Channel Myanmar

Clyde Geronimi

Cinderella (1950) 7.3
Cinderella (1950)  ဒီနေ့မှာတော့ CM က Disney ဖန်တွေအတွက်Old but Gold ဆိုတဲ့အတိုင်း ဟောင်းပေမဲ့လည်း ဘယ်အချိန်ကြည့်ကြည့်မရိုးပဲ ကောင်းနေဆဲဆိုတဲ့ ကာတွန်းကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။အဲ့တာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ97% ရထားတဲ့ ကိုယ်တွေငယ်ဘဝရဲ့ အသည်းစွဲCinderella (I) 1950 လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မသိတဲ့သူမရှိသလောက်ပါပဲ။မိထွေးနဲ့ မိထွေးရဲ့သမီး၂ယောက်ဆီမှာ အစေခံတစ်ယောက်လိုအလုပ်လုပ်ပေးရပြီး အနိုင်ကျင့်ခံရတဲ့ စင်ဒရဲလားလေးရဲ့ သနားစရာဘဝဇာတ်ကြောင်းလေးပါပဲ။ ဟိုးအဝေးဆီက နန်းတော်ကြီးဆီလှမ်းမျှော်ကြည့်ပြီး စင်ဒရဲလားလေးဟာ တော်ဝင်ကပွဲကိုတက်ခွင့်ရဖို့စိတ်ကူးယဥ်နေပါသတဲ့။ အဲ့လို စင်ဒရဲလား လေးရဲ့ စိတ်ကူးတွေကိုအကောင်အထည်ပေါ်အောင် သူရဲ့သူငယ်ချင်း ကြွက်ကလေးတွေကဘယ်လိုကူညီကြမလဲ၊ စိတ်ထားမကောင်းတဲ့မိထွေးဆိုးကြီးကဘယ်လိုယုတ်မာပြမလဲ၊ သူတော်ကောင်းနတ်ကောင်းမ ဆိုတဲ့စကားအတိုင်း အစောင့်အရှောက်နတ်သမီးဖွားဖွားက ဘယ်လိုတွေကူညီပေးမလဲ ဆိုတာကို ငယ်ဘဝကခံစားချက်တွေ နဲ့ ရသစုံလင်စွာပျော်ပျော်ရွှင်ရွှင်ခံစားကြည့်ရှုနိုင်ဖို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။သီချင်းလေးတွေကအစ သေချာလေးခံစားဘာသာပြန်ပေးထားတာမို့CM လက်ရာ ကောင်းကောင်းလေးနဲ့ တစ်ဖန်ပြန်လည်ခံစားကြည့်ရှူချင်ကြတဲ့ ပရိတ်သတ်ကြီးတို့အတွက် down ရကျိုးနပ်စေမယ့်ကားကောင်းလေးတစ်ကားဖြစ်စေရဖို့ ...
movie

Cinderella (1950)

One Hundred and One Dalmatians (1961) 7.3
One Hundred and One Dalmatians (1961) One Hundred and One Dalmatians (1961)~ IMDb - 7.3/10, Rotten Tomatoes - 98% ~ပထမဆုံးပြောချင်တာကတော့ Animated Movies တွေကို ရှေးခေတ်က ဖန်တီးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေပေါ့ဗျာ။ ဓာတုဆေးရည်တွေသုံးပြီး အရောင်ခြယ်ပုံတွေ မိတ္တူဆွဲခဲ့ကြတုန်းက အရောင်စိုစိုပြောင်ပြောင်တွေ ရခဲ့တဲ့ခေတ်အပြီးမှာတော့ မင်ခြောက်ကိုသုံးပြီး မိတ္တူဆွဲ Cell ထဲထည့်တဲ့ခေတ်ကို ရောက်လာပါတယ်။ မနှင်းဖြူနဲ့ လူပုလေးတွေ၊ အခုတင်ဆက်မယ့် ဒယ်မေးရှင်း တစ်ရာ့တစ်ကောင် တို့ကစလို့ နှောင်းပိုင်း Animated Movies တွေအထိ ဆင့်ကဲတိုးတက်သုံးစွဲလာတဲ့ နည်းလမ်းတစ်ခုပါ။မင်ခြောက်ဖြစ်တဲ့အတွက် အရောင်တွေက သဘာဝနဲ့နီးစပ်ပြီး မိတ္တူဆွဲပြီးတာနဲ့ Cell တွေထဲ တစ်ခါတည်းထည့်လို့ Computerized Animation လုပ်လို့လည်း ရသပေါ့လေ။ ဒါပေမဲ့ 101 Dalmatians မှာတော့ Computer ရဲ့ Artificial ...
movie

One Hundred and One Dalmatians (1961)

Sleeping Beauty (1959) 7.3
Sleeping Beauty (1959) အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ယနေ့ထက်ထိတိုင်အောင်မြင်မှု့တွေရရှိနေတဲ့Animation ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်....ဒီကားလေးနဲ့အတူစင်ဒရဲလား..စနိုးဝှိုက်နဲ့ တခြားသောDisney မင်းသမီးလေးကားများစွာလည်းထွက်ပေါ်လာခဲ့ပါတယ်...ဒီကားလေးဟာလူငယ်တွေများရေပန်းစားခဲ့ပြီး ယုံတမ်းပုံပြင်နဲ့အိပ်ရာဝင်ပုံပြင်အဖြစ်လည်း ဒီနေ့ထိတိုင်ကလေးငယ်တွေကြားရေပန်းစားခဲ့ပါတယ်...အားလုံးသိကြတဲ့အတိုင်းပဲ အိပ်ပျော်နေတဲ့မင်းသမီးလေးကိုတကယ့်ဖူးစာရှင်တစ်ဦးတည်းကသာနမ်းမှသာ ကျိန်စာတွေပျယ်သွားမှာပဲဖြစ်ပါတယ်...Disney ရဲ့ တင်ဆက်ခဲ့သမျှ Animation ကားတွေထဲက ကားကောင်းတစ်ကားအဖြစ်ပါဝင်နေပြီးတော့ရောင်းအားအကောင်းကားနဲ့စာအုပ်တွေအဖြစ်ပါထွက်ရှိခဲ့ပါတယ်...ကျွန်တော်တို့ငယ်ငယ်လေးတည်းက အရမ်းကိုနှစ်သက်ခဲ့ရတဲ့ကားကောင်းလေးတစ်ကားဆိုလည်းမမှားပါဘူး..ဒါကြောင့် အိပ်ရာဝင်ပုံပြင်အဖြစ်ကော ယခုခေတ်ကလေးငယ်လေးတွေပါကြည့်ရှု့နိုင်ရန်တင်ဆက်ပေးလိုက်ပါတယ်...Quality…..BluRay 1080p DTS5.1Ch and 720p Duration…..01:15:00 Format…Mp4 File Size…1.21GB and 740MB Encoder…..Moe Myint Lwin  and YK   
movie

Sleeping Beauty (1959)

1959
Alice in Wonderland (1951) 7.4
Alice in Wonderland (1951)   Animation ကားကောင်းလေးတစ်ကားဖြစ်တဲ့ Alice In Wonderland စာ 1951 ခုနှစ်ကထွက်ရှိထားခဲ့ပြီးတော့ Movie ပြန်ရိုက်ရတဲ့အထိကိုအောင်မြင်မှု့ရရှိခဲ့ပါတယ်.... ဇာတ်လမ်း အကျဉ်းကိုပြောပြရမယ်ဆိုရင် ယုန်လေးတစ်ကောင်နောက်ကို စူးစမ်းပြီးလိုက်ခဲ့တဲ့ အဲလပ်လေးတစ်ယောက် သူစိတ်ကူးထားတဲ့ သူတကယ်ဖြစ်ချင်နေတဲ့ ထူးဆန်းပြီး အပြင်မှတကယ်မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်ကမ္ဘာလေးထဲကိုရောက်ရှိသွားခဲ့ပါတယ်... မြင်မြင်သမျှအရာအားလုံးက သူမအတွက်တော့တကယ်ကိုအထူးဆန်းတွေချည်းပဲဖြစ်နေလို့ နောက်ဆုံးတော့ သူမအိမ်ကိုပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်... အဲ...ဒါပေမယ့် သူမအိမ်ပြန်ဖို့လမ်းရှာနေတဲ့အချိန်မှာ အနီရောင်ဘုရင်မနဲ့စတွေ့ပါတော့တယ်... အနီရောင်ဘုရင်မကတော့ ရက်စက်တဲ့နေရာမှာ နှစ်ယောက်မရှိသူပါ... ဒီလိုရက်စက်တဲ့ အနီရောင်ဘုရင်မလက်ထဲကနေ လွတ်မြောက်အောင် အဲလပ်လေးဘယ်လိုလုပ်မလဲ... သူမအိမ်ကောပြန်ရောက်နိုင်မလားဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်.... ဒီကားလေးဟာတော့ Animation ကြိုက်သူများအတွက်အထူးသင့်တော်တဲ့ ညအိပ်ရာဝင်ပုံပြင်ကားလေးပဲဖြစ်ပါတယ်.. မိဘများအနေနဲ့လည်းသားသားလေး မီးမီးလေးများကို အိပ်ခါနီးအချိန် ပြသပြီးချော့သိပ်လို့ရပါတယ်...Quality…..BluRay 1080p Duration…..01:15:00 Format…Mp4 File Size…(539 MB , 306 MB ) Encoder…..Moe Myint Lwin Translator…..Myat Ko Ko Download with VIP Link  Download with Openload  Download with Openload (Small Size)  
movie


1951