Channel Myanmar

David Beckham: Infamous (2022)

BiographyDocumentarySport

5.0
IMDB: 5.0/10 2300 votes

,

494054

Report error

David Beckham: Infamous (2022)

========================

ဒေးဗစ်ဘက်ခမ်းဆိုတဲ့ နာမည်တစ်လုံးဟာ ​ဘောလုံးအားကစား
ကို ချစ်မြတ်နိုးတဲ့သူ​တွေ​ရော၊ဘောလုံးအ​ကြောင်း ဘာဆိုဘာမှ
မသိတဲ့လူ​တွေအတွက်ပါ လုံးဝမစိမ်းတဲ့နာမည်တစ်ခုပါ၊ လန်ဒန်
ဇာတိဖြစ်တဲ့ ဘက်ခမ်းဟာ ပရိုကစားသမားဘဝကို အင်္ဂလန်ရဲ့
အ​အောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်မှာ
အစပြုခဲ့ပြီးရီးရဲလ်မက်ဒရစ်၊အေစီမီလန်တို့လို ကမ္ဘာ့ထိပ်သီး
အသင်း​တွေမှာ လည်း ကစားခဲ့ဖူးသူပါ၊ ပရီးမီးယားလိဂ်ဖလား၆လုံ၊
အက်ဖ်​​အေဖလား၂လုံး လာလီဂါဖလား၁လုံး၊ ချန်ပီယံလိဂ်ဖလား
၁လုံးအပြင် ဆုဖလား​​ပေါင်းများစွာရရှိဖူးတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့
ကစားသမားဘဝ ​အောင်မြင်မှုဟာ ​မေးခွန်းထုတ်စရာမရှိပါဘူး။

ဒါအပြင် ​ဗြိတိန်နာမည်​ကျော် Spice Girlsအဆို​တော်အဖွဲ့ဝင်
ဗစ်တိုးရီးယားနဲ့ လက်ထပ်ပြီး​နောက် ​ဘက်ခမ်းဟာ ဘောလုံး
သမားတစ်​ယောက်ရဲ့​အောင်မြင်မှုအပြင် celebrityတစ်ဦးရဲ့
​အောင်မြင်မှု၊ သူ့ရဲ့ပုံရိပ်မြှင့်တင်မှု​တွေပါ လုပ်လာခဲ့ပြီး ကမ္ဘာ
​ပေါ်မှာ မသိသူမရှိတဲ့ Sportman, Merchandising icon
တစ်ဦးဖြစ်လာခဲ့သူပါ။

ဒီလို​အောင်မြင်မှု​တွေ ရရှိလာခြင်းနဲ့အတူ သူ​ပေးဆပ်လိုက်ရတဲ့
အရာ​တွေကို ဒီ documentaryထဲမှာ အတိအလင်း​ဖော်ပြထား
ပါတယ်၊ မန်ယူနိုက်တက်ရဲ့ သမိုင်းဝင်ဖလား၃လုံး​အောင်မြင်မှု
မှာ အ​ရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သလို ၂၀၀၂မှာ ကမ္ဘာ့
လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာခဲ့တဲ့ ဘက်ခမ်းဟာ
သူ့ရဲ့imageကို ​​ဘောလုံးကစားတာထက် ပိုအ​လေး​ပေးတာ​လို့
နောက်ဆက်တွဲ​ဖြစ်လာတဲ့ ဆာအဲလက် ဖာဂူဆန်နဲ့ အကွဲအပြဲ​
ဇာတ်လမ်း​တွေ၊ ထိုမှတဆင့် ရီးရဲလ်အသင်းကို ထွက်သွားရပြီး
ထိပ်သီး​ဘောလုံးသမားဘဝမှ တဖြည်းဖြည်း​မှေးမှိန်သွားပုံကို
မြင်​တွေ့ရမှာပါ၊ဒါ့အပြင် အင်္ဂလန်အသင်းရဲ့ကျိန်စာလို့​ဆိုရမယ့်
ကမ္ဘာ့ဖလား​၄ကြိမ်အပါအဝင် နိုင်ငံတကာဖလား​ အောင်မြင်မှု
မရှိတဲ့ကိစ္စမှာ အသင်း​ခေါင်း​ဆောင်အ​နေနဲ့ အဓိကထိုးနှက်ခံရပုံ
​တွေကို Docu နာမည်နဲ့အညီ ပိုအသား​ပေး​ဖော်ပြထားပါတယ်၊

ဘယ်လိုပဲဖြစ်ဖြစ် ဒေးဗစ်ဘက်ခမ်းဆိုတဲ့ နာမည်တစ်လုံးဟာ
မန်ယူနိုက်တက်နဲ့အင်္ဂလန်ပရိတ်သတ်​​တွေကြားမှာ ဂန္တဝင်တစ်ဦး
အဖြစ် အမြဲရှိသွားမှာဖြစ်သလို ​မော်ဒန်​​​ဘောလုံးသမား​​​တစ်ဦးရဲ့
ကစားသမားဘဝနဲ့ ကိုယ့်ရဲ့ပုံရိပ် ​အောင်မြင်မှုအချိုးကျ​​အောင်
ဘယ်လိုလုပ်ပြရမလဲဆိုတာကို ​ရှေ့​ဆောင်လမ်းပြခဲ့သူလို့ ​ပြော
ရင်လည်း မှားမယ်မထင်ပါဘူး။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်)

File Size – (1.47 GB) / (850 MB) / (461 MB)
Quality – WebRip 1080p / 720p / 480P
Duration – 1Hr 09Mins
Subtitle – Myanmar Hardsub
Format – MP4
Genre : Documentary, Biography, Sport
Translator – JimX
Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

David Beckham: Infamous (2022)
David Beckham: Infamous (2022)
David Beckham: Infamous (2022)


No downloads available

Genres



Related movies