Channel Myanmar

Jeffrey Lau

The Eagle Shooting Heroes (1993) 7.1
The Eagle Shooting Heroes (1993) Eagle Shooting Heroes (1993)IMDb Rating - 7.1“ သိမ်းငှက်သူရဲကောင်းများ ”Eagle Shooting Heroes ဆိုတဲ့နာမည်က မြန်မာသိုင်းရုပ်ရှင် ပရိတ်သတ်တွေအတော်များများ ရင်းနှီးပြီးသား နာမည်ပါပဲ။ သိုင်းလောကစိန်ခေါ်သံ၊ တိမ်လွှာနဂါးသူရဲကောင်းများ၊ မက်မွန်မြေက ချစ်တေးတစ်ပုဒ်၊သိမ်းငှက်သူရဲကောင်း၊ နဂါးနိုင်ဓား စတဲ့ ကျင်းယုံရဲ့သိုင်းယူနီဗာ့စ်ကြီးကို လူအတော်များများ သဘောကျကြပါတယ်။ သူရဲ့တခြားသိုင်း၀တ္တုတွေကို ရိုက်ကြတဲ့ဟာတွေကလည်း ကျွန်တော်တို့နဲ့ မစိမ်းပါဘူး။ သွေးသစ္စာဓား၊ နှင်းတောင်သူရဲကောင်း၊ ပြန်လမ်းမဲ့ကျွန်းတို့ပေါ့။ 2000 ခုနှစ်၀န်းကျင်မှာ ကိုးနာရီမြ၀တီကားတွေ သိုင်းခွေတွေနဲ့ ကြီးလာတဲ့သူတွေကတော့ သိမ်းငှက်သူရဲကောင်း (ပထမတွဲ) ဝါ မက်မွန်မြေက ချစ်တေးတစ်ပုဒ်ထဲက သိုင်းလောကထွဋ်ခေါင်‌လေးယောက်နဲ့ ၀မ်ချုံရဲတို့ကို ကောင်းကောင်းရင်းနှီးပြီးသားဖြစ်လောက်မှာပါ။ အခုထိလည်း အခါခါ Reboot ခံနေရတဲ့ ဇာတ်လမ်းပါပဲ။အနောက်ပိုင်းအဆိပ်ဘုရင် အိုးရန်ဖုံး၊ အရှေ့ပိုင်းတိတ္ထိ မက်မွန်ကျွန်းသခင်ဟွမ်၊ မြောက်ပိုင်းသူဖုန်းစားဂိုဏ်းချုပ် ဟုန်ချီကုန်း၊ တောင်ပိုင်းဧကရာဇ် တွမ့်၀မ်ရယ်၊ အလယ်ပိုင်းသူတောင်စင် ၀မ်ချုံရဲစတဲ့ ကောကျင့် ...
movie

The Eagle Shooting Heroes (1993)

1993
Kung Fu League ( 2018 ) 5.8
Kung Fu League ( 2018 ) သိုင်းကားကောင်းကောင်းကြိုက်တဲ့သူတွေ အတွက်တော့လုံးဝ အကြိုက်တွေ့မယ့် ဇာတ်ကားမျိုးပါပဲ..တကယ့်ဆရာကြီးတွေဖြစ်တဲ့ ဟွမ်ဖေးဟုန် , ၀င်ချွန်းသိုင်းဆရာကြီး ယိမန် ( Ip Man ) , ဘရုစလီ ပြီးတော့ ဟော့ရင်းဂျာ တို့ ၄ယောက် ပေါင်းထားတဲ့ ဇာတ်ကားလေး ပါ ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ဖေ့ရင်းရှုံဆိုတဲ့ လူငယ်လေးတစ်ယောက်က ဆရာကြီးလေးယောက်အကြောင်း သိုင်း Comic ဆွဲထားတာပေါ့..သူတစ်ဖက်သတ်ကြိုက်နေတဲ့ ပေါင်အယ် ဆိုတဲ့ကောင်မလေးရဲ့အထင်ကြီးမှုကို လိုချင်တာရော..ပြီးတော့ Propose ပါလုပ်မယ်ဆိုပြီး စိတ်ကူးထားခဲ့သူတစ်ယောက်ပါ..ဒါပေမယ့် သူ့ရဲ့အတွေးတွေဟာ..လွဲမှားခဲ့ရပါတယ် သူ့မွေးနေ့မှာပဲ လူတွေအားလုံးရဲ့အမြင်လွဲခံရ သူခိုးအထင်ခံရနဲ့သူစိတ်နာသွားခဲ့တယ်... ရေကန်လေးဘေးမှာ ပေါက်ကရတွေအော်ဟစ်ရင်း သိုင်းဆရာကြီးတွေကိုအကူအညီတောင်းနေတာပေါ့ ရုတ်တရုက်ဆိုပဲ မမျှော်လင့်တဲ့ ဖြစ်ရပ်လေးဖြစ်လာပြီးတော့ တကယ့်သိုင်းဆရာကြီးလေးယောက်ဟာလဲ သူတို့ခေတ်ကနေ ဘုမသိဘမသိနဲ့ 2018 ကို အချိန်ခရီးသွားသလိုဖြစ်ပြီး ရောက်လာတဲ့အခါမှာတော့............ ဆက်လက်ခံစားကြည့်ရှုပါ ဘာသာပြန်သူကတော့ Phyo Zaw ဖြစ်ပါတယ်
movie

Kung Fu League ( 2018 )

2018
All for the Winner (1990) 6.9
All for the Winner (1990) မင်းသားကြီးစတီဖင်ချောင်ရဲ့  IMDb Rating (6.9/10) ရရှိထားတဲ့ ဟာသဇာတ်ကားပါ။အားစင်းဟာ ရိုးသားပြီး စိတ်ထဲထင်သလို လုပ်ချင်ရာလုပ်တတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။သူ့ဦးလေးကတော့ ဟောင်ကောင်မှာ လူလည်လိုလို ကျင်လည်ကျက်စားနေတဲ့ လောင်းကစားသမားတစ်ဦးပါ။အားစင်းမှာ ထူးခြားတဲ့စွမ်းအားတစ်ခုက ဘယ်အရာကိုမဆို အလိုရှိရင် ထွင်းဖောက်မြင်နိုင်သလို စိတ်ပါရင် ရလဒ်တွေကိုပါပြောင်းလဲနိုင်သူပါ။ဒီအစွမ်းတွေကို လောင်းကစားဝိုင်းမှာ အသုံးပြုဖို့ သူ့ဦးလေးက ကြံစည်ပေမယ့် အားစင်းဟာ ကောင်မလေးတစ်ယောက်ကို ကြွေဆင်းပြီး သူ့ကိုမှ မမြင်ရရင် အားကုန် ပျော့ခွေနေတတ်တာကြောင့် အစွမ်းကို အမြဲမသုံးနိုင်ဘူးဖြစ်နေပါတယ်။ဒီအချိန်မှာပဲ ကမ္ဘာ့လောင်းကစားဖလားလုပွဲကို ကျင်းပဖို့ ဖြစ်လာရာမှာ လောင်းကစားလောကက ဂျင်တွေနဲ့ အားစင်းတို့တူဝရီး ဘယ်လိုတွေ အားပြိုင်ကြမလဲ.....အချစ်ကိုမမြင်ရရင် ပျော့ခွေနေတတ်တဲ့ အားစင်းရဲ့အစွမ်းတွေကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာ...။  File size…(900 MB) and (500 MB) Quality…DVD-Rip Format…mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thu Rein Zaw  
movie

All for the Winner (1990)

1990
A Chinese Odyssey: Part 3 (2016) 3.5
A Chinese Odyssey: Part 3 (2016) A Chinese Odyssey Part 3 (2016)_____IMDb - 3.5/10  ဒီဇာတ်ကားဟာ စွန်းဝူခုန်းရဲ့ အနောက်သို့ခရီးသွားမှတ်တမ်းကို ဇာတ်လမ်းဆန်းသစ်ပြီး ဟာသတစ်ပိုင်းနဲ့ ရိုက်ခဲ့တဲ့ စတီဗင်ချောင်ရဲ့ A Chinese Odyssey အပိုင်း ၁ နဲ့ ၂ ရဲ့ အဆက်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ စွန်းဝူခုန်းဖြစ်လာမယ့် Joke(ကျိစန်းပေါင်)ဟာ အနှစ် ၅၀၀ နောက်ကျပြီးမှ မွေးဖွားလာခဲ့ပြီး သူ စွန်းဝူခုန်းဖြစ်လာရမယ့် ကံကြမ္မာဟာ သူ့ရဲ့ချစ်သူနတ်သမီး စီရှား သေဆုံးမှဖြစ်လာမယ်လို့ ကောင်းကင်ဘုံကျမ်းမှာ ကံကြမ္မာအဖြစ်ရေးသားထားခဲ့ပါတယ်။ ဒါကို အချိန်ခရီးသွားခဲ့ပြီး ကြိုသိလာတဲ့ နတ်သမီးဟာ ကျိစန်းပေါင်နဲ့ မချစ်မိစေဖို့ သူမသေရဖို့ ရှောင်လွှဲဖို့ကြိုးစားစဉ် နွားမိစ္ဆာမောင်နှမကိုပါ ဆွဲထည့်မိပြီး ရှုပ်ထွေးလာပုံကို လှည့်ကွက်လေးတွေနဲ့ မထင်မှတ်တာလေးဖြစ်လာအောင် ပြသထားတာပါ။ သတ်မှတ်ထားပါတယ်ဆိုတဲ့ ကံကြမ္မာနဲ့ ကိုယ်ပိုင်ရွေးချယ်မှု ယှဉ်လာတဲ့အခါ ကံကြမ္မာကို လူကဖန်တီးမလား၊ ကံကြမ္မာက လူကိုဖန်တီးမလားဆိုတာတော့.....     File Size     :   669 MB Duration    :   1 hr 33 min Quality   ...
movie

A Chinese Odyssey: Part 3 (2016)

2016
A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995) 7.9
A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995) A Chinese Odyssey: Part 1 - Pandora's Box (1995)_____IMDb - 7.9/10 A Chinese Odyssey: Part 2 - Cinderella (1995)_____IMDb - 8.0/10   ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့ နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကို ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီ စွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘဝပြန်ဝင်စားပြီး လူဘဝနဲ့ကျင်လည်ကျက်စားပုံတွေ မိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယတ်ခပ်အောင် ဗျာများနေရပြီး ရသစုံအချစ်ဇာတ်လမ်းလေးတွေပေါက်ဖွားလာပုံတွေကို တွေ့ရမှာပါ ထို့အပြင်ပဲ ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာ စကားအလွန်များပစိပစပ်အလွန်နိုင်တဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေကို မင်းသားကြီး Stephen Chow ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့ ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။  စွန်းဝူခုန်း တစ်ဖြစ်လဲ ကျင်းရှောင်လင် တစ်ယောက် သူရဲ့အချစ်ရဆုံးမိန်းကလေးဟာဘယ်သူဆိုတာနဲ့ လောကကြီးရဲ့အကျိုးသယ်ပိုးဖို့အတွက် စွန်းဝူခုန်း ဘဝကိုပြန်လည် ရွေးချယ်ရင် သူနဲ့ပတ်သက်တဲ့မိန်းကလေးနဲ့လည်းကွဲရမှာဖြစ်တာကြောင့် သူဘာကိုရွေးချယ်မှာလဲ ဆိုတာကိုလည်း ရင်တမမနဲ့ကြည့်ရမယ့်အပြင် စိတ်ကိုလည်း အားမလိုအားမရဖြစ်ကာမရိုးမရွဖြစ်စေတဲ့ရသကိုလည်း ပေးနိုင်စွမ်းရှိတဲ့ ...
movie

A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995)

1995