Channel Myanmar

Frank Capra III

A Few Good Men (1992) 7.7
A Few Good Men (1992) A Few Good Men(1992) IMDb.....7.7,,,,,Rotten.....82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်...အဲ့လိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်.....ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်....စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်.... ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်...ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်..အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး....သို့ပေမယ့် စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်... ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်....ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး....ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ.... IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း.  Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့  ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့..... ------------------------------------------------ File Size :(2.1GB) (748MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:18:00 Genre :  Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye ...
movie

A Few Good Men (1992)

1992
Flipped(2010) 7.7
Flipped(2010) Flipped(2010)IMDb....7.7လူ့တို့ရဲ့ သဘောဟာ ဆန်းကျယ်တယ်ထင်ပါရဲ့..ချိုဆိမ့်တဲ့အရသာကို ကြိုက်ကြသလို ဖန်ငန်စပ်အရာသာကိုလည်းကြိုက်ကြတာပဲ.. ဒီလိုပဲ အချစ်၊အလှ ၊အလွမ်းဆိုတဲ့ သိမ်မွေ့နူးညံတဲ့ ခံစားမှုစည်းစိမ်ကိုနှစ်သက်ကြသလို ကြမ်းတမ်းထိတ်လန့်စရာ စည်းစိမ်ကိုလည်း နှစ်သက်ကြတာပါပဲ...မည်သို့ပင်ဆိုစေအချစ်၊အလှ ၊အလွမ်းဖွဲ့ဇာတ်ကားလေးတွေခံစားချင်တဲ့သူတွေအတွက် ဒီကားလေးတင်ပေးလိုက်ပါတယ်...၂တန်းကလေးအရွယ် ဘရိုက်စ်ဆိုတဲ့ကောင်လေးတို့မိသားစုက ဂျူလီဆိုတဲ့ကောင်မလေးရှိတဲ့ အိမ်နားကိုပြောင်းလာတယ်... ကောင်မလေးကတော့ပထမဆုံးတွေ့တွေ့ချင်းကောင်လေးရဲ့ တောက်ပတဲ့မျက်လုံးတွေနဲ့အကြည့်ချင်းဆုံမိပြီး သဘောကျသွားတယ်.. ဖြစ်ချင်တော့ကောင်လေးက သူ့ကိုတစ်စက်ကလေးမှသဘောမကျ စိတ်ပျက်စရာကောင်မလေးအမြင်ကပ်စရာလေးလို့ပဲမြင်နေတာပါပဲ...ဒီကားက ကောင်မလေးရဲ့ အမြင်ရယ် ကောင်လေးရဲ့အမြင်ရယ်ကို အချိုးကျပြသသွားတယ်...ဆယ်ကျော်သက်ရွယ် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့အချစ်နဲ့ပတ်သက်ပြီးတွေ့ကြုံခံစားသိမြင်ပုံလေးတွေကို လှလှပပလေးရိုက်ပြသွားတာပါ ...တစ်ချို့သောသူတွေအတွက် ပျော်ရွှင်ဖွယ်ရာ စိတ်ကူးယဉ်ကမ္ဘာထဲကိုရောက်နေသလိုတောင်ခံစားရနိုင်တယ်...အယ် တစ်ချို့သောသူတွေအတွက် ငယ်ဘဝ ငယ်ချစ်ဦးကို ပြန်လွမ်းဆွတ်တမ်းတပြီးအလွမ်းပြေစရာတစ်ခုခုဖန်တီးသွားလောက်တယ်...ဥပမာ ငယ်ငယ်ကချစ်ဖူးခဲ့တဲ့သူအတွက်ရည်စူးရေးစပ်ထားဖူးတဲ့ကဗျာစာအုပ်အဟောင်းလေးတွေကိုတောင်ပြန်ဖတ်သွားတာမျိုးပေါ့...အယ် ဆယ်ကျော်သက်လူငယ်တွေအတွက်တော့ ဆင်ခြင်စရာလေးတွေအတုယူစရာလေးတွေရသွားမှာပေါ့ဗျာ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  JtheKoalaဖြစ်ပါတယ်...File Size : (2.1GB) and (730MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:30:00 Genre :  Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Phyo Pyae
movie

Flipped(2010)

2010
The Bucket List (2007) 7.4
The Bucket List (2007)   ဒီကားဟာ ဘာသာပြန်သူအရမ်းကြိုက်တဲ့ ဇာတ်ကားပါ ဒီဇာတ်ကားကနေ ဘဝအတွက် အတွေးတစ်ခုခုရမယ်ဆိုတာ အသေအချာပါပဲ ကင်ဆာရောဂါသည်တွေဖြစ်တဲ့ ဘီလီယံနာ အက်တ်ဝေါ့ကိုးလ် နဲ့ စက်ပြင်ဆရာ ကတ်တာချိန်ဘာတို့ဟာ ဆေးရုံခန်းတစ်ခန်းထဲ တူတူမနေရခင်အထိ လုံးဝသူစိမ်းနှစ်ယောက်ပါပဲ သူတို့ဟာ သူတို့ကိုယ်သူတို့ရှာတွေ့ဖို့နဲ့သူတို့မသေခင် လုပ်ချင်တာတွေ လုပ်သွားဖို့ ဆန္ဒကြောင့် ဆရာဝန်တွေတားတာတောင်မမှုပဲ ဆေးရုံက ထွက်သွားပြီး ဘယ်လိုတွေ စွန့်စားကြလဲ ဘဝအဓိပ္ပာယ်နဲ့သူတို့ကို သူတို့ရှာတွေ့သွားကြမှာလားဆိုတာကို ဇာတ်လမ်းမှာ ကြည့်ကြည့်လိုက်ပါ (ဘာသာပြန်သူကတော့ အဉ္ဇလီ သန်းထိုက် ပါ) ------------------------------------------------------------ ဒီကားဟာ ဘာသာပြန်သူအရမ်းကြိုက်တဲ့ ဇာတ်ကားပါ ဒီဇာတ်ကားကနေ ဘ၀အတွက် အတွေးတစ်ခုခုရမယ်ဆိုတာ အသေအချာပါပဲ ကင်ဆာရောဂါသည်တွေဖြစ်တဲ့ ဘီလီယံနာ အက်တ်ဝေါ့ကိုးလ် နဲ့ စက်ပြင်ဆရာ ကတ်တာချိန်ဘာတို့ဟာ ဆေးရုံခန်းတစ်ခန်းထဲ တူတူမနေရခင်အထိ လုံးဝသူစိမ်းနှစ်ယောက်ပါပဲ သူတို့ဟာ သူတို့ကိုယ်သူတို့ရှာတွေ့ဖို့နဲ့သူတို့မသေခင် လုပ်ချင်တာတွေ လုပ်သွားဖို့ ဆန္ဒကြောင့် ဆရာဝန်တွေတားတာတောင်မမှုပဲ ဆေးရုံက ထွက်သွားပြီး ဘယ်လိုတွေ စွန့်စားကြလဲ ဘ၀အဓိပ္ပာယ်နဲ့သူတို့ကို သူတို့ရှာတွေ့သွားကြမှာလားဆိုတာကို ဇာတ်လမ်းမှာ ကြည့်ကြည့်လိုက်ပါ (ဘာသာပြန်သူကတော့ အဉ္ဇလီ သန်းထိုက် ပါ)  File Size : (700 MB) Quality : 720pBluray Running Time : 1hr ...
movie

The Bucket List (2007)

2007