Channel Myanmar

Devashish Makhija

Joram (2023) 7.4
Joram (2023) Joram (2023) "ဂျိုရမ်"IMDb 7.4 ရထားတဲ့ ဟင်ဒီ thriller ရုပ်ရှင်ကားသစ်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ရွေးချယ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆုနဲ့ သရုပ်ဆောင်ဆုတွေ ဆန်ခါတင်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်ခေတ်ပျက်တစ်ခုမှာ တည်ထားပြီး အရာရာယိုယွင်းနေတဲ့ အုပ်ချုပ်ရေးနဲ့အတူ ငတ်မွတ်မှုတွေ အာဏာပိုင်တွေရဲ့ လျှို့ဝှက်ချက်တွေ ကြားထဲမှာ ရုန်းကန်ရတဲ့ လူတွေအကြောင်းကို တင်ဆက်ထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းကို အဓိကဇာတ်ကြောင်းနှစ်ခုနဲ့ တည်ဆောက်ထားပါတယ်... ဖခင်တစ်ယောက် ၃ လသားအရွယ် သမီးလေးကို ပိုက်ပြီး အာဏာပိုင်တွေရဲ့ လက်ကနေ ထွက်ပြေးနေရပုံကို ပြထားပြီး နောက်ထပ် ဇာတ်သွားတစ်ခုမှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုဇာတ်လမ်းကို ပုံဖော်ထားပါတယ်Dasru တစ်ယောက် ဘာဖြစ်လို့ ထွက်ပြေးနေရလဲ သူ့ရဲ့ အတိတ်က ဘာတွေများ အရှုပ်အရှင်းတွေ ရှိခဲ့လဲ... အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ကားလိပ်ချသည့်တိုင် ဇာတ်လမ်းရဲ့ လျှို့ဝှက်ဆန်မှု မပျောက်သွားပဲ သမီးအတွက် အရာရာကို ရင်ဆိုင်မယ့် ဖခင်တစ်ယောက်ရဲ့ သတ္တိကို မြင်တွေ့ရမှာပါအိန္ဒိယရုပ်ရှင်တွေရဲ့ သမာရိုးကျ ဒိုင်ယာလော့ခ်အခြေခံတဲ့ ရုပ်ရှင်တွေနဲ့ အတော်လေးကွဲထွက်ထားပြီး "အပြောထက် အပြ" ...
movie

Joram (2023)

2023
Bhonsle(2020) 7.1
Bhonsle(2020) Bhonsle(2020)ဒီဇာတ်ကားကတော့ IMDB rating 7.1 ရရှိထားတဲ့ HindiအမျိုးအစားBollywood Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဘွန်ဆလေးဆာဟိဘ်ဆိုတဲ့သူဟာ ချာ်ချိုပရာလ်လို့ခေါ်တဲ့အိမ်ကြီးမှာနေတဲ့မရာထီလူမျိုးတွေအလေးထားရတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူဟာ မရာထီရဲအရာရှိတစ်ယောက်ဖြစ်ပြီးအသက် ၆၀ ပြည့်သွားတဲ့အတွက်ပင်စင်ရသွားခဲ့ပါတယ်။ဒါပေမယ့်လည်းအလုပ်ထပ်ဝင်ဖို့အမျိုးမျိုးကြိုးစားပါတယ်။ မရာထီလူမျိုးနိုင်ငံရေးသမားတစ်ယောက်က ဂန်ပသီဘုရားပွဲကိုမရာထီလူမျိုးတွေပဲလုပ်ကြမယ်လို့စီစဉ်ထားကြပြီးနေရပ်ခြားမှပြောင်းလာသူဘီဟာရ်လူမျိုးတွေကိုမဝင်ရှုပ်စေချင်တာအပြင်ရန်ပွဲလုပ်မိသွားတယ်...အဲ့ဒီကစလို့ ပြဿနာအကြီးကြီး တက်ပါတော့တယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ကြည့်ကြပါကုန်.....ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်...File Size : (950 MB) and (459 MB) Quality : WEB-DL 720p Format…mp4 Duration…02:08:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Bhonsle(2020)

Ajji(2017) 7.2
Ajji(2017) လောကကြီးမှာ ရာထူးရာခံရှိသူတွေ ငွေကြေးဥစ္စာပေါကြွယ်ဝသူတွေဆိုတာအမှုကိစ္စတစ်ခုခု ကျူးလွန်ခဲ့ပြီးရင်တောင် သက်ဆိုင်ရာအကြီးအကဲတွေကိုအဆင့်ဆင့်လာဘ်ထိုး ဖုံးဖိရင်း ပြစ်ဒဏ်မခံရပဲ လွတ်မြောက်လေ့ရှိပါတယ်ဒီဇာတ်ကားလေးမှာလည်း အဘွားအိုတစ်ယောက်ရဲ့ ဆယ်နှစ်အရွယ် မြေးမလေး မန်ဒါဟာသူ့ရဲ့အိမ်အပြန်လမ်းမှာ လူယုတ်မာတစ်ယာက်ရဲ့ မတော်တရော်ပြုခြင်းခံရပြီးသူပြေးလွှားဆော့ကစားနေကျ နေရာအနီးတစ်ဝိုက်က အမှိုက်ပုံတစ်ခုမှာစွန့်ပစ်ခံထားရပါတယ်အဘွားအိုနဲ့မိသားစုအပေါင်းအသင်းတွေဟာ မြေးမလေးကို ရှာတွေ့တွေ့ချင်းမှာပဲရဲအရာရှိတစ်ဦးကို ကျိုးကြောင်းကုန်စင်ပြောပြပြီး အမှုဖွင့်ဖို့ကြိုးစားပါတယ်ဒါပေမဲ့လည်း ကလေးမရဲ့ထွက်ဆိုချက်တစ်ခုအရ တရားခံဟာအမတ်မင်းတစ်ဦးရဲ့ဖြစ်ကြောင်း သိရှိပြီးနောက်ပိုင်းမှာတော့အဆိုပါ ရဲရာရှိဟာ နစ်နာသူ ကလေးမလေးအတွက် တရားမျှတမှုကိုရှာဖွေပေးရမဲ့အစား နစ်နာသူနဲ့မိသားစုဝင်တွေကျူးလွန်မိနေတဲ့တရားမဝင်လုပ်ငန်းတွေကိုသာ အပြစ်ဖို့ပြောဆိုလာပါတယ်ဒီလိုနဲ့ တရားဥပဒေအရ သူ့မြေးမလေးအတွက် တရားမျှတမှုကို မရယူပေးနိုင်တော့ကြောင်းသိလိုက်တဲ့ အဘွားအိုကတော့ တရားမျှတမှုကိုရဖို့ထက်သူ့နည်းသူ့ဟန်နဲ့ လူမဆန်တဲ့ မဒိမ်းကောင်ကို လက်စားချေနိုင်ဖို့ကြိုးစားတဲ့အခါမှတော့သူ့ရဲ့ကြိုးစားအားထုတ်မှုကကော အရာရောက်ပ့ါမလားသူရည်မှန်းထားတဲ့အတိုင်း လုပ်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ရအောင်ဗျာ
movie

Ajji(2017)

2017