Channel Myanmar

Days of Being Wild (1990)

Ah Fei jing juen     

1h 34min CrimeDramaRomance

7.6
IMDB: 7.6/10 17,977 votes

, ,

(Hong Kong)

413512

Report error

[Unicode]

IMdb Rating. = 7.6/10

“အရိုင်းဆန် နေ့ရက်များ”

၁၉၆၀ ဧပြီလ၁၆ရက်နေ့ သုံးနာရီထိုးဖို့ တစ်မိနစ်အလို ဇာတ်ကောင်ဟာ မိန်းကလေးနဲ့အနီးဆုံးရပ်နေပြီး နာရီရဲ့စက္ကန့်လက်တံ သုံးနာရီအတိထိ တစ်ချက်ချင်းသွားတာကို သူတို့အတူကြည့်နေကြတယ်။
ဒီတစ်ခေါက် စက္ကန့်လက်တံ ရှေ့တွန်းလိုက်တာဟာ မိနစ်လက်တံတစ်ချောင်းတည်းတော့မဟုတ်ဘူး။
ကြားဖူးတယ်မလား တစ်ခါတလေကျ တစ်မိနစ်ဆိုတာ တစ်ဘဝလုံးလောက်လည်း ရှည်ကြာနိုင်တယ်။

ဇာတ်ကောင်ဟာ မိန်းကလေးကိုပြောလိုက်တယ်။
” မင်းကြောင့်ငါ ဒီတစ်မိနစ်ကို
အမြဲအမှတ်ရနေတော့မှာ”တဲ့။
တစ်မိနစ်တာစတင်မှုဟာ အခုတော့ မိန်းကလေးအတွက် သူနဲ့တစ်နေ့တစ်နာရီ နှီးနှောမှုအသွင်ပြောင်းလဲသွားခဲ့ပြီ။
တစ်လွှာချင်းပြန်ဝတ်ရတဲ့ အဝတ်အစားတွေအတွက် မိန်းကလေးမှာ မေးစရာစကားလုံးနှစ်လုံးရှိတယ်။ လက်….ထပ်….။
ဇာတ်ကောင်ဟာ ရဲတင်းတယ်။ ထီမထင်ဘူး။
ဇာတ်ကောင်ဟာ လက်ထပ်ယူတတ်တဲ့စရိုက်မျိုးမရှိဘူး။
ဒီတော့ မိန်းကလေးဟာဒီကိုပြန်လာစရာအကြောင်းမရှိဘူး။
ဇာတ်ကောင်ဟာ အပူအပန်မရှိဘူး။
လွမ်းဆွေးမှုမရှိဘူး။ သွေးအေးတယ်။
“ရှင် ကျွန်မကို တကယ်ချစ်ခဲ့ဖူးလား”တဲ့
မိန်းကလေးက ဇာတ်ကောင်ကိုမေးတယ်။
ဇာတ်ကောင်ဟာအေးစက်တယ်။ခံစားချက်မဲ့တယ်။
” ငါ့ဘဝမှာ နောက်ထပ်မိန်းမ
ဘယ်နှယောက်ကို ချစ်မိဦးမလဲ ငါမသိနိုင်ဘူး
ငါ့ဘဝနောက်ဆုံးအချိန်မရောက်သေးခင်အထိ
ငါ့အချစ်ဆုံးက ဘယ်တစ်ယောက်လဲ
ငါသိဦးမှာမဟုတ်ဘူး”တဲ့ ဖြေတယ်။
ဒီလိုနဲ့ သူတို့ကျောခိုင်းသွားကြပြီ။

စစလာကတည်းကိုက ဘဝဟာဝေဒနာပဲမဟုတ်လား။
ဇာတ်ကောင်ဟာဒဏ်ရာများတယ်။
ဇာတ်ကောင်ဟာ ငှက်ကလေးတစ်ကောင်ဖြစ်တယ်။
ဇာတ်ကောင်မှာ အသိုက်မရှိဘူး။
ဒါဆို ဘယ်လိုငှက်မျိုးလဲ။
ဇာတ်ကောင်ပြောတာကတော့…..
“ခြေထောက်မရှိတဲ့ ငှက်တစ်မျိုးရှိတဲ့အကြောင်း
ကျုပ်ကြားဖူးတယ်။ သူလုပ်နိုင်တာဆိုလို့
ပျံပြီးရင်းပျံဖို့ပဲရှိတယ်။သူမောပန်းလာတဲ့အခါကျ
လေထဲမှာ အိပ်တယ်။အဲ့ဒီငှက်က သူ့တစ်ဘဝလုံးမှာ
မြေပေါ်တစ်ထောက်ပဲ ဆင်းသက်လို့ရတယ်
အဲ့ဒီတစ်ထောက်နားတဲ့အချိန်က သူသေတဲ့အချိန်ပဲ”တဲ့။

Days Of Being Wildဟာ ဝမ်ကာဝေးရဲ့ နာမည်ကျော် Informal Triologyရဲ့ ပထမဆုံးကားပါ။
သူ့ရဲ့ ဒုတိယမြောက်ကားလည်း ဟုတ်ပါတယ်။
Metacritic96%ရထားလို့ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ အကဲဖြတ်မှုအရ သူ့အကောင်းဆုံးကားလို့ပြောလို့ရပါတယ်။
ရုပ်ရှင်ရိုက်ကူးမှုအတတ်ပညာပိုင်းမှာလည်း ရိုက်ချက်ရှည်တွေ အနှေးကွက်တွေနုဲ့ ပြထားသမျှတစ်ကားလုံးပစ်ရက်စရာကိုမရှိပါဘူး။
ပြောရရင် ဘာစကားမှမပြောကြလည်း ဒီတိုင်း ထိုင်ကြည့်နေရင်တောင်တန်ပါတယ်။
ဝမ်နဲ့ တွဲရိုက်နေကြ ခရစ္စတိုဖာဒွိုင်းပဲရိုက်ထားပါ။
၁၉၉၀ထွက်ပေမယ့် ၂၀၀၄မှာre release လုပ်ထားလို့ လက်ရှိဟာက ၂၀၀၄ဗားရှင်းပါပဲ။
အကောင်းဆုံးဟောင်ကောင်ရုပ်ရှင်တစ်ရာမှာ နံပါတ်၃ချိတ်ထားပါတယ်။

Spoiler Alert
==========

တကယ်တမ်းကျ သိလိုက်ရတာက ငှက်ကလေး
မပျံသန်းလိုက်ရခင်ကတည်းက သေနှင့်နေခဲ့ပြီ။
သူရဲ့အရိုင်းဆန်ရခြင်းကို ကျွန်တော်တို့နားလည်စေခဲ့ပြီ။
နောက်ဆုံးထွက်သက်မတိုင်ခင် နောက်ဆုံးမြင်ကွင်းက
ဘာလဲလို့ သူအမြဲသိချင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်း
သူ့ရဲ့ နောက်ဆုံးထွက်သက်မတိုင်ခင် နောက်ဆုံး
မြင်ကွင်းက သူ့မျက်စိရှေ့က မြင်ကွင်းမဟုတ်ခဲ့ဘူး။
အတိတ်က နာရီစက္ကန့်တံ တစ်ပတ်လည်ချိန်ဟာ..
သူ့အချစ်ဆုံးမိန်းကလေးဟာ……….
သူ့ရဲ့ နောက်ဆုံးမြင်ကွင်းဖြစ်ခဲ့တယ်။
ငှက်ကလေးဟာ အဖြေကိုရသွားတယ်။

ရောင်နီလာပြီ….
အတော်လှတဲ့နေ့တစ်‌နေ့ဖြစ်မယ်နဲ့တူတယ်
နေဝင်ရင်ရော ဘယ်လို‌များဖြစ်နေမလဲ သိချင်မိသား
ဒါပေမဲ့ နေဝင်ချိန်ကို မြင်နိုင်ခွင့်မရှိတော့ဘူး။

( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )

 

 

[Zawgyi]

IMdb Rating. = 7.6/10

“အ႐ိုင္းဆန္ ေန႔ရက္မ်ား”

၁၉၆၀ ဧၿပီလ၁၆ရက္ေန႔ သုံးနာရီထိုးဖို႔ တစ္မိနစ္အလို ဇာတ္ေကာင္ဟာ မိန္းကေလးနဲ႔အနီးဆုံးရပ္ေနၿပီး နာရီရဲ႕စကၠန႔္လက္တံ သုံးနာရီအတိထိ တစ္ခ်က္ခ်င္းသြားတာကို သူတို႔အတူၾကည့္ေနၾကတယ္။
ဒီတစ္ေခါက္ စကၠန႔္လက္တံ ေရွ႕တြန္းလိုက္တာဟာ မိနစ္လက္တံတစ္ေခ်ာင္းတည္းေတာ့မဟုတ္ဘူး။
ၾကားဖူးတယ္မလား တစ္ခါတေလက် တစ္မိနစ္ဆိုတာ တစ္ဘ၀လုံးေလာက္လည္း ရွည္ၾကာႏိုင္တယ္။

ဇာတ္ေကာင္ဟာ မိန္းကေလးကိုေျပာလိုက္တယ္။
” မင္းေၾကာင့္ငါ ဒီတစ္မိနစ္ကို
အၿမဲအမွတ္ရေနေတာ့မွာ”တဲ့။
တစ္မိနစ္တာစတင္မႈဟာ အခုေတာ့ မိန္းကေလးအတြက္ သူနဲ႔တစ္ေန႔တစ္နာရီ ႏွီးေႏွာမႈအသြင္ေျပာင္းလဲသြားခဲ့ၿပီ။
တစ္လႊာခ်င္းျပန္၀တ္ရတဲ့ အ၀တ္အစားေတြအတြက္ မိန္းကေလးမွာ ေမးစရာစကားလုံးႏွစ္လုံးရွိတယ္။ လက္….ထပ္….။
ဇာတ္ေကာင္ဟာ ရဲတင္းတယ္။ ထီမထင္ဘူး။
ဇာတ္ေကာင္ဟာ လက္ထပ္ယူတတ္တဲ့စ႐ိုက္မ်ိဳးမရွိဘူး။
ဒီေတာ့ မိန္းကေလးဟာဒီကိုျပန္လာစရာအေၾကာင္းမရွိဘူး။
ဇာတ္ေကာင္ဟာ အပူအပန္မရွိဘူး။
လြမ္းေဆြးမႈမရွိဘူး။ ေသြးေအးတယ္။
“ရွင္ ကြၽန္မကို တကယ္ခ်စ္ခဲ့ဖူးလား”တဲ့
မိန္းကေလးက ဇာတ္ေကာင္ကိုေမးတယ္။
ဇာတ္ေကာင္ဟာေအးစက္တယ္။ခံစားခ်က္မဲ့တယ္။
” ငါ့ဘ၀မွာ ေနာက္ထပ္မိန္းမ
ဘယ္ႏွေယာက္ကို ခ်စ္မိဦးမလဲ ငါမသိႏိုင္ဘူး
ငါ့ဘ၀ေနာက္ဆုံးအခ်ိန္မေရာက္ေသးခင္အထိ
ငါ့အခ်စ္ဆုံးက ဘယ္တစ္ေယာက္လဲ
ငါသိဦးမွာမဟုတ္ဘူး”တဲ့ ေျဖတယ္။
ဒီလိုနဲ႔ သူတို႔ေက်ာခိုင္းသြားၾကၿပီ။

စစလာကတည္းကိုက ဘ၀ဟာေဝဒနာပဲမဟုတ္လား။
ဇာတ္ေကာင္ဟာဒဏ္ရာမ်ားတယ္။
ဇာတ္ေကာင္ဟာ ငွက္ကေလးတစ္ေကာင္ျဖစ္တယ္။
ဇာတ္ေကာင္မွာ အသိုက္မရွိဘူး။
ဒါဆို ဘယ္လိုငွက္မ်ိဳးလဲ။
ဇာတ္ေကာင္ေျပာတာကေတာ့…..
“ေျခေထာက္မရွိတဲ့ ငွက္တစ္မ်ိဳးရွိတဲ့အေၾကာင္း
က်ဳပ္ၾကားဖူးတယ္။ သူလုပ္ႏိုင္တာဆိုလို႔
ပ်ံၿပီးရင္းပ်ံဖို႔ပဲရွိတယ္။သူေမာပန္းလာတဲ့အခါက်
ေလထဲမွာ အိပ္တယ္။အဲ့ဒီငွက္က သူ႔တစ္ဘ၀လုံးမွာ
ေျမေပၚတစ္ေထာက္ပဲ ဆင္းသက္လို႔ရတယ္
အဲ့ဒီတစ္ေထာက္နားတဲ့အခ်ိန္က သူေသတဲ့အခ်ိန္ပဲ”တဲ့။

Days Of Being Wildဟာ ၀မ္ကာေဝးရဲ႕ နာမည္ေက်ာ္ Informal Triologyရဲ႕ ပထမဆုံးကားပါ။
သူ႔ရဲ႕ ဒုတိယေျမာက္ကားလည္း ဟုတ္ပါတယ္။
Metacritic96%ရထားလို႔ ႐ုပ္ရွင္ေဝဖန္ေရးသမားေတြရဲ႕ အကဲျဖတ္မႈအရ သူ႔အေကာင္းဆုံးကားလို႔ေျပာလို႔ရပါတယ္။
႐ုပ္ရွင္႐ိုက္ကူးမႈအတတ္ပညာပိုင္းမွာလည္း ႐ိုက္ခ်က္ရွည္ေတြ အေႏွးကြက္ေတြႏုဲ႔ ျပထားသမွ်တစ္ကားလုံးပစ္ရက္စရာကိုမရွိပါဘူး။
ေျပာရရင္ ဘာစကားမွမေျပာၾကလည္း ဒီတိုင္း ထိုင္ၾကည့္ေနရင္ေတာင္တန္ပါတယ္။
၀မ္နဲ႔ တြဲ႐ိုက္ေနၾက ခရစၥတိုဖာဒြိဳင္းပဲ႐ိုက္ထားပါ။
၁၉၉၀ထြက္ေပမယ့္ ၂၀၀၄မွာre release လုပ္ထားလို႔ လက္ရွိဟာက ၂၀၀၄ဗားရွင္းပါပဲ။
အေကာင္းဆုံးေဟာင္ေကာင္႐ုပ္ရွင္တစ္ရာမွာ နံပါတ္၃ခ်ိတ္ထားပါတယ္။

Spoiler Alert
==========

တကယ္တမ္းက် သိလိုက္ရတာက ငွက္ကေလး
မပ်ံသန္းလိုက္ရခင္ကတည္းက ေသႏွင့္ေနခဲ့ၿပီ။
သူရဲ႕အ႐ိုင္းဆန္ရျခင္းကို ကြၽန္ေတာ္တို႔နားလည္ေစခဲ့ၿပီ။
ေနာက္ဆုံးထြက္သက္မတိုင္ခင္ ေနာက္ဆုံးျမင္ကြင္းက
ဘာလဲလို႔ သူအၿမဲသိခ်င္ခဲ့တယ္။ ဒါေပမဲ့ တကယ္တမ္း
သူ႔ရဲ႕ ေနာက္ဆုံးထြက္သက္မတိုင္ခင္ ေနာက္ဆုံး
ျမင္ကြင္းက သူ႔မ်က္စိေရွ႕က ျမင္ကြင္းမဟုတ္ခဲ့ဘူး။
အတိတ္က နာရီစကၠန႔္တံ တစ္ပတ္လည္ခ်ိန္ဟာ..
သူ႔အခ်စ္ဆုံးမိန္းကေလးဟာ……….
သူ႔ရဲ႕ ေနာက္ဆုံးျမင္ကြင္းျဖစ္ခဲ့တယ္။
ငွက္ကေလးဟာ အေျဖကိုရသြားတယ္။

ေရာင္နီလာၿပီ….
အေတာ္လွတဲ့ေန႔တစ္‌ေန႔ျဖစ္မယ္နဲ႔တူတယ္
ေန၀င္ရင္ေရာ ဘယ္လို‌မ်ားျဖစ္ေနမလဲ သိခ်င္မိသား
ဒါေပမဲ့ ေန၀င္ခ်ိန္ကို ျမင္ႏိုင္ခြင့္မရွိေတာ့ဘူး။

( ဘာသာျပန္ျပီး အညႊန္းေရးသားထားသူကေတာ့ WiRa Aung ပါ )

 


Quality__1080p 5.1 CH, 720p
IMDb Rating__7.6/10
Format__mp4
Duration__01:35:00
Type__Crime , Drama , Romance
Subtitle__Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Days of Being Wild (1990)
Days of Being Wild (1990)
Days of Being Wild (1990)
Days of Being Wild (1990)
Days of Being Wild (1990)
Days of Being Wild (1990)
Days of Being Wild (1990)
Days of Being Wild (1990)
Days of Being Wild (1990)
Days of Being Wild (1990)
Days of Being Wild (1990)
Days of Being Wild (1990)
Days of Being Wild (1990)


No downloads available

Genres



Related movies