Channel Myanmar

Francis Lawrence

The Hunger Games: Mockingjay – Part 2 (2015) 6.6
The Hunger Games: Mockingjay – Part 2 (2015) The Hunger Games: Mockingjay - Part 2 (2015)IMDb Rating (6.5) / Rotten Tomatoes (70%)ကတ်နစ်တို့တော်လှန်ရေးကိုနယ်မြေတိုင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာကြောင့် နယ်မြေ၂ကို ကတ်နစ်တို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့လိုအပ်လာပါတယ်။ ကတ်နစ်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဂေးလ်မှာ အရင်နဲ့မတူညီတဲ့စိတ်တွေကိုလဲ ကတ်နစ်တစ်ယောက်မြင်လာပါတော့တယ်။ ကတ်ပီတယ်ရဲ့မြှပ်ကွယ်တဲ့ထားတဲ့ဗုံးတွေ လက်နက်တွေကို ရှာဖွေတဲ့ရှေ့တန်းကိုကတ်နစ်ရောက်လာပြီးတော့ တခြားသောတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စနိုးကိုဖြုတ်ချဖို့အတွက်ကြိုးစားကြပါတော့တယ်။ဒါပေမယ့် အချိန်တွေကြာလာလေလေ ကတ်ပီတယ်ရဲ့လက်နက်တွေကြားမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေပေးလိုက်ရလေလေနဲ့ပဲ နောက်ဆုံးအချိန်ထိ ကတ်နစ်တို့တောင့်ခံပြီးတော့ စနိုးကိုရင်ဆိုင်သွားနိုင်ပါ့မလား။တကယ်လို့ သူတို့အနေနဲ့ စနိုးတို့တည်ရှိနေတဲ့ ကတ်ပီတယ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ အောင်နိုင်သူတွေဖြစ်ကြတဲ့ ကတ်နစ်အဲဗာဒင်းနဲ့ ပီတာမယ်လော့ခ် ၊ဂေးလ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရော နောက်ဆုံးဘယ်လို့အဆုံးသတ်သွားနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။အိမ်မက်ဆိုးတွေဟာလူတိုင်းမှာရှိကြပါတယ်။ ဒီအိမ်မက်ဆိုးတွေဟာ ဘယ်တော့မှထွက်ခွာသွားကြမှာ မဟုတ်ဘူးဆိုတာကိုလဲ သိကြမှာပါ ဒီတော့ ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ.......။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:16:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myo Nyunt
movie

The Hunger Games: Mockingjay – Part 2 (2015)

2015
4K HEVC
The Hunger Games: Mockingjay – Part 1 (2014) 6.6
The Hunger Games: Mockingjay – Part 1 (2014) The Hunger Games: Mockingjay - Part 1 (2014)IMDb Rating (6.6) / Rotten Tomatoes (70%)ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC Format…mkv/mp4 Duration….02:02:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Aye Chan Su
movie

The Hunger Games: Mockingjay – Part 1 (2014)

2014
4K HEVC
The Hunger Games: Catching Fire (2013) 7.5
The Hunger Games: Catching Fire (2013) The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie

The Hunger Games: Catching Fire (2013)

2013
4K HEVC
Constantine (2005) 7.0
Constantine (2005) Constantine (2005)_______IMDb - 7.0/10  ဒီနေ့တင်ပေးမယ့် ဇာတ်ကားကတော့ CM ပရိတ်သတ်တို့ ဂွတ်ရှယ်အကြိုက်တွေ့မယ့်ဇာတ်ကားပါပဲ မက်ထရစ်နဲ့ speed စတဲ့ ဇာတ်ကားတို့အပြင် မကြာသေးခင်ကထွက်ထားတဲ့ John Wick ဇာတ်ကားတို့ရဲ့သရုပ်ဆောင် ကမ္ဘာကျော်မင်းသား Keanu Reeves ရဲ့ ခပ်မိုက်မိုက်ဇာတ်ကားတစ်ကားပါ 2005 ခု နှစ်မှာထွက်ရှိထားပြီး ဒါရိုက်တာ Francis Lawrence က ရိုက်ကူးပြီး ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာရိုက်ကူးခဲ့တာ ရုပ်ရှင်အတွက် ပြန်ရတဲ့ငွေကတော့ ဒေါ်လာ သန်း ၂၃၀ ပဲဖြစ်ပါတယ် IMDb Rating မှာလည်း 7.0 ရရှိထားပါတယ်.. ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကိုအမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်.. မကောင်းဆိုးဝါးတွေ..ကြားထဲမှာပဲ သူ့ဘဝကိုရှင်သန်ပြီး..သူလုပ်ခဲ့တဲ့ အရာတွေကြောင့်သူသေရင် ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိပါတယ်..ဆေးလိပ်အရမ်းသောက်တာကြောင့် အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ..ကွန်စတန်တင်းဟာ သူသေရင် ငရဲအစားကောင်းကင်ဘုံကို တက်ရဖို့အတွက်..စွန့်စားမှုတခုကို အမြဲတမ်းလိုက်ရှာပြီး လုပ်ဖို့ကြိုးစားနေပါတယ်..သူ့ရဲ့ဝိဉာဉ်ဟာငရဲနဲ့ပဲသက်ဆိုင်တယ်လို့ မကောင်းဆိုးဝါးတွေကလည်း ယူဆတဲ့အတွက် သူ့ကိုအမျိုးမျိုးသတ်ဖို့ကြိုးစား..စိတ်အနှောက်အယှက်ပေးနေကြပါတယ်. တစ်နေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ညီမဖြစ်သူကို မကောင်းဆိုးဝါး နတ်ဆိုးတွေလိုက်လံနှောက်ယှက်တဲ့အခါမှာ..ဂျွန်ဟာ အဲ့အမျိုးသမီးဘက်ကနေ ကူပါတော့တယ်.. ကောင်းကင်တမန် ..နဲ့..နတ်ဆိုးတွေ..အပြင်..နတ်ဆိုးဘုရင် လူစီဖာ နဲ့ပါ..ပါဝင်ပတ်သတ်မှုတွေနဲ့အတူ ဂျွန် ကွန်စတန်တင်းရဲ့ စွန့်စားမှုတွေ..ခပ်မိုက်မိုက်ရိုက်ချက်တွေကို ဆက်လက်ရှုစားကြပါFile ...
movie

Constantine (2005)

2005
Red Sparrow (2018) 6.6
Red Sparrow (2018) Red Sparrow (2018) ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ...
movie

Red Sparrow (2018)

2018
4K HEVC
Slumberland (2022) 6.6
Slumberland (2022) Slumberland (2022)Jason Momoa ကြီးပါဝင်တဲ့ Slumberland ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။နီမိုဆိုတဲ့ ကလေးမလေးဟာ ကျွန်းတစ်ကျွန်းပေါ်က မီးပြတိုက်မှာ အဖေနဲ့အတူနေလာရင်း တစ်နေ့မှာ သူ့အဖေဆုံးပါးသွားခဲ့ပါတယ်။ ငယ်ငယ်တည်းက အမေဆုံးပါးခဲ့တာဖြစ်ပြီး အဖေပါမရှိတော့တဲ့ နီမိုဟာ တစ်ယောက်တည်းကျန်ခဲ့ကာ သူ့အဖေမသေခင်က ဆန္ဒအတိုင်း မြို့ကြီးပေါ်က သူ့ဦးလေးဆီမှာ သွားနေရပါတယ်။ဒါပေမဲ့ နီမိုဟာ သူ့ဘဝမှာ အဖေတစ်ယောက်တည်းပဲရှိခဲ့တာကြောင့် အိပ်မက်ထဲမှာ သူ့အဖေနဲ့ ပြန်တွေ့ချင်နေရှာပါတယ်။ ဒီအပြင့် သူ့အဖေထားခဲ့တဲ့ လျှို့ဝှက်မြေပုံတစ်ခုရှိပါသေးတယ်။ဒီမြေပုံဟာ အိပ်မောကျတိုင်းပြည်က ပုလဲတွေရှိရာကို ညွှန်ပြပေးတာဖြစ်ပြီး အဲဒီပုလဲရရှိသူဟာ လိုရာဆုတစ်ခုတောင်းရင် အိပ်မက်ကမ္ဘာထဲမှာ ဆန္ဒတွေပြည့်ဝနိုင်ပါတယ်။ ဒီတော့ နီမိုဟာ မြေပုံနဲ့အတူ သူ့အဖေသူငယ်ချင်း ဝရမ်းပြေးကြီးဖလစ်အကူအညီနဲ့ အိပ်မက်တစ်ခုကနေ တစ်ခုဆီ ခုန်ကူးရင်း ပုလဲကိုလိုက်ရှာတဲ့အခါ ...ကျန်တဲ့ နီမိုရဲ့ စွန့်စားခန်းနဲ့ အလွဲလေးတွေကိုတော့ ဇာတ်လမ်းလေးထဲ ခံစားကြည့်ရှုလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။)File Size      ...
movie

Slumberland (2022)

2022
I Am Legend (2007) 7.2
I Am Legend (2007) I Am Legend 2007==============#UnicodeIMDb Rating 7.2/10 ထိရရှိထားတဲ့ နာမည်ကျော် သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီဇာတ်ကားက နောက်ထပ် ဇာတ်သိမ်းတစ်မျိုးနဲ့ ထပ်ထွက်သေးတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဇာတ်လမ်းကတော့ ပုံစံတူတူပါပဲ။ ကမ္ဘာတစ်ခုလုံးကို ဗိုင်းရပ်ပျံ့နှံ့သွားပြီး သူတစ်ယောက်တည်းကျန်နေခဲ့တာပါ။ ဗိုင်းရပ်ကို ကုသဖို့ နည်းလမ်းရှာနေရင်း သူ့ရဲ့ နောက်ဆုံး အဖော်အဖက်ဖြစ်တဲ့ ခွေးလေး ဆမ် သေသွားတဲ့အချိန်မှာ သူ့ကိုသူ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သေလုဆဲဆဲမှာ အမျိုးသမီးတစ်ယောက်လာရောက် ကယ်တင်တာကိုခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆိုတာကို သိလာရပါတယ်။ ဒီအမျိုးသမီးက ဘာလို့သူ့ဆီကိုရောက်လာတာလဲ။ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာက ပထမဇာတ်ကားနဲ့ ကွဲသွားမှာပါ။ Rating ကတော့ IMDb 7.2 ချင်း တူတူပါပဲ။ Quality – 1080P, ...
movie

I Am Legend (2007)

2007