Channel Myanmar

Ali Abbas Zafar

Tiger Zinda Hai (2017) 6.7
Tiger Zinda Hai (2017) Tiger Zinda Hai (2017) (သို့) " တိုက်ဂါးရှိနေသေးတယ် "၂၀၁၂ တုန်းက Ek Tha Tiger ဆိုတဲ့ အက်ရှင်သူလျှိုကားအပြီး ဒုတိယမြောက် Tiger ရုပ်ရှင်အဖြစ် ထွက်ရှိလာတာဖြစ်ပြီး စူပါစပိုင်နှစ်ယောက်ဖြစ်တဲ့ တိုက်ဂါးနဲ့ဇိုရာအဖြစ် မင်းသားကြီးဆယ်လ်မန်ခန်းနဲ့ မင်းသမီးချော ကတ်ထရီနာကေ့ဖ်တို့ကို အလန်းစားသူလျှိုတွေအဖြစ် ဆက်လက်ရှုစားရမှာပါ။ဖြစ်ရပ်မှန်အကြောင်းအရာဖြစ်တဲ့ ၂၀၁၄ တုန်းက အိုင်အက်စ်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ သူနာပြု ၄၆ ယောက်ကို ကယ်ဆယ်တဲ့အကြောင်း အဓိက ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ပထမဇာတ်လမ်းရဲ့ အဆက်အနေနဲ့ RAW အေးဂျင့်တိုက်ဂါးနဲ့ သူ့ချစ်သူ ISI အေးဂျင့်ဇိုရာတို့ဟာ လက်ထပ်ခဲ့ကြပြီး သားလေးနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှစ်နှစ်လောက်ကြာခဲ့အပြီးမှာ တော့ အချစ်ကိုဦးစားပေးပြီး မိသားစုအရေးပဲ အာရုံစိုက်ခဲ့ကြတဲ့ တိုက်ဂါးတို့စုံတွဲအတွက် မစ်ရှင်တစ်ခုပေါ်လာခဲ့ပါတယ်။တိုက်ဂါးရဲ့ အလုပ်ရှင်ဟောင်းဖြစ်တဲ့ ရှီနွိုင်က အီရတ် မှာ အကြမ်းဖက်သမားတွေရဲ့ ...
movie

Tiger Zinda Hai (2017)

2017
4K HEVC
Bloody Daddy (2023) 8.9
Bloody Daddy (2023) Bloody Daddy (2023) ******************************** IMDb-8/10Kabir Singh, Fraziတို့နဲ့ နာမည်ကျော်တဲ့ မင်းသားချောရှာဟစ်ဒ်ကပူးရ်ရဲ့ လတ်တလောထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးပါ။ Frazi ထဲမှာ သတင်းစာတိုက်ဟောင်းက စက်တစ်လုံးနဲ့ ‌ငွေစက္ကူတုတွေ ထုတ်ပြီးမွှေသွားတဲ့ မင်းသားရှာဟစ်ဒ်ကပူးက ဒီထဲမှာလည်း ဆူမေးရ်အဖြစ် ကိုကင်းတအိတ်နဲ့ ပတ်မွှေဦးမှာပါ။ကိုဗစ်ကာလအခြေခံထားတဲ့ ဇာတ်လမ်းကောင်းလေးတွေထဲကမှ အခုတင်ဆက်ပေးမဲ့ အက်ရှင်ကားကလည်း ကိုဗစ်ကာလအတွင်းမှာ ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဆူမေးရ် က မူးယစ်ထိန်းချုပ်ရေးဌာနက ဝန်ထမ်းတယောက်၊ မိန်းမနဲ့ကွဲနေပြီး သားဖြစ်သူနဲ့အတူတူ နေနေပေမဲ့ သားနဲ့ကလည်း သိပ်မတည့်။ အလုပ်တူဘော်ဒါတယောက်နဲ့ မူးယစ်ဂိုဏ်းတခုက ကိုကင်းတွေသယ်လာတဲ့ကားကို ဖြတ်ခုတ်လိုက်တာ ဂိုဏ်းခေါင်းဆောင်က သူ့သားကို ပြန်ပေးဆွဲပြီး သူယူသွားတဲ့ ကိုကင်းအိတ်နဲ့ ပြန်လဲခိုင်းပါတယ်။သူ့ကို အဂတိတိုက်ဖျက်ရေးဌာနက အရာရှိအာဒီတီကလည်း မသင်္ကာတာနဲ့ နောက်ကနေလိုက်စုံစမ်းနေတယ်။အတူလုပ်ခဲ့တဲ့ ဘော်ဒါကလည်း သစ္စာဖောက်သွားတော့ အဲလိုတွေကြားထဲကနေ မင်းသားဆူမေးရ်တယောက် သားဖြစ်သူကို ကယ်တင်နိုင်မှာလား သူ့ကိုပဲ ရဲတွေက ဖမ်းသွားမလားဆိုတာ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,Sai,Thaik San,Bpl,Yunni တို့ပဲဖြစ်ပါတယ်) File size…2.21GB / 940MB Quality…1080p WEBDL  / 720p Format…mp4 Duration….2h 1mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by chiclon3~Sai~Thaik San~Bpl~ Yunni
movie

Bloody Daddy (2023)

2023
Jogi (2022) 7.9
Jogi (2022) Jogi 2022 IMDb 8.2Netflix မှ Rating အကြမ်းစားနဲ့ အဆိုတော်၊ မင်းသားကြီး Diljit Dosanjh ရဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ ဒီကားက ၁၉၈၀ ခုနှစ်ဒေလီမြို့မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်သမိုင်းကြောင်းကိုအခြေခံရိုက်ကူးထားပြီး အကမပါ အိုဗာမပါ မိတ်ကပ်ခြယ်သမှုမပါဘဲ ရင်တစ်နင့်နင့်နဲ့ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ထိုခေတ်ထိုအခါကအသက်ရှင်ကျန်ရစ်ခဲ့တဲ့လူတွေရဲ့ အင်တာဗျူးတွေမှာလည်း ကိုယ်စီကိုယ်စီ ရင်နင့်စရာဇာတ်လမ်းတွေကြောင့် အိ န္ဒိယသမိုင်းဝင်ဖြစ်ရပ်ကို Netflix မှ ပြန်လည်ပုံဖော်တင်ဆက်ထားခြင်းပဲဖြစ်ပါတယ် ----------- ဒေလီမြို့မှာ ငြိမ်းချမ်းတဲ့ဆစ်ခ်ဘာသာဝင်လူမျိုးတွေနေထိုင်တဲ့မြို့တစ်မြို့ရှိပါတယ် တွေ့သူတိုင်းနှုတ်ဆက်ပျုငှာတတ်ကြပြီး အုပ်စုဖွဲ့ဆော့ကစားတတ်ကြတဲ့ကလေးတွေကလည်း မြို့ရဲ့ဆည်းလည်းသံအလား သာယာနေတတ်ပါတယ်ဒီမြို့မှာဆို ဂျိုဂီက မသိသူမရှိ ဖော်ရွေတတ်သူကြီးပေါ့ အစ်မဖြစ်သူရဲ့သားလေး ပရက်ရဲ့မွေးနေ့ပွဲအတွက် တစ်အိမ်လုံးပြင်ဆင်စရာရှိတာပြင်ဆင် တစ်ရပ်ကွက်လုံးပတ်ဖိတ်ထားပြီး ညနေခြောက်နာရီမှာမွေးနေ့ပွဲကျင်းပဖို့ တာစူနေကြပါတယ် ခြောက်နာရီမတိုင်ခင်တော့ ကျောင်းတက်တဲ့လူကတက် |အလုပ်သွားတဲ့လူကသွားပေါ့ ဒါပေမယ့် အဲဒီနေ့မှာပဲ သူတို့ပျော်ရွှင်စရာတွေအဆုံးသတ်သွားမယ်ဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူးအကြောင်းကတော့ အိန္ဒိယနိုင်ငံရဲ့မိခင်အဖြစ်သတ်မှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ကလုပ်ကြံခံလိုက်ရလို့ပါပဲ လုပ်ကြံတဲ့လူတွေကလည်း ဆစ်ခ်လူမျိုးနှစ်ယောက်ဆိုတော့ တစ်မြို့လုံးက ဆစ်ခ်လူမျိုးတွေအပေါ် အမုန်းတရားတွေစုပြုံပြီး မြင်သမျှသတ်ဖြတ် မီးရှို့ရင်း ပျော်ရွှင်စရာဒေလီမြို့လေးက မီးလောင်ပြင်တွေ အော်ဟစ်ငိုယိုသံတွေနဲ့တစ်မဟုတ်ချင်း ပြည့်နှက်သွားခဲ့ရပါတယ် ထုံးစံအတိုင်း နိုင်ငံရေးရဲ့နောက်ကွယ်မှာဖုံးကွယ်မှုတွေ ရှုပ်ထွေးမှုတွေရှိနေတတ်တော့ ရာနဲ့ချီပြီးပြေးပေါက်ပိတ်နေတဲ့ဆစ်ခ်လူမျိုးတွေကို လူမျိုးဘာသာမတူတဲ့ လူသုံးယောက်က ကယ်တင်သွားမယ့်ပုံတွေကို အသည်းတစ်ယားယားကြည့်ရှုရမှာပဲဖြစ်ပါတယ် သူတို့တွေလွတ်မြောက်သွားကြမှာလား အရင်လို ပျော်ရွှင်စရာဒေလီမြို့လေးကိုပြန်ရနိုင်မလား ဆိုတာတော့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါရှင် File size…1.8GB / 819MB Quality…1080p NF ...
movie

Jogi (2022)

2022
Gunday (2014)
Gunday (2014) မင်းသမီးချော ပရီရန်ကာချော်ပရာနဲ့ မင်းသားတွေကတော့ ရမ်ဘီဆင်းနဲ့အာဂျွန်းကပူးတို့ပါ...Irrfan Khan လဲပါပါသေးတယ်။ငယ်ငယ်က ဘဝနာခဲ့ရတဲ့ သူငယ်ချင်း ၂ ယောက် လူမိုက်လူကြမ်းကြီးတွေအဖြစ် ကြီးပြင်းလာကြရာကနေသူတို့ဘဝထဲကို အကအလှမယ်လေးတစ်ယောက် ဝင်လာတဲ့အခါမှာတော့...၃ ပွင့်ဆိုင် အချစ်နဲ့ သူငယ်ချင်း ညီကို သံယောဇဉ်တွေကြား ဗျာများရပုံတွေနဲ့...သူတို့ရဲ့ ဒုစရိုက်မှုတွေကြောင့် ရဲတွေကလဲ အချီကြီးလိုက်ကြနေတဲ့အခါမှာဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ...။Fun ဖြစ်အောင် ရောင်စုံအလှ အက ရသစုံတင်ဆက်ထားတဲ့ အက်ရှင်ဒရမ်မာရုပ်ရှင်ကားပါ။Budget ရူပီး 310 Million ကုန်ချခံရိုက်ကူးခဲ့ပြီး Box office ဝင်ငွေ ရူပီး 1200 Million ကျော်မြတ်စွန်းခဲ့ပါတယ်။ File size…(3.8 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

Gunday (2014)

Bharat (2019) 5.7
Bharat (2019) IMDb rating - 5.7/10Google Users - 74%Genere - Acrion/Dramaမင်းသားကြီး Salman Khanနဲ့ မင်းသမီး Katrina Kaifတို့ အပြင် Sunil Grover တို့ သရုပ်ဆောင်ထားကြတဲ့ ရုံတင်ဇာတ်ကားကြီး အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။-----------------------------------------------လူတစ်ယောက် ဘဝတစ်ခု ဆိုပေမဲ့ ဘားရတ်ရဲ့ ဘဝက ဖြတ်သန်းရတဲ့ နယ်ပယ်အစုံမှာ မှတ်သားထားစရာ ဖြစ်ရပ်လေးတွေ ရှိတယ်။ခု သူဟာ အသက်ကြီးကြီး လူအိုကြီး တစ်ယောက် ဖြစ်နေပြီ။ငယ်ဘဝကတည်းက ခုထိတိုင် မပြောင်းလဲသေးတဲ့ အကြောင်းအရာတွေ အပြုအမူတွေ ရှိတုန်းပဲ။တစ်နေ့ သူ့အဖေ ' ဒီဆိုင်လေးမှာ လာတွေ့မယ်၊ စောင့်နေပါ ' ဆိုတဲ့ စကားကို ငယ်ဘဝကနေ ခုထိ မမေ့သေးဘူး။တနေ့ကျရင် သူ့အဖေနဲ့ သူ့ညီမ သူတို့ဆီ လာကြမယ်လို့ သူ ယုံကြည်ထားတုန်းပဲ။" မင်းက အကြီးဆုံးသားမို့ ...
movie

Bharat (2019)

2019
Sultan (2016) မြန်မာစာတန်းထိုး ( Blu-ray Update) 7.4
Sultan (2016) မြန်မာစာတန်းထိုး ( Blu-ray Update)   နပန်းဆိုတာ အားကစားမဟုတ်ပါဘူး ရဲရင့်တဲ့ လူ၂ယောက်ကြားက တိုက်ပွဲ အဲ့တာ ကျွန်တော်ပြောတာ မဟုတ်ဘူးနော် စူလ်တန်က ပြောခဲ့တာ ကဲဗျာ ပရိတ်သတ်ကြီးအတွက် ၂၀၁၆ ထွက် မင်းသားကြီး ဆလမန်ခန်းရဲ့ ကားသစ်တကားကို ထပ်ပြီးတင်ပေးလိုက်ပါတယ် အလယ်အလတ်ပိုင်းအရွယ်ရှိတဲ့ နပန်းချန်ပီယံတစ်ယောက် Olympic မှာ India ကိုယ်စားပြုဝင်ပြိုင်ပြီး လက်ဝှေ့လောကကို ပြန်လာဖို့ ကြိုးပမ်းတဲ့အကြောင်းဖြစ်ပါတယ်။ တစ်ချိန်က ပြိုင်စံရှား အောင်မြင်ကျော်ကြားလှတဲ့ နပန်းသမားကြီး Sultan ခုတော့ အကြောင်းအမျိုးမျိုးကြောင့် အရှုံးသမားဖြစ်နေရာက ဆုံးရှုံးသွားသမျှကို ပြန်ယူဖို့အတွက် ကြိုးဝိုင်းအတွင်းကို ပြန်ဝင်ဖို့ဖြစ်လာပါတော့တယ်။ ဒီကားကို စသိမိတာကတော့ ထုံးစံအတိုင်း ရုပ်ရှင်ရုံမှာပြတဲ့ trailer ကြောင့်ပေါ့။ ပုံစံကမဆိုးဘူး၊ ရိုက်ချက်လေးတွေ မိုက်တယ်၊ တအားကြီးမကောင်းတောင် ထူးထူးခြားခြားနဲ့ အပန်းပြေနိုင်တယ် ကြည့်ဦးမှဆိုပြီးတော့ ဖြစ်ခဲ့တယ်ပေါ့ဗျ။ ဘယ်လိုကောင်းမယ် ဘာဖြစ်တယ်ညာဖြစ်တယ်မျိုး မှန်းထားတာမျိုးမရှိခဲ့ဘူး။ ဇာတ်လမ်းပိုင်းမှာ Sultan ဟာ Southpaw နဲ့ နည်းနည်းလေးသွားဆင်တယ်။ ဇာတ်ဝင်ခန်းတချို့ ပြောသွားတဲ့ ပေးသွားတဲ့ message တချို့အရ နောက်လာမဲ့ Amir Khan ရဲ့ ...
movie

Sultan (2016) မြန်မာစာတန်းထိုး ( Blu-ray Update)

2016