Exit print mode Print Data A+ A- Undo all

Dead Poets Society (1989)

He was their inspiration. He made their lives extraordinary.
Dead Poets Society (1989)Dead Poets Society (1989)

Synopsis:

Dead Poets Society (1989)
IMDb – 8.0/10_____Rotten – 84%
Won 1 Oscar. Another 19 wins & 18 nominations

 

 

အခု ပြောမှာက ဒီရုပ်ရှင်ကနေ ကျွန်တော်
ဖမ်းဆုပ်လို့ရသလောက် အတွေးမျှင်တွေအကြောင်းပါ။
ဒီ ရုပ်ရှင်ထဲက Robin Willain ရဲ့ စကားကို မှီးပြောရရင်
ပညာရေးဆိုတာ ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို့
သင်ပေးရတာပါတဲ့။ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို့ (ဝါ)
ကိုယ့်ဆင်ခြင်တုံတရား ကိုယ့်အသိစိတ်နဲ့ ကိုယ် ရှင်သန်တတ်ဖို့
ကျွန်တော်တို့ လိုအပ်တဲ့အရာကရော ဘာများလဲ
ကျွန်တော်ကတော့ အနုပညာလို့ပဲ ဆိုချင်တယ်။
ဂီတ စာပေ ကဗျာ ပန်းချီ ဘာမဆိုပါပဲ။ ဒီရုပ်ရှင်မှာတော့
ကဗျာတွေနဲ့ပဲ ဥမေယျပြုသွားပါတယ်။

အတွေးအခေါ်နဲ့ ခံစားချက်အပေါ်အခြေခံတဲ့ ကဗျာဆိုတာဟာ
အပေါ်ယံကြည့်ရင် ဘာမှမဆိုင်သလိုနဲ့ တစ်သားတည်းပါပဲ။
အနုပညာကိုမုန်းပါတဲ့ ကျော်ကြားလှစွာသော
ဒဿ နိကဆရာကြီး ပလေတိုတောင် သူ ဘယ်လိုပဲ
အနုပညာကိုမုန်းမုန်း သူ့ကျမ်းတွေကတော့
အတော်ပြေပြစ်လှပတဲ့ အရေးအသား ဖြစ်နေခဲ့ပါတယ်။
အနုပညာနဲ့ ဒဿဘ နိကဟာ မဆိုင်သလိုနဲ့ဆိုင်နေတဲ့
ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းပါပဲ။ပြီးတော့ကာ တွေးခေါ်မှုဟာ
ခံစားချက်မပါရင် အတော်အန္တရယ်ကြီးတဲ့အရာပါပဲ။

ဒီဇာတ်လမ်းမှာ တွေးခေါ်တတ်ဖို့ လွတ်လပ်စွာ
ရှင်သန်တတ်ဖို့ ကဗျာသင်ပေးတဲ့ ဆရာတစ်ယောက်….
ခံစားချက်တွေနဲ့ ပြည့်နှက်ဖွဲ့စည်းနေတဲ့
လူ့အဖွဲ့အစည်းကြီးမှာ ကဗျာတွေရဲ့ အရေးပါမှုအကြောင်းကို
သင်ပြပေးသွားခဲ့တဲ့ လူတစ်ယောက် ပါပါတယ်။
ကဗျာသင်ရိုးမှာပါတဲ့ ကဗျာတစ်ပုဒ်ကို
တိုင်းတာပြထားတဲ့ စံညွှန်းတွေကို အကုန်ဆွဲဖြဲပြီး
ကဗျာရဲ့ တန်ဖိုးအစစ်အမှန်ကို မိဘတွေရဲ့ဆန္ဒအောက်
ပိတ်မိနေတဲ့ တပြည့်တွေကို မီးမောင်းထိုးပြခဲ့တဲ့
အဲ့ဒီဆရာနာမည်က ဂျွန် ကိတင်း…ပါတဲ့။

 

ခင်ဗျားတို့ရော ဘဝတစ်ခု ကဗျာတစ်ပုဒ်ကို
ဘယ်လိုများတိုင်းတာကြလဲ။
အသုံးဝင်မှုတန်ဖိုးနဲ့လား အရည်အသွေးတန်ဖိုးနဲ့လား…
ဘာနဲ့မှ မတိုင်းတာပါနဲ့
ကဗျာတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ကဗျာကိုရေးထားတဲ့
စည်းမျဉ်းစည်းကမ်းလည်းမဟုတ်သလို
သူ့ရဲ့ ကျန်တဲ့ စံညွှန်းတွေလည်း မဟုတ်ပါဘူး။
ကဗျာတစ်ပုဒ်ရဲ့တန်ဖိုးဟာ နှလုံးသားကခံစားရတဲ့
ခံစားချက်ပါပဲ။ ဒီလိုပါပဲ ဘဝတစ်ခုရဲ့တန်ဖိုးဟာ
ကျွန်တော်တို့ရဲ့ တော်နေတတ်နေမှု အသုံးဝင်မှုတွေ
ကျွန်တော်တို့ ဘာကောင်ကြီးဆိုတာတွေ မဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ လွတ်လပ်မှုတွေ ဆန္ဒတွေ
ကျွန်တော်တို့ချစ်တဲ့ ကျွန်တော်တို့ကို ချစ်တဲ့လူတွေပါပဲ။
ဘာကောင်ကြီးဆိုတာအောက် ပိတ်မိမသွားကြဖို့
ကျွန်တော့်ကိုယ်ကျွန်တော်တို့ ရှာဖွေကြဖို့
ကျွန်တော်တို့ ဘာလုပ်သင့်တယ်ဆိုတာကိုသိဖို့
တွေးခေါ်တတ်ဖို့ ဘဝရဲ့တန်ဖိုးကို သိဖို့….
ကျွန်တော်တို့ ပညာတွေသင်နေ အသိညဏ်တွေ
ရှာနေကြရတာပါပဲ။ ဒီရုပ်ရှင်ဟာ ခင်ဗျားတို့တည်ဆောက်ရမဲ့
ကိုယ်ပိုင်အတွေးအခေါ်တွေအတွက်
အုပ်တစ်ချပ်သဲတစ်ပွင့် ဖြစ်ပါစေလိမ့်မယ် ထင်ပါတယ်။

အက္ခရာတင် ရေးထိုးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို
အမြဲလိုက်နာနေဖို့ မလိုသလို ပိုကျယ်ပြန့်နက်နဲတဲ့
မရေးထိုးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တစ်ရံတစ်ခါ
လိုက်နာတတ်ဖို့်လည်း လိုပါတယ်။
ဘယ်ဟာကို လိုက်နာရမလဲဆိုတာကိုတော့
ကျွန်တော်တို့်ရဲ့ လူသားဆန်မှုက ဆုံးဖြတ်ပေးပါလိမ့်မယ်။
ဒီဇာတ်လမ်းမှာလည်း ရေးထိုးထားတဲ့
ဆရာတွေကိုညာမပြောရဆိုတဲ့ စည်းမျဉ်းကို လိုက်နာပြီး..
မရေးထားတဲ့ ပိုကျယ်ပြန့်နက်နဲတဲ့ “မိတ်ဆွေတွေကို
သစ္စာမဖောက်ရ ” ဆိုတဲ့စည်းမျဉ်းကို ဖောက်ဖျက်မိတဲ့
ကျောင်းသားလေးတစ်ယောက် ပါပါသေးတယ်။

ဒီရုပ်ရှင်ကတော့…တကယ့်ကို..ခံစားချက်အကြောင်း
ဖတ်စာ ပါပဲ။ ခင်ဗျား အများကြီး သင်ယူရရှိပါလိမ့်မယ်။

(အညွှန်းကတော့ WiRa Aung ရေးသားထားတာဖြစ်ပြီး

ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်)

 

 

 

File size__( 1 GB)
Quality__BR-Rip 720p
IMDb Rating__8.1/10
Format__mp4
Duration__02:08:44
Type__Comedy , Drama
Subtitle__Myanmar Subtitle (Hardsub)
Translated by d3mon
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Dead Poets Society
Director
Peter Weir, Tom Seidman
Stars
Allelon Ruggiero, Dylan Kussman, Ethan Hawke, Gale Hansen, James Waterston, Josh Charles, Kurtwood Smith, Norman Lloyd, Robert Sean Leonard, Robin Williams
Release Date
9 June 1989 (USA)
Rated
PG
Runtime
2h 8min
Awards
Won 1 Oscar. Another 19 wins & 18 nominations
Country
USA
Budget
USD $16 400 000,00
Revenue
USD $235 860 116,00
Popularity
21.491
Status
Released
ID IMDb.com
tt0097165
IMDB Rating
8.1
IMDB votes
407,819
ID Themoviedb.org
207
TMDb Rating
8.3
TMDb votes
7233