Channel Myanmar

Cathy Garcia-Molina

Partners in Crime(2022) 6.5
Partners in Crime(2022) Genre - Comedy IMDB - 6.5/10 ဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကြီး ရုပ်သံတင်ဆက်သူဖြစ်တဲ့ Vice Ganda နဲ့အတူ မင်းသမီးချော Ivana တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဖိလစ်ပိုင် ပေါ့ပေါ့ပါးပါး ဟာသကားလေးပါ။ဇာတ်လမ်းအကျဉ်းအရ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ဖြစ်ရပ်လေးကို အရင်ပြောပြချင်ပါတယ်။ ဂျက်ဆိုတဲ့ မိန်းမလျှာလေးက လူပြက်လေးပေါ့ မြို့ထဲမှာ ပွဲပေါင်းစုံ အစီအစဉ်ပေါင်းစုံ လျှောက်လုပ်နေရာကနေ ရိုစ့်နဲ့ အမှတ်မထင် ဆုံမိပြီး ပါတနာတွေဖြစ် နှစ်ယောက်အတူတူတွဲလုပ် အောင်မြင်နေကြတာပေါ့။ ရိုစ့်ကလည်း တစ်ဖက်သတ် ကြိတ်ကြိုက်နေရရှာတာပါ ဟိုက မိန်းမလျှာဆိုတာ မရိပ်မိပဲပေါ့။ ဒီလိုနဲ့ နာမည်ကြီးရုပ်သံလိုင်းကနေ သူတို့နှစ်ယောက်ကို တင်ဆက်သူလုပ်ဖို့ ကမ်းလှမ်းပါတော့တယ်။ တကယ်တမ်းဖြစ်ချင်တော့ ရုပ်သံလိုင်းက ဂျက်ကိုပဲခေါ်ပြီး ရိုစ့်ကိုပစ်ထားတော့ ရိုစ့်တစ်ယောက်က ဂျက်ကို နာကျည်းချက်တွေနဲ့ မုန်းတီးခဲ့ရပါတော့တယ်။ ခုအချိန်ကို ရောက်လာတော့ ဂျက်က ဖန်အပြည့်နဲ့ နာမည်ကြီးတင်ဆက်သူ ဖြစ်နေခဲ့ပါပြီ ဒါပေမဲ့ ...
movie

Partners in Crime(2022)

The Hows of Us (2018) 7.9
The Hows of Us (2018) KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... အတော်လေးအောင်မြင်ခဲ့သလိုဖိလစ်ပိုင်ရုပ်ရှင်သမိုင်းမှာလည်း ဝင်ငွေစံချိန်တင်ခဲ့တယ်... ရုပ်ရှင်ထဲသာမက အပြင်မှာပါ ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့ စုံတွဲလို့ပြောရင်လည်းမမှားဘူး... IMDB မှာ Rating 7.9 အထိရရှိထားသလို ဒါရိုက်တာကလည်း သူတို့အတွဲ နာမည်ကြီးအောင်မြင်ခဲ့တဲ့ she's dating the gangster ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Cathy Garcia-Molinaဖြစ်နေလေတော့ အများကြီးညွှန်းစရာလိုမယ်တော့မထင်ပါဘူး.....ဇာတ်လမ်းလေး နည်းနည်းပြောပြရရင် ! George က Primoကို မြင်တည်းက ကြည့်မရဘူး...ကြည့်မရတဲ့ Primoက တဖြည်းဖြည်း သူ့အနားရောက်လာခဲ့တယ်... မိသားစုက သူ့ကိုချစ်ကြတယ်...အဖွားဖြစ်သူက Primoကို အသည်းစွဲ...နောက်ဆုံးတော့ သူလည်း Primoကို ချစ်မိသွားခဲ့တယ်... အဖွားဆုံးခါနီးတော့ သူ့ကို Primoလက်ထဲအပ်ခဲ့ရုံမက အိမ်လေးကိုပါပေးခဲ့တယ်...ချစ်သူနှစ်ဦး အိပ်မက်တွေတပွေ့တပိုက်နဲ့ စိတ်ကူးတွေယဉ်ခဲ့ကြ ချစ်ခဲ့ကြတယ်... နေ့ရက်တိုင်းဟာ ပျော်စရာပဲ...ရယ်ပြီးရင် ငိုရဦးမယ်ဆိုတဲ့ သီချင်းစာသားလေးအတိုင်း ကြင်နာခြင်းတွေနောက်မှာ နာကျင်ခြင်းတွေကပ်ပါလာခဲ့တယ်...သူတို့ ဝေးခဲ့ကြတယ်... အရာရာဟာ နေသားမကျခြင်းတွေနဲ့...အိမ်လေးကို Primoပြန်ရောက်လာခဲ့တယ်... Georgeကို ပျော်ရွှင်အောင်ထားမယ်ဆိုတဲ့စိတ်နဲ့... ...
movie

The Hows of Us (2018)

2018
Hello, Love Goodbye (2019) 7.9
Hello, Love Goodbye (2019) (Unicode)ဖိလစ်ပိုင်ဇာတ်ကားလေးတွေကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးရဲ့ အချစ်တော် မင်းသမီးလေး Kathryn Bernardo ရဲ့ အချစ်ဇာတ်ကားသစ်လေးပါKathryn ရဲ့ဇာတ်ကားလေးတွေက အကုန်ကောင်းတာတွေချည်းပဲမို့ ဒီကားကိုလဲ ကြည့်ဖို့သိပ်မညွှန်းတော့ဘူးနော် ?ဟောင်ကောင်မှာ အလုပ်လုပ်ရင်း ကနေဒါကိုသွားဖို့ကြိုးစားနေတဲ့ Joy နဲ့ဟောင်ကောင်ကနေ ထွက်သွားလို့မရတဲ့ Ethan တို့ ရဲ့ အချစ်ဇာတ်လမ်းလေးပါဘယ်လိုတွေရိုသလဲဆိုတာတော့ ဆက်သာကြည့်လိုက်ပါတော့ကြိုပြောထားပါရစေ ရိုလဲ ရိုသလို ငိုလဲ ငိုရမယ်နော် ?(ဘာသာပြန်ပေးထားသူကတော့ Khin Pyae Sone Kyaw ပါ) (Zawgyi)ဖိလစ်ပိုင်ဇာတ်ကားလေးတွေကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးရဲ့ အချစ်တော် မင်းသမီးလေး Kathryn Bernardo ရဲ့ အချစ်ဇာတ်ကားသစ်လေးပါKathryn ရဲ့ဇာတ်ကားလေးတွေက အကုန်ကောင်းတာတွေချည်းပဲမို့ ဒီကားကိုလဲ ကြည့်ဖို့သိပ်မညွှန်းတော့ဘူးနော် ?ဟောင်ကောင်မှာ အလုပ်လုပ်ရင်း ကနေဒါကိုသွားဖို့ကြိုးစားနေတဲ့ Joy နဲ့ဟောင်ကောင်ကနေ ထွက်သွားလို့မရတဲ့ Ethan တို့ ရဲ့ အချစ်ဇာတ်လမ်းလေးပါဘယ်လိုတွေရိုသလဲဆိုတာတော့ ဆက်သာကြည့်လိုက်ပါတော့ကြိုပြောထားပါရစေ ...
movie


2019
ÜnOfficially Yours(2012) 5.8
ÜnOfficially Yours(2012) ဖိလစ်ပိုင်ဇာတ်လမ်း ကြိုက်ပရိတ်သတ်တွေအတွက်ဖိလစ်ပိုင်ဇာတ်လမ်းလေး နောက်ထပ်လာပါပြီနော်...ဒီတစ်ခါတော့ "Unofficially Yours"ဆိုတဲ့ ဇာတ်လမ်းလေးပါ...ပြောရရင်တော့ "Silent တွဲခံရသူလေးပေါ့" ဒီတစ်ခါ Silent တွဲခံရတာက ကောင်လေးတဲ့....သနားစရာကောင်လေးနာမည်က မက်ကီပါ... မက်ကီက ရည်းစားထား ဇီဇာကြောင်လွန်းသူပါ... သူထားတဲ့ကောင်မလေးက သူ့အတွက် အလှဆုံး အတော်ဆုံး အရည်အချင်းရှိနေရမယ်တဲ့....သူ့ဘဝမှာ ရည်းစားက နဲလို့ လက်ချိုးရေလို့ရတယ်...သူ့ထူးခြားချက်က သူချစ်တဲ့လူအတွက်ဆိုရင် ဘာလုပ်ပေးရ လုပ်ပေးရ အကုန်လုပ်ပေးတာပဲ....အဲ့လိုအချစ်ကြီးသူကြီးက one night stand တစ်ညတာ ချစ်တင်းနှောခဲ့တဲ့ စော်လေးကို ကြွေသွားတာပဲ....အဲ့ကောင်မလေးနာမည်က ဆက်စ်တဲ့...သူတို့နှစ်ယောက်ရဲ့ ရေစက်ကလဲ တစ်ညတည်းတင်မပြီးဘူး...အဲ့အချိန်က မက်ကီဟာ သွားဆရာဝန်အလုပ်ကနေ ဂျာနယ်လစ်သမားအလုပ် ပြောင်းတဲ့အချိန်..သူအလုပ်စဝင်တဲ့ သတင်းစာတိုက်မှာပဲ ဆက်စ်နဲ့ပြန်ဆုံခဲ့တယ်...ဆက်စ်က အဲ့မှာသတင်းထောက်ဆရာမကြီးပေါ့...အဲ့မှာဇတ်လမ်းကစတာပဲ...ဘာလဲဆိုတာ့ သူတို့နှစ်ယောက် ညတိုင်း ချစ်တင်းနှောဖြစ်ကြတယ်...မနက်ပိုင်းဆိုရင်တော့ ဆက်စ်က မက်ကီကို မသိသလိုဘဲနေတာ... နေ့တစ်မျိုး ညတစ်ဖုံ ပေါ့နော်....အဲ့လို Silent တွဲခံရတာကိုပဲ မက်ကီတစ်ယောက် ပျော်နေလေရဲ့...ဆက်စ်က ဘာလို့ ယောကျာ်းလေးတစ်ယောက်ကို ...
movie

ÜnOfficially Yours(2012)

2012
My Perfect You (2018) 6.9
My Perfect You (2018) My Perfect( ကိုယ့်ရဲ့ပြည့်စုံသူလေး)ဖိလစ်ပိုင်ဇာတ်ကားကိုမှ ကြိုက်တဲ့ ပရိတ်သတ်တွေရှိလား...ဒါဆိုရင်တော့ ဒီနှစ်မှာပဲ ထွက်ရှိထားတဲ့ "My perfect you" ဆိုတဲ့ ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်...အညွှန်း- ဘန်းဆိုတဲ့ ကောင်လေးက ချစ်သူကို အရမ်းချစ်တဲ့ ကောင်လေးတစ်ယောက်...ဒါပေမဲ့ မမျှော်လင့်ဘဲ သူ့ချစ်သူရဲ့ ငြင်းပယ်မှုကို ခံလိုက်ရတဲ့အချိန်...နာကျင်မှုတွေကြောင့် အလုပ်တွေလဲပျက်ပြီး အလုပ်ထုတ်ခံလိုက်ရတဲ့ ဘန်း...သူ့ကို သူ့ကောင်မလေး ဘာလို့ ငြင်းခဲ့တာလဲ.... ဘန်းဟာ စိတ်ညစ်ပြီး ကားအရှိန်နဲ့ မောင်းခဲ့တယ်...ဒီလိုနဲ့ ကားမထိန်းနိုင်ဖြစ်ပြီး လျှိတစ်ခုထဲ ကျသွားခဲ့တယ်...ဘန်းဟာ ကားထဲက ထွက်ပြီး ယောင်လည်လည်နဲ့ အပန်းဖြေစခန်းတစ်ခုထဲရောက်သွားတယ်...အဲ့အပန်းဖြေစခန်းရဲ့ ပိုင်ရှင်အဘီဆိုတဲ့ကောင်မလေးနဲ့ ဆုံခဲ့တယ်...အဘီနဲ့ ဘန်း သံယောဇဉ်တွေဖြစ်ခဲ့တယ်.. ဒါပေမဲ့ ဘန်းရဲ့ အချစ်ဇာတ်လမ်းက တည်မြဲပါ့မလား....ဒီဇာတ်လမ်းထဲက ရတာက လူတိုင်းပြဿနာတွေနဲ့ နေ့စဉ် မိတ်ဆွေဖြစ်ရတာ သိခဲ့ပါတယ်...ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်...CM ပရိတ်သတ်ကြီး "My perfect you" ဆိုတဲ့ ဇာတ်လမ်းလေးကို အားပေးကြပါဦးနော်.... Qty ...
movie

My Perfect You (2018)

2018
My Ex & Whys (2017) 5.8
My Ex & Whys (2017)  ဒီတခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "My Ex and Whys" ဆိုတဲ့ ဖိလစ်ပိုင်အချစ်ဟာသ ဇာတ်လမ်းလေးပါကာလီဟာ Bakit List Girl ဆိုတဲ့ ဘလော့ကို ရေးတဲ့ ဘလော့ဂါတစ်ယောက်ပါBakit ဆိုတာကတော့ ဖိလစ်ပိုင်လို why ဘာလို့လဲ ဆိုတဲ့ အဓိပ္ပါယ်ပါအဲ့ ဘလော့မှာဆိုရင် ဘာလို့ ယောကျာ်းတွေ သစ္စာမရှိတာလဲ ဆိုတဲ့ ခေါင်းစဉ်ကို အဓိကထားပြီး ယောကျာ်းတွေရဲ့ မကောင်းကြောင်းကို ဘာလို့ လဲ ဆိုတဲ့ အမေး တွေ နဲ့ တင်လေ့ရှိပါတယ်ကာလီ ဆိုတဲ့ ကောင်မလေး ယောကျာ်းတွေကို သစ္စာမရှိတဲ့ လူတွေလို့ ဘာလို့ မြင်တာလဲ????ဒီလိုပါ...သူ ဘလော့ဂါမဖြစ်ခင် လွန်ခဲ့တဲ့ ၂နှစ်လောက်က သူ့အဖေနဲ့ အမေ ကွဲခဲ့ပါတယ်ကွဲရတဲ့ အကြောင်းရင်းကလဲ သူ့အဖေ သစ္စာဖောက်တာကြောင့်ပါပြီးတော့ အဲ့အချိန်လောက်မှာဘဲ ဂျီယိုဆိုတဲ့ ခပ်ချောချော လူရှုပ်လူပွေ နဲ့ ...
movie

My Ex & Whys (2017)

2017