Channel Myanmar

Report error

Dev (2019)
————————————————————————
စွန့်စားခန်းတွေကို နှစ်သက်သဘောကျပြီး

အရာရာတိုင်းကိုအကောင်းမြင်တတ်တဲ့

သူငယ်ချင်းတွေနဲ့ အပြန်အလှန် ချစ်ခင်မှုကိုရထားတဲ့ ဒေ့ဗ်….

မူကြိုအရွယ်ထဲက မွေးနေ့တူလို့ ပေါင်းမိသွားကြတဲ့

ဒေ့ဗ် ဗစ်ကီ နဲ့ နီရှာတို့ သုံးယောက်ဟာ တက္ကသိုလ်အထိအတူတူ

တစ်တွဲတွဲရှိနေရာက ဗစ်ကီနဲ့ နီရှာတို့ရဲ့တိုက်တွန်းမှုကြောင့်

ကံတရားရဲ့အလိုအတိုင်းဆိုပြီး ပထမ ဆယ်ယောက်ထဲမှာ

နောက်ဆုံး နံပါတ် ၁ ကျတဲ့ People You May Know ကို

ကောင်မလေးအဖြစ်လိုက်မယ်လို့ အလောင်းအစားလုပ်ကြရာမှ

မထင်မှတ်ဘဲတွေ့လိုက်ရတဲ့ မဂ်နာ…

နာကျင်စရာအတိတ်တွေနဲ့ သားအမိနှစ်ယောက်တည်း

ရုန်းကန်ရင်း အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေတဲ့

မဂ်နာဟာ အချစ်ရေးကို တွေးဖို့အတွက် အချိန်လည်းမရှိခဲ့သလို

အယုံအကြည်လည်းမရှိခဲ့ပါဘူး…

မဂ်နာ့ကိုမြင်မြင်ချင်းချစ်မိသွားတဲ့ ဒေ့ဗ်တစ်ယောက်

ခက်ခက်ခဲခဲနဲ့ ချဉ်းကပ်ဖို့ကြိုးစားခဲ့ပါတယ်

သူ့ရဲ့အကောင်းမြင်တတ်တဲ့စိတ် အမြဲတမ်းပျော်နေတတ်တဲ့စိတ်လေးဟာ

ဘယ်လောက်ထိ စိတ်ရှည်ရှည်နဲ့ ထားနိုင်မလဲ

သူတို့တွေဘယ်လိုတွေရိုကြမလဲဆိုတာကြည့်လိုက်ကြရအောင်လား

ဒီဇာတ်ကားလေးဟာ IMDb 5.1 ရထားပြီးတော့

မင်းသား Karthi နဲ့ မင်းသမီးချောလေး Rakul Preet Singh

ပါဝင်သရုပ်ဆောင်ထားတဲ့ Action, Adventure, Romance

ဇာတ်ကားမျိုးလေးဖြစ်ပါတယ်

တစ်နေ့တည်းတစ်ရက်တည်းမွေးတဲ့

စရိုက်ကလည်းတူသူငယ်ချင်း ၃ ယောက် ဒေ့ဗ် ဗစ်ကီနဲ့ နီရှာ…

ဒေ့ဗ်ရဲ့ Surprise ဒဏ်တွေကို မခံနိုင်တော့တဲ့

ဗစ်ကီတစ်ယောက်နီရှာနဲ့ပေါင်းပြီး အွန်လိုင်းသုံးပြီး ချစ်သူရှာပေးရာက

မဂ်နာဆိုတဲ့ အလွန်တရာမှဆွဲဆောင်မှုပြင်းတဲ့

သူမကိုဒေ့ဗ်တစ်ယောက် မြင်လိုက်ချိန်မှာပဲ

ဆွံအသွားပြီး တန်းတန်းစွဲဖြစ်သွားပါလေရော

ဒီရုပ်ရှင်ကားကို Htoo Htoo Ka Joe က

ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Dev (2019)
Dev (2019)
Dev (2019)
Dev (2019)
Dev (2019)


No downloads available

Genres



Related movies