Channel Myanmar

Carol DePasquale

Valentine’s Day (2010) 5.7
Valentine’s Day (2010) [Unicode]Valentine's Day270ADရောမမှာ ကလောက်ဒီးယပ်စ်ဆိုတဲ့ ဘုရင်အုပ်ချုပ်ခဲ့တဲ့အချိန်ကာလတစ်ခုရှိဖူးပါတယ်။ ကလောက်ဒီးယပ်စ်ဟာစစ်မက်ပြီး ရက်စက်တဲ့ ဘုရင်တစ်ပါးပါ။ သူ့လက်ထက်မှာ စစ်သားတွေကို စိတ်ပျံ့မလွင့်စေဖို့ လက်ထပ်ခြင်းကိုတားမြစ်ခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ စိန့် ဗယ်လ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးလည်းရှိခဲ့ပါတယ်။လူတိုင်းကိတိတ်တဆိတ်လက်ထပ်ပေးတဲ့ ဗယ်လင်တိုင်းကိုအကျဉ်းသွင်းလိုက်ပါတယ်။ အကျဉ်းသွင်းခံရတဲ့ ဗယ်လ်လင်တိုင်းဟာ Feb 14 မှာ နှုတ်ဆက်စာရေးပြီးသေဆုံးသွားခဲ့ပါတယ်။ဒီရုပ်ရှင်ကတော့ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကစွန့်ပစ်သွားတဲ့။ ဗယ်လ်လင်တိုင်း‌ဒေးမှာအချစ်ကို တွေ့ရှိသွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ အချစ်ကို စွန့်ပစ်သွားတဲ့ လူတွေအကြောင်းပါ။ဒီရုပ်ရှင်က Fridayလိုမျိုး တစ်ရက်တည်းမှာဖြစ်နေတာတွေကို ရိုက်ပြသွားတဲ့ ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ Ratingမကောင်းလှပေမယ့်Emotional ဖြစ်ပြီး Jessica Alba Anne Hathaway Emma Robertsတို့လိုမမတွေအပြင် Taylor Swift ၊Julia Robertတို့လို နာမည်ကျော်တွေပါ၀င်ထားတဲ့အတွက် ကြည့်ပျော်ပါတယ်။လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့အဖြစ်သနစ်ကလေးတွေကို ဆက်စပ်ပြီးV Day Themeထဲမှာ အီမိုရှင်နယ်ဖြစ်စေတဲ့အခန်းများများသုံးထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်ကောင်တွေရဲ့ မိုးလင်းက မိုးချုပ်Vdayတစ်ရက်တာ ဘယ်လိုပြီးဆုံးသွားလဲ တရိပ်ရိပ်ခံစားရမှာပါ။လူရဲ့တစ်နေ့တာဟာပြဿနာတွေနဲ့စပြီး ပြဿနာတွေနဲ့ပဲဆုံးတတ်တဲ့ သဘာ၀တော့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ V dayကရောဘယ်လိုများပြီးဆုံးသွားပါသလဲဆိုတာဒီရုပ်ရှင်အပြီးသတ်မှာ တစိမ့်စိမ့်ပြန်တွေးကြည့်ရင် အတော်တဿဖွယ်ကောင်းပါတယ်။စကားမစပ်ဗျာ ဒီရုပ်ရှင်ရဲ့ ရသအပြည့်အ၀ကို ဒီညမှာပဲရနိုင်မှာပါ။File size__( 1.1 GB) Quality__Blu-720p IMDb ...
movie

Valentine’s Day (2010)

The Pursuit of Happyness (2006) 8.0
The Pursuit of Happyness (2006) အကယ်​၍ သင်​ဟာ Single Father တစ်​​ယောက်​ဖြစ်​ပြီး သင့်က​လေးအိပ်​ဖို့အတွက်​ ​ကျောတစ်​ခင်းစာ​တောင်​မဖန်​တီး​ပေးနိုင်​​တော့ဘူးဆိုရင်​...သင့်ရင်​​သွေးကိုစွန့်လွှတ်လိုက်​​မှာပါလား? ? ?Chris Gardner ဆိုတဲ့ လူတစ်​​ယောက်​​က​တော့ မိမိရဲ့သား​လေးလက်​ကိုဆွဲပြီး ဘဝရဲ့အခက်​ခဲဆုံးအချိန်​​တွေကိုဖြတ်​​ကျော်​ပြီးလို့ အခုဆို Millionaire တစ်​​ယောက်​​တောင်​ဖြစ်​လို့​နေပါပြီ။သင့်ဘဝကို သင်​ခက်​ခဲလှပြီလို့ထင်​​နေရင်​ တကယ့်ဖြစ်​ရပ်​မှန်​ဘဝကိုအ​ခြေခံပြီးရိုက်​ကူးထားတဲ့ ဒီဇာတ်​ကား​လေးကို အချိန်​​ပေးပြီးကြည့်ကြည့်လိုက်​ပါဒီကား​လေးကြည့်ပြီး အရင်​ဦးဆုံး ခံစားမိမှာက​တော့ ဖခင်​တစ်​​​ယောက်​ရဲ့​မေတ္တာ ဘယ်​​လောက်​ နက်​ရှိုင်းတယ်​ဆိုတာပါပဲ...ဘဝရဲ့အဆိုးဆုံးအ​ခြေအ​နေတစ်​ခုမှာ​တောင်​ သားဖြစ်​သူကို လက်​လွှတ်​မခံခဲ့တဲ့ ဖခင်​တစ်​​ယောက်​ရဲ့ ​မိဘ​မေတ္တာ...ကျွန်​​တော်​တို့ ​တော်​​တော်​များများ ​ငွေကိုသည်းကြီးမည်းကြီးရှာ​နေကြချိန်​မှာ ​ပျော်​ရွှင်​မှုဆိုတာဘာလဲ ဘယ်​လိုအရာက မိမိကို​ပျော်ရွှင်​​စေတာလဲ မ​တွေးမိကြတာများပါတယ်​...ဒီဇာတ်​ကား​လေးက​နေ ​တော်​ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်​တစ်​​ယောက်​ရဲ့ချစ်​ခြင်းမေတ္တာရယ်​...​​ ​ပျော်​ရွှင်​မှုဆိုတာ ကြိုးစားသူတိုင်းအတွက်​ အလှမ်းမ​ဝေးဘူးဆိုတာရယ်​... ဘဝဆိုတာ ​"ဘုံလုံတစ်​လှည့် ငါးပျံတစ်​လှည့်" ဖြစ်​​တယ်​ဆိုတာ စိတ်​ကူးယဉ်​သက်​သက်​မဟုတ်​ပဲလက်​​တွေ့မှာပါ တကယ်​ရှိတယ်​ဆိုတာ တို့ကို...သာမန်​အ​ရောင်းသမား(Saleman) ​လေးဘဝက​နေ သန်းကြွယ်​သူ​ဌေးတစ်​​ယောက်​ဖြစ်​လာသည်​အထိ ခက်​ခက်​ခဲခဲ ရုန်းကန်​လှုပ်​ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို​ inspired လုပ်​ပြီး ရိုက်​ကူးထားတဲ့ "The Pursuit of Happyness" ဆိုတဲ့ကား​လေးမှာ ...
movie

The Pursuit of Happyness (2006)

2006
Seven Pounds(2008) 7.6
Seven Pounds(2008) Seven Pounds(2008) IMDb......7.6 လူတစ်ယောက်ဟာ 911ကို အရေးပေါ်ဖုန်းခေါ်ဆိုရင်း  သူ့ဆီကို လူနာတင်ကားလွှတ်ဖို့ပြောနေတယ်...သူ့မှာမျက်ရည်တွေလည်းရွှဲလို့. . တစ်ဆက်ထဲသူပြောတဲ့စကားတွေက လူတစ်ယောက်အခန်းထဲမှာ သေကြောင်းကြံစည်မှုလုပ်နေလို့  လူနာတင်ယာဉ်ချက်ချင်းလွှတ်ပေးဖို့ရယ် လိပ်စာရယ်ပေါ့... တစ်ဘက်က မေးတယ်  သေကြောင်းကြံတာဘယ်သူလဲတဲ့ ...အဲ့ဒီမှာ ဖုန်းဆက်တဲ့သူက ဖြေတယ်.. ကျွန်တော်ကိုယ်တိုင်ပါပဲတဲ့.... အဲ့ဒီအခန်းပြီးတော့  ဖုန်းဆက်တဲ့သူဟာ လက်ဆွဲအိတ်တစ်လုံး ကားတစ်စီးနဲ့ လူတစ်ချို့ဆီကိုသွားတယ်..အလုပ်နဲ့ပတ်သက်တာပြောတယ်. .ဒါပေမယ့် သူ့မျက်လုံးတွေထဲမှာ ကြေကွဲဝမ်းနည်းမှုတွေ နောင်တတွေပြည့်နှက်နေတယ်. ..တစ်ခါတစ်ရံ ဖုန်းဆက်ပြီး တခြားသူကို အကြောင်းမဲ့ဆဲဆိုတယ်..အချိန်တော်တော်များများမှာတော့ တခြားသူတွေရဲ့လိုအပ်ချက်ကိုလိုက်ရှာပြီးဖြည့်ဆည်းပေးနေတယ်. ..ကြည့်ရတာ သူလုပ်ချင်တာရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ကောင်းတာဖြစ်မလား ဆိုးတာဖြစ်မလား ဝေခွဲရခက်နေတဲ့ပုံပဲ... ဒီဇာတ်ကားက ပြောရရင် ဇာတ်ကားအလည်လောက်ထိ  Will Smith ဘာလုပ်ချင်တာလဲ ...သူဘာဖြစ်နေတာလဲ လိုက်ဖမ်းနေရတယ်.. .နောက်ပြီးတော့ သူ့ရဲ့သရုပ်ဆောင်မှု...ဒီကားဟာ သူတစ်ယောက်ထဲသရုပ်ဆောင်နေသလားတောင်ထင်နေရတယ်... တခြားနာမည်ကြီးသရုပ်ဆောင်တွေပါပေမယ့် သူ့ရဲ့လွမ်းမိုးမှုကြောင့် မြှုတ်နေသလိုဖြစ်နေတယ်. ..ဒါကြောင့်လည်းသူဟာ အကောင်းဆုံးမင်းသားဆုရခဲ့တဲ့အပြင်  BET Award for Best Actor ဆုကိုပါထပ်မံရရှိခဲ့ပါတယ်.. ..သူဟာသေကြောင်းဘာကြောင့်ကြံရတာလဲ...ပြီးတော့လူတွေကိုဘာလို့လိုက်တွေ့ပြီးကူညီပေးနေရတာလဲ ဆိုတာကို ခံစားကြည့်လိုက်ပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric  Lynn  Khant ဖြစ်ပါတယ်... File Size : (850 MB) and (349 MB) Quality : Blu-Ray 720p Format…mp4 Duration…02:03:00 Genre ...
movie

Seven Pounds(2008)

2008