Channel Myanmar

Bernardo Bertolucci

Last Tango in Paris (1972) 6.9
Last Tango in Paris (1972) Last Tango in Paris (1974)~ IMDb - 6.9/10, Rotten Tomatoes - 83% ~ခေတ်အဆက်ဆက်မှာ အနုပညာအဆက်ဆက်ရဲ့ အနုပညာမြို့တော်အဖြစ် ရပ်တည်ခဲ့တဲ့ ပါရီဟာ အနုပညာအစစ်အမှန်ပေါင်းများစွာရဲ့ ဇာတိချက်ကြွေဖြစ်တဲ့နေရာပီပီသသပဲ ရုပ်ရှင်အနုပညာရဲ့ ရေစီးကြောင်းရှည်မျောကျယ်ပြန့်လာတဲ့ ခေတ်မှာလည်း ရုပ်ရှင်အနုပညာကို စတင်တီထွင်ခဲ့ရာဒေသပီသစွာနဲ့ နောက်ကျကျန်မနေခဲ့ပါဘူး။ အခုလက်ရှိအထိလည်း ပြင်သစ်ကားတွေဟာ သူ့နည်းသူ့ဟန်နဲ့ အနုပညာကိုဖော်ကျူးနေကြတုန်းပါပဲ။ တိုင်းအရပ်ရပ်က ပိတ်ပင်ခြင်းခံရတဲ့ရုပ်ရှင်တွေ အနုပညာတွေကို ပြင်သစ်ကနေ ဖွင့်ချပြနေကြတုန်းပါပဲ။ ဒီရုပ်ရှင်ဟာလည်း အီတလီဒါရိုက်တာ Bernardo Bertolucci က သူ့အနုပညာကို ပြင်သစ်မှာ သွားဖွင့်ချထားတဲ့ ရုပ်ရှင်ပါပဲ။ သူဟာ The Last Emperor နဲ့ The Dreamers တို့လို မာစတာပိစ်ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာဆိုလည်းမမှားပါဘူး။မင်းသားတွေကတော့ တကယ့် ဂန္ထဝင်ကိုမှ ထိတ်ထိတ်ကြဲတွေပါ။ ပါချီပါချက်မဟုတ်ဘဲ အနုပညာအရရော အောင်မြင်မှုအရရော ...
movie

Last Tango in Paris (1972)

1972
The Last Emperor (1987) 7.7
The Last Emperor (1987) The Last Emperor (1987)===================IMDb Rating - 7.7/10#Unicodeနောက်ဆုံး ဧကရာဇ်တဲ့ . . .နှစ်ပေါင်းနှစ်ထောင်ကျော်သက်တန်းကြာခဲ့တဲ့ တရုတ်ပြည်ကြီးရဲ့ သက်ဦးဆံပိုင် အုပ်ချုပ်ရေးမှာကျိန်မင်းဆက်ရဲ့ နောက်ဆုံး ဧကရာဇ် ပုယီ၊ အသက် ၃နစ်သားကတည်းက နောက်ကွယ်က ကြိုးကိုင်ချင်တဲ့လူတွေကြောင့် ရင်ခွင်ပိုက် ဧကရာဇ်ဖြစ်လာခဲ့တယ် ။ နောက်တော့ သမ္မတနိုင်ငံခေတ်မှာအဆောင်အယောင်တွေ မစွန့်လွှတ်ရပေမယ့် ထီးနန်းတော့ စွန့်လွှတ်ခဲ့ရပြီ ။  အချိန်ကတော့တရုတ်ပြည်တခုလုံး စစ်ဘုရင်တွေ အာဏာပြိုင်လုနေတဲ့အချိန်ပေါ့ ။ တရုတ်ပြည်ကြီးရဲ့အကြောင်းတော့ မဆိုထားနဲ့ နန်းတော်အပြင်ဘက်လေးမှာတောင် ဘာဖြစ်လို့ ဖြစ်မှန်း သိခွင့်မရတဲ့ ပုယီ ။ဆရာ ရယ်ဂျီနယ်ဖလီးမင်းဂျွန်စတန် ရဲ့ အဆုံးအမတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ပုယီ ။ ကိုယ့်ကြင်ယာတော်ကိုတောင် ကိုယ်ရွေးခွင့် မရှိတဲ့ပုယီ။ ဂျပန့်လက်အောက်ခံ မန်ချူးကိုး ဧကရာဇ် ပုယီ ။ ၁၉၅၀အလွန်မော်စီတုန်းခေတ်ရဲ့ ပြန်လည်ထူထောင်ရေး စခန်းက အကျဥ်းသား ...
movie

The Last Emperor (1987)

1987
(18+)The Dreamers(2003) 7.2
(18+)The Dreamers(2003) (18+)The Dreamers(2003)(Dark Side မှ တင်ဆက်သည်.....)(unicode)ဒီ movieလေးကတော့ IMDb 7.2/10 Rotten Tomatoes 60 Google user 85% ကြီးများတောင် ရထားတဲ့ Drama/Romance ဇာတ်ကားလေးပဲ ဖြစ်ပါတယ်.ဒီကားလေးက ၁၉၆၀ ၀န်းကျင်က ပြင်သစ်မှာဖြစ်တဲ့ ရုပ်ရှင်နဲ့ပက်သက်တဲ့ အရေးခင်းအပေါ် အခြေခံထားတာပဲ ဖြစ်ပါတယ်.. .ဇာတ်လမ်းအကျဉ်းကတော့ မက်သရူးဆိုတဲ့ အမေရိကန်ကျောင်းသားလေးဟာ ပြင်သစ်မှာ ရုပ်ရှင်အကြောင်းလာရောက် လေ့လာရင်း ဝါသနာတူတွေဖြစ်တဲ့ ပြင်သစ် စာရေးဆရာရဲ့ သားသမီးတွေဖြစ်တဲ့ သီအိုနဲ့အစ်ဆာဘယ်လီဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ ခင်မင်သွားပါတယ်.အဲ့နောက်မှာတော့ မက်သရူးဟာ သူတို့ မောင်နှမ‌နှစ်ယောက်ကြားက ဆက်ဆံမှုတွေ, ရုပ်ရှင်‌အပေါ် ရုးသွပ်မှုတွေကို မြင်ပြီး သံယောဇဉ်တွယ်မိသွားပါတယ်. ထို့အပြင် မက်သရူးဟာ ညီမဖြစ်သူ အစ်ဆာဘယ်လီနဲ့ ချစ်ကြိုက်မိသွားတဲ့ အခါ ဘယ်လိုတွေ ဆက်ဖြစ်လာတယ်. သူတို့ သုံးဦးရဲ့ ရုပ်ရှင်နဲ့အနုပညာရှင်တွေ အပေါ် ရူးသွပ်မှုတွေ ပေါင်းစည်းသွားတဲ့ ...
movie

(18+)The Dreamers(2003)

Little Buddha (1993) 6.0
Little Buddha (1993) IMDb Rating (6/10)/Rotten Tomatoes (68%)Little BuddhaUnicodeဒီဇာတ်ကားလေးက အနောက်နိုင်ငံ(အမေရိကန်နိုင်ငံ)သားတွေမှ ကျွန်တော်တို့"ဗုဒ္ဓမြတ်စွာ"ရဲ့ "ဗုဒ္ဓဝင်"ကို စနစ်တကျလေ့လာပြီး ရိုက်ကူး ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းကို ပြောပြရရင်တော့--- ဒီဇာတ်လမ်းမှာ အခန်းကဏ္ဍ၂ခုပါဝင်နေပါတယ်တခုကတော့ "ဗုဒ္ဓမြတ်စွာ"ရဲ့ သိဒ္ဓတ္ထမင်းသားဘဝကနေ သစ္စာလေးပါးသိမြင်ပြီး ဗုဒ္ဓဖြစ်တဲ့အချိန်အထိ ဗုဒ္ဓဝင်ကို လေးစားအတုယူဖွယ် ရိုက်ပြထားပြီး သိဒ္ဓတ္ထမင်းသားအဖြစ် Keanu Reeve ကီနူးရိဗ်က သရုပ်ဆောင်ထားပါတယ်...နောက်တခုကတော့ တိဗက်လူမျိုးတို့ရဲ့ "လူပြန်ဝင်စားခြင်း" သက်ဝင်ယုံကြည်မှုအရ ဆရာဖြစ်သူ "ဆရာတော်လာမာဒေါ်ဂျီ" ပြန်ဝင်စားသည်ဟု ယုံကြည်ဖွယ်ရှိသည့် အမေရိကန်လူမျိုးကလေးငယ် "ဂျက်ဆီ" ထံသို့ တိဗက်ဗုဒ္ဓဘာသာဘုန်းကြီးများမှ လာရောက်တွေ့ဆုံပြီး ဘူတန်နိုင်ငံသို့လိုက်ခဲ့ရန် မိဘများထံ ခွင့်ပန်တဲ့ဇာတ်လမ်းကို ရိုက်ပြထားပါတယ်။တိဗက်ဆရာတော်များရဲ့ နောက်ဘဝရှိသည် ဆိုတာကို အယုံအကြည်မရှိသူ ဂျက်ဆီရဲ့ဖခင်က အထင်အမြင်လွဲမှုတွေရှိနေပေမယ့် သူရဲ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း အက်စီးဒင့်ဖြင့် သေဆုံးသွားတဲ့အခါ စိတ်ပြေလက်ပျောက်သဘောဖြင့် သားဖြစ်သူနှင့် ဘူတန်နိုင်ငံသို့ လိုက်သွားခဲ့ရာမှ...ဘူတန်နိုင်ငံရှိ စေတီအကြောင်းတွေ တိဗက်ဘုန်းတော်ကြီးများရဲ့ ဘာသာရေးအယူအဆများအကြောင်းတွေကို ဗဟုသုတရဖွယ် ရိုက်ပြထားပါတယ်....ဒီဇာတ်ကားမှာ ကျွန်တော်တို့နိုင်ငံရဲ့ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာများနဲ့ တိဗက်ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတို့၏ အနည်းငယ်ကွဲပြားမှုများကိုလည်း ဗဟုသုတဖြစ်ဖွယ် လေ့လာခွင့်ရမှာ ဖြစ်ပါတယ်..ဒါ့အပြင် ဗုဒ္ဓဘာသာ တိဗက်ဘုန်းကြီးများရဲ့ "မမြဲခြင်းသဘော"ကို နက်ရှိုင်းစွာ နှလုံးသွင်းတတ်ပုံနဲ့ ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းစွာ "သေခြင်းတရား"ကို ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်ကိုလဲ ချီးကျူးဂုဏ်ယူ တွေ့မြင်ရမှာပါ...ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ သေခြင်းတရားကို မကြောက်လန့်ဘဲ ရင်ဆိုင်နိုင်တဲ့ နှလုံးသွင်းမှန်မှုသဘောကို အနောက်နိုင်ငံသားများကပါ လေးစားချီးကျူ းရတာ အမှန်ပါပဲ....ဒီဇာတ်ကားရဲ့ ...
movie

Little Buddha (1993)

1993