Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Indra Gunawan
6.8
Dear Nathan (2017)
Dear Nathan ( 2017 ) IMDb 6.8/10ရုပ်ချောလွန်းလို့ကောင်မလေးတွေဝိုင်းကြိုက်တာခံနေရပါသလား ဒါဆိုရင်တော့ ဒီကားက ယောရောဘွန်းတို့ဆက်ဆက်ဒေါင်းကြည့်သင့်တဲ့ဇာတ်ကားပါပဲနော် ဒီအပိုင်းကတော့ ဆယ်လ်မာနဲ့နသန်တို့စတင်တွေ့ဆုံခြင်းပါပဲဆယ်လ်မာကကျောင်းပြောင်းလာတဲ့ကျောင်းသူသစ်လေးပေါ့ နသန်ကတော့ထုံးစံအတိုင်း ရန်ဖြစ်တတ်တဲ့ဆိုးဆိုးပေပေကောင်လေးပါပဲ ကျောင်းနောက်ကျလို့ ပိတ်သွားတဲ့ကျောင်းတံခါးကြည့်ရင်း စိတ်ဓာတ်ကျနေတဲ့ဆယ်လ်ကို နသန်ကကူညီပေးရင်း သူတို့နှစ်ယောက်ရင်းနှီးသွားခဲ့ပါတယ် နသန်ကကောင်ချောလေးဖြစ်တဲ့အပြင် ဂျစ်ကန်ကန်နဲ့ အစအနောက်လည်းသန်တော့ သူ့ကိုကြိတ်သဘောကျနေတဲ့မိန်းကလေးတွေလည်း အများသားရယ်ပေါ့ဒါပေမယ့် တစ်ယောက်ကိုမှစိတ်မဝင်စားခဲ့တဲ့နသန်က ဆယ်လ်မာ့ကိုတော့မြင်မြင်ချင်းချစ်သွားခဲ့မိတယ် တကယ်ချစ်တဲ့လူအတွက်ပြောင်းလဲပေးချင်ကြတာ ယောကျာ်းတွေရဲ့သဘာဝပဲမလား ဒီတော့ အေးအေးဆေးဆေးနေတတ်တဲ့ဆယ်လ်မာနဲ့ အလိုက်သင့်နေနိုင်အောင် အချစ်ရဲ့ခွန်အားနဲ့ နသန်တစ်ယောက်ကြိုးစားပုံတွေ သူတို့နှစ်ယောက်ကြားက အခက်အခဲဖြေရှင်းပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှူရမှာပဲဖြစ်ပါတယ် File size…1.5GB / 714MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie
Dear Nathan (2017)
2017
7.1
Dear Nathan: Hello Salma (2018)
Dear Nathan Hello Salma (2018)IMDb 7.1 လူငယ်သဘာဝကိုမှပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲထိရောက်အောင်ဆွဲဆောင်နိုင်မယ့် ဇာတ်ကားမျိုးရှာနေပါသလား ဆယ်ကျော်သက် vibe အထူးသဖြင့် ဆယ်တန်းကျောင်းသားဘဝကိုပြန်သွားချင်သူတွေအတွက် သင့်လျော်တဲ့ဇာတ်ကားကောင်းဆိုလည်းမမှားပါဘူးနော်..မိန်းကလေးတွေကိုမလေးမစားပြောဆိုရင် အရမ်းမုန်းတဲ့ နသန်က ရန်ပွဲတိုင်းသူမပါမဖြစ်..သူ့ရည်းစားဆိုတာက တစ်ကျောင်းလုံးရဲ့ အဆင့်တစ်ဆယ်လ်မာ ဒီနှစ်ယောက်ကနားလည်မှုတွေနဲ့လက်တွဲခဲ့ကြတဲ့ချစ်သူတွေဒါပေမယ့် ပြဿနာတိုင်းကိုရန်ဖြစ်ပြီးဖြေရှင်းတတ်တဲ့ နသန့်အကျင့်ကိုတော့ | ဆယ်လ်ကနည်းနည်းလေးမှသဘောမကျဘူး ဒီလိုနဲ့ ရာထူးကြီးလူရဲ့သားက မိန်းကလေးတွေနဲ့ပတ်သက်ရင် အထိမခံရွှေပန်းကန် နသန်ကိုမှ သူ့ရည်းစားဆယ်လ်အကြောင်း သွားပုပ်လေလွင့်အပုပ်ချရာက ရန်ထဖြစ်ကြပါလေရော ဆရာက နသန်မမှားမှန်းသိပေမယ့်သူ့ရာထူးနဲ့ အကြပ်ကိုင်လာလေတော့ ခြေချုပ်မိနေတဲ့ဆရာတစ်ယောက် နသန့်ကိုကျောင်းနားခိုင်းပါတော့တယ်ဒီကိစ္စနဲ့ကတောက်ကဆဖြစ်ခဲ့ပြီး အတ္တကိုယ်စီရှေ့တန်းတင်ခဲ့ကြတဲ့ နသန်နဲ့ ဆယ်လ်တို့ရဲ့ ခံစားချက်အဖုံဖုံကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် ကျီစယ်တတ်တဲ့ကံကြမ္မာကြောင့် သူတို့နှစ်ယောက်ကြားထဲဘယ်သူဝင်လာမလဲ ဘယ်ရထားမှာလွဲခဲ့လဲမသိတဲ့သူတို့နှစ်ယောက် တစ်ဘူတာတည်းမှာပြန်ဆုံနိုင်ကြမှာလား ကျောင်းခန်းထဲမှာ ရည်းစားထားခဲ့ဖူးကြရင်တော့ ဒီကားလေးက အဲဒီခုနှစ်တွေဆီပြန်ရောက်အောင်ဆွဲခေါ်သွားမှာအမှန်ပါပဲ File size…1.5GB / 700MB Quality…1080p WEB DL / 720p Format..mp4 Duration….1h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie
Dear Nathan: Hello Salma (2018)
2018