Channel Myanmar

Kazi Kopecka

Hostel (2005) 5.9
Hostel (2005) Hostel (2005) IMDb - 5.9/10_____Rotten - 61%   ပုရိတ်သတ်ကြီးအတွက် တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ကျော်ကြား ခဲ့တဲ့ ဒါရိုက်တာကြီး Eli Roth ရဲ့ဇာတ်ကားကောင်းတွေကို တင်ဆက်လိုက်ပါတယ်။အမှန်တော့ Hostel ဇာတ်ကားတွေက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာမဟုတ်ပါဘူး။ဒါပေမဲ့ အပိုင်းသုံးပိုင်းထဲက အပိုင်းတစ်ခုဟာထိုင်းမှာ အလားတူသဏ္ဍန် တစ်ခုဖြစ်သွားခဲ့တဲ့အတွက် ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကိုအခြေခံထားတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ...... လူတွေဆိုတာ အခက်သားကလား။သာယာမှု့ဆိုတာကို လူတိုင်းလက်ခံသဘောကြ ကြပါတယ်။နာကြင်မှု့ကိုတော့ ကြားတောင်မကြားချင်ကြပါဘူး။ဒီဇာတ်ကားက အဲဒီခံစားချက်နှစ်မျိုးရဲ့ အချိတ်ဆက်ကို ဖော်ပြပေးသွားမှာပါ။မူမှန်တဲ့ လူတွေအတွက် ပျော်စရာ ကလပ်တွေရှိနေသလို မူမမှန်တဲ့သူတွေအတွက်လည်း ပျော်စရာ ကလပ်တွေ ရှိနေပါတယ်။မူမမှန်သူတွေကတော့ လူ့အသက်တွေနဲ့ အကြောက်တရားတွေကို ငွေကုန်ကြေးကျခံပြီး ကစားကြသူတွေပါ။ဇာတ်ကားရဲ့အခြေခံကတော့ မြို့တွေကို ပျော်ရွင်စရာတွေနဲ့ သုခဘုံအလားဖန်တီးထားပြီးနိုင်ငံခြားသား/သူ တွေကို အစဖျောက်ဖမ်းခေါ်ပြီးမူမမှန်တဲ့ သူတွေဆီကို ပိုက်ဆံယူပြီး ဝကွက်အပ်လိုက်တာပါပဲ။ပိုက်ဆံအတွက် အသတ်ခံကြရသလို ပိုက်ဆံအတွက် သတ်ကြရပါတယ်။ လျှင်သူစားစတမ်းပေါ့ဗျာ...   (ဘာသာပြန်သူကတော့ ကိုအေးမင်းဦးပါ)    Hostel: Part II (2007) ကို ...
movie

Hostel (2005)

2005
Solomon Kane 6.1
Solomon Kane Solomon Kane (2009) IMDb - 6.1/10_____Rotten - 67%    မိစ္ဆာတွေ စွန့်စားခန်းတွေ တိုက်ပွဲတွေ မှော်ပညာပါတဲ့ ဇာတ်လမ်းတွေကိုမှ အားပေးချင်ပါတယ်ဆိုတဲ့ ပုရိတ်သတ်ကြီးအတွက်ဆော်လမွန်ကိန်း လာပါပြီ။ ဇာတ်လမ်းကျောရိုးလေးကို နားလည်ထားမှ ဇာတ်ကားလေးက ကြည့်ရတာအရသာရှိနေတာကြောင့် တင်ပြလိုပါတယ်။ တစ်ချိန်တုန်းက ကမ္ဘာကြီး မိစ္ဆာအမှောင်ထုရဲ့ ကြီးစိုးမှု့အောက်ရောက်ရှိခဲ့ပါတယ် မှော်ဆရာတွေ မိစ္ဆာတွေ မကောင်းဆိုးရွားတွေ သူတစ်လူ ငါတစ်မင်း သောင်းကျန်းချင်တိုင်းသောင်းကျန်း နေတဲ့ခေတ်တစ်ခေတ်ပါပဲ။ အားလုံးက အတည်တကျမဖြစ် ကျီးလန့်စာစားနေနေကြရပါတယ်။ ကိုယ့်ကိုယ်ကိုမပြောနဲ့ ကိုယ့်ဝိဉာဉ်ကိုယ်တောင်မပိုင်တဲ့ ခေတ်ကြီးပါပဲ။ ဝိဉာဉ်ကို မိစ္ဆာတွေနဲ့ အလဲထပ် အလောင်းစားလုပ်လို့ရနေပြီး ကတိဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ဖခင်ရဲ့စေတနာကို နားလည်မှု့လွဲပြီး ဆန့်ကျင်ဘက်တွေလုပ်ရာမှ သူ့ဝိဉာဉ်ကို မိစ္ဆာနဲ့အလောင်းစားလုပ်ပြီး ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေခဲ့ပါတယ်။    မိစ္ဆာကလည်း အချိန်စေ့တာကတစ်ကြောင်း မနိုင်တော့တာလဲတစ်ကြောင်းမို့ ဝိဉာဉ်ပြန်လာနှုတ်ပါတယ်။ ဒါပေမဲ့ ဆော်လမွန်ကိန်းက ပြန်မပေးပဲ အပြန်လှန်တိုက်ခိုက်ရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ပြေးရင်းပြေးရင်းမှ မိစ္ဆာတွေရဲ့ စက်ကွင်းလွတ်ရာ ဘုန်းတော်ကြီးကျောင်းထဲမှာ ရက်ရှည်လများစွာခိုအောင်းရင်း ဆိုးမိုက်မှု့တွေကိုစွန့်လွှတ်ကာ အေးချမ်းစွာနေထိုင်နေပါတယ်။ တစ်နေ့မှာတော့ ဘုန်းတော်ကြီးက သူ့မွေးရပ်ဇာတိကို ပြန်ပြီးအမွေဆက်ခံဖို့စေလွှတ်ပါတော့တယ်။ အေးဆေးနေချင်တဲ့ ဆော်လမွန်ကိန်းတစ်ယောက် မငြင်းသာတော့ပဲ ခရီးရှည်ကြီးကို စတင်ရပါတော့တယ်။ လမ်းခရီးကမိတ်ဆွေတွေရှိနေသလို ...
movie

Solomon Kane

2009