Channel Myanmar

Dave Franco

The Rental 7.3
The Rental ဒီတစ်​​ခေါက်မိတ်ဆက်​ပေးချင်တာက​တော့ ညဘက်မှာ ​ကျောခြမ်းစရာ Thriller ​လေး​တွေမှ ကြည့်ချင်တယ်ဆိုတဲ့ ​လူ​တွေအတွက် အကြိုက်ဖြစ်ပါလိမ့်မယ် ။ ခရီး​တွေသွားတဲ့အခါ ငှားလို့ရတဲ့ လုံးချင်းအိမ်​လေး​တွေကို သိကြမယ်မလား ။ အခုဇာတ်အိမ်ကလည်း အဲ့လိုအိမ်​လေးအ​ပေါ် အ​ခြေခံထားခဲ့တာပါ ။ ချာလီနဲ့ ​ဂျော့ရှ်က ညီအစ်ကို နှစ်ဦးဖြစ်ပြီး သူတို့ရဲ့ ချစ်သူ​တွေဖြစ်တဲ့ မီရှယ် ၊ မီနာ တို့နဲ့အတူ ပိတ်ရက်မှာ ကမ်း​ခြေကို ခရီးထွက်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ် ။ ငှားထားတဲ့ အိမ်ကို ​ရောက်လာတဲ့အခါမှာ​တော့ အိမ်ပိုင်ရှင်က နည်းနည်း ထူးဆန်းပြီး ​လူမျိုး​ရေးခွဲခြားတတ်တဲ့ သူတစ်​ယောက်လည်း ဖြစ်​နေပြန်တာမလို့ မီနာက သ​ဘောမကျခဲ့ပါဘူး ။ ဒီလိုနဲ့ပဲ ညဘက်​​ရောက်တဲ့အခါမှ ​သောက်စားမူးယစ်ရင်း မီနာက သူ့ရည်းစားရဲ့ ညီဖြစ်သူ ချာလီနဲ့ မှားယွင်းမိပြီး နောက်တစ်​နေ့မှာ​တော့ သူတို့ရဲ့ ​ရေချိုးခန်း​တွေထဲမှာ ကင်မရာ ဆင်ခံထားရတာကို သိလိုက်ရပါ​တော့တယ် ။ ဒါတင်မက တခြားရှုပ်​ထွေးတဲ့ကိစ္စကပါ ထပ်ပြီး ထွက်​ပေါ်လာတဲ့အချိန်မှာ​တော့ သူတို့​လေး​ယောက်က ဒါ​တွေက ဘယ်လိုမျိုး ​ဖြေရှင်းကြမလဲ ဆိုတာကို ဇာတ်ကွက်အလှည့်အ​ပြောင်းကြမ်းကြမ်း ၊ အသည်းတယားယားနဲ့ ကြည့်ရမှာ ဖြစ်သလို ချစ်သူ​တွေကြားက က​တောက်ကဆကိုပါ မြင်သာ​အောင် ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ကား​ကောင်း တစ်ခုလည်း ဖြစ်ပါတယ် ။    File Size - 954 ...
movie

The Rental

2020