Channel Myanmar

Charles Martin Smith

Dolphin Tale 2 (2014) 6.4
Dolphin Tale 2 (2014) Dolphin Tale 2 (2014) ================= IMDb Rating - 6.4/102011ကထွက်ခဲ့တဲ့ Dolphin Tale 1 ရဲ့အဆက်ဖြစ်ပါတယ်။ ဆော်ရာနဲ့ ဝင်းတားစတွေ့ပြီး 3နှစ်တောင်ကြာခဲ့ပါပြီ။ ကလေးသရုပ်ဆောင်တွေဖြစ် ကြတဲ့ ဆော်ရာနဲ့ဟေဇယ်တို့လည်း မြီးကောင်ပေါက်ရုပ်လေးဖြစ်လာတဲ့ အပြင် ဝင်းတားလေးလည်း ပိုထွားလာပါပြီ။ ဒီထဲမှာတော့ ဝင်းတားရဲ့ သူငယ်ချင်းအသစ်လေးဖြစ်တဲ့ လင်းပိုင်ပေါက်စလေးကိုပါ မြင်တွေ့ရမှာ ပါ။ ဒါဖြင့် ဖလော်ရီဒါပြည်နယ်က Clearwater Marine Aquarium ကို အလည်တစ်ခေါက် ထပ်သွားကြပါစို့။ လင်းပိုင်ပုံပြင်လေးကတော့ ဒီကား မှာပဲ အဆုံးသတ်ခဲ့ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(2.28 GB) / (1.12 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Family Translator......Ngwe Zin Encoder..........SWM
movie

Dolphin Tale 2 (2014)

2014
Dolphin Tale (2011) 6.8
Dolphin Tale (2011) Dolphin Tale (2011) =============== IMDb Rating - 6.8/10CM ပရိတ်သတ်ကြီးတို့ရေ။ ငယ်ငယ်က TV မှာလွှင့်ဖူးတဲ့ Dolphin Tale ဆိုတဲ့ ကလေးဘဝရုပ်ရှင်လေးကိုမှတ်မိကြပါသလား။ အမြီးဖြတ်ပစ်လိုက် ရတဲ့ လင်းပိုင်လေးဝင်းတားနဲ့ သူ့ကိုကယ်ပေးခဲ့တဲ့ ဆော်ရာဆိုတဲ့ကောင်လေး တစ်ယောက်အကြောင်းပေါ့။ ပရိတ်သတ်ကြီးတို့ထဲမှာ ကြည့်ဖူးတဲ့သူရှိရင်ဖြင့် လင်းပိုင်လေးဝင်းတားဟာ အပြင်မှာ တကယ်ရှိခဲ့တယ်ဆိုတာရော သိပါသ လား။ ဟုတ်ပါတယ် ဝင်းတားလေးဟာ တကယ်ရှိခဲ့ဖူးပြီး သူဟာ မသန်စွမ်း ကလေးငယ်တွေအတွက် ဘဝကိုအရှုံးမပေးဖို့ တကယ်ကို ခွန်အားဖြစ်စေတဲ့ လင်းပိုင်လေးတစ်ကောင်ပါ။ဝင်းတားလေးဟာ Clearwater Marine Aquarium ကို ဒဏ်ရာများစွာနဲ့ရောက် လာပြီး အမြီးပိုင်းသွေးမလျှောက်တော့တာကြောင့် အမြီးဖြတ်ပစ်လိုက်ရပါတယ်။ လင်းပိုင်တစ်ကောင်အတွက် ရေကူးစရာအမြီးမပါတော့တာဟာ လူတစ်ယောက် ခြေထောက်မပါတော့တာနဲ့အတူတူပါပဲ။ ဒါပေမဲ့ ဝင်းတားဟာ အရှုံးမပေးဘဲ အသက် 16နှစ်ထိ အသက်ရှင်နေထိုင်သွားခဲ့ပါတယ်။ သူ့ရဲ့ Bottlenose Dolphin မျိုးစိတ် သက်တမ်းဟာ နှစ်40ကနေ60ထိ ရှိတာပါ။ ဒါပေမဲ့ အမြီးမရှိတော့တဲ့လင်းပိုင်တစ် ကောင်အတွက်တော့ 16နှစ်ထိ‌နေသွားနိုင်ဆိုတာ တကယ်အံ့ဩဖို့ကောင်းပါတယ်။ ဒါ့အပြင် Dolphin Tale 1,2မှာ ပါဝင်တဲ့လင်းပိုင်လေးဟာ တကယ့်အပြင်ကဝင်းတား အစစ်ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ...
movie

Dolphin Tale (2011)

2011
Air Bud (1997) 5.3
Air Bud (1997) Air Bud (1997) ==========="ခွေးလေးတွေဆိုတာ လူတွေရဲ့အကောင်းဆုံးမိတ်ဆွေ" ဆိုတဲ့ စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ကောင်လေးတစ် ယောက်နဲ့ ခွေးလေး တစ်ကောင်ရဲ့သူငယ်ချင်းသံယောဇဉ်ကို ချစ်စရာ၊ သနားစရာ တွေ့မြင်ကြရမှာပါ။ဂျော့ရှ်ဆိုတဲ့ ကောင်လေးဟာ ဖခင်ဆုံးပြီးတဲ့နောက် မပျော်မရွှင်နဲ့ စိတ်ဓာတ် တွေကျနေသူပေါ့။ ကျောင်းမှာလည်း အဆင်မပြေသလို သူကြိုက်တဲ့ ဘတ် စကတ်ဘောကိုတောင် မကစားတော့ပါဘူး။ တစ်နေ့တော့ ဂျော့ရှ်ကိုစိတ်ဓာတ် တွေတက်ကြွ ပျော်ရွှင်လာစေတဲ့ သူတစ်ဦးပေါ်လာပါတယ်။အဲဒါကတော့ Golden Retriever ခွေးလေးတစ်ကောင်ပါ။ ဘာဒီလို့နာမည်တွင်သွားတဲ့ အာဝုလေးနဲ့ ဂျော့ရှ်တို့ကြားက သံယောဇဉ်ကတော့ ဘတ်စကတ်ဘော သံယောဇဉ်လို့ ပြောရမလိုပါပဲ။ဘာဒီဟာ ဘတ်စကတ်ဘောကစားရာမှာ ဂိုးသွင်းနိုင်တဲ့အထိ ကျွမ်းကျင်လိမ္မာတဲ့ ခွေးလိမ္မာလေးပါ။ ဒီလိုနဲ့ ဘာဒီဟာ ဂျော့ရှ်တို့ရဲ့ကျောင်းဘတ်စကတ်ဘောအသင်းနဲ့ ဘယ်လိုပါ၀င်ပတ်သက်လာမလဲ၊ သူတို့နှစ်ဦး ဘယ်လိုတွေ သံယောဇဉ်နှောင်တွယ် ကြမလဲ၊ ဘာဒီရဲ့ပိုင်ရှင်ဖြစ်သူဆိုတာ ပေါ်လာတဲ့အခါ ဘယ်လိုရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ချစ်စရာ၊ ရယ်စရာမောစရာ၊ သနားစရာ၊ ရသစုံစုံလင်လင် ကြည့်ရှု ခံစားရမှာပါ။ အဲဒါကြောင့် အာဝုချစ်သူတွေသာမက ချစ်စရာကောင်းတဲ့ ဒရမ်မာ ဇာတ်ကားမျိုး ကြိုက်တတ်တဲ့သူတွေပါ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းလေးအဖြစ် ညွှန်းပေးချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(2.11 GB) ...
movie

Air Bud (1997)

1997
A Christmas Gift from Bob 6.8
A Christmas Gift from Bob A Christmas Gift From BOB 2020 ============================== A street cat name BoBထဲက BoB ဆိုတဲ့ကြောင်လေးကိုအကုန်လုံးသိကြမှာပါ ဒီကားက 2020ခရစ်စမတ်အတွက်ထွက်ထားတဲ့ BoBလေးရဲ့ ဒုတိယမြောက်ကားလေးပါ ဘော့ပ်နဲ့သူ့သခင်တို့ဟာအမြဲတမ်းအတူသွားအတူစားအတူနေကြတဲ့အချစ်ဆုံးသူငယ်ချင်းကြီးတွေလိုပါပဲ ဒါပေမယ့်ဘော့ပ်သခင်ဘိုဝမ်ကလမ်းဘေးမှာသီချင်းဆိုပြီးငွေတောင်းရတော့ ပိုက်ဆံလည်းများများစားစားမရရှာပါဘူး ခရစ်စမတ်ရောက်ခါနီး ဆောင်းတွင်းအအေးလှိုင်းဖြတ်တော့ ရေပူဝယ်ဖို့တောင်ပိုက်ဆံမရှိရှာပါဘူး စားဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့သူနဲ့သူ့ကြောင်လေးကြားဂြိုလ်ဆိုးကဝင်လာပါတော့တယ် သူနဲ့ဘော့ပ်လမ်းဘေးမှာသီချင်းဆိုနေတုန်းတိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ကတွေ့ပြီး ဘော့ပ်ကိုသူတို့ဆီပို့ဖို့အကြံလာပေးပါတော့တယ် ဘိုဝမ်ခမျာသူ့ကြောင်လေးကိုတအားချစ်တော့ဘယ်သူ့ကိုမှမပေးနိုင်ဘူးလို့ငြင်းလိုက်ပေမယ့် ဘော့ပ်အတွက်စားစရာတောင်သူမဝယ်ပေးနိုင်တော့တဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ကြပါဦးလို့ BoBလေး မရှိတော့ပေမယ့် BoBလေးကိုသတိရတဲ့အမှတ်တရအနေနဲ့ ဒီကားလေးကိုကြည့်ကြည့်ပါလို့... We Miss You BoB Review and Translated by : Dolly Encoded by : YK
movie

A Christmas Gift from Bob

2020
A Dog’s Way Home (2019) 6.7
A Dog’s Way Home (2019) လူးကပ်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ခွေးဘီလူးပေါက်စလေးဖြစ်တဲ့ဘဲလာကို အမှတ်မထင် ကြုံကြိုက်ရင်း မွေးမြူဖို့ဖြစ်လာပါတယ်သူတို့နေထိုင်နေတဲ့ဒန်ဗာမြို့မှာတော့ ခွေးဘီလူးတွေကပိတ်ပင်ထားတဲ့ခွေးအမျိုးအစားထဲမှာပါပါတယ်တိရစ္ဆာန်ထိန်းသိမ်းရေးကသိလာတဲ့အခါမှတော့ သူတို့ဆက်မွေးမြူဖို့မဖြစ်နိုင်တဲ့အတွက်အိမ်ပြောင်းဖို့ထိ စီစဉ်လာခဲ့ကြပါတော့တယ်ဒါပေမယ့်လည်းတစ်နေ့မှာတော့ ခွေးမလေး ဘဲလာဟာ မထင်မှတ်ပဲထွက်ပြေးပျောက်ဆုံးသွားပါတော့တယ်သူ့သခင်ရဲ့အိမ်ပြန် ဆိုတဲ့စကားလေး တစ်ခွန်းနဲ့ သူဟာအိမ်ကိုမရ အရ ပြန်ဖို့ကြိုးစားခဲ့ပေမယ့် လွယ်လွယ်ကူကူတော့မဖြစ်ခဲ့ပါဘူးသူ့သခင်ကိုချစ်စိတ်နဲ့ အတားအဆီးများစွာကိုကျော်ဖြတ်တဲ့အကြောင်းကိုရိုက်ကူးထားတဲ့ကားလေးပါတကယ်ကို တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ကျော်ခဲ့တာပဲဖြစ်ပါတယ်ခွေးလေးတွေရဲ့မေတ္တာ၊ အချစ်နဲ့ သစ္စာရှိမှုတွေက တကယ်အံ့မခန်းပဲဆိုတာကိုဒီကားမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။“သင့်ဘဝမှာခွေးလေးတွေအများကြီးရှိနိုင်ပေမယ့် ခွေးလေးအတွက်ကတော့ သင်ကကမ္ဘာကြီးပါပဲ” File Size : (959 MB) & ( 262 MB)Quality : HCHDRipRunning Time : 1 hr 36 minFormat : Mp4Genre :Adventure , Drama , FamilySubtitle : Myanmar Subtitle (Hard Sub)Translated by NeveEncoded by May Pyae ...
movie

A Dog’s Way Home (2019)

2019