Channel Myanmar

Huang Chao-liang

To My 19-Year-Old (2018) 7.5
To My 19-Year-Old (2018) ကျွန်​မတို့အတိတ်​မှာ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ စွန့်​လွှတ်​ခဲ့ရ​ပေမယ့်​ ရင်​ထဲ ​မေ့လို့မရနိုင်​ခဲ့တဲ့ ချစ်​ရသူ​တွေ ရှိကြမှာပါ။တကယ်​လို့သာ အချိန်​စက်​ဝန်းကိုပြန်​လှည့်​ခွင့်​ကြုံခဲ့ရင်​ သူ့ဆီပြန်​သွားမှာလား ?ဒါမှမဟုတ်​ စွန့်​လွှတ်​ဖို့အတွက်​ ​ရွေးချယ်​မှာလား ?အချစ်​ဦးကိုပဲ တမ်းတသတိရ​နေတဲ့ စွန့်​စားခရီးထွက်​​နေသူ မို့​ရှောင်​ဖုန်းတစ်​​ယောက်​ လမ်းခရီးမှာ မ​တော်​တဆဖြစ်​ပြီး ဆုံးပါးသွားတဲ့အခါ သူ​အချစ်​ဦးအတွက်​ ​နေ့စဉ်​​ရေး​နေခဲ့တဲ့ စာ​သေတ္တာ​လေးဟာ သူချစ်​ရသူ ရန်​ယိရွှယ်​ဆီ​ရောက်​လာခဲ့ပါတယ်​။မို့​ရှောင်​ဖုန်းကိုချစ်​​ပေမယ့်​ သူငယ်​ချင်းသံ​ယောဇဉ်​​တွေ အတင်းအဖျင်း​တွေကို ​ကြောက်​လို့ စွန့်​လွှတ်​ခဲ့တဲ့ ရန်​ယိရွှယ်​တစ်​​ယောက်​ ​နောင်​တ​တွေနဲ့ ငို​ကြွေးရင်း မို့ရှောင်​ဖုန်း​ပေးခဲ့တဲ့ ​သေတ္တာ​လေးဟာ အတိတ်​ကာလကို ဆက်​သွယ်​လို့ရတဲ့ ဆန်းကြယ်​တဲ့အရာဖြစ်​​နေမှန်း သိသွားတဲ့အခါ.....သူ​နောင်​တရခဲ့တဲ့ အခိုက်​အတန့်​​တွေကိုပြန်​လည်​ပြုပြင်​ရင်း ဒီ​သေတ္တာ​လေးရဲ့အကူအညီနဲ့ သူ့ရဲ့ ၁၉နှစ်​အရွယ်​ဘဝကို ပြန်​သွားခဲ့တဲ့ ရန်​ယိရွှယ်​တစ်​​ယောက်​ ဒီတစ်​ခါ​ရော မို့​ရှောင်​ဖုန်းနဲ့ အတူရှိဖို့ကို ​ရွေးချယ်​မှာလား.....ဒါမှမဟုတ်​ သူ့အ​ပေါ် အနစ်​နာခံကူညီပြီးကြင်​နာတဲ့ လက်​ရှိချစ်​သူ ကျီယုအနားမှာပဲ ဆက်​ရှိ​နေမှာလား.....ဆိုတာ​လေးကို​တော့ ဒီဇာတ်​ကား​လေးကို အဆုံးအထိကြည့်​ရှုပြီး ခံစားကြည့်​လိုက်​ကြပါ​နော်​။အဓိပ္ပာယ်​ရှိတဲ့စာသား​လေး​တွေနဲ့ ကိုယ့်​ရဲ့ဆယ်​​ကျော်​သက်​ဘဝကို ပြန်​လည်​အမှတ်​ရမိ​စေမယ့်​ ဇာတ်​လမ်း​ကောင်း​လေးမို့ လက်​မလွှတ်​တမ်းကြည့်​ရှုဖို့ ​ညွှန်းဆိုလိုက်​ပါတယ်​​နော်​။မို့​ရှောင်​ဖုန်း ...
movie

To My 19-Year-Old (2018)

2018