Channel Myanmar

Karan Johar

Rocky and Rani’s Love Story (2023) 7.2
Rocky and Rani’s Love Story (2023) Rocky Aur Rani Ki Prem Kahani (2023) IMDb-7.2/10 ရန်ဘီးကပူးရ် အူတိုရလောက်အောင်ရိုခဲ့ကြတဲ့ အာလီယားဘတ်နဲ့ ရန်ဗီးရ်ဆင်းဂ်တို့ရဲ့ ရုံတင်အမြတ်ငွေကုဋေ၁၀၀ကျော်လောက် မြတ်ထားတဲ့ အချစ်ဇာတ်လမ်းလေးလာပါပြီခင်ဗျာအချစ်ဆိုတဲ့အရာကလှပတဲ့ပေါင်းစပ်မှုတစ်ခုဆိုရင် နားလည်မှု ဒြပ်စင် ၊ ဂုဏ်ရည်အချင်းတူညီမှု ဒြပ်စင်၊ နှစ်ဖက်အသိုင်းအဝိုင်းရဲ့ မေတ္တာအကြင်နာဒြပ်စင်လေးတွေကမရှိမဖြစ်ပါကိုပါရတဲ့အရာ ခေတ်ပညာတွေတတ်မြောက်ပြီး အတွေးအခေါ်တွေကလည်းဆန်းသစ်တဲ့ မော်ဒယ်မိသားစုနဲ့ ဆွေဂုဏ်မျိုးဂုဏ်ကိုအဆက်ဆက်ထိန်းသိမ်းလာပြီး ယဉ်ကျေးမှုဘာသာတရား စည်းဘောင်အတွင်းမှာပဲနေကြတဲ့ မိသားစု ဒီမိသားစု‌နှစ်စုရဲ့ မျိုးဆက်တွေမှာအချစ်ဆိုတဲ့အရာဝင်လာတဲ့အချိန်မှာ အချစ်ကိုစတေးမိသားစုအရေး ဦးစားပေးခဲ့ကြသူတွေရှိတယ်ရာနီးနဲ့ ရော်ကီလို ရည်ရွယ်ချက် ၊ အတွေးအခေါ် ၊ နေထိုင်မှုဘဝ ဘာမှမတူကြတဲ့လူငယ်နှစ်ယောက်ရဲ့ အချစ်ထပ်တူကြလာချိန်မှာ ဒီအချစ်နဲ့ စည်းဘောင်တွေဖောက်ထွက်နိုင်ကြမလား ဒီအချစ်နဲ့ မတူညီတဲ့အရာတွေကိုပေါင်းစည်းနိုင်မလား တဟုန်းဟုန်းတောက်လောင်ရတဲ့ စစ်ပွဲမဟုတ် လူနှစ်ယောက်ရဲ့အချစ်တွေနဲ့ တဖြည်းဖြည်းချင်းပုံဖော်တိုက်ယူသွားကြမဲ့ အချစ်တိုက်ပွဲအကြောင်း သံစဉ်ချိုချိုလေးတွေနဲ့ ခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ V ~ ZweYan ~ BpL ~ YH ~ Cherry ~ Yunni တို့ပဲဖြစ်ပါတယ် File size…4k HEVC WEB DL / 2.68GB / 1.4GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 48m Subtitle….Myanmar ...
movie

Rocky and Rani’s Love Story (2023)

2023
4K HEVC
Kabhi Khushi Kabhie Gham(2001) 7.4
Kabhi Khushi Kabhie Gham(2001)  Kabhi Khushi Kabhie Gham(2001)IMDb Rating (7.4) / Rotten Tomatoes (100%)အမီတာဘဂျမ်း..ရှရွတ်ခန်း...လက်ပွားမင်းသား ရိုရှမ်..မင်းသမီးကာဂျိုး...ကရီနာကပူးလ်စတဲ့ ဘောလိဝုဒ်ရဲ့တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေ ပြုံပြီးသရုပ်ဆောင်သလို ဇာတ်လမ်းကလဲတကယ်ကောင်းပါတယ်။ပြသချိန် ၃နာရီခွဲ ကြာတဲ့ဇာတ်ကားဆိုပေမယ့် ခနလေးလိုပဲ ထင်ရလောက်အောင်ကောင်းတာပါ။ဇာတ်လမ်းကတော့...ယာရှ်နဲ့ နန်ဒနီတို့ဟာ သားသမီးမဖွားမြင်တာကြောင့် ရာဟုလ်ကိုမွေးစားဖို့အိမ်ခေါ်လာပါတယ်။သားအရင်းမဟုတ်ပေမယ့်သားအရင်းတစ်ယောက်လို ချစ်ကြပါတယ်။တစ်နေ့ ရာဟုလ်က အဖြစ်မှန်ကို သိသွားခဲ့ပေမယ့် အဲဒီစကားကို အဲဒီအိမ်မှာဘယ်တော့မှထပ်မပြောကြဖို့ ယာရှ်က ဆုံးဖြတ်လိုက်တယ်။ယာရှ်ဟာ မျိုးရိုးဂုဏ်အရှိန်အဝါနဲ့ ဓလေ့ထုံးတမ်းအစဥ်အလာတွေကို အလေးထားတဲ့သူဖြစ်တာကြောင့် ရာဟုလ်ကိုအဆင့်အတန်းတူတဲ့ မျိုးရိုးက ဆင်းသက်လာသူနဲ့သာ ပေးစားချင်နေတယ်။ ဒါပေမယ့် အမျိုးဇာတ်နိမ့်တဲ့ ကောင်မလေးတစ်ယောက်ကို ရာဟုလ်က ချစ်မိသွားတဲ့အခါမှာတော့...။ဒရမ်မာဇာတ်လမ်းရှည်ကြီးတွေကို တစ်ရှူးအပြည့်နဲ့ကြည့်တတ်သူတွေ လုံးဝလက်လွတ်ခံလို့မဖြစ်ပါဘူး။(Thaik San မှ ဘာသာပြန်တင်ဆက်ထားတာပါ။)  File size…(3.5 GB) / (2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….03:29:00 subtitle….Myanmar Hardsub Encoder….Nyeinsaeya Aung Translated by Thaik San
movie

Kabhi Khushi Kabhie Gham(2001)

[18+] Lust Stories (2018) 7.0
[18+] Lust Stories (2018) IMDb (6.4) / Rotten Tomatoes (100%)18+လို့ခေါင်းစဉ်တပ်ထားလို့ လိင်အသားပေးသီးသန့်ချည်းပါတယ် မထင်လိုက်ပါနဲ့ဒါပေမဲ့ ရုပ်ရှင်ရဲ့အလိုသဘောအရတော့ အသုံးအနှုန်းတွေ၊ တချို့ပြကွက်တွေကအရွယ်ရောက်ပြီးသားလူတွေနဲ့ပဲသင့်တော်မယ့် အနေအထားမို့လို့ပါဒီဇာတ်ကားကို Netflixကဖြန့်ချီပြီး အိန္ဒိယရဲ့နာမည်ကြီး ဒါရိုက်တာလေးဦးဖြစ်တဲ့Karan Johar Anurag Kasyap Zoya Akhtar Dibakar Banerjee တို့ကရိုက်ကူးထားတာပါ။ဇာတ်လမ်းတိုလေးခုနဲ့ဖွဲ့စည်းထားပြီး ဒိတ်ဒိတ်ကျဲသရုပ်ဆောင်များနဲ့ အကောင်းဆုံးပုံဖေါ်ထားတာပဲဖြစ်ပါတယ်Love & Sex, Sex & Lust ကို အမျိုးသမီးတွေဘက်မှ အကောင်းဆုံး ရိုက်ပြထားတာပါ။အမျိုးသမီးတစ်ယောက်ရဲ့ဆန္ဒ၊ ယောက်ျားတွေ သတိမထားမိတဲ့ သူတို့လိုအပ်ချက်တွေအမျိုးသမီးအချင်းချင်းတောင် မသိနိုင်တဲ့ တချို့တချို့ကိစ္စတွေကို ပညာသားပါပါနဲ့ အမိုက်ဆုံးဖြစ်အောင် ပြသ,သွားခဲ့တာပါ။ "အမျိုးသမီးတစ်ယောက်ရဲ့ဆန္ဒက ကလေးရရုံသက်သက်ပဲ မဟုတ်ပါဘူး "" ကိုယ်ချစ်တဲ့သူကို နစ်နာအောင်မလုပ်ကြဘူး မှန်တယ်လို့ပဲပြောရမှာပေါ့ရည်ရွယ်ရွယ်ချက်ရှိရှိနဲ့တော့မဟုတ်ဘူး ...
movie

[18+] Lust Stories (2018)

2018
Ghost Stories (2019)
Ghost Stories (2019) Ghost Stories (2019) ================#Unicodeဒီရုပ်ရှင်က ဘာနဲ့ တူလဲဆိုတော့ထိုင်းမှာ နာမည်ကြီးတဲ့ 3AM လိုပဲ3AM က သရဲပုံပြင်တွေကို ရုပ်ရှင်အဖြစ်ရိုက်ပြီး အပိုင်းတိုလေးတွေ စုထားတဲ့ ရုပ်ရှင်ပါထိုင်းရဲ့ 3AM က Jump Scare တွေ အရမ်းများတယ်သေချာလေး မိတ်ကပ်ရော ကွန်ပြုတာ Effect ရောသေချာလုပ်တဲ့ အပြင် ဇတ်လမ်းတွေက အတော်စိတ်ဝင်စားစရာကောင်းပြီး ဇတ်ဝင်ခန်းတွေ ရဲ့တီးလုံးသံတွေကြောင့် ပိုအသက်ဝင်တယ်...အခု India က Ghost Stories ဆိုပြီး ရိုက်ချလာတယ်IMDb ကတော့ 4 ပဲ ရှိတာက မကောင်းတဲ့ အငွေ့အသက်လေးလဲရတာပေါ့...ဒါပေမဲ့ တကယ်တမ်း ကြည့်လိုက်တဲ့ အခါတွေးစရာလေးတွေ ပေးတယ်အရမ်းကြောက်ရလား ဆိုတော့လဲ မဟုတ်ပြန်ဘူးသူက တွေးစရာတွေပဲ ပေးတယ်...ဘယ်လိုမျိုးလဲ ဆိုတော့ သတိုးတေဇ ၀တ္တုဖတ်ရသလိုတကယ်မရှိတာတွေက တကယ်ရှိပြီး တကယ်ရှိတာတွေကတကယ်မရှိတာမျိုးတွေတကယ်တမ်း India က ဒီထက် ပိုလုပ်နိုင်သေးတယ်Jump Scare ...
movie

Ghost Stories (2019)

2019
Wake Up Sid(2009) 7.6
Wake Up Sid(2009) Wake Up Sid(2009). IMDb...7.6 သူနာမည်က ဆစ်ဒ်...ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာတဲ့သူ...လက်ဖျောက်တစ်ချက်အတွင်းမှာ ပန်းတွေပွင့်စေချင်သလား.....ရနံတွေ လွမ်းခြုံချင်သလား...ဘာမဆိုဖန်တီးနိုင်လောက်အောင်ချမ်းသာတဲ့သူပီပီ လောကကြီးကို အပြုံးတွေနဲ့ ဂျစ်ကန်ကန်ဖြတ်သန်းနေတဲ့ကောင်လေးတစ်ယောက်...သူငယ်ချင်းတွေနဲ့အချိန်ကုန်ပြီး ဘ၀ရည်မှန်းချက်ဆိုတာ မတွေးကောင်း မလုပ်သင့်တဲ့အရာလိုသတ်မှတ်ထားတဲ့သူ...ကျောင်းမှာလည်း စာမလုပ်တဲ့ကျောင်းပျော်ကြီးပေါ့... အိုင်ရှားဆိုတဲ့ကောင်မလေးကတော့ သူနဲ့ဆန့်ကျင်ဘက်ပါပဲ...ဘ၀ရပ်တည်မှုအတွက် ကြိုးစားရုန်းကန်နေရသလို  ဆစ်ဒ်နဲ့လည်း ခံယူချက်တွေတော်တော်များများက အတော်ကြီးကိုခြားနားနေပါတယ်.. သို့ပေမယ့်သူနဲ့ (၂)ယောက်က သူငယ်ချင်းပါပဲ... ကိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး..သိပ်ကိုနူးညံသိမ်မွေ့လွန်းတဲ့ကားလေးပါ.. .ဒီကားက ဇာတ်လမ်းကမှန်းဆရလွယ်တယ်လို့ခင်ဗျားတို့ထင်ချင်ထင်လိမ့်မယ်.. သို့ပေမယ် နေ့စဉ်နဲ့အမျှရုန်းကန်နေရတဲ့ကျွန်တော်တို့နှလုံးသားဟာ ပင်ပန်းနွမ်းနယ်ရှာလွန်းတယ်...ဒီကားကြည့်ပြီးရင်တော့ ခင်ဗျားတို့ နှလုံးသားဟာ ဆောင်းရာသီမှာသောက်ရတဲ့ ထန်းရည်ပင်ကျစစ်စစ်လိုဖြစ်သွားလိမ့်မယ် ...သိတယ်မဟုတ်လား ပင်ကျရည်စစ်စစ်ဆိုရင် အမြှုံလေးတွေက  ပုဇွန်ဆိတ်ခုန်လေး တဖြတ်ဖြတ်ခုန်နေတာလေ....ခင်ဗျားတို့နှလုံးသားလည်း တဖြတ်ဖြတ်ခုန်သွားလိမ့်မယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်.... File Size : (1000 MB) and (422 MB) Quality : Blu-Ray 720p Format…mp4 Duration…02:18:00 Genre :  Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae 
movie

Wake Up Sid(2009)

2009
Kabhi Alvida Naa Kehna (2006) 6.1
Kabhi Alvida Naa Kehna (2006)  ခြေစွမ်းပြပြီး အောင်မြင်ကျော်ကြားနေတဲ့ ဘောလုံးကစားသမား တစ်ယောက်ဖြစ်တဲ့ ဒေ့ဗ် သူ့မှာ သွက်လက်ပြီး အရည်အချင်း သိပ်ရှိတဲ့ ရီဟား လို့ ခေါ်တဲ့ မိန်းမနဲ့ သားလေး တစ်ယောက်ရှိတယ်တစ်နေ့မှာတော့ ဒေ့ဗ်က မင်္ဂလာဆောင် တစ်ခုကနေ သူ့အမေကို သွားကြိုတာ အမေဖြစ်သူက သတို့သမီး မလာသေးလို့ မင်္ဂလာပွဲ မပြီးသေးလို့ မပြန်သေးတော့ ပန်းခြံထဲမှာ လမ်းလျှောက်နေရင်း သတို့သမီး ဝတ်စုံနဲ့ မိန်းကလေး တစ်ယောက်ကိုတွေ့ခဲ့တယ် သူ့နာမည်က မာယာ"လက်မထပ်ခင် မင်း အချစ်စစ်ကို ရှာသင့်တယ် လက်ထပ်ပြီးသွားရင်တော့ မင်းရှာလို့ မရဘူးနော်ဒါဆို တကယ်လို့ လက်ထပ်ပြီးမှ အချစ်စစ်ကို တွေ့ခဲ့ရင်ကော""ကျွန်မက မနှုတ်ဆက်ဘူး နှုတ်ဆက်တယ်ဆိုတာ နောင်တစ်ကြိမ် ထပ်တွေ့မယ်ဆိုတဲ့ မျှောလင့်ချက် မရှိအောင် လုပ်လိုက်သလိုပဲ ဘယ်သူပြောနိုင်မလဲ နောက်တစ်ကြိမ် ပြန်တွေ့ဦးမလား ဆိုတာ"အခုမှ တွေ့ဖူးတဲ့ မာယာ့ကို ဒေ့ဗ် တစ်ယောက် အရင်ကတည်းက ရင်းနှီးနေသလို ခံစားခဲ့ရတယ် ဒါကြောင့်လဲ သူမကို ...
movie

Kabhi Alvida Naa Kehna (2006)

2006
Student of the Year (2012) 5.5
Student of the Year (2012) Shanaya Singhania.. တစ်​​ကျောင်​းလုံးရဲ queen လို့ ​ပြောရ​လောက်​​အောင်​ လှပပြီးနာမည်​​ကျော်​ကြားသူ Rohan Nanda ရဲ့ ရည်​းစား​Abhimanyu.. မိဘ​တွေ​သေဆုံးသွား​ပြီး အဘွား ရယ်​ သူ့ကိုမကြည်​ဖြူတဲ့အ​ဒေါ်နဲ့​နေရပြီး စာ​တော်​တဲ့​ကျောင်​းသား တစ်​​ယောက်​သူတို့သုံး​ယောက်​ ဒီ​ကျောင်​းမှာအတူတူ​တွေ့ဆုံကြြပြီ ပဋိပက္ခ ​တွေကြားက​နေပဲ အချစ်​ဆုံးသူငယ်​ချင်​း​တွေဖြစ်​ခဲ့ကြပါတယ်​ဘယ်​လိုအ​ခြေအ​နေ​တွေနဲ့ပဲ ​ကျောင်​းကို​ရောက်​လာ​ရောက်​လာ ဒ​ီ​ကျောင်​းမှာ ​တတ်​နေကြတဲ့ ​ကျောင်​းသားတိုင်​း အလိုချင်​ဆုံးဆုက​တော့ Student of the year ဆိုတဲ့ ဆုဖုလားတစ်​ခုပါပဲဒီဆုဖုလား ကိုရရှိဖို့ဆိုရင်​ ပြိုင်​ပွဲ​တွေအများကြီး ယှဉ်​ပြိုင်​ပါတယ်​အဲ့ဒီယှဉ်​ပြိုင်​မှုမှာ သူတို့သူငယ်​ချင်​း​တွေပါဝင်​ယှဉ်​ပြိုင်​မိတဲ့အခါမှာ​တော့ အချင်​းချင်​းမသင်​့မြတ်​မှု​တွေ အတ္တ​တွေ မာနတရား​တွေ ကို ခံစားလာရတဲ့အခါမှာ သူငယ်​ချင်​းသံ​ယောဇဉ်​ဆိုတာလည်း ပျက်​စီးသွားခဲ့ပါတယ်​ဒါ​ပေမယ်​့ ထင်​မှတ်​မထားတဲ့ ဆုဖုလား​ရဲ့​နောက်​ကွယ်​က တက္ကသိုလ်​ပါ​မ္ခောတစ်​ဦးရဲ့ စိတ်​သ​ဘောထားအမှန်​ကို သိရှိခဲ့ပြီးတဲ့အခါမှာ​တော့ ၁၀ နှစ်​​ကြာ ခံစားခဲ့ရတဲ့ သူတို့သူငယ်​ချင်​း​တွေကြားက အာဃာတ ​တွေ​ပျောက်​ကွယ်​သွားပြီ ပြန်​လည်​​ပြေလည်​သွားတဲ့ အ​ကြောင်​း​လေးကို ရိုက်​ကူးထားတဲ့ဇတ်​ကား​ကောင်​း​လေးတစ်​ကားပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အေးငြိမ်းသူပဲဖြစ်ပါတယ်)File Size : 1.2 ...
movie

Student of the Year (2012)

2012