Channel Myanmar

Hong Sang-soo

Right Now, Wrong Then (2015) 7.1
Right Now, Wrong Then (2015) “Right Now Wrong Then”အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့သိပ်ရင်းနှီးတာ မဟုတ်ဘူး။ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း”ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှသူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ရွေးချယ်မှုသေးသေးလေးတွေပဲ ...
movie

Right Now, Wrong Then (2015)

2015
The Novelist’s Film (2022) 7
The Novelist’s Film (2022) The Novelist's Film (2022) ~ IMDb - 7/10, Rotten Tomatoes - 100% ~Directed by Hong Sang-sooဟုံဆန်ဆူးဟာ မနှစ်ကထွက်တဲ့ ၂ကားကနေ အခုထိ ဒါရိုက်တာတွေ မင်းသမီးတွေ စာရေးဆရာတွေအကြောင်းချည်း ရိုက်လာတာပါ။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းတင်ဆက်ပုံအရဆို In Front of Your Face က ပိုသာတယ် ထင်ကောင်းထင်ရပေမဲ့ ကျွန်တော်တော့ ဒီသုံးကားထဲ The Novelist's Film ကို အကြွေဆုံးပါပဲ။ In Front of Your Faceထဲက သရုပ်ဆောင်တွေရော၊ Introduction ထဲက သရုပ်ဆောင်တွေရော ပြန်သုံးထားပါတယ်။ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်းပါပဲ စာရေးဆရာရိုက်တဲ့ ရုပ်ရှင်အကြောင်းပေါ့။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရှိတယ်။ သူစာမရေးနိုင်တာ နည်းနည်းကြာပြီ။ သူစာမရေးနိုင်တဲ့ သဘောက သူက ပုံမှန်ဆို ဘာမှမဟုတ်တဲ့ ...
movie

The Novelist’s Film (2022)

2022
Claire’s Camera ( 2017 ) 6.4
Claire’s Camera ( 2017 ) IMDb 6.4 ရရှိထားတဲ့ Drama / Comedy ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့Clarie's Camera ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းပုံစံကတော့  ပြင်သစ်နိုင်ငံက မြို့တစ်မြို့ဖြစ်တဲ့ Cannes ကိုသွားရောက်လည်ပတ်နေတဲ့  ကလယ်ရာ ဟာ အထက်တန်းကျောင်းကဆရာမတစ်ဦးပဲဖြစ်ပါတယ်..အဲ့မြို့မှာပဲ အလုပ်ပြုတ်လို့ စိတ်ညစ်လာတဲ့ဓါတ်ပုံဆရာမလေး မင်ဟီး နဲ့တွေ့မိရာကနေ ခင်မင်ခဲ့ကြပါတယ်ကလယ်ရာ ဟာ မင်ဟီးနဲ့ခင်မင်ပြီးတဲ့နောက်မှာမင်ဟီးရဲ့ အခက်အခဲတွေကိုပါ ၀ိုင်းပြီးဖြေရှင်းဖို့ ကြုံလာရတဲ့အခါမှာတော့................ ဒီဇာတ်လမ်းကတော့ အပျင်းပြေလောက်ပဲကြည့်လို့ကောင်းမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်... Translated & Review By d3monEncoded By LK
movie

Claire’s Camera ( 2017 )

2017
The Day After ( 2017 ) 7.0
The Day After ( 2017 ) IMDb 7.0 ရရှိထားတဲ့ကိုရီးယားDrama ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်မနက်တိုင်းမိုးမလင်းခင်မှာပဲအလုပ်ကိုသွားလေ့ရှိတဲ့ပုံနှိပ်ထုတ်ဝေရေးတိုက်သူဌေးကင်ဘွန်ဝမ်တစ်ယောက်ကိုဇနီးဖြစ်သူကပွေရှုပ်နေလားဆိုတာသံသယဝင်လာပါတော့တယ်....တကယ်လည်းကင်ဘွန်ဆုတ်က ဇနီးဖြစ်သူနောက်ကွယ်မှာရုံးကဝန်ထမ်းတစ်ယောက်နဲ့ပွေရှုပ်နေခဲ့ပါတယ်...တနေ့ကင်ဘွန်ဆုတ်နဲ့ပွေရှုပ်နေတဲ့ဝန်ထမ်းကောင်မလေးကအလုပ်ထွက်သွားပြီး သူ့နေရာကိုကင်ဘွန်ဆုတ်ကဆုန်အာရီရန်ဆိုတဲ့မိန်းကလေးကိုခန့်လိုက်ပါတယ်....ယောက်ျားဖြစ်သူအလုပ်မှာဖောက်ပြန်နေတာသိပေမဲ့သက်သေမရှိတဲ့သူမက တစ်နေ့တော့ယောက်ျားအလုပ်ကိုခိုးလိုက်လာခဲ့ပါတယ်...အဲ့ဒီမှာ ဒီနေ့မှအလုပ်စဝင်တဲ့အာရီရန်ကိုတွေ့သွားပြီးယောက်ျားနဲ့ပွေရှုပ်နေတဲ့မိန်းကလေးလို့အထင်မှားပြီး ရိုက်နှက်ခဲ့ပါတယ်...ဘယ်လိုပဲရှင်းပြရှင်းပြလက်မခံတော့ပဲဆက်တိုက်အထင်လွဲနေခဲ့ပြီးဒီလိုရှုပ်ထွေးတဲ့အရှုပ်တော်ပုံကိုဘယ်လိုဖြေရှင်းမလဲဆိုတာဒီကားလေးထဲမှာကြည့်ရှုလိုက်ကြပါစို့နော် Translated & Review By XiaoEncoded By LK
movie

The Day After ( 2017 )

2017