Channel Myanmar

James Marsh

The Mercy (2018) 6.1
The Mercy (2018) The Mercy ဟာ 1968 ခုနှစ်ဝန်းကျင်မှာ ကျုင်းပခဲ့တဲ့ Sunday Times Golden Globe Race လို့ခေါ်တဲ့ လှေမာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အပျော်တမ်းရွက်လှေသမား Donald Crowhurst ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Biography, Drama ဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုရိုက်ကူးသူကတော့ ဒါရိုက်တာ James Marsh ဖြစ်ပြီး၊ ဇာတ်ဆောင်ဖြစ်သူ Donald Crowhurst နေရာမှာ The King's Speech ဇာတ်ကားနဲ့ အော်စကာဆုကိုရရှိခဲ့တဲ့သူဖြစ်ပြီး The Kingsman ဇာတ်ကားနှစ်ကားလုံးမှာ Harry Hart အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Colin Firth ပါ။ပြိုင်ပွဲဝင်ပြိုင်မယ့် ပြိုင်ပွဲဝင်တစ််ယောက်ရဲ့ ဘဝဇာတ်ကြောင်းရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် စီကာပတ်ကုံးညွှန်းဆိုနေစရာမလိုတော့ဘူးလို့ထင်ပါတယ်။ဇာတ်ဆောင်ရဲ့ မဆုတ်မနစ်ကြိုးပမ်းမှုတွေကို အသားပေးရိုက်ကူးထားတာကြောင့် ဘဝကိုရုန်းကန်ဖို့အတွက် အားယုတ်လျော့နေတဲ့သူတွေ၊ ဘဝကိုလက်မြောက်အရှုံးပေးချင်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားမှပေးစွမ်းတဲ့ရသက ခွန်အားဖြစ်စေမှာ ဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(ဘာသာပြန်သူကတော့ Brilliant Star ပါ)File ...
movie

The Mercy (2018)

2018
The Theory of Everything (2014) 7.7
The Theory of Everything (2014) The Theory of Everything (2014) IMDb - 7.7/10_____Rotten - 80% Won 1 Oscar, 25 wins & 124 nominations.    ဇာတ်လမ်းကတော့ ကမ္ဘာကျော် အာကာသသိပ္ပံပညာရှင်ကြီး စတီဗင်ဟော့ကင်း ရဲ့ အတ္ထုပ္ပတ္တိလေးပါ... သိပ္ပံပညာရှင်လို့ပြောရင်တောင် လုံလောက်မယ်မထင်ပါဘူး..... စာရေးဆရာလည်း ဖြစ်နေပြန်တယ်လေ.... အခုဖက်ခေတ်မှာ ဒုတိယအိုင်းစတိုင်းလို့တောင် တင်စားထားပြီး Black Holes ကနေ ထုတ်လွှတ်နေတဲ့ Radiation တွေကိုလည်း Hawking Radiation လို့နာမည်ပေးထားပါသေးတယ်... သူရခဲ့တဲ့ ဆုတွေက ၂၁ ဆုတောင်ရှိပါတယ်... ဒီလိုဖြစ်ဖို့ သူဟာသာမန်လူကောင်း တစ်ယောက်အနေနဲ့ ကြိုးစားခဲ့ရတာမဟုတ်ပါဘူး... Amyotrophic Lateral Sclerosis (ALS) ဆိုတဲ့ ရောဂါဆိုးကြီး နဲ့ယှဉ်တွဲပြီးတော့ကိုရင်ဆိုင်ခဲ့ရတာပါ ရောင်းအားအကောင်းဆုံး စံချိန်ချိုးခဲ့တဲ့ A Brief History Of Time ဆိုတဲ့ စာအုပ်ကို သူဘယ်လိုရေးခဲ့ရလဲ ? သူ့ရဲ့ခန္ဓာကိုယ်ကြီးက ဝှီးလ်ချဲ ပေါ်မှာပဲ အမြဲတမ်း ကန့်သတ်ခံခဲ့ရပေမယ့် သူ့ရဲ့စိတ်ကူးတွေ အတွေးတွေကတော့ ...
movie

The Theory of Everything (2014)

2014