Channel Myanmar

Bejoy Nambiar

Por (2024) 6
Por (2024) POR 2024 ကျောင်းတော်ကရန်စများIMDb-6.1/10သင်ဟာ တက္ကသိုလ်ဘဝကို လက်ချာခန်းထဲ ကုန်ဆုံးခဲ့တဲ့သူမဟုတ်ဘဲ အပေါင်းအသင်းတစ်အုပ်နဲ့ ကျောင်းဝင်းပျော်ကြီးလုပ်ခဲ့တဲ့သူဆို တစ်ချိန်ကဘဝကို ပြန်အမှတ်ရစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါပြီ။ ကျောင်းဝင်းထဲပဲပျော်တဲ့သူဆိုထဲက တစ်တန်းနှစ်နှစ်နေရမှတို့ဘာတို့လည်း ပါတယ်ပေါ့လေ ဆိုတော့ကာ ဇာတ်လမ်းကိုဆက်ကြဦးစို့ရဲ့။အမောင်ပရာဘူဟာ အတော်လေးကို ကျောင်းနေပျော်တဲ့သူတစ်ယောက်၊ ကျောင်းနေပျော်ပေမဲ့ စာနေတော်သူတော့မဟုတ် thesis မှာတဘုံးဘုံးကျနေတဲ့ ကျောင်းတော်ကြီးရဲ့ရှားပါးနှစ်ချို့ကျောင်းသား၊ သူ့ကိုယ်သူတော့ စူပါစီနီယာလို့ ခံယူထားတဲ့သူ တက္ကသိုလ်ဆိုတာက စီနီယာကဟိတ်ဆို ဂျူဂျူတွေတိတ်ရတဲ့နေရာဆိုတော့ စူပါ့စူပါစီနီယာပရာဘူကတော့ လူတကာရဲ့ကြောက်ရတဲ့ ခေါင်းဆောင်ကြီးလိုလို ဘာလိုလိုပေါ့။ဒါပေမဲ့ နေရာတိုင်းမှာ အစဉ်အလာဆိုတာမျိုးကို လက်သင့်မခံတတ်တဲ့ လူကန့်လန့်လူ့ဂွစာဆိုတာမျိုးက ရှိနေတတ်တော့ စီနီယာဆိုတာ ဘာလဲဘယ်လဲပြန်မေးပြီးရိုက်မယ့် ပထမနှစ်ကျောင်းသား ယူဗာဆိုသူပေါ်လာတဲ့အခါတော့ ပရာဘူနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါ...နဂိုထဲက ရန်စလေးတွေ ဇယားလေးတွေရှိခဲ့ဖူးတဲ့ ဒီလူနှစ်ယောက်ကြားက အားပြိုင်မှုအပြင်၊ အမျိုးဇာတ်ခွဲခြားမှု‌တွေ ၊ နိုင်ငံရေးဘက် ခပ်ပါးပါးအားပြိုင်မှုတွေ ၊ ဆရာဆရာမတွေရဲ့ ဘက်လိုက်မှုတွေနဲ့အတူ ကျောင်းသားအဖွဲ့တွေကြားက ပြဿနာမျိုးစုံကိုရှုစားရင်းနဲ့ ငယ်စဉ်က ပြဿနာအိုးလုပ်ခဲ့တဲ့ဘဝကို ပြန်တမ်းတလိုက်ကြပါစို့လား။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) File size…2.6GB / 1.3GB Quality…WEB DL ...
movie

Por (2024)

2024
David (2012)
David (2012) David (2012)=============လူရယ်လို့ဖြစ်လာတာနဲ့ အဆင်မပြေမှုတွေ၊ အလိုမကျမှုတွေ၊ စိတ်ဆင်းရဲစရာတွေ၊ ၀မ်းနည်းစရာတွေ တွေ့ကြုံကိုကြုံရပါတယ်။ အမေ့ဗိုက်ကထွက်လာကတည်းကငို၊ ဗိုက်ဆာလို့ငို၊ နို့ဖြတ်လို့ငို၊ မှောက်လဲလို့ငို၊ လိုချင်တာမရလို့ငို၊ ဆရာမရိုက်လို့ငို၊ အသဲကွဲလို့ငို၊ အလုပ်ပြုတ်လို့ငို၊ ချစ်ရသူတွေဆုံးရှုံးရလို့ငို၊ နောင်တရလို့ငို အစရှိသ၍ လူတိုင်းလူတိုင်းဟာ ကိုယ့်အပူ ကိုယ့်စိတ်တိုင်းမကျမှုတွေနဲ့ ဘ၀ကို ကိုယ်စီကိုယ်စီ ဖြတ်သန်းနေကြရပါတယ်။ ဒါပေမယ့် ဒီလိုပူပင်မှု၊ နာကျင်မှုတွေကို အရှိအရှိအတိုင်း လက်ခံလိုက်မယ်ဆိုရင် ဘ၀ကြီးဟာ နဂိုရှိရင်းစွဲထက် အနည်းငယ်လောက်တော့ နေလို့ကောင်းသွားမယ်ဆိုတဲ့အကြောင်းကို ရိုက်ကူးပေးထားတဲ့ ဘောလီဝုဒ်ဇာတ်ကားကောင်းလေး ‌David ကို မိတ်ဆက်ပေးချင်ပါတယ်။ဒီကားမှာတော့ တစ်နယ်တစ်ရပ်စီက ဒေးဗစ်တွေရဲ့ ဘ၀ဇာတ်ခုံအနိမ့်အမြင့်တွေနဲ့အတူ သူတို့ရင်ဆိုင်ရတဲ့ ပြဿနာတွေ၊ နာကျင်မှုတွေကို ဘယ်လိုကိုင်တွယ်သွားကြလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ပထမဒေးဗစ်ဟာ သူ့အမေ၊သူ့မွေးစားအဖေနဲ့ ရဲတွေရဲ့ဇာတ်ရှုပ်တွေကြား ဘာမှမသိဘဲ ၀င်ပါခဲ့ရပါတယ်။ ဒုတိယဒေးဗစ်ဟာ ပရော်ဖက်ရှင်နယ်ဂီတသမားဖြစ်ချင်သူဖြစ်ပြီး နိုင်ငံခြားသွားရခါနီးမှာပဲ ခရစ်ယာန်ဘုန်း‌တော်ဖြစ်သူ သူ့အဖေနဲ့ ဘာသာရေးအစွန်းရောက်တွေအကြား အရွယ်နဲ့မလိုက်အောင် ရင်ဆိုင်ခဲ့ရပါတယ်။တတိယဒေးဗစ်ဟာ သူချစ်ရတဲ့သူက သူ့သူငယ်ချင်းနဲ့လက်ထပ်ခါနီးဖြစ်နေတဲ့အချိန် သူ့ချစ်သူကိုရဖို့ကြိုးစားရင်း ပူလောင်နေရပါတယ်။ ဒီလိုမတူညီတဲ့ပြဿနာမျိုးစုံကို ဒေးဗစ်တို့တတွေ ဘယ်လိုမျိုးဖြေရှင်းသွားကြလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…2.9GB  / 1.3GB Quality…1080p  WEBRIP ...
movie

David (2012)

2012
Solo (2017) 7.1
Solo (2017) Solo 2017-------------------------Solo (2017) ဟာ IMDb 7.1/10 ရထားတဲ့ Anthology Type Netflix Movie ဖြစ်ပါတယ်ဒီဇာတ်ကားမှာ ဇာတ်လမ်းတို လေးခုပါဝင်ပြီးတော့ဇာတ်လမ်းတစ်ခုချင်းစီမှာ အရှင်သီဝရဲ့ personality တစ်ခုချင်းစီရဲ့ ပုံရိပ်ကို ထင်ဟပ်ပြသထားတာပဲဖြစ်ပါတယ်Water Air Fire Earth ဆိုတဲ့ element လေးခုကိုပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်ချစ်ရသူဇနီးသည်ရဲ့ အမှတ်တရတွေကို တစ်သက်လုံးထမ်းပိုးရင်း နေထိုင်သွားတဲ့ ရှေခါဘာသာမတူတဲ့ချစ်သူနဲ့ ခက်ခက်ခဲခဲ ကြိုးစားပေါင်းဖက်ခဲ့ရပြီးမှ ဟန်းနီးမွန်းကာလမှာမှ သေကွဲကွဲရတဲ့ ဒေါက်တာထရစ်လော့အဖေကို သတ်ခဲ့တဲ့လူကို ပြန်လိုက်ရှာရင်း လက်စားချေဖို့ကြိုးစားခဲ့တဲ့ ဂိုဏ်းစတား ရှီဗာအရမ်းချစ်ရတဲ့ကောင်မလေးကို မဆုံးရှုံးချင်လို့ စိတ်လိုက်မာန်ပါပြုမူမိတဲ့ ဗိုလ်လေးရူဒရာလူငယ်လေးယောက်ရဲ့ အချစ်နဲ့ဘဝမှာ အနိမ့်အမြင့်အတက်အကျ နာကျင်မှုနဲ့ ဒေါသ ရောပြွမ်းမှုတို့ကိုကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးခုလုံးမှာ Dulquer Salmann တစ်ယောက်တည်းကပဲအဓိကဇာတ်ကောင်အဖြစ်သရုပ်ဆောင်ထားပြီးတော့ဒါရိုက်တာBejoy Nambiar က ရိုက်ကူးတင်ဆက်ထားပါတယ် Translated by : Jerrica Encoded by ...
movie

Solo (2017)

2017
Taish (2020) 7.5
Taish (2020) Taish 2020 (စ/ဆုံး) ================= တောင်းဆို နေကြတာမို့ တင်ဆက်ပေးလိုက်ပါပြီ။ "ထာဝရထက် နှစ်ဆ" မင်းသားလို့ နာမည်ကြီးတဲ့ Harshvardhan Rane၊ Jim Sarbh အပြင် မင်းသမီးချောလေးတွေကို ဇာတ်လမ်းထဲ ဝေဝေဆာဆာ ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းထဲမှာ မိသားစု နှစ်စုရှိပါတယ်။ ဆရာဝန် မိသားစုနဲ့ ဂန်းစတား မိသားစုလို့ နာမည်ပေးလိုက်မယ်။ ဆရာဝန် မိသားစုကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုပါ။ ဆရာဝန်မိသားစုမှာ မင်္ဂလာပွဲ ရှိတယ်။ ဒါကြောင့် လန်ဒန်မှာ နေတဲ့ ဆရာဝန် ရိုဟန်ဟာ ညီဖြစ်သူရဲ့ မင်္ဂလာဆောင်အတွက် အိန္ဒိယကို ပြန်လာခဲ့ပါတယ်။ ဂန်းစတား မိသားစုမှာတော့ ညီအစ်ကို နှစ်ယောက်ရှိတယ်။ ညီအစ်ကို ဆိုပေမဲ့ အရင်းတွေ မဟုတ်ဘဲ ဦးလေးနဲ့ တူအရွယ်ပါ။ သူတို့ ညီအစ်ကိုနှစ်ယောက်က အချစ်ရေးနဲ့ ပတ်သက်ပြီး မိသားစုတွင်း ပဋိပက္ခတွေ ရှိလာပါတယ်။ ဒီမိသားစု နှစ်ခုဟာ ပထမမှာတော့ ဘယ်လိုမှ ဆက်စပ်ကြည့်လို့ မရဘဲ ကြည့်ရှုသူကိုတောင် အတွေးများစေမှာပါ။ ဒါပေမဲ့ တနေ့မှာတော့... အဲ့ဒီမိသားစု နှစ်ခု ဆက်စပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစား ကြပါတော့ဗျာ။ ပွေ့ဖက်ခန်းတွေအပြင် သတ်ဖြတ်ခန်းတွေနဲ့လည်း ဇာတ်လမ်းကို ဆွဲဆောင်ထားပါတယ်။ ဒီကားထွက်စတုန်းက ဆီးရီးလို့ ထင်ခဲ့ဖူးပါတယ်။ ဒါကတော့ စဆုံးပါပဲ၊ ...
movie

Taish (2020)

2020
Wazir 7.2
Wazir IMDb rating 7.2 ရရှိထားပြီး နာမည်ကြီး မင်းသားကြီး အမီတာဘချမ်းပါ0င်သရုပ်ဆောင်ထားတဲ့ သဲထိပ်ရင်ဖိုမှုခင်းကားတကားနဲ့မိတ်ဆက်ပေးခြင်ပါတယ် ဒီဇာတ်ကားဟာ ၂၀၁၆ ခုနှစ်အတွက် top hit movieလို့တောင်ပြောကြတဲ့ အထိအောင်မြင်မှုရခဲ့တဲ့ ဇာတ်ကားတစ်ကားပါဇာတ်လမ်းလေးမတူညီတဲ့ လူ၂ယောက်ရဲ့ စရိုက်ကို ရိုက်ကူးပြထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ အကြမ်းဖက်တိုက်ဖျက်ရေး နှိမ်နင်းရေးအရာရှိ ဒန်းနစ်ရှ်ဟာသူ့ဇနီးနဲ့ သာယာတဲ့ မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားပြီး တနေ့မှာ သူ့သမီးဖြစ်သူနဲ့ကားမောင်းပြီး အပြန်လမ်းမှာ သူအရင်ကဖမ်းဆီးခဲ့ဖူးတဲ့ အကြမ်းဖက်ခေါင်းဆောင်က ပြန်လည်လက်စားချေရာမှသမီးဖြစ်သူ နောရစ်ဟာ သေဆုံးသွားခဲ့ပါတယ် ဒီလိုနဲ့ သူဟာ အဖမ်းစီးခံထားရစဉ်မှာသူ့ဆရာ အမီတာဘချမ်း (ချက် ချန်ပီယံကြီးက )သင်ကြားပေးခဲ့တဲ့ တွေးခေါ်စဉ်းစားနည်းတွေနဲ့ ဘယ်လိုကြံဆ မလဲသူ့ဇနီး ကကော အကြမ်းဖက်သမားရဲ့ သတ်ဖြတ်လုပ်ကြံမှုကိုခံရမလားသူ့နဲ့ သူ့ဇနီးတို့ကော ပြန်လည် ပေါင်းစည်းနိုင်ပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်ပရိတ်သတ်ကြီးအနေနဲ့ ဇကားကြည့်နေတုန်း ရေဘူးလေးတော့ ဆောင်ထားနော် ရင်မောရင် ရေလေးသောက်ပြီး အမောဖြေရအောင်အညွှန်းကို ...
movie

Wazir

2016