Departures(2008)
Synopsis:
Departures(2008)
IMDb….8.1,,,,Rotten79%
တစ်ချို့သောသူတွေက ရယ်ရမောရ ပျော်ရွှင်ရတဲ့ကားတွေကို သဘောကျတယ်..တစ်ချို့တွေက အပစ်အခတ်
နဲ့ သိုင်းကားမျိုးတွေသဘောကျတယ်.. တစ်ချို့တွေက Biography လိုကားမျိုးတွေကို သဘောကျကြတယ်..တစ်ချို့တွေကတော့
ဇာတ်ကားကြည့်ပြီး အသေးစိတ်ခံစားပြီး တွေးတော့နေရတာကိုကြိုက်ကြတယ်…အကြိုက်ကိုယ်စီ ပေါ့ဗျာ…
ဒီကားကို မကြည့်ခင် အစပထမတော့ အကောင်းဆုံး Reviewer တစ်ချို့ကိုရေးဖို့အကူအညီတောင်းဖို့စဉ်းစားဖူးတယ်..
သို့ပေမယ့် ဒီကားကိုကြည့်ပြီးတဲ့အချိန်မှာ ဘယ်လိုလူမျိုးမှ Review ရေးချင်ကြမှာမဟုတ်ဘူး..ရေးထားတာတွေ့ရင်လည်း
မကြည့်ရသေးခင်မဖတ်ပါနဲ့…ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ရဲ့အတွေးတွေကို ဘောင်ကန့်လိုက်သလိုမျိုးဖြစ်သွားမယ်စိုးရိမ်လို့ပါ..
တကယ့်ကိုဖြန့်ကျက်ပြီးတွေးတောဆင်ခြင်လို့ကောင်းတယ်…
Departures(2008) ဇာတ်ကားဟာ Best Foreign Language Film of the Year အဖြစ် အော်စကာရခဲ့သလို အခြားဆု(၃၃)ဆုလည်းရခဲ့ပါတယ်..
ဒေါင်းသင့်မဒေါင်းသင့် စဉ်းစားလို့ရအောင်ပြောပြလို့တော့ရတယ် ..
ဟာသကွက်တွေ သိုင်းကွက်တွေ မြူးမြူးကြွကြွတေးသံတွေ ဘီကီနီဝတ်တွေ ဘာမှမပါဘူး…..ဆန်းပြားလွန်းတဲ့ twist တွေမပါဘူး…
နားလည်ရခက်တဲ့ Dialoge တွေမပါဘူး..စက်ဆုပ်စရာတွေ မပါဘူး…ရက်စက်ကြမ်းကြုတ်တာတွေမပါဘူး…
ဆိုတော့ ဒီကားအမျိုးအစားကိုအနည်းငယ်တော့ရိပ်မိမယ်ထင်ပါတယ်..
ပြီးတော့ ဒီကားကိုကြည့်တော့မယ်ဆိုရင် ဆူညံသံတွေအတတ်နိုင်ဆုံးငြိမ်တဲ့အချိန်ကိုရွေးပါ ..မိသားစုနဲ့ကြည့်မယ်ဆိုရင်လည်း
အာလူးကြော်တောင်မ၀ါးခိုင်းပါနဲ့…ကြည့်နေတုန်းလမ်းလျောက်မယ်ဆိုရင်လည်း ခြေဖျားထောက်ပြီးလျှောက်ခိုင်းပါ….
File Size : (1.12GB)
Quality : Blu-Ray 720p
Format…mp4
Duration…02:10:00
Genre : Drama, Music
Subtitle : Myanmar Subtitle (Hard Sub)
Translated by Megumi
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။