Channel Myanmar

Bobby Moresco

10th & Wolf(2006) 6.3
10th & Wolf(2006) ကလေးဘဝမှာ မာဖီးယားဂိုဏ်းဝင်အဖေဖြစ်သူ သေနတ်နဲ့အပစ် ခံရပြီးသေဆုံးသွားတာကို မြင်ခဲ့ရတဲ့ တွမ်မီတစ်ယောက် အရွယ်ရောက်လာတဲ့အခါမှာမရိန်းတပ်ထဲကိုဝင်သွားခဲ့ပြီး အရှေ့အလည်ပိုင်းစစ်ပွဲမှာတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းအာဏာရှင် ဆက်ဒမ် ကိုဒီတိုင်းလွှတ်ပေးခဲ့တဲ့အတွက် မကျေနပ်ဖြစ်ပြီးသူကိုယ်တိုင်းသွားရှင်းမယ်ဆိုတဲ့ စိတ်နဲ့ ကာနယ်ရဲ့ဂျစ်ကားကိုခိုးပြီး သွားခဲ့ပေမဲ့လည်းလမ်းမှားပြီးကူဝိတ်မြို့နားမှာ ပြန်အဖမ်းခံလိုက်ရပါတယ်။တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်အေးဂျင့်နှစ်ယောက်က မူးယစ်ရာဇာလူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ရက်ဂျီယိုကို ကူညီပြီဖမ်းပေးမယ်ဆိုရင် ပြစ်ဒဏ်လျော့ပေါ့ပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အပြင် သူ့ရဲ့ဝမ်းကွဲအကိုဖြစ်ပြီး အခုချိန်မှာလူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့ ဂျိုဝီကိုလည်း ဖမ်းဖို့ခြိမ်းခြောက်လာခဲ့တာကြောင့်ကူညီပေးဖို့လက်ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ပဲ ရက်ဂျီယိုကိုဖမ်းနိုင်ဖို့အတွပ် တွမ်မီတစ်ယောက် သူ့ရဲ့မွေးရပ်မြေကိုပြန်သွားရပြီးဝမ်းကွဲအကိုဖြစ်တဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ဂျိဝီနဲ့ ပြန်ဆုံတွေ့ကြရင်းအက်ဖ်ဘီအိုင်တွေက သူ့ရဲ့ဝမ်းကွဲအကို ကိုတင်မဟုတ်ပဲ သူ့ရဲ့ညီလေးဗင်းဆင့်ကိုပါ ဝှက်ဖဲအနေနဲ့ကိုင်ထားမှန်းသိရှိလိုက်ရတဲ့အခါမှာ တွမ်မီတစ်ယောက်ရက်ဂျီယိုကိုပဲအမိဖမ်းနိုင်မလား၊ ဒီလိုအလုပ်တွေမလုပ်ပါဘူးဆိုတဲ့ သစ္စာကိုရောဖောက်ဖျက်မိမှာလား၊ သူ့ရဲ့ဝမ်းကွဲအကိုနဲ့ ညီကိုရော ကယ်တင်နိုင်မလားဆိုတာကိုအကြမ်းအရမ်းအက်ရှင်ခန်းတွေနဲ့ကြည့်ရှု‌လိုက်ပါဦးဗျ။အမေရိကန်က အီတလီဂိုဏ်းတွေနဲ့ မာဖီးယားဂိုဏ်းအကြောင်းတွေရောပါဝင်တာမလို့ ဒီလို လူဆိုးဂိုဏ်းရုပ်ရှုင်ကားမျိူးတွေလွမ်းနေတဲ့လူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…1.81GB / 609.2MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

10th & Wolf(2006)

Lamborghini: The Man Behind the Legend (2022) 5.3
Lamborghini: The Man Behind the Legend (2022) Lamborghini: The Man Behind the Legend (2022) ===================================2019 တုန်းက Ford vs Ferrari ရုပ်ရှင်ထွက်လာပြီးတဲ့ နောက် မှာတော့ အခု Lamborghini ထပ်မံထွက်ရှိလာပါပြီမို့ တင်ဆက် ပေးလိုက်ပါပြီ။ လန်ဘိုဂီနီဆိုပြီးဖြစ်အောင် ပြုလုပ်ခဲ့တဲ့ ဖရူချို လန်ဘိုဂီနီဟာဆိုရင် ၁၉၁၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ စစ်ထဲလိုက်ခဲ့ပြီး စက်ပြင်ပညာကိုသင်ယူခဲ့ရပါတယ်။ ဖရူချိုဟာ မိရိုးဖလာအလုပ်ဖြစ်တဲ့ စိုက်ပျိုးရေးကို မလုပ်ကိုင်လိုပဲ ထွန်စက်တွေကို ထုတ်လုပ်ချင်ခဲ့တာပါ။ဒီလိုနဲ့ သူငယ်ချင်းဖြစ်သူ မက်သယ်အိုနဲ့ ကြိုးစားကြရင်း အခက်အခဲတွေ ကြားထဲမှ ထွန်စက်ထုတ်လုပ်တဲ့ လုပ်ငန်းကို ၁၉၄၈ ခုနှစ်မှာ စတင်နိုင်ခဲ့ပါတယ်။ သူထုတ်နိုင်ခဲ့တာက တစ်ခြားထွန်စက်တွေထက်စွမ်းရည်နှစ်ဆသာပြီး ဈေးပိုသက်သာတဲ့ထွန်စက်ပါ၊ နာမည်ကလည်း လန်ဘိုဂီနီဆိုတဲ့နာမည်နဲ့ပါ။ပထမဆုံးထွန်စက်ပေါ်မှာတပ်ဆင်မယ့် လန်ဘိုဂီနီဆိုတဲ့ တံဆိပ်ပြားလေးရဖို့ အတွက် သူပေးဆပ်လိုက်ရတာကလည်း တန်ဖိုးကြီးပါတယ်။ ဖရူချိုဟာ ထွန်စက်တွေ၊ လေအေးပေးစက်တွေ၊ အပူပေးစက်တွေ ထုတ်လုပ်တဲ့လောကမှာ ကျင်လည်ရင်း ဖယ်ရာရီကားတွေတစ်စီးပြီးတစ်စီး သူဝယ်စီးထားနိုင်ခဲ့သလို၊ ကမ္ဘာကျော် လန်ဘိုဂီနီကားတွေထွက်လာဖို့ဆိုတာကလည်း ဖယ်ရာရီကား ကုမ္ပဏီကြောင့်ဆိုရင်မမှားပါဘူး၊ ဘာကြောင့်လဲဆိုတာတော့ ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းထဲမှာပဲ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin နဲ့ ...
movie

Lamborghini: The Man Behind the Legend (2022)

2022