Channel Myanmar
Herman Yau
Moscow Mission ( 2023 ) 6.3
Moscow Mission ( 2023 ) 1993ခုနှစ်မှာဖြစ်ခဲ့တဲ့ ပေကျင်းမှမော့စကိုပြေးဆွဲနေတဲ့ နိုင်ငံတကာအမြန်ရထားကိုဓားပြတိုက်မှု ဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။အရှေ့တိုင်းနဲ့အနောက်တိုင်းစစ်အေးခေတ်ကာလမှာ ရုရှားနိုင်ငံရဲ့စီးပွားရေးဟာ အရမ်းကိုကြပ်တည်းခဲ့ပါတယ်။ တရုတ်ပေါက်ဖော်ကုန်သည်တွေက စီးပွားရေးလုပ်ဖို့ငွေသားတွေအများကြီးကိုသယ်ပြီး မော့စကိုကိုရထားနဲ့သွာားတတ်ကြတယ်။ စီးကရက်၊ ရေမွှေး၊ အစားအသောက်စတဲ့ ကုန်ပစ္စည်းတွေကို သယ်ပြီးတော့လည်း သွားပြီးရောင်းချကြပါတယ်။ လုယက်သမားတွေရဲ့အမြင်မှာတော့ ဒီရထားကြီးက တကယ်ကိုပွပေါက် ငွေရထားကြီးဖြစ်နေတာပေါ့...... အဲဒီလိုနဲ့ရထားတစ်တွဲလုံးကိုဓားပြတိုက်မှုဖြစ်သွားခဲ့ပါတယ်။တရုတ်နိုင်ငံရဲတပ်ဖွဲ့ကနေပြီး တရားခံကိုမော့စကိုကနေဖမ်းပြီးခေါ်လာဖို့ အထူးစုံစမ်းရေးတစ်ဖွဲ့ကိုဖွဲ့စည်းပြီးလွှတ်လိုက်ပါတယ်။ တရုတ်ရဲတပ်ဖွဲ့နဲ့ ရုရှားရဲတပ်ဖွဲ့တို့ မသမာလောဘသားတွေကို ကြိုးစားပြီးဖမ်းဆီးတဲ့အကြောင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်ဟောင်ကောင်မင်းသားကြီး Andy Lau ကဝရမ်းပြေး မှောင်ခိုသမား မော့စကိုမှာဘာမဆိုရအောင်လုပ်ပေးနိုင်တယ်ဆိုပြီး မော့စကို တရုတ်အသိုင်းအဝိုင်းကြားကနာမည်ကျော်တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ်။ Andy Lau အပြင် တခြားဝါရင့်သရုပ်ဆောင်တွေပါဝင်အားဖြည့်ထားပြီးတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ အရည်အသွေးမီအောင် ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားဖြစ်တာမလို့ အက်ရှင်ကားပရိသတ်တွေ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Moscow Mission ( 2023 )
[18+]From the Queen to the Chief Executive (2001) 7.1
[18+]From the Queen to the Chief Executive (2001) ဒီကားလေးကတော့ တရုတ်နိုင်ငံရဲ့ဥပဒေကိုမီးမောင်းထိုးပြထားတဲ့ကားလေးဖြစ်ပါတယ်ဇာတ်ကားထဲမှာ Leungဆိုတဲ့ကောင်စီဝန်တစ်ယောက်ရဲ့ အနစ်နာခံမှုတွေ လူသားချင်းစာနာမှုတွေအပြင် ငယ်ရွယ်စဉ်တည်းကစိတ်ဒဏ်ရာရထားတဲ့ Yue lingဆိုတဲ့ကောင်မလေးနဲ့ အိမ်မှာမွန်းကျပ်လို့လမ်းပေါ်ထွက်ရင်အဆင်ပြေလောက်မှာပါတွေးပြီး ထွက်ခဲ့ပေမဲ့ အပေါင်းသင်းကြောင့် လူသတ်မှုနဲ့ထောင်ကျသွားတဲ့ Cheung Yau-mingတို့အကြောင်းကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါရက်အကန့်သတ်မရှိအကျဉ်းချခံထားရတဲ့အသက်မပြည့်သေးတဲ့ကလေးတွေရဲ့အပြစ်ဒဏ်ကို တိတိကျကျချမှတ်ပေးဖို့ ကောင်စီဝင်Leungရဲ့ကြိုးစားမှုတွေကို သေချာလေးမြင်တွေ့ရမှာဖြစ်ပါတယ်ဒါ့အပြင်တစ်ဖက်ကလည်း အသက်မပြည့်သေးလည်း လူသတ်ရင် အပြစ်သားပဲဆိုတဲ့ တရုတ်လူမျိုးတွေရဲ့ ယုံကြည်ချက်တွေကိုလဲတွေ့နိုင်မှာပါ နိုင်ငံရေးဇာတ်ကားလေးဖြစ်တဲ့အပြင် စိတ်ဝင်စားဖို့လည်းအရမ်းကောင်းတဲ့ကားလေးဖြစ်ပါတယ် ။File Size__(2GB) / (950MB) Quality__1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__01:45:00 Type__Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Mo Mo Encoded by Naing Aung Latt
movie
[18+]From the Queen to the Chief Executive (2001)
77 Heartbreaks (2017) 6.1
77 Heartbreaks (2017) 2017 ခုနှစ်ထွက် ဟောင်ကောင် Drama ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတာလင်မယားတွေကြားမှာသာ သက်ရောက်မူမရှိပေမယ့်သမီးရည်းစားတွေအနေနဲ့ တော့ အခန့်မသင့်လျှင်ပြတ်ဆဲသွားသည်အထိ ဖြစ်သွားတတ်ပါတယ် ဒီကားလေးထဲမှာတော့ချစ်သူရည်စားတွေအနေနဲ့ ဘယ်လောက် သက်တမ်းကြာတဲ့RS ဖြစ်ပါစေ ပြသနာရှာရင်း အရစ်လွန်သွားရင်တော့စိတ်ကုန်ပြီး ပြတ်ဆဲသွားနိုင်တယ်ဆိုတာကို သင်ခန်းစာယူကြည့်ကြရမှာပါကိုယ့်အချစ်ရေးတစ်ကယ်မပြီးဆုံးခင် အသဲဘယ်နှကြိမ်ကွဲခဲ့လဲ?တစ်ခါလား နှစ်ခါလား? အီဗအတွက်တော့ ၇၇ကြိမ်ကွဲခဲ့တာပါ. သူ့ချစ်သူကောင်လေး အဒမ်ကသူ့ကိုအသဲကွဲခံစားအောင်လုပ်ခဲ့တဲ့ အကြိမ်အရေအတွက်ပါ. နောက်ဆုံးတော့ သူမဟာ လမ်းခွဲခဲ့ပါတယ် ၇၈ကြိမ်မြောက်သူထပ်ပြီးခွင့်လွတ်နိုင်မှာလား? သင်ရော သင်ချစ်တဲ့သူကို ဘယ်လောက်အကြိမ်ကြာကြာခွင့်လွတ်နိုင်မှာလဲ သင်ရောဒီဇာတ်လမ်းကိုကြည့်ပြီး အသဲဘယ်နှခါကွဲသွားမလဲ???????သင်ရော သင့် ကောင်လေး/ ကောင်မလေးအပေါ်မှာ၇၇ကြိမ် သည်းခံ နိုင်ပါ့မလား ¿¿¿ :PQty - 720p BlurayDuration - 1hr 35minGern - Drama / RomanceSubtitle - Myanmar HardsubTranslator - Inzali ThanhtikeEncoder - Kyaw Ye Aung
movie
77 Heartbreaks (2017)
2017
A Home with a View (2019) 5.9
A Home with a View (2019) [Unicode]ဒီတစ်ခါတော့ ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးမှာ ဖြစ်ပါတယ် ဟောင်ကောင်မှာ နေထိုင်တဲ့ သာမန်မိသားစုလေး တစ်စုအကြောင်းပါ ။မြို့ပြမှာနေထိုင်တဲ့ သာမန်မိသားစုတွေရဲ့ ဘဝကို ဖော်ပြပေးထားတာပါ သူတို့ မိသားစု ဘာ အခက်အခဲတွေကြုံတွေ့ရလဲ စိတ်ညစ်စရာတွေ ဘယ်လိုဖြေဖျောက်လဲဆိုတာကို ဟာသအနေနဲ့ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလုံဝေ့မန်ဟာ အလုပ်ကြိုးစားတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ ဒါပေမယ့် ဘယ်လောက်ကြိုးစားပြီး ပိုက်ဆံရှာပါစေ သူပေါင်ထားတဲ့ တိုက်ခန်းလေးကို မရွေးနိုင်သေးပဲ အတိုးပေးနိုင်တဲ့ အခြေနေမှာတင်ပဲ ရှိနေခဲ့ပါတယ် ။သားဖြစ်သူကလည်း အလုပ်အကိုင်မရှိ သမီးဖြစ်သူကလည်း ကျောင်းတက်နေဆဲဖြစ်ပြီး အောက်ပိုင်းသေနေတဲ့ လုံဝေ့မန်ရဲ့အဖေကိုတော့ သူ့ရဲ့ဇနီးဖြစ်သူက ပြုစုနေရပါတယ် ဒါကြောင့် သူတို့မိသားစုဟာ လုံဝေ့မန်တစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတာပါ ၊တိုက်ခန်းကျဉ်းထဲမှာ မိသားစု ၅ ယောက်နေကြပြီး အပေါ်ထပ်နဲ့ ရန်ဖြစ်လိုက် အောက်ထပ်နဲ့ ရန်ဖြစ်လိုက် မိသားစုချင်းရန်ဖြစ်လိုက်နဲ့ အမြဲဖြစ်နေပေမယ့် အိမ်ပြတင်းပေါက်က လှမ်းကြည့်ရင် မြင်ရတဲ့ပင်လယ်ရှုခင်းကြောင့် အမြဲတမ်း စိတ်အပန်းပြေရပါတယ် ၊ဒါပေမယ့် သူတို့တိုက်ရှေ့မှာ ...
movie
A Home with a View (2019)
2019
The Eight Immortals Restaurant: The Untold Story (1993) 7.0
The Eight Immortals Restaurant: The Untold Story (1993) လူသားပေါက်စီလို့ဆိုလိုက်တာနဲ့ ဟိုတုန်းကကားတွေတော်တော်များများကို ပြန်အမှတ်ရမိမှာပါ ဒီကားကတော့ မကာအိုပြည်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ Eight Immortal စားသောက်ဆိုင်က ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတာပါ ၁၉၈၅ မကာအိုပြည်က Eight Immortal ဆိုတဲ့ စားသောက်ဆိုင်လေးမှာ လူနှစ်ယောက် မာကျောက်ကစားရင်း အငြင်းအခုံထဖြစ်တယ် ၀မ်ချီးဟန်ဆိုတဲ့ သိပ်ကိုဖျံကျပြီး ကလိမ်ညာဏ်များတဲ့သူက မာ​ကျောက်ကစားတိုင်း တစ်ကွက်ခိုးခိုးပြီးဆော့တာ ဆိုင်ရှင် ချန်လမ်က​ကောင်းကောင်းသိတယ် ဒါကြောင့်လဲ ၀မ်ချီးဟန်နိုင်တိုင်း ပိုက်ဆံမပေးပဲ အကြွေးနဲ့လျှော်လျှော်ထားခဲ့တာ တကယ်တော့ ဆိုင်ရှင် ချန်လမ်ကပိုက်ဆံ တစ်ပြားတောင် ပေးချင်စိတ်ရှိတာမဟုတ်ပါဘူး ဒါပေမယ့် ဒီငွေလေး အနည်းကျဥ်းလောက်အတွက်နဲ့ မကာအိုမှာဟိုးလေးတကျော်ဟော်လေးတစ်ကျိုးဖြစ်သွားစေ တဲ့ ထိပ်တန်းလူသတ်မှု တစ်နည်းအားဖြင့် လူသားပေါက်စီဆိုပြီးနာမည်ကြီးတဲ့ case တစ်ခုပေါ်လာခဲ့ပါတယ် ဒီကားဟာ 1993 လောက်ကရိုက်တဲ့ကားပေမယ့်လို့ တကယ့်အဖြစ်ပျက်နဲ့အတော်လေးတူအောင် ရိုက် ယူထားနိုင်တာတွေ့တယ် နောက်ပြီး R-Rated အဆင့်ရှိ scene တော်တော်များများပါတဲ့အတွက် ကလေးသူငယ်တွေ နှလုံးရောဂါရှိသူတွေမကြည့်ကြဖို့ ပြောချင်ပါတယ်အဲ့ဖက်ခေတ်ကရိုက်တဲ့ကားပေမယ့် အသတ်အဖြတ်တွေ 21+ scene တွေ အော်ဂလီဆန်လောက်အောင်အများအပြားပါ၀င်တာမို့ ကျွန်တော်ကတော့ ဒီလိုကားမျိုး reboot တောင်ပြန်မလုပ်ပါစေနဲ့လို့ဆုတောင်းမိပါတယ် ဒီဖက်ခေတ်နည်းပညာတွေ မိတ်ကပ်အလန်းစားတွေ နဲ့ ရိုက်ရင်ဘယ်လောက်တောင်အော်ဂလီဆန်ရမလဲလို့ ကဲ အော်ဂလီလဲဆန်ရမယ် ရွံဖို့လဲကောင်းရမယ် တကယ့်ဖြစ်ရပ်မှန်လဲဖြစ်တဲ့ကားကိုကြည့်ချင်တဲ့သူတွေအတွက်တော့ ကြည့်ဖို့တိုက်တွန်းချင်ပါတယ် တချို့တော်တော်များလဲ ကြည့်ပြီးလောက်ပြီထင်ပါတယ် Translated By : Hein Thet Naing Encoded By : XCode
movie
The Eight Immortals Restaurant: The Untold Story (1993)
1993
The White Storm 2: Drug Lords ( 2019 ) 6.3
The White Storm 2: Drug Lords ( 2019 ) zawgyi*******The White Storm ကားရဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ်ပထမကားကိုဒီမှာဒေါင်းယူနိုင်ပါတယ်ဒီကားလေးဟာ 2019 julyလကမှထွက်ထားတဲ့ဟောင်ကောင်အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဒီဇာတ်ကားထဲမှာမင်းသားကြီး Andy Laoနဲ့ Louis Kooတို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး Louis Kooကိုလဲပုံစံတစ်မျိုးနဲ့မြင်တွေ့ရမှာဖြစ်မှာပါ..ဇာတ်လမ်းအကျဉ်းကတော့ဟောင်ကောင်မြို့မှာအကြီးဆုံးမူးယစ်ရာဇာဖြစ်လာတဲ့တိကျန့်ဟာဟောင်ကောင်မူးယစ်ဈေးကွက်ကိုအုပ်စိုးဖို့ ကြိုးစားနေသူပါ..တစ်ဖက်မှာလည်း ဟောင်ကောင်မူးယစ်နှိမ်နင်းရေးအဖွဲ့က ဒါရိုက်တာယွီစွင့်ထျန်းဟာမူးယစ်ရာဇာတွေအားလုံးကိုဖြိုခွဲဖို့ကြိုးစားလာတဲ့အခါဘယ်လိုတွေထိပ်တိုက်ရင်ဆိုင်ကြမလဲ...သူတို့ကြားမှာဘယ်လိုအငြိုးတရားတွေရှိနေတာလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် Unicode*********The White Storm ကားရဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ်ပထမကားကိုဒီမှာဒေါင်းယူနိုင်ပါတယ်ဒီကားလေးဟာ 2019 julyလကမှထွက်ထားတဲ့ဟောင်ကောင်အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဒီဇာတ်ကားထဲမှာမင်းသားကြီး Andy Laoနဲ့ Louis Kooတို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး Louis Kooကိုလဲပုံစံတစ်မျိုးနဲ့မြင်တွေ့ရမှာဖြစ်မှာပါ..ဇာတ်လမ်းအကျဉ်းကတော့ဟောင်ကောင်မြို့မှာအကြီးဆုံးမူးယစ်ရာဇာဖြစ်လာတဲ့တိကျန့်ဟာဟောင်ကောင်မူးယစ်ဈေးကွက်ကိုအုပ်စိုးဖို့ ကြိုးစားနေသူပါ..တစ်ဖက်မှာလည်း ဟောင်ကောင်မူးယစ်နှိမ်နင်းရေးအဖွဲ့က ဒါရိုက်တာယွီစွင့်ထျန်းဟာမူးယစ်ရာဇာတွေအားလုံးကိုဖြိုခွဲဖို့ကြိုးစားလာတဲ့အခါဘယ်လိုတွေထိပ်တိုက်ရင်ဆိုင်ကြမလဲ...သူတို့ကြားမှာဘယ်လိုအငြိုးတရားတွေရှိနေတာလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် Translated & Review By Phyo ZawEncoded By LK
movie
The White Storm 2: Drug Lords ( 2019 )
2019
The New King of Comedy ( 2019 ) 6.3
The New King of Comedy ( 2019 ) ဒီဇာတ်ကားလေးကတော့ မင်းသားကြီး စတီဗင်ချောင်က ထုတ်လုပ်သူနဲ့ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး IMDb 6.3 ရထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်..ဒီဇာတ်လမ်းလေးမှာ..သရုပ်ဆောင်အရမ်းဝါသနာပါပြီးအောင်မြင်တဲ့မင်းသမီးလေးဖြစ်ချင်တဲ့ကောင်မလေး ရှုမုံ့တစ်ယောက်ဟာနှစ်တွေအကြာကြီးတိုင်အောင် ကြုံရာသရုပ်ဆောင်အဖြစ်လုပ်ခဲ့ရတာတောင်အောင်မြင်ဖို့ထားပါဦး..ငြင်းပယ်ခြင်းနဲ့အထင်သေးခြင်းတွေကိုသူ့မှာဆက်တိုက်ခံစားခဲ့ရတယ်..ဒါပေမယ့်သူမက ဘယ်တော့မှလက်လျော့ဖို့မကြိုးစားပဲ အမြဲတစေ တက်ကြွနေခဲ့တယ်..ဒီလိုနဲ့တရက်မှာရူမုံ့ဟာနာမည်ကျမင်းသား Marco နဲ့ရိုက်ကွင်းတခုမှာတွေ့ဆုံခဲ့ရာကနေသူတို့၂ဦးရဲ့ကံကြမ္မာဘယ်လိုပြောင်းလဲသွားမလဲ..အနုပညာလမ်းကြောင်းရဲ့ခက်ခဲပုံတွေ..လူအမျိုးမျိုးစိတ်အဖုံဖုံဆိုသလို အနှစ်အရသာရှိရှိနဲ့ခံစားကြည့်ရှုရမှာဖြစ်ပါတယ်...မင်းသားကြီးစတီဗင်ချောင်ရဲ့လက်ရာဆိုတဲ့အတိုင်း..ရသမြောက်တယ်လို့ခံစားမိပါတယ်Comedy လေးတွေလည်းပါတော့ ပိုပြီးပေါ့ပေါ့ပါးပါးလည်းဖြစ်ပါတယ်ဆက်လက်ခံစားကြည့်ရှုပါ Quality : WEB-DL 720pSubtitle : Myanmar Sub ( Hardcoded )Translated & Review By Phyo ZawEncoded By PHOENIX 
movie
2019
The Leakers ( 2018 ) 5.5
The Leakers ( 2018 ) Action , Crime , Thriller ကြိုက်သူတွေအတွက်တော့လုံးဝအကြိုက်တွေ့မယ့်ဇာတ်ကားပါပဲဇာတ်လမ်းစတင်ကတည်းက ဗိုင်းရပ်တခုကြောင့်လူတွေအတုံးအရှုံးသေဆုံးတာနဲ့စတင်ပြီး ဇာတ်လမ်းကိုအစပျိုးထားတယ်အဲ့ ဗိုင်းရပ်ကို VR-23 လို့ WHO က နာမည်ပေးလိုက်ပါတယ်ပြန့်ပွားမှုနှုန်းကကြောက်စရာကောင်းသလို သေဆုံးမှုနှုန်းကလည်းမြင့်တက်နေပါတယ်...မ​လေးရှားသတင်း​ထောက်​​သေဆုံးမှုကစလို့ Amanahကုမ္ပဏီရဲ့မန်​​နေဂျင်းနဲ့အခြားသူ​တွေဆက်​တိုက်​ဆိုသလို​သေဆုံးခဲ့တယ်​၊တစ်​ဆက်​တည်းမှာပဲ Amanahရဲ့ဒုတိယဆက်​ခံသူဟာလဲ ​ဟောင်​​ကောင်​မှာ The Leakersဆိုတဲ့အဖွဲ့ရဲ့ပြန်​​ပေးဆွဲတာခံလိုက်​ရတယ်​၊ဒီအမှုကိုကိုင်​တွယ်​ဖို့အတွက်​မ​လေးရှားရဲအရာရှိဟာ​ဟောင်​​ကောင်​ကိုလာဖိုြ့ဖစ်​လာခဲ့တယ်​အဲ့ဒီမှာ​ဟောင်​​ကောင်​ရဲနဲ့ဆုံပြီးဘာ​တွေဆက်​ဖြစ်​လာကြမလဲ​ဟောင်​​ကောင်​သတင်း​ထောက်​မ​လေးဟာသူငယ်​ချင်းဖြစ်​သူမ​လေးရှားသတင်း​ထောက်​​ရဲ့​သေဆုံးမှုကိုပါဝင်​စုံစမ်းရင်း ဘယ်​လို​တွေဆက်​ဖြစ်​လာမလဲတစ်​ဖက်​မ​လေးရှားက​​နေစပြီးနိုင်​ငံအသီးသီးဆီကို VR-23ဗိုင်းရပ်​စ်​ပိုးပြန့်​ပွားလာပြီးကူးစက်​​ရောဂါ​တွေဖြစ်​လာတယ်​၊ဒီဗိုင်းရပ်​စ်​ပိုးကို ကုသနိုင်​တဲ့ MD5ဆိုတဲ့​ဆေးအသစ်​ကိုAmanah ဆိုတဲ့ ​ဆေးထုတ်​လုပ်​​ရေးကုမ္ပဏီတစ်​ခုကပဲရနိုင်​တယ်​၊ဒီဗိုင်းရပ်​စ်​ပိုးပျံနှံ့လာမှုရဲ့အဓိကကြိုင်းကိုင်​သူကဘယ်​သူများဖြစ်​နိုင်​မလဲThe Leakersရဲ့အဖွဲ့ဝင်​​တွေကဘယ်​သူ​တွေလဲစိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားပဲဖြစ်ပါတယ် ဘာသာပြန် နဲ့ အညွှန်းကတော့ Phyo Zaw ဖြစ်ပါတယ်Encoder : LK
movie
The Leakers ( 2018 )
2018
Always Be with You (2017) 6.4
Always Be with You (2017) ​သေငယ်​​ဇောဖြစ်​နေတဲ့အချိန်​မှာအစွဲအလမ်းတစ်​ခုဆိုတာဟာသိပ်​ကို​ကြောက်​ဖို့​ကောင်းပါတယ်​ဒီဇာတ်​ကား​လေးထဲမှာ​တော့သရဲဆိုတာထက်​အစွဲအလမ်း​ကြောင့်​ဖြစ်​ရတဲ့ဝိညာဉ်​ဆိုတာကိုအသား​ပေးရိုက်​ပြထားပါတယ်​ဇာတ်​လမ်းအကျဉ်း​လေးက​တော့ တစ်​ရက်​ လမ်း​ထောင့်​​တစ်​​နေရာမှာအမူးလွန်​မဆင်​မခြင်​​မောင်းနှင်​တဲ့​ရောဂါကျွမ်းအမူးသမား​ကြောင့်​ဆိုးဝါးတဲ့အက်​ဆီးဒင့်​တစ်​ခုဖြစ်​ပွားခဲ့ပါတယ်​အဲ့ဒီအက်​ဆီးဒင့်​မှာ အ​ဆောက်​အဦး​ပေါ်က​နေခုန်​ချသတ်​​သေသွားတဲ့အမျိုးသမီးတစ်​​လောင်းရယ်​ ​စေ့စပ်​ထားတဲ့လက်​ထပ်​ခါနီးသတို့သား​လောင်းရယ်​ နာမည်​ကြီးခါစ​အဆို​တော်​မ​လေးတစ်​​ယောက်​ရယ်​ ပါသွားခဲ့ပါတယ်​ ​သူတို့ရဲ့ဝိညာဉ်​​တွေဟာ မကျွတ်​လွတ်​ဘဲသက်​ဆိုင်​ရာ​နေရာ​တွေမှာရှိ​နေခဲ့ပါတယ်​ ဒီအက်​ဆီးဒင့်​ကိုမျက်​မြင်​ကြုံခဲ့ရတာက​တော့စုံ​ထောက်​လင်​မယားနှစ်​​ယောက်​မိသားစုပါ​နောက်​ပိုင်း​ကော ဒီအမှုက​နေဘာ​တွေဆက်​ဖြစ်​ကြမလဲစုံ​ထောက်​လင်​မယားနှစ်​​ယောက်​​ကောဘယ်​လိုမထင်​မှတ်​ထားတဲ့ထူးဆန်းတာ​တွေကြုံကြမလဲသတို့သား​လောင်းရဲ့​စေ့စပ်​ထားတဲ့​ဒေါက်​တာမ​လေးခမျာ​ကောပူ​ဆွေး​သောကဘယ်​​လောက်​​တောင်​ဂရုဏာသက်​ဖွယ်​ကြုံရမလဲ ဆိုတဲ့ဇာတ်​ကွက်​​တွေနဲ့အတူ ဇာတ်​လမ်းရဲ့အဓိကအလှည့်​အ​ပြောင်း​လေးကို​တော့ဇာတ်​သိမ်းပိုင်းကျမှနားလည်​သ​ဘော​ပေါက်​ကြမှာမို့ပြီးတဲ့အထိမျက်​​တောင်​တစ်​ချက်​မခတ်​ဘဲနဲ့အား​ပေးကြရ​အောင်​လားဗျာမျက်​​တောင်​ခတ်​မိရင်​လည်း​ပြန်​ကြည့်​ကြပါလို့စ်​...ငိငိ File Size : (850 MB) and (320 MB) Quality : Blu-Ray 720p Running Time : 1hr 38min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p BluRay x264-WiKi Translated by Pyae Xeinn Sett Encoded by Thanhtike Zaw
movie
Always Be with You (2017)
2017
The Sleep Curse (2017) 6.2
The Sleep Curse (2017)  'Sleep is the wonderful thing Beloved from pole to pole' ဆိုတဲ့ ကဗျာ​လေးကို လူတိုင်းသိကြမှာပါအိပ်​စက်​ချင်းကို လူတိုင်းနှစ်​သက်​ကြမှာပါဒါ​ပေမဲ့ ဒီရုပ်​ရှင်​ထဲမှာ​တော့ အိပ်​စက်​ချင်းကိုမကြိုက်​တဲ့သူ​ရှိတယ်သူတို့ ဘာလို့မကြိုက်​ကြတာလဲဆို​တာ​တော့ ရုပ်​ရှင်​ကိုကြည့်​​ပြီးအဖြေထုတ်​ကြ​ပါနက်နဲတဲ့ရူပ်ထွေးတဲ့အကြောင်းအရာတစ်ချို.ပါတာကြောင့် သေချာလေးကြည့်မှနားလည်ပါလိမ့်မယ်။သွေဒထွက်သံယိုတွေ ရွံရှာစက်ဆုတ်ဖွယ်ဇာတ်ဝင်ခန်းအချို.ပါဝင်တာကြောင့် အသည်းငယ်သူတွေမကြည့်သင့်ပါဖူး င်င်   (ဘာသာပြန်က Myint Thinzar ပါ)  File Size : (750 MB) and (300 MB) Quality : 720pBluray Running Time : 1hr 42minutes Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thinzar Encode by Thanhtike Zaw
movie
The Sleep Curse (2017)
2017
Shock Wave (2017) 6.5
Shock Wave (2017)  IMDb rating 6.5 နဲ့ tomatoes rating 80% ရထားတဲ့ မင်းသား Andy Lau ရဲ့ အက်ရှင်ဇာတ်ကားကြီးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ စုံထောက် ဂျေအက်စ်ဂျန်က ဗုံးရှင်းလင်းရေးမှာ အထူးကျွမ်းကျင်တဲ့ရဲအရာရှိတစ်ယောက်ပါ။ဗုံးဖေါက်ခွဲမှုကျွမ်းကျင်တဲ့ အကြမ်းဖက်သမားကို ဖမ်းနိုင်လို့ Undercover အနေနဲ့ ၂နှစ်လောက်အကြမ်းဖက်သမားတွေဆီမှာ စုံစမ်းရေးလုပ်နေခဲ့တယ်။နောက်ဆုံးဖမ်းမိခါနီးအချိန်လေးမှာ ဗုံးဖေါက်ခွဲရေး ကျွမ်းကျင်တဲ့လူဆိုးက ထွက်ပြေးလွတ်မြောက်သွားပြီး သူ့ညီကိုသာ ဖမ်းမိလိုက်ပါတယ်။နောက်နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ဒီလူဆိုးက လက်စားချေဖို့ ဟောင်ကောင်ကို ပြန်ရောက်လာတဲ့အခါမှာတော့…………………….-ဗုံးကျွမ်းကျင်သူဖြစ်တာကြောင့် ဘယ်လိုတွေ လက်စွမ်းပြပြီးဖောက်ခွဲမှာလဲ-ဟောင်ကောင်ရဲ့ အရေးပါတဲ့ ပင်လယ်ဖြတ်ကူးတဲ့ရေအောက်ဥမင်လှိုင်ခေါင်းလမ်းကို အနုကြမ်းစီးလာတဲ့အခါမှာတော့ဂျေအက်စ်ဂျန် ဒီအမှုကို ဖြေရှင်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုစောင့်စားလိုက်ပါ။ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကားတွေကြိုက်ရင် ဒီကားကိုကြည့်လိုက်ပါ။ဗုံးတွေကို ဘယ်လိုရှင်းလင်းဖယ်ရတယ်ဆိုတာကို သိမြင်ခံစားနိုင်မှာပါ  (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Little Twinlay ပါ)  File Size : (850 MB) and (420 MB) Quality ...
movie
Shock Wave (2017)
2017
Nessun Dorma (2016) N/A
movie
Nessun Dorma (2016)
2016