Channel Myanmar

Gary Ross

Pleasantville (1998) 7.5
Pleasantville (1998) Pleasantville (1998)~ IMDb - 7.5/10, Rotten Tomatoes - 86% ~ဒီခေတ်က ဖြစ်ရပ်တွေကိုကြည့်ရင်း "အရင်ခေတ်ကလူတွေသာ ဒါကိုမြင်ရင် ဘယ်လိုနေမလဲ" ဆိုတာမျိုးကို တစ်ခါလောက်တော့ တွေးမိဖူးကြမယ့်လူတွေများပါလိမ့်မယ်။ ဒီရုပ်ရှင်ကတော့ အဲဒီလိုအရင်ခေတ်တစ်ခုကိုပြန်ရောက်သွားတာပါ။ သိပ္ပံကားတွေလို အချိန်ခရီးသွားရင်း တကယ့်သမိုင်းထဲရောက်တာမျိုးတော့မဟုတ်ဘူးပေါ့။ ဒေးဗစ် နဲ့ ဂျန်နဖာဆိုတဲ့ အမွှာမောင်နှမ ၂ယောက်က ၁၉၅၀ လောက်က တီဗီရှိုးတစ်ခုဖြစ်တဲ့ Pleasantville ဆိုတဲ့အစီအစဉ်ထဲကို ပဉ္စလက်ဆန်ဆန် ဝင်ရောက်သွားတာဖြစ်ပါတယ်။ပလဲဆန့်ဗေးလ်က ပြောရမယ်ဆိုရင် စိတ်ကူးယဉ်အိပ်မက်ကမ္ဘာလိုပါပဲ။ လူတိုင်းတာဝန်ကိုယ်စီနဲ့၊ နေ့တိုင်းကလည်း ဒီလို မပြောင်းမလဲ၊ အိမ်တွေကအစတူပြီး မီးတောင်မလောင်တတ်လို့ မီးသတ်ဆိုတာ သစ်ပင်ပေါ်တက်ပြီးပြန်မဆင်းတတ်တဲ့ကြောင်လေးတွေကို ကယ်ဖို့လောက်အသုံးဝင်တာပါ။ ရာသီဥတုကလည်း အမြဲတစ်ချိုးတည်း၊ အပူချိန်ကလည်း မတက်မကျ။ ဒီလို သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်ပြီး ပြည်သူတွေအားလုံးပျော်နေကြတဲ့ ပလဲဆန့်ဗေးလ်တီဗီရှိုးထဲက ပလဲဆန့်ဗေးလ် မြို့ကလေးပါ။ဒါပေမဲ့ ဒေးဗစ်တို့မောင်နှမ ၂ ယောက်ရောက်သွားပြီး ပြောင်းလဲမှုတွေ ...
movie

Pleasantville (1998)

1998
Seabiscuit(2003) 7.3
Seabiscuit(2003) Seabiscuit(2003)IMDb....7.3,,,,Rotten....77%"ဆွဲထား...ထိန်းထား..." ဆိုတဲ့ အော်ဟစ်သံတွေနဲ့အတူ လူလေးယောက်လောက် မြင်းတစ်ကောင်ကို ဝရုန်းသုန်းကား လိုက်ထိန်းနေရတယ်...အားလုံး ဝိုင်းပြီး ထိန်းလိုက်နိုင်ချိန်မှာတော့ မြင်းပိုင်ရှင်ဖြစ်ပုံရတဲ့ လူတစ်ယောက်က စကားတစ်ခွန်းပြောတယ်...."...သတ်လိုက်တော့..." တဲ့ခြေတစ်ဖက်မှာ မဆိုသလောက်လေး ထိခိုက်ပြီး အရိုးအက်သွားတဲ့ မြင်းတစ်ကောင်ဟာ ပြိုင်မြင်းအဖြစ် ဆက်ပြိုင်ဖို့ မဖြစ်နိုင်သ လောက်ပါပဲ...အဲ့တာကြောင့်လည်း "သတ်လိုက်တော့" ဆိုတဲ့ စကား ခပ်လွယ်လွယ်ထွက်လာခဲ့တာပါ...ဒါပေမဲ့လည်း မြင်းတွေကိုချစ်မြတ်နိုးသူ မြင်းဝါသနာရှင်တစ်ယောက်က အဲ့ဒီအချိန်မှာပဲ အဲ့မြင်းကို ဖြတ်ဝယ်ခဲ့ပါတယ်...မြင်းလေးရဲ့ နာမည်ကတော့ Seabiscuit ပါ...ဒီမြင်းလေးဟာ ၀ယ်ပြီးတဲ့အချိန်မှာ တခြားမြင်းတွေနဲ့ မတူတဲ့ အရည်အချင်းတွေကို သွားတွေ့မိတယ်.... အဲ့ဒီနောက်မှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ဒီဇာတ်ကားဟာ 1930-40 အတောအတွင်း နာမည်ကြီးခဲ့တဲ့ Seabiscuit ဆိုတဲ့ မြင်းလေးအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်...IMDbရော Rottenရော အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့ အပြင် နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်နေလေတော့  မကောင်းမှာတော့ ပူမနေနဲ့ဗျို့.... အေးဆေးကြည့်လို့ရမယ့် အချိန်လေးမှာ ဒီကားကိုကြည့်စေချင်တယ်....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်....File Size : (1 GB) ...
movie

Seabiscuit(2003)

2003
Ocean’s 8 (2018) 6.2
Ocean’s 8 (2018) Ocean's 8 (2018) IMDb - 6.2/10_____Rotten Tomatoes - 69%   Rihanna တို့လို အဆိုကျော်တွေအပြင် Sandra Bullock ,Cate Blanchett, Anne Hathaway စတဲ့ ဝါရင့်ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ Ocean ဇာတ်ကားတွေရဲ့ အရသာကိုပုံဖော်မယ့်ရုပ်ရှင်ပါ။ဒီရုပ်ရှင်က ရှေ့ကရင်းနှီးပြီးသား ဂျော့ကလူနေးတို့ ဘရတ်ပစ်တို့ရဲ့ Ocean 11,12,13 ဇာတ်ကားသုံးကားကို ဆင့်ပွားခံယူထားတဲ့ ဇာတ်ကားဖြစ်ပြီး Theme ပုံစံလဲ တူညီပါတယ်...မတူတာကတော့ ရှေ့ကဇာတ်ကားတွေမှာ အမျိုးသားသရုပ်ဆောင်ဒိတ်ဒိတ်ကြဲတွေဖြစ်ကြပြီး အခု Ocean 8 မှာတော့ အမျိုးသမီးသရုပ်ဆောင်တွေပါ။Anna Wintour, Zayn Malik, Katie Holmes, Maria Sharapova, Serena Williams, Kim Kardashian, Kylie Jenner, Kendall Jenner, Gigi Hadid စတဲ့နာမည်ကြီးတွေလဲ Cameo အဖြစ်ပါဝင်တာကို တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ...
movie

Ocean’s 8 (2018)

2018
Free State of Jones (2016) 6.8
Free State of Jones (2016) ဒီ Free State of Jones ဇာတ်ကားဟာဖြင့်အမေရိကန်ပြည်တွင်းစစ်အတောအတွင်းဖြစ်ပွားခဲတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကိုအခြေခံထားတဲ့ကားကောင်း တစ်ကားပါပဲ။ဒီဇာတ်လမ်းမှာ ဆင်းရဲသားတွေနဲ့လူချမ်းသာတွေရဲ့ တဖြည်းဖြည်းကွာဟလာတဲ့ ဘဝတွေကိုပေါ်လွင်အောင်ပြထားနိုင်တယ်လို့ချီးမွမ်းကြပါတယ်။ ဒီဇာတ်လမ်းမှာNewton Knight ဆိုတဲ့ ဆင်းရဲသားလယ်သမားတစ်ယောက် ဦးဆောင်တဲ့ လွတ်မြောက်လာတဲ့ကျွန်တွေ၊ဆင်းရဲသားတွေရဲ့ တော်လှန်ပုံ ကိုပီပီပြင်ပြင်ပုံဖော်ထားလို့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပြောရမှာပါ(ဇာတ်လမ်းအညွန်းကိုတော့ Shocking Pink မှရေးသားပေးထားတာဖြစ်ပါတယ်)File Size : 1 GB /500 MB Quality : Blu ray 720P Running Time : 2hr 15 minute Format : Mp4 Genre : Action, Biography, Drama Encoder : Thanhtike Zaw
movie

Free State of Jones (2016)

2016