရတော့မှာလို့ ဆရာဝန်ကပြောသည်။အလွန်ဆုံးခံရင် ရက်သုံးဆယ်ပဲတဲ့။မိမိ၏ သေဆုံးရမည့် ရက်စွဲအတိအကျကို ပြောပြသတ်မှတ်တာမျို းကြုံ ရချိန်မှာ ဘယ်လိုလူသားမျိုးက ပြုံ းပြုံ းကလေးနှင့် ခေါင်းညိတ်လက်ခံနိုင်မှာလဲ။သူမယုံ။ဆရာဝန်တွေကို အော်ဆဲသည်။

သူ့မှာ ဒီရောဂါမရှိနိုင်ဟု အကြောက်အကန် ငြင်းဆန်ပေမယ့် သူ့ခန္ဓာရဲ့ထောက်ကူမှု ဟာ သိသိသာသာလျော့နည်းလာတာကိုတော့ သိရှိနေသည်။ဆရာဝန်ပြောကြားချက်အရ မူးယစ်ဆေးကို မသန့်ရှင်းသည့်ဆေးထိုးအပ်နဲ့ မျှဝေသုံးစွဲတာတို့နှင့် လိင်တူလိင်ကွဲဆက်ဆံမှု ကနေ ကူးစက်သည်ဟု ပြောပေမယ့် သူက လိင်တူဆက်ဆံရခြင်းအမှု ကို အထူးရွံရှာသူဖြစ်သည်။ဒါပေမယ့် ပြည့်တန်ဆာများနှင့် လွန်လွန်ကဲကဲ အပျော်အပါးလိုက်စားမှု ကိုတော့ မရှောင်ကျဉ်ခဲ့။ဒီရလဒ်ကြောင့် ကူးစက်ရသည်ကို သိသွားတဲ့အခါမှာ ကိုကင်းတွေကို ခါတိုင်းထက်ရှု ရှို က် သုံးစွဲပြန်သည်။အရက်တွေပိုသောက်သည်။ခန္ဓာကိုယ်က ခါးလယ်ကပိုင်းဖြတ်ခံရသော အပင်တစ်ပင်လို ခွေကျသွားပြန်သည်။

ရွန်တို့ အေအိုင်ဒီအက်စ် ရောဂါဖြစ်ရသော ကာလသည် အခြေအနေအဆိုးဝါးဆုံး အချိန်ကာလတစ်ခုပါပဲ။ယခုခေတ်လို အိတ်ချ်အိုင်ဗွီ ဗိုင်းရပ်စ် ပျံ့နှံ့မှု ကို ထိန်းချု ပ်ပေးသည့် ART လို ဆေးဝါးတွေလည်း မပေါ်ပေါက်သေး။ဟိုဆေးက တည့်နိုးနိုး ဒီဆေးက ကောင်းနိုးနိုး စမ်းသပ်ဆဲအဆင့်သာ ရှိသေးသည်။ထိုအခါဝယ် ရွန်တို့လို လူနာတွေသည် ဆေးကုမ္ပဏီတွေ၏ အစမ်းသပ်ခံလူနာမျိုးတွေ ဖြစ်ကုန်သည်။ဆေးရုံကို တစ်ဖန်ပြန်ရောက်သောအခါတွင် သူလို လူနာတွေအတော်များများ ရှိနေသည်ကို တွေ့ရသည်။သူ့ခုတင်ကပ်ရက်မှာ နောင်တွင် ဘဝရုန်းကန်ဖော် မိတ်ဆွေဖြစ်လာမည့် မိန်းမလျာ ရေရွန်နှင့် ဆုံရပြန်သည်။ဖြစ်တည်ခံစားနေရသည့် ဘဝမွန်းကြပ်မှု များကြောင့် အနာဂါတ်ပျောက်ဆုံးနေတဲ့ ရွန်ရဲ့စိတ်အစုံဟာ ကြည်လင်မှု အားနည်းနေချိန်မှာ ကနဦးကပင် မိန်းမလျာတွေဆိုရင် မြင်ပြင်းကတ်လေ့ရှိသည့်အတွက် အေ့စ်ဝေဒနာသည် ရေရွန်အနားကပ်လာချိန်တွင် နှင်ထုတ်ပစ်သေးသည်။

အေ့စ်ရောဂါသည်မှန်းသိရင် လူ့အဖွဲ့အစည်းအတွင်းထဲက စွန့်ပစ်ပစ်ပယ်သူသာ ပေါများသည့် လူလောကဝယ် ရွန်၏ မိတ်ဆွေတွေကလည်း ထိုနည်းနှင်နှင်ပါပင်။ရွန်ကို ရှောင်ဖယ်ကြသည်။အသားချင်းထိမှာပင် ကြောက်ရွံ့နေကြ၏။ထိုအခါမျို းမှာ သူအော်ညံဆဲဆိုထားသော မိန်းမလျာ ရေရွန်ကမူ စိတ်မဆိုးဘဲ သူ၏ခြေသလုံးပုလွေ ရိုးလေးကိုပင် ကြွက်တက်ဝေဒနာခံစားရချိန်၌ နှိပ်နယ်ပေးသေးသည်။
သူ့စိတ်ထဲတွင် အကောင်းမြင်စိတ်ကလေး ဝင်သွားသလိုပင်။

ရွန်အနေဖြင့် မပေတေရဲတော့။လူသားတစ်ဦးပီပီ သေဆုံးရမယ့်ကာလနောက်ဆုံးအထိ စိတ်အားတင်းရမည်ဆိုတာ နားလည်သဘောပေါက်ပုံရသည်။ဒီလိုမျို း ဘာဆေးဝါးမှ အတိအကျ မရှိသည့် စမ်းတစ်ဝါးဝါးကာလမျို းမှာ မိမိကိုယ်ကိုယ် မိမိဘာသာ ထိန်းကျောင်းခြင်းကသာ အကောင်းဆုံးပဲ မဟုတ်ပါလား။ဆေးရုံကဆရာဝန်တွေကနေတစ်ဆင့် AZT ဆေးဝါးကို သုံးစွဲလျှင် ဝေဒနာသက်သာသည်ဟု သိရသည်။သို့ပေမယ့် ယင်းဆေးဝါးတွေကလည်း အတိအကျအထောက်အကူပြု တယ်လို့ ခိုင်မာတဲ့ရလဒ်ကလည်း မရှိသေးပေ။ထို့ကြောင့် ဝယ်ယူလို့လည်းမရပေ။

သူခိုးဝယ်သည်။မှီဝဲကြည့်သည်။သက်သာမလာ ပိုဆိုးလာသည်။ထို့နောက်ပိုင်းကာလများသည် ရွန် တစ်ယောက် ယင်းဝေဒနာဆိုးကြီးကိုကြံ့ကြံ့ခံကာကွယ်သော အထူးသဖြင့် ဆရာဝန်တွေက သတ်မှတ်ပြောကြားထားသည့် ယင်းရောဂါဝေဒနာဖြစ်ပါက နှစ်ကာလအနည်းငယ်အတွင်းမှာ ဧကန်မုချ သေဆုံးရမည် ဆိုသည့် စကားရပ်ကြီးကို စိတ်ဓါတ်ခိုင်မာမှု ။အထောက်အကူပြု နိုင်သော နည်းလမ်းအသွယ်သွယ်ကို ကြို းစားရှာဖွေကာ ခိုင်ခိုင်မာမာ ရပ်တည်ပြသည့် အေ့စ်ဝေဒနာဆိုးကြီးအား ခုတင်ပေါ်ဝယ် တစ်ရှုံ့ရှံ့ထိုင်ငိုကာ အရှူံ းပေးမယ့်အစား လက်တွေ့ကျကျ တန်ပြန်တိုက်ခိုက်ပြသည့် အချိန်ကာလတွေကို ပြဆိုသွားခြင်းဖြစ်သည်။ရွန်သည် လက်တွေ့ဘဝဝယ် ရှိခဲ့သော အေ့စ်ဝေဒနာဖြစ်ရပ်များအတွက် အတုယူရှင်သန်တတ်စေဖို့ စံနမူနာပြ ကြို းစားပြခဲ့သော လူပုဂ္ဂို လ်တစ်ယောက်လို့လည်း သတ်မှတ်နိုင်ပါသည်။

ယခု ခေါင်းစဉ်ပါ Dallas Buyers Club ဆိုတာက အေ့စ်ဝေဒနာလျော့ပါးဖို့အတွက် အထူးသဖြင့် AZTဆေးဝါးက အလုပ်မဖြစ်မှန်း သိရှိသွားတဲ့အခါမှာ သူကိုယ်တိုင်ရှာဖွေထားသော ဆေးဝါးများဖြင့် ဘဝတူဝေဒနာရှင်များအား ဖြန့်ဝေကုသသော ဆေးဆိုင်တစ်ဆိုင်လို့ ပြောလို့ရပါမည်။ထို့နောက်တွင် မိန်းမလျာအေ့စ်ရောဂါဝေဒနာရှင်လေး ရေရွန်နှင့်အတူ FDA လို ဆေးဝါးထိန်းချု ပ်ရေး ကုမ္ပဏီတွေရဲ့ တိုက်ခိုက်မှု တွေကိုပါ ရင်ဆိုင်ကာ ဘဝခရီးကို ဖြတ်သန်းကြခြင်း ဖြစ်ပါသည်။

ယခုရုပ်ရှင်တွင် အေ့စ်ဝေဒနာသည်များအဖြစ် သရုပ်ဆောင်သွားသည့် မက်သရူး မက်က္ကနောဟေးနှင့် မိန်းမလျာဇာတ်ရုပ်အဖြစ် ပါဝင်ထားသော ဂျရတ် လက်တိုတို့နှစ်ဦးလုံး အနေဖြင့် အော်စကာဆုကို ဆွတ်ခူးရရှိခြင်းမှာ အထူးပင် အံ့သြဖွယ်ရာ မရှိချေ။မက်သရူး မက္ကနောဟေးဆိုလျှင် လူကောင်ထွားထွားကြီးနှင့် ကြမ်းကြမ်းဇာတ်ရုပ်မျို းတွေသာ လိုက်ဖက်သူဟု ရှူ မြင်ခဲ့ပေမယ့် ယခုရုပ်ရှင်မှာမူ စာတန်းသာထိုးမထားလျှင် သူဟုပင် သိနိုင်ကြမည် မထင်ပါ။ရောဂါဝေဒနာ နှိပ်စက်မှု ကြောင့် ပိန်ချုံ းကျုံ လှီနေသည့် ခန္ဓာကိုယ်ကလေးနှင့် အကောင်းဆုံး သရုပ်ဆောင်သွားနိုင်ခဲ့သလို ဂျရတ်လက်တိုမှာလည်း မိန်းမလျာဇာတ်ရုပ်ကို ကြည့်သူတွေ ရင့်နင့်အောင် သနားမိလာအောင် ပိုလိုသော အိုက်တင်မျက်နှာပေးတွေ အမူအယာတွေလည်း လုံးဝမပါဘဲ ဆေးစွဲနေသူ ။ဘဝတူ ကူညီအားပေးသည့် မိတ်ဆွေတွေကို ဖြူ ဖြူ စင်စင် ခင်တွယ်ရှာသူ။တတ်အားသမျှ ကူညီပေးတတ်သည့် မိန်းမလျာလေးတစ်ဦးအဖြစ် ဇာတ်ပို့နေရာကနေ ကြည့်ရှု သူစိတ်တွေဆီကို စွဲကျန်အောင် ထားရစ်ခဲ့ပါသည်။ထို့ကြောင့်ပင် နိုင်ငံတကာကချီး မြှင်သော အနုပညာပိုင်းဆိုင်ရာ ဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခြင်း ဖြစ်တန်ရာ၏။

ကျွန်တော်တို့လူသားအားလုံးမှာ နေ့စဉ်လိုလို မတော်တဆမှု ကြောင့် ဖြစ်စေ ။ရောဂါဝေဒနာများကြောင့် ဖြစ်စေ သေဆုံးနေကြရချည်းသာ ဖြစ်သည်။ထိုအခါဝယ် အေ့စ်လို ရောဂါမျို းကလည်း ရောဂါအထွေထွေထဲက ရောဂါတစ်မျို းမျို းသာ မဟုတ်ပါလား။ထိုရောဂါဆိုးကြီးကို မည်သူမျှတော့ လက်ခံချင်ကြမှာ မဟုတ်တာတော့ သေချာပါသည်။သို့ရာတွင်မူ အကြောင်းအမျို းမျို းကြောင့် မိမိတို့ထံကို ရောက်ရှိလာတာမျို းလည်း ကြုံနိုင်ပါသည်။သေခြင်းတရားကတော့ နည်းလမ်းအမျို းမျို းနှင့် ရောက်လာနိုင်တာပါပဲ။အေအိုင်ဒီအက်စ်ကရော တကယ်ပင် လူသားတစ်ယောက်ကို မည်သူကမျှ ဘာမှလုပ်မပေးနိုင်ဘဲ လက်မှို င်ချကြည့်ရှု့နေရသည့် ရောဂါဆိုးကြီးဆိုတာတကယ်ပဲလား။ရွန်လို လူသားတစ်ယောက်ကတော့ ကနဦးခေတ်ကာလမှာပင် အပြုံ းမပျက်ဘဲ တွန်းလှန်ပြသွားခဲ့ပါသည်။ဒါဟာ ကိုးဆယ့်ခြောက်ပါးသောဝေဒနာထဲက ထူးမခြားနားသည့် ဝေဒနာတစ်ရပ်လို သဘောမျို းသာဖြစ်ကြောင်း သူကိုယ်တိုင်က ကြံ့ကြံခံတိုက်ခိုက်၍ သက်သေပြသွားခဲ့ပါသည်။

ယခုခေတ်ကာလတွင် စောင့်ရှောက်ရေးဂေဟာတွေ။စနစ်တကျ စမ်းသပ်ထုတ်လုပ်ထားပြီဖြစ်သည့် ဆေးဝါးတွေကိုလည်း သုံးစွဲရရှိနိုင်ပြီ ဖြစ်ပါသည်။ရွန်လို ဟေ့ကောင်တွေ ငါမသေဘူးကွ။ငါရက်သုံးဆယ်အတွင်း သေမှာဆို ။ငါမသေဘူးကွ။ဘဝက ဒီလိုမျို းကြုံ မယ်လို့တော့ ဘယ်တွေးမိမလဲ။ဖြစ်ချင်တာက မိသားစုကလေးပိုင်ဆိုင်ချင်တယ်။မြင်းရိုင်းတစ်ကောင်ပေါ်မှာ စီးနင်းဖျော်ဖြေပြတဲ့ မြင်းစီးသမား ဖြစ်ချင်တာ ဆိုပဲ။သူကတော့ ပြောသည့် အတိုင်း ဝေဒနာကြီး ရှိနေလျက်နဲ့ လုပ်ပြခဲ့သည်။သေမင်းကို လှောင်ပြုံ း ပြုံးပြသွားခဲ့ပါသည်။

ကျွန်တော်တို့ရော အရာရာ ရှုံ းနိမ့် အဆိုးတွေလာရောက်နှိပ်စက်ကလူပြု နေတုန်းမှာ ရွန်လို အဲဒီအဆိုးတရားတွေကို ပြုံ းပြပြီး လက်လှဲအနိုင်မယူနိုင်ဘူးလားဟု မေးရင်းဖြင့်သာ။

Rating

IMDb 8/10
Rotten Tomatoes 93%

ညီလင်းအိမ်

(ဇာတ်လမ်းအညွှန်းကို ကိုညီလင်းအိမ်၏ Facebook Account (https://www.facebook.com/aungphyo.hlaing.9) မှကူးယူဖော်ပြပါသည်။

1984ခုႏွစ္ေက်ာ္ကာလက ေရာဂါဆန္းေတြ ကမာၻၾကီးထဲကို ထဲထဲဝင္ဝင္ ေရာက္ရွိလာသည့္ ႏွစ္ကာလေတြဟု ေျပာရမည္။အေမရိကလို အထူးလြတ္လပ္စြာေနထိုင္ခြင့္ရႏိုင္သည့္ လူတန္းစားေတြၾကားမွာ လူေတြပဲ သတ္မွတ္ထားသည့္ ေကာင္းမွဳ ။မေကာင္းမွဳ ေတြအား အလြယ္တကူ ရရွိခံစားႏိုင္ေသာ အခ်ိန္ကာလမွာ ေအ့အိုင္ဒီအက္စ္ေရာဂါကို ျဖစ္ေစသည့္ အိတ္ခ်္အိုင္ဗီြ ဗိုင္းစ္ရပ္ပိုးကေလးေတြကလည္း လူသားေတြၾကားကို တိုးဝင္ေရာက္ရွိလာသည္။

ယခုႏွစ္ကာလမ်ားသည္ ေအအိုင္ဒီအက္စ္ ေခတ္ဦးလို႔ ဆိုရမည္။လူတန္းစားအၾကား ျဖစ္ပြားလာခ်ိန္မွာ ေဆးသိပၸံအဖြဲ႔႕အစည္းေတြအတြက္ အထူးေခါင္းခဲရေသာ အခ်ိန္ကာလမ်ားျဖစ္ႏိုင္သည္။လိင္ အေပ်ာ္အပါး။မူးယစ္ေဆးဝါးစတဲ့ စိတ္လြတ္လပ္မွဳ ကို အေထာက္အကူျပဳ ေသာ ယင္းအခ်က္အလက္မ်ားႏွင့္ လြတ္ကင္းႏိုင္ဖြယ္မရွိသည့္ လူတန္းစားေတြၾကားကို ခ်က္ခ်င္းပ်ံ႕ႏွံ႔လာသည္။ထဲထဲဝင္ဝင္ ထိန္းခ်ဳ ပ္တားဆီးလို႔ရမည့္ ေဆးေတြလည္း မရွိေသး။လူေတြလည္း တစ္ျဖဳ တ္ျဖဳတ္ေသကုန္သည္။ေဆးရုံအမ်ားစုတြင္လည္း အိတ္ခ်္အိုင္ဗီကေန ေအ့စ္အဆင့္ျဖစ္ေနသည့္ လူနာေတြႏွင့္ျပည့္လို႔ေနသည္။

သို႔ျဖစ္ေစကာမူ လူထုအၾကားဝယ္ ပညာေပးႏွိဳးေဆာ္မွဳ ႏွင့္ ေရာဂါကူးစက္ႏိုင္ေသာ အေၾကာင္းရင္းေတြကို ေရွာင္က်ဥ္ကာကြယ္ရမည့္ အခ်က္ေတြကို ထိထိေရာက္ေရာက္ ပညာေပးခ်ိန္မရွိေသးတဲ့အခ်ိန္မ်ိဳ းမွွာ အေပ်ာ္အပါးခုံမင္သည့္ ရြန္လို လူတစ္ေယာက္မွာလည္း အိတ္ခ်္ဗီြစက္ကြင္းက မလြတ္ေျမာက္ခဲ့။သူခႏၶာကိုယ္ထဲမွာ အခ်ိန္အေတာ္ၾကာကတည္းက တိုးဝင္ေရာက္ရွိေနပုံရသည့္ ဗိုင္းရပ္စ္ပိုးသည္ သူ၏ ခုခံအားကာကြယ္မွဳ နည္းစနစ္ကို ဘယ္အခ်ိန္ကတည္းက တိုက္ဖ်က္ေအာင္ႏိုင္ခဲ့ျပီလဲ မသိႏိုင္။ကနဦးကမွ က်န္းမာေရးေစာင့္ေရွာက္မွဳ နည္းျပီး ေပေပေတေတေနေလ့ရွိသူျဖစ္ေတာ့ ခႏၶာကိုယ္ဟာ ေထာက္ကန္မေပးႏိုင္ရွာေတာ့။

ရြန္ တစ္ေယာက္ ေဆးရုံေရာက္သြားသည္။ေဆးရုံေရာက္ေတာ့ ဆရာဝန္ေျပာၾကားခ်က္အရ သူမွာ ေအအိုင္ဒီအက္စ္ေရာဂါျဖစ္ေနျပီတဲ့။သူမၾကာခင္ေသရေတာ့မွာလို႔ ဆရာဝန္ကေျပာသည္။အလြန္ဆုံးခံရင္ ရက္သုံးဆယ္ပဲတဲ့။မိမိ၏ ေသဆုံးရမည့္ ရက္စြဲအတိအက်ကို ေျပာျပသတ္မွတ္တာမ်ိဳ းၾကံဳ ရခ်ိန္မွာ ဘယ္လိုလူသားမ်ိဳးက ျပံဳ းျပံဳ းကေလးႏွင့္ ေခါင္းညိတ္လက္ခံႏိုင္မွာလဲ။သူမယုံ။ဆရာဝန္ေတြကို ေအာ္ဆဲသည္။

သူ႔မွာ ဒီေရာဂါမရွိႏိုင္ဟု အေၾကာက္အကန္ ျငင္းဆန္ေပမယ့္ သူ႔ခႏၶာရဲ႕ေထာက္ကူမွဳ ဟာ သိသိသာသာေလ်ာ့နည္းလာတာကိုေတာ့ သိရွိေနသည္။ဆရာဝန္ေျပာၾကားခ်က္အရ မူးယစ္ေဆးကို မသန္႔ရွင္းသည့္ေဆးထိုးအပ္နဲ႔ မ်ွေဝသုံးစြဲတာတို႔ႏွင့္ လိင္တူလိင္ကြဲဆက္ဆံမွဳ ကေန ကူးစက္သည္ဟု ေျပာေပမယ့္ သူက လိင္တူဆက္ဆံရျခင္းအမွဳ ကို အထူးရြံရွာသူျဖစ္သည္။ဒါေပမယ့္ ျပည့္တန္ဆာမ်ားႏွင့္ လြန္လြန္ကဲကဲ အေပ်ာ္အပါးလိုက္စားမွဳ ကိုေတာ့ မေရွာင္က်ဥ္ခဲ့။ဒီရလဒ္ေၾကာင့္ ကူးစက္ရသည္ကို သိသြားတဲ့အခါမွာ ကိုကင္းေတြကို ခါတိုင္းထက္ရွဳ ရွိဳ က္ သုံးစြဲျပန္သည္။အရက္ေတြပိုေသာက္သည္။ခႏၶာကိုယ္က ခါးလယ္ကပိုင္းျဖတ္ခံရေသာ အပင္တစ္ပင္လို ေခြက်သြားျပန္သည္။

ရြန္တို႔ ေအအိုင္ဒီအက္စ္ ေရာဂါျဖစ္ရေသာ ကာလသည္ အေျခအေနအဆိုးဝါးဆုံး အခ်ိန္ကာလတစ္ခုပါပဲ။ယခုေခတ္လို အိတ္ခ်္အိုင္ဗီြ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မွဳ ကို ထိန္းခ်ဳ ပ္ေပးသည့္ ART လို ေဆးဝါးေတြလည္း မေပၚေပါက္ေသး။ဟိုေဆးက တည့္ႏိုးႏိုး ဒီေဆးက ေကာင္းႏိုးႏိုး စမ္းသပ္ဆဲအဆင့္သာ ရွိေသးသည္။ထိုအခါဝယ္ ရြန္တို႔လို လူနာေတြသည္ ေဆးကုမၸဏီေတြ၏ အစမ္းသပ္ခံလူနာမ်ိဳးေတြ ျဖစ္ကုန္သည္။ေဆးရုံကို တစ္ဖန္ျပန္ေရာက္ေသာအခါတြင္ သူလို လူနာေတြအေတာ္မ်ားမ်ား ရွိေနသည္ကို ေတြ႕ရသည္။သူ႔ခုတင္ကပ္ရက္မွာ ေနာင္တြင္ ဘဝရုန္းကန္ေဖာ္ မိတ္ေဆြျဖစ္လာမည့္ မိန္းမလ်ာ ေရရြန္ႏွင့္ ဆုံရျပန္သည္။ျဖစ္တည္ခံစားေနရသည့္ ဘဝမြန္းၾကပ္မွဳ မ်ားေၾကာင့္ အနာဂါတ္ေပ်ာက္ဆုံးေနတဲ့ ရြန္ရဲ႕စိတ္အစုံဟာ ၾကည္လင္မွဳ အားနည္းေနခ်ိန္မွာ ကနဦးကပင္ မိန္းမလ်ာေတြဆိုရင္ ျမင္ျပင္းကတ္ေလ့ရွိသည့္အတြက္ ေအ့စ္ေဝဒနာသည္ ေရရြန္အနားကပ္လာခ်ိန္တြင္ ႏွင္ထုတ္ပစ္ေသးသည္။

ေအ့စ္ေရာဂါသည္မွန္းသိရင္ လူ႔အဖြဲ႕အစည္းအတြင္းထဲက စြန္႔ပစ္ပစ္ပယ္သူသာ ေပါမ်ားသည့္ လူေလာကဝယ္ ရြန္၏ မိတ္ေဆြေတြကလည္း ထိုနည္းႏွင္ႏွင္ပါပင္။ရြန္ကို ေရွာင္ဖယ္ၾကသည္။အသားခ်င္းထိမွာပင္ ေၾကာက္ရြံ႕ေနၾက၏။ထိုအခါမ်ိဳ းမွာ သူေအာ္ညံဆဲဆိုထားေသာ မိန္းမလ်ာ ေရရြန္ကမူ စိတ္မဆိုးဘဲ သူ၏ေျခသလုံးပုေလြ ရုိးေလးကိုပင္ ၾကြက္တက္ေဝဒနာခံစားရခ်ိန္၌ ႏွိပ္နယ္ေပးေသးသည္။
သူ႔စိတ္ထဲတြင္ အေကာင္းျမင္စိတ္ကေလး ဝင္သြားသလိုပင္။

ရြန္အေနျဖင့္ မေပေတရဲေတာ့။လူသားတစ္ဦးပီပီ ေသဆုံးရမယ့္ကာလေနာက္ဆုံးအထိ စိတ္အားတင္းရမည္ဆိုတာ နားလည္သေဘာေပါက္ပုံရသည္။ဒီလိုမ်ိဳ း ဘာေဆးဝါးမွ အတိအက် မရွိသည့္ စမ္းတစ္ဝါးဝါးကာလမ်ိဳ းမွာ မိမိကိုယ္ကိုယ္ မိမိဘာသာ ထိန္းေက်ာင္းျခင္းကသာ အေကာင္းဆုံးပဲ မဟုတ္ပါလား။ေဆးရုံကဆရာဝန္ေတြကေနတစ္ဆင့္ AZT ေဆးဝါးကို သုံးစြဲလ်ွင္ ေဝဒနာသက္သာသည္ဟု သိရသည္။သို႔ေပမယ့္ ယင္းေဆးဝါးေတြကလည္း အတိအက်အေထာက္အကူျပဳ တယ္လို႔ ခိုင္မာတဲ့ရလဒ္ကလည္း မရွိေသးေပ။ထို႔ေၾကာင့္ ဝယ္ယူလို႔လည္းမရေပ။

သူခိုးဝယ္သည္။မွီဝဲၾကည့္သည္။သက္သာမလာ ပိုဆိုးလာသည္။ထို႔ေနာက္ပိုင္းကာလမ်ားသည္ ရြန္ တစ္ေယာက္ ယင္းေဝဒနာဆိုးၾကီးကိုၾကံ႕ၾကံ႕ခံကာကြယ္ေသာ အထူးသျဖင့္ ဆရာဝန္ေတြက သတ္မွတ္ေျပာၾကားထားသည့္ ယင္းေရာဂါေဝဒနာျဖစ္ပါက ႏွစ္ကာလအနည္းငယ္အတြင္းမွာ ဧကန္မုခ် ေသဆုံးရမည္ ဆိုသည့္ စကားရပ္ၾကီးကို စိတ္ဓါတ္ခိုင္မာမွဳ ။အေထာက္အကူျပဳ ႏိုင္ေသာ နည္းလမ္းအသြယ္သြယ္ကို ၾကိဳ းစားရွာေဖြကာ ခိုင္ခိုင္မာမာ ရပ္တည္ျပသည့္ ေအ့စ္ေဝဒနာဆိုးၾကီးအား ခုတင္ေပၚဝယ္ တစ္ရွဳံ ႕ရွံ ႕ထိုင္ငိုကာ အရွံဴ းေပးမယ့္အစား လက္ေတြ႕က်က် တန္ျပန္တိုက္ခိုက္ျပသည့္ အခ်ိန္ကာလေတြကို ျပဆိုသြားျခင္းျဖစ္သည္။ရြန္သည္ လက္ေတြ႕ဘဝဝယ္ ရွိခဲ့ေသာ ေအ့စ္ေဝဒနာျဖစ္ရပ္မ်ားအတြက္ အတုယူရွင္သန္တတ္ေစဖို႔ စံနမူနာျပ ၾကိဳ းစားျပခဲ့ေသာ လူပုဂၢိဳ လ္တစ္ေယာက္လို႔လည္း သတ္မွတ္ႏိုင္ပါသည္။

ယခု ေခါင္းစဥ္ပါ Dallas Buyers Club ဆိုတာက ေအ့စ္ေဝဒနာေလ်ာ့ပါးဖို႔အတြက္ အထူးသျဖင့္ AZTေဆးဝါးက အလုပ္မျဖစ္မွန္း သိရွိသြားတဲ့အခါမွာ သူကိုယ္တိုင္ရွာေဖြထားေသာ ေဆးဝါးမ်ားျဖင့္ ဘဝတူေဝဒနာရွင္မ်ားအား ျဖန္႔ေဝကုသေသာ ေဆးဆိုင္တစ္ဆိုင္လို႔ ေျပာလို႔ရပါမည္။ထို႔ေနာက္တြင္ မိန္းမလ်ာေအ့စ္ေရာဂါေဝဒနာရွင္ေလး ေရရြန္ႏွင့္အတူ FDA လို ေဆးဝါးထိန္းခ်ဳ ပ္ေရး ကုမၸဏီေတြရဲ႕ တိုက္ခိုက္မွဳ ေတြကိုပါ ရင္ဆိုင္ကာ ဘဝခရီးကို ျဖတ္သန္းၾကျခင္း ျဖစ္ပါသည္။

ယခုရုပ္ရွင္တြင္ ေအ့စ္ေဝဒနာသည္မ်ားအျဖစ္ သရုပ္ေဆာင္သြားသည့္ မက္သရူး မက္ကၠေနာေဟးႏွင့္ မိန္းမလ်ာဇာတ္ရုပ္အျဖစ္ ပါဝင္ထားေသာ ဂ်ရတ္ လက္တိုတို႔ႏွစ္ဦးလုံး အေနျဖင့္ ေအာ္စကာဆုကို ဆြတ္ခူးရရွိျခင္းမွာ အထူးပင္ အံ့ၾသဖြယ္ရာ မရွိေခ်။မက္သရူး မကၠေနာေဟးဆိုလ်ွင္ လူေကာင္ထြားထြားၾကီးႏွင့္ ၾကမ္းၾကမ္းဇာတ္ရုပ္မ်ိဳ းေတြသာ လိုက္ဖက္သူဟု ရွဴ ျမင္ခဲ့ေပမယ့္ ယခုရုပ္ရွင္မွာမူ စာတန္းသာထိုးမထားလ်ွင္ သူဟုပင္ သိႏိုင္ၾကမည္ မထင္ပါ။ေရာဂါေဝဒနာ ႏွိပ္စက္မွဳ ေၾကာင့္ ပိန္ခ်ံဳ းက်ံဳ လွီေနသည့္ ခႏၶာကိုယ္ကေလးႏွင့္ အေကာင္းဆုံး သရုပ္ေဆာင္သြားႏိုင္ခဲ့သလို ဂ်ရတ္လက္တိုမွာလည္း မိန္းမလ်ာဇာတ္ရုပ္ကို ၾကည့္သူေတြ ရင့္နင့္ေအာင္ သနားမိလာေအာင္ ပိုလိုေသာ အိုက္တင္မ်က္ႏွာေပးေတြ အမူအယာေတြလည္း လုံးဝမပါဘဲ ေဆးစြဲေနသူ ။ဘဝတူ ကူညီအားေပးသည့္ မိတ္ေဆြေတြကို ျဖဴ ျဖဴ စင္စင္ ခင္တြယ္ရွာသူ။တတ္အားသမ်ွ ကူညီေပးတတ္သည့္ မိန္းမလ်ာေလးတစ္ဦးအျဖစ္ ဇာတ္ပို႔ေနရာကေန ၾကည့္ရွဳ သူစိတ္ေတြဆီကို စြဲက်န္ေအာင္ ထားရစ္ခဲ့ပါသည္။ထို႔ေၾကာင့္ပင္ ႏိုင္ငံတကာကခ်ီး ျမွင္ေသာ အႏုပညာပိုင္းဆိုင္ရာ ဆုေတြကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရွိျခင္း ျဖစ္တန္ရာ၏။

က်ြန္ေတာ္တို႔လူသားအားလုံးမွာ ေန႔စဥ္လိုလို မေတာ္တဆမွဳ ေၾကာင့္ ျဖစ္ေစ ။ေရာဂါေဝဒနာမ်ားေၾကာင့္ ျဖစ္ေစ ေသဆုံးေနၾကရခ်ည္းသာ ျဖစ္သည္။ထိုအခါဝယ္ ေအ့စ္လို ေရာဂါမ်ိဳ းကလည္း ေရာဂါအေထြေထြထဲက ေရာဂါတစ္မ်ိဳ းမ်ိဳ းသာ မဟုတ္ပါလား။ထိုေရာဂါဆိုးၾကီးကို မည္သူမ်ွေတာ့ လက္ခံခ်င္ၾကမွာ မဟုတ္တာေတာ့ ေသခ်ာပါသည္။သို႔ရာတြင္မူ အေၾကာင္းအမ်ိဳ းမ်ိဳ းေၾကာင့္ မိမိတို႔ထံကို ေရာက္ရွိလာတာမ်ိဳ းလည္း ၾကံဳႏိုင္ပါသည္။ေသျခင္းတရားကေတာ့ နည္းလမ္းအမ်ိဳ းမ်ိဳ းႏွင့္ ေရာက္လာႏိုင္တာပါပဲ။ေအအိုင္ဒီအက္စ္ကေရာ တကယ္ပင္ လူသားတစ္ေယာက္ကို မည္သူကမ်ွ ဘာမွလုပ္မေပးႏိုင္ဘဲ လက္မိွဳ င္ခ်ၾကည့္ရွဳ ႕ေနရသည့္ ေရာဂါဆိုးၾကီးဆိုတာတကယ္ပဲလား။ရြန္လို လူသားတစ္ေယာက္ကေတာ့ ကနဦးေခတ္ကာလမွာပင္ အျပံဳ းမပ်က္ဘဲ တြန္းလွန္ျပသြားခဲ့ပါသည္။ဒါဟာ ကိုးဆယ့္ေျခာက္ပါးေသာေဝဒနာထဲက ထူးမျခားနားသည့္ ေဝဒနာတစ္ရပ္လို သေဘာမ်ိဳ းသာျဖစ္ေၾကာင္း သူကိုယ္တိုင္က ၾကံ႕ၾကံခံတိုက္ခိုက္၍ သက္ေသျပသြားခဲ့ပါသည္။

ယခုေခတ္ကာလတြင္ ေစာင့္ေရွာက္ေရးေဂဟာေတြ။စနစ္တက် စမ္းသပ္ထုတ္လုပ္ထားျပီျဖစ္သည့္ ေဆးဝါးေတြကိုလည္း သုံးစြဲရရွိႏိုင္ျပီ ျဖစ္ပါသည္။ရြန္လို ေဟ့ေကာင္ေတြ ငါမေသဘူးကြ။ငါရက္သုံးဆယ္အတြင္း ေသမွာဆို ။ငါမေသဘူးကြ။ဘဝက ဒီလိုမ်ိဳ းၾကံဳ မယ္လို႔ေတာ့ ဘယ္ေတြးမိမလဲ။ျဖစ္ခ်င္တာက မိသားစုကေလးပိုင္ဆိုင္ခ်င္တယ္။ျမင္းရုိင္းတစ္ေကာင္ေပၚမွာ စီးနင္းေဖ်ာ္ေျဖျပတဲ့ ျမင္းစီးသမား ျဖစ္ခ်င္တာ ဆိုပဲ။သူကေတာ့ ေျပာသည့္ အတိုင္း ေဝဒနာၾကီး ရွိေနလ်က္နဲ႔ လုပ္ျပခဲ့သည္။ေသမင္းကို ေလွာင္ျပံဳ း ျပံဳးျပသြားခဲ့ပါသည္။

က်ြန္ေတာ္တို႔ေရာ အရာရာ ရွံဳ းနိမ့္ အဆိုးေတြလာေရာက္ႏွိပ္စက္ကလူျပဳ ေနတုန္းမွာ ရြန္လို အဲဒီအဆိုးတရားေတြကို ျပံဳ းျပျပီး လက္လွဲအႏိုင္မယူႏိုင္ဘူးလားဟု ေမးရင္းျဖင့္သာ။

Rating

IMDb 8/10
Rotten Tomatoes 93%

ညီလင္းအိမ္

(ဇာတ္လမ္းအညႊန္းကို ကိုညီလင္းအိမ္၏ Facebook Account (https://www.facebook.com/aungphyo.hlaing.9) မွကူးယူေဖာ္ျပပါသည္။


File Size : (901 MB)

Quality : Blu-Ray 720p
Running Time : 1hr 57min
Format : Mp4
Genre :Biography, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.BluRay.x264.DTS-ROVERS
Translated by May Haruko
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Dallas Buyers Club (2013)
Dallas Buyers Club (2013)
Dallas Buyers Club (2013)
Dallas Buyers Club (2013)
Dallas Buyers Club (2013)


No downloads available

Genres



Related movies