Channel Myanmar

Christian Desmares

April and the Extraordinary World (2015) 7.4
April and the Extraordinary World (2015) Imdb 7.4 ရရှိထားတဲ့ ပြင်သစ် ကာတွန်းကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့ စိတ်ကူးယဉ် သိပ္ပံကာတွန်းကားမျိုးဖြစ်ပေမဲ့ တွေ့နေရကျပုံစံနဲ့ကွဲပြားပါတယ်။ ၁၉၄၁ ခုနှစ်မှာ ကမ္ဘာကြီးဟာ ကျွန်တော်တို့ သမိုင်းတွေ မှာသိခဲ့တာထက် တော်တော် ကို ကွဲပြားနေပါတယ်။ အဲ့အချိန်မှာ နပိုလီယံ ၅ က ပြင်သစ်နိုင်ငံ ကို အုပ်စိုးနေပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၇၀ အတွင်းမှာလည်း ပညာရှင်တွေ ဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားလေ့ရှိတယ်။ ဒီတော့ ဒီလိုပျောက်ဆုံးသွားတဲ့ အတွက်ကြောင့်နာမည်ကျော်တီထွင်မှု့တွေ ဖြစ်မလာတော့ဘူးပေါ့။ ရေဒီယိုမရှိတီဗွီဆိုတာမရှိ ဒီဇယ်အင်ဂျင်ဆိုတာလည်းမရှိ ကမ္ဘာကြီးဟာ တော်တော်ကို ခေတ်နောက်ကျ လို့နေတာပေါ့။ လွန်ခဲ့တဲ့ ရာစုနှစ်တွေ ကတည်းက တွေ့ ရှိခဲ့တဲ့ ကျောက်မီးသွေး ရေနွေးငွေ့ အင်ဂျင် ဆိုတဲ့ အခြေအနေမှာပဲ ရပ်တံ့ နေတာပါ။ ဒီလိုအခြေအနေမှာ အေဗရယ်လ် ရဲ့ မိဘတွေဟာ သက်ရှိတွေ အတွက် ထူးဆန်းတဲ့ဆေးရည်ကို တီထွင်ခဲ့ကျပါတယ်။ ဒါပေမဲ့ ဆေးရည် အောင်မြင်တဲ့ အချိန်မှာ ...
movie

April and the Extraordinary World (2015)

2015