Channel Myanmar

Kenny Leon

American Son (2019) 5.7
American Son (2019) ဇာတ်လမ်းနာမည်က အမေရိကန်သား ဆိုတဲ့အတိုင်း အမေရိကန်နိုင်ငံက သားတစ်ယောက်အကြောင်းပါ။အမေရိကန်နိုင်ငံသား လူမည်း ဆယ်ကျော်သက်တစ်ယောက် ပျောက်ဆုံးမှုနဲ့ အစပြုထားတဲ့ ဇာတ်ကားပါ။ဒီဇာတ်လမ်းမှာ လူဖြူလူမည်း ခွဲခြားတဲ့ ခေါင်းစဉ်ကို လှလှပပ ပုံဖော်သွားပါတယ်။ဇာတ်လမ်းက ထူးခြားတဲ့ဇာတ်လမ်းတစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။တစ်ဇာတ်လမ်းလုံးမှာ အဓိကဇာတ်ကောင်အနေနဲ့ ၃ ယောက်ပဲ ပါတာ ဖြစ်ပါတယ်။တစ်ဇာတ်လမ်းလုံးကို Location တစ်ခုထဲ သုံးပြီး ရိုက်သွားခဲ့တာပါ။ဘယ်လိုရိုက်ထားလဲ ဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်ကြည့်လိုက်ပါဗျာ။လူမည်းမိခင်တစ်ယောက်က သူ့သားပျောက်သွားလို့ ရဲစခန်းကို လာရှာတဲ့အချိန်မှာ လူဖြူရဲတစ်ယောက်နဲ့ စပြီး တွေ့ပါတော့တယ်။တော်တော်တော့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါပဲ။လူ ၃ ယောက်၊ Location ၁ နေရာထဲကို စိတ်ဝင်စားအောင် ရိုက်ထားနိုင်တဲ့ကားဆိုတော့ ဘယ်လောက်ထိ ဆွဲဆောင်မှု ရှိတယ်ဆိုတာ ပြောဖို့ လိုမယ် မထင်ပါဘူး။IMDb ကတော့ 5.7/10 ရထားပါတယ်။ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားသူကတော့ Myo Nyunt ပဲ ...
movie

American Son (2019)

2019