Channel Myanmar

John R. Woodward

The Shawshank Redemption (1994) 9.3
The Shawshank Redemption (1994) The Shawshank Redemption (1994)91% Rotten Tomatoes9.3/10 IMDbမိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten Tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ.....မသေခင်ကြည့်သင့်သော ကားများ....ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘဝ၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ...
movie

The Shawshank Redemption (1994)

1994
4K HEVC
Never Back Down (2008) 6.6
Never Back Down (2008) ကဲအခု အတိုက်​အခိုက်​ကိုမှ ကြည်​့ရတာအားရပြီးတော့ ကြည်​့လိုက်​တာနဲ့ စိတ်​တက်​ကြွစေမဲ့ရုပ်​ရှင်​ကားတကားနဲ့မိတ်​ဆက်​ပေးချင်​ပါတယ်​။ အဲ့ကားလေးကတော့2008 March 14ကနေ့မှာ ထွက်​ရှိခဲ့တဲ့ Never Back Down ဆိုတဲ့ကားပဲဖြစ်​ပါတယ်​။ ဒီကားလေးကိုတော့ ဒါရိုက်​တာ Jeff Wadlowကနေ ရိုက်​ကူးပေးထားတာဖြစ်​ပြီးတော့ အမျိုးအစားလေးကတော့ Action, Drama, Sport လေးပဲဖြစ်​ပါတယ်​။ ဒီကားလေးမှာပါဝင်​သရုပ်​ဆောင်​ထားတဲ့ မင်​းသားအနေနဲ့ကတော့ Sean Faris ဖြစ်​ပြီးတော့ မင်​းသမီးအနေနဲ့ကတော့ Amber Heard ဖြစ်​တယ်​ဆိုတော့ မင်​းသမီးဘယ်​လောက်​လှတယ်​ဆိုတာ ဇာတ်​ကားကောင်​းတကောင်​းဖြစ်တယ်​ဆိုတာ အထူးတလည်​ပြောစရာမလိုတော့ဘူးဗျာ။ ဇာတ်​လမ်​းအညွှန်​း - အတိတ်​ကရုန်​းထွက်​မရနိုင်​တဲ့အဖြစ်​အပျက်​တခုကြောင်​့ အမြဲအပြစ်​တင်​စိတ်​ ဒေါသထွက်​နေတဲ့စိတ်​တွေနဲ့ပြည်​့နှက်​နေတဲ့ ဂျိတ်​တိုင်​လာဆိုတဲ့ကောင်​လေးတယောက်​ဟာ မိသားစုနဲ့အတူနေရာသစ်​တခုကိုပြောင်​းလာခဲ့ပြီးတော့ အဲ့ကျောင်​းမှာပဲ မြေအောက်​တိုက်​ခိုက်​ရေးပွဲ တခုကိုဝင်​ပါမိသွားပါတယ်​။ အဲ့ကနေပြီးတော့ သူဟာကျောင်​းကသူငယ်​ချင်​းတယောက်​နဲ့ပေါင်​းမိပြီး ထိုကျောင်းမှာရှိတဲ့ အတော်ဆုံးတိုက်​ခိုက်​ရေးသမားတယောက်​နဲ့ ဘယ်​လိုရင်​ဆိုင်​သွားလဲဆိုတာကို ကြည်​့ရူခံစားရမှာပါတယ်​။ IMDb Rating အနေနဲ့ကတော့ 6.6/10 ဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Jake(NNL) ဖြစ်ပါတယ်)File size__( 950 MB) and ( 350 MB) Quality__BR-Rip 720p IMDb Rating__6.6/10 Format__mp4 Duration__01:53:26 Type__Drama ...
movie

Never Back Down (2008)

2008
Poseidon (2006) 5.7
Poseidon (2006) Poseidon (2006)______IMDb - 5.7/10ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Poseidon ဆိုတဲ့ဇာတ်ကားလေးပါ ။ MS Poseidon ဆိုတဲ့ အပျော်စီးသင်္ဘောဟာ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနေခဲ့ပါတယ် ။ ဒီသင်္ဘောပေါ်မှာ အရင်က နယူးရော့ခ်မြို့အုပ်ဟောင်းဖြစ်ခဲ့တဲ့ ရောဘတ်ရယ် ၊ သူ့သမီးဂျနီဖာရယ် ဂျနီဖာရဲ့ကောင်လေးခရစ်ရှန်ရယ် လိုက်ပါလာခဲ့ကြပါတယ် ။ သင်္ဘောပေါ်မှာ နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန်မှာ ပင်လယ်ပြင်တစ်နေရာကို ဗဟိုပြုပြီး ငလျင်လှုပ်ရာကနေ ကြီးမားလှတဲ့ ဆူနာမီ လှိုင်းလုံးကြီးကြောင့် သင်္ဘောဟာ တိမ်းမှောက်ခဲ့ရပါတယ် ။ အားလုံးနီးပါးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ခြောက်ယောက်ရှိခဲ့ပါတယ် ။ သူတို့ဟာ သူတို့အသက်ဆက်ရှင်နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ် ။ သူတို့တွေ နောက်ဆုံးမှာ အသက်ဆက်ရှင်ကြမလား ၊ ကယ်ဆယ်မယ့်သူတွေနဲ့ရော တွေ့ရပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပါလို့ ညွှန်းပေးချင်ပါတယ် ။ ဒီရုပ်ရှင်မှာ လူသားဆန်မှု ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကို တွေ့ရပြီး အသက်နဲ့ မေတ္တာတရား တကယ်တမ်း ယှဉ်ပြိုင်လာတဲ့အခါမှာတော့ .......... (ဘာသာပြန်သူကတော့ ကိုစည်သူထက်ပါ)File Size : (701 MB) Quality : Bluray ...
movie

Poseidon (2006)

2006