Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lasse Hallström
7
An Unfinished Life (2005)
An Unfinished Life (2005)~ IMDb - 7/10, Rotten Tomatoes - 52% ~ကျေးလက်အငွေ့အသက်တွေနဲ့ မိသားစုဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ချင်နေတယ်ဆိုရင် An Unfinished Life ကို ကြည့်ပါ။Pop Icon တစ်ဦးဖြစ်တဲ့ J Lo အဓိကပါဝင်ထားပြီး ရသတွေ တပုံကြီးပေးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘဝရဲ့ အငြိုးတရားတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့စိတ်အခြေအနေရောက်ဖို့ လက်လွှတ်သင့်တာ လက်လွှတ်ရမယ်ဆိုတဲ့အကြောင်းကို ပုံဖော်ထားပါတယ်။အိုင်နာ ဆိုတဲ့ ကောင်းဘွိုင်အဖိုးကြီးဟာ သူ့သားသေဆုံးမှုကြောင့် ချွေးမဖြစ်သူကို ရန်လိုနေပြီး ချွေးမဖြစ်သူ ဂျင်း ကတော့ သမီးတစ်ယောက်ပိုက်လို့ နောက်ရည်းစားတိုက်ခန်းမှာနေပါတယ်။ ရည်းစားဖြစ်သူက ကိုယ်ထိလက်ရောက် ညှင်းပန်းတာတွေလုပ်လာတဲ့နောက် မခံနိုင်တဲ့အဆုံး သူ့ကိုမုန်းနေတဲ့ အိုင်နာဆီ မြေးမျက်နှာနဲ့ပြန်သွားရပါတော့တယ်။ သမီးလေးကို ပြုစုရင်း နေရာသစ်မှာ အခြေချဖို့ကြိုးစားနေတဲ့ ဂျင်းကို သူ့ရည်းစားကတော့ လက်မလွှတ်ဘဲ လိုက်ချောင်းနေဆဲပါ။ဂျင်းကို ပြန်တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ... ဂျင်းနဲ့ ...
movie
An Unfinished Life (2005)
2005
6.1
Hilma (2022)
Hilma (2022)~ IMDb - 6.1/10, Rotten Tomatoes - 63% ~ဟာမားအက်ဖ်ကလစ် ဆိုတဲ့ ပထမဆုံး စိတ်ကူးယဥ်အနုပညာကိုဆွဲပြခဲ့တဲ့ ပန်းချီဆရာမလေးအကြောင်း ရိုက်ပြထားတဲ့ အတ္ထုပ္ပတ္တိ (Biography) ဇာတ်ကားပဲဖြစ်ပါတယ်ဆွီဒင်ပန်းချီဆရာမ ဟာမားအက်ဖ်ကလင့်ဟာ စိတ်ကူးယဥ်ပန်းချီဆွဲသူအနေနဲ့ ကမ္ဘာမှာလူသိများပါတယ်။ ထူးဆန်းတာက သူ့ရဲ့အတွေးအခေါ်တွေက ဝိညာဥ်တွေဆီကပဲ ရတယ်ပြောတော့ အဲဒီခေတ်ကလူတွေကယုံရခက်ခဲ့ကြပါတယ်။ ခေတ်ကလည်း ပန်းချီလို့ပြောလိုက်ရင် လက်တွေ့ဆန်တဲ့ ရှူခင်းပုံတွေကိုပဲ သိကြသေးတဲ့ခေတ်ဆိုတော့ ဒီဇာတ်ကားထဲမှာ...- ဝိညာဥ်လောကက တစ်ကယ်ရှိတာလား - ဟာမား ဘယ်လို ပန်းချီဆွဲချင်သွားတာလဲ - ဟာမားရဲ့ အချစ်ရေး - လူတွေက ဟာမား အလုပ်ကို အသိအမှတ်ပြုခဲ့လား - ဟာမား ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရလဲ - ဟာမား အိပ်မက်တွေကို လက်လျော့ခဲ့လား - ဟာမားရဲ့အိပ်မက် အကောင်အထည်ပေါ်သွားခဲ့လား စတာတွေကို စိတ်ဝင်တစားဖြစ်အောင် ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ်။ အဲဒါအပြင် ဟာမားရဲ့ လှပတဲ့ အနုပညာပန်းချီကားတွေကိုလည်း ထည့်သွင်း ရိုက်ပြထားပါသေးတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB ...
movie
Hilma (2022)
2022
7.8
What’s Eating Gilbert Grape (1993)
* What's Eating Gilbert Grape *IMDB - 7.8/10 Rotten Toamtoes - 89% MKWah – 4.5/5____________ Leonardo DiCaprio နဲ့ Jonny Depp တို့ အတူ တွဲရိုက်တဲ့ ရှားရှားပါးပါး ရုပ်ရှင် . . ။ အမေရိကန် မြို့ငယ်လေးတစ်မြို့ရဲ့ လူနေမှုဘဝ တွေကို မြင်ရမယ့် ရုပ်ရှင် . . ။ အတက်အကျ အနိမ့်အမြင့် အချိုးအကွေ့တွေနဲ့ ဝေဝေဆာဆာ ဖန်တီးထားတဲ့ ဇာတ်ညွှန်းတစ်ပုဒ်ကို ခံစားရမယ့် ရုပ်ရှင် . . ။ ဇာတ်လမ်းအကျဉ်းက အသက် 24 နှစ်အရွယ် Gilbert (Jonny Depp) ဆိုတဲ့ ကောင်လေးနဲ့ သူ့မိသားစုအကြောင်း ပါ။ သူ့မှာ စိတ်မမှန်တဲ့ အူကြောင်ကြောင် ညီတစ်ယောက် (Leonardo) ရှိတယ်။ ဒီရုပ်ရှင်ကို ...
movie
What’s Eating Gilbert Grape (1993)
1993
6.3
Dear John (2010)
ဒီဇာတ်ကားလေးက အရမ်းနာမည်ကြီးတဲ့The Notebook ကိုရေးတဲ့ စာရေးဆရာ Nicolas Sparks ရဲ့ Dear John ၀တ္တုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အမေရိကန် အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ စစ်သားလေး “ဂျွန်” ဟာ ခွင့်ရစဉ်ဇာတိမြို့လေးကိုခဏပြန်လာတဲ့အချိန်မှာ ကောလိပ်ကျောင်းသူလေး “ဆာဗားနား” နဲ့ချစ်ကြိုးသွယ်ခဲ့မိပါတယ်။ ဒီနောက်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်စာလေးတွေမှန်မှန်ရေးကြရင်း ဒီဇာတ်လမ်းလေးကို အရှိန်မြင့်စေပါတယ်။ ဘယ်လောက်စစ်မှန်တဲ့a ချစ်ခြင်းမေတ္တာဖြစ်ဖြစ် ကံကြမ္မာရဲ့ အလှည့်အပြောင်း ဇာတ်ဆရာအလိုကျ ချစ်ရတဲ့ချစ်သူနှစ်ယောက် ဘယ်လိုအဆက်ပြတ်သွားကြမလဲ ဘယ်လောက်ကြိတ်မှိတ်ခံစားရတယ်ဆိုတာကို ထိထိမိမိရိုက်ပြသွားပါတယ်…. ဒါ့အပြင် ဖခင်တစ်ယောက်နဲ့သားတစ်ယောက်ရဲ့ ဆက်ဆံရေး၊ နှုတ်ကဖွင့်မပြောတတ်တဲ့ ယောင်္ကျားသား (၂) ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း သဘောပေါက်နိုင်ပါတယ်။ နောက်ထပ်လည်း ဒင်္ဂါးလေးတွေ အကြောင်းလည်း ဗဟုသုတရဖွယ်ဖော်ပြသွားလို့ တော်တော်ကြည့်ပျော်တဲ့ကားလေးလို့ပဲ ညွန်းဆိုပါရစေ မိသားစုနဲ့ ကြည့်ဖို့သင့်တော်တဲ့ အမေရိကန် Romance ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ။ IMDB Rating 6.3 ရရှိထားတဲ့ ကားတစ်ကားပါ။ (ဇာတ်လမ်းအညွှန်းရေးသားသူ နဲ့ ဘာသာပြန်သူကတော့ ကိုသက်ဖြိုးဦး ပဲ ဖြစ်ပါတယ်။)
movie
Dear John (2010)
2010
5.6
The Nutcracker and the Four Realms (2018)
ခရစ္စမတ်နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ကလေးလေးအရွယ်ကတည်းက အသိ သညာတွေရှိခဲ့ဖူးတယ် အမှတ်တရတွေမှ လဲ အများကြီးပဲ ခရစ္စမတ်ကာရိုးသီချင်း လေးတွေနားထောင်ပြီး ကြက်ဆင်သားနဲ့ ပူတင်းပူပူလေးတွေ စားသောက်ကြတဲ့ ပျော်ပွဲရွှင်ပွဲတွေအကြောင်းဖတ်ဖူးကြမှာပါ ဒီ The Nutcracker and the four realms ဆိုတဲ့ကားလေးမှာ လဲ ခရစ္စမတ်ရဲ့ မရိုးအီနိုင် တဲ့ခံစားမှုအငွေ့အသက်လေးတွေတွေ့မြင် ခံစားရဦးမှာပါ ဘာလို့ဆို ဇာတ်လမ်းကို ခရစ္စမတ်အကြိုညလေးနဲ့စတည်ထားတာကိုး plot အပိုင်းပြောရမယ်ဆိုရင် ကလာရာဆိုတဲ့ ကောင်မလေးမှာ သူ့အမေဆီကအမွေရထား တဲ့ တီထွင်ညာဏ်ရည်ထူးချွန်တဲ့အရည်ချင်း ပါလာတယ် မွေးချင်းသုံးယောက်ရှိတဲ့ မိသားစုလေးကို ချစ်ကြင်သူဇနီးမရှိပဲ ထိန်းကျောင်းလာခဲ့ရတဲ့ ကလာရာတို့အဖေ ကတော့ နှစ်တိုင်းခရစ္စမတ်ရောက်တာနဲ့ အတိတ်ဟောင်းတွေတူးဆွပြီး လွမ်းမော တသဖြစ်နေတတ်တယ် သူမှမဟုတ်ပါဘူး ကျန်တဲ့မွေးချင်းတွေနဲ့ လုံးဝမတူကွဲထွက် နေတဲ့ ကလာရာလေးလဲထပ်တူထပ်မျှပါပဲ ဒီလိုနဲ့ အမေ့ဆီကလက်ဆောင်တွေဆိုပြီး ခရစ္စမတ်အကြိုညမှာ ပင်ချောင်းသော့ ခလောက်လေးပါတဲ့ ဥလေးတစ်လုံး ကလာရာ ရလိုက်ခဲ့တယ် ဒါပေမယ့် လက်ဆောင်ဘူးထဲမှာ ဖွင့်ဖို့သော့ပါမလာ ခဲ့ဘူး အဲ့သော့ရဲ့အဖြေကို သူတို့ ခေါင်းကိုင်အဖေကြီး ဒရော်ဆယ်မာယာ ဆီကရပြီး အခြားကမ္ဘာတစ်ခုရောက်ဖို့ အ ကြောင်းဖန်လာတဲ့ အခါ ဒီ movie လေးရဲ့ genre ကတော့ fantasy အမျိုးစားဆိုတဲ့အတိုင်း visual effect ...
movie
The Nutcracker and the Four Realms (2018)
2018
8.1
Hachi: A Dog’s Tale ( 2009 )
ခွေးကလေး ဟာချီကိုအကြောင်း အားလုံးကြားဖူးမယ်ထင်ပါတယ် 1925 ဂျပန်နိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတပုဒ်ပါ ဒါကိုမှီငြိမ်းပြီး ဇာတ်လမ်းပြန်လည် ရိုက်ကူးခဲ့ပါတယ် သစ္စာရှိလှတဲ့ ခွေးကလေး ဟာချီကိုဟာ သူ့သခင်ကိုနေ့တိုင်းနေ့တိုင်း ၉နှစ်ထိတိုင် သူမသေဆုံးခင်ထိ စောင့်မျှော်နေခဲ့တယ်.. သူ့သခင်ကတော့ ဘယ်တော့မှ သူ့ဆီပြန်မလာဘူးဆိုတာတော့ သူသိနိုင်မှာမဟုတ်ပါဘူး ဘာကြောင့်လဲဆိုရင် သူ့သခင် က ဆုံးသွားပြီဖြစ်လို့ပါပဲ ဒီခွေးကလေးကို ဇာတ်ကြောင်း တည်ပီးဘယ်လိုတွေ ရိုက်ကူးတင် ဆက်ထားလဲဆိုတာ ခံစားကြည့်ရအောင် ဘာသာပြန်သူ Ei Pyae ဖြစ်ပါတယ်
movie
Hachi: A Dog’s Tale ( 2009 )
2009
7.3
Chocolat(2000)
Chocolat(2000) IMDb...7.3,,,Rotten.....62% ချောကလက်ဆိုတဲ့ဇာတ်ကားဟာ လူသားဆန်မှု၏ တန်ဖိုးတစ်ခုကို ပါးပါးလေးပြောပြထားသည့် ချစ်စဖွယ် ကဗျာတစ်ပုဒ်လို့ စာရေးဆရာမ ဂျူးက ဆိုထားလေတယ်... ပြင်သစ်နိုင်ငံရဲ့မြို့တစ်မြို့... သူတို့မြို့လေးက စည်းကမ်းပေါင်းများစွာ အယူပေါင်းများစွာရှိတယ်.. သူတို့တွေကိုကြည့်ရတာ စက်ရုပ်ဆန်နေသလိုပဲ...ပြည်သူပြည်သားအပေါင်းဟာ လည်း ဒီလိုကျင့်ဝတ်စည်းကမ်းတွေကို အသားကျနေတဲ့ပုံစံပါပဲ... မြို့တော်ဝန်ဟာ စည်းကမ်းတွေလိုက်နာပြီး အနေအထိုင်တည်တံသူဖြစ်လို့ အားလုံးအပေါ်ကို သြဇာသက်ညောင်းတယ်...ဒီလိုမြို့လေးကို သားအမိ (၂)ယောက်ရောက်လာတယ်.မြို့ကိုရောက်ပြီးအမေလုပ်သူဟာ ချောကလက်ဆိုင်ဖွင့်တယ်. ..သူမ ဟာ လွပ်လပ်စွာနေတယ်...သူ့ရဲ့ကိုယ်ပိုင်ဟန် အတိုင်းနေတယ်...သို့ပေမယ့်လည်း မြို့ခံလူတွေနဲ့ မြို့တော်ဝန်အတွက် တော့ သူမဟာ အရိုင်းဆန်နေသလိုဖြစ်နေတယ်.... ဒီလိုမြို့ရဲ့မြစ်ကမ်းကိုမှ ဂျစ်ပစီမော်တော်များဆိုက်ကပ်လာတယ်... မြစ်ကြောင်းအတိုင်း မော်တော်နဲ့ ကမ္ဘာပတ်ပြီးခရီးသွားနေထိုင်ကြတဲ့သူတွေပေါ့။.. ဒီမော်တော်မှာပါတဲ့ လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်ဟာ လည်း လွပ်လပ်ပွင့်လင်းစွာနေတဲ့သူပေါ့...ကိုင်း ပရိတ်သတ်ကြီးရေ ဒီမြို့လေးမှာ ဘာတွေဆက်ဖြစ်မလဲဆိုတော့ ခံစားကြည့်လိုက်ပါဦးဗျ... ဒီကားထဲက အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Johnny Depp နှင့် Juliette Binoche တို့ ၂ယောက်ကို သိကြမယ်ထင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ်Tinnilar Lwin ဖြစ်ပါတယ်.. File Size : (900 MB) and (364MB) Quality : Blu-Ray 720p Format…mp4 Duration…02:01:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Chocolat(2000)
2000
6.7
Safe Haven (2013)
Safe Haven (2013)_____IMDb - 6.7/10 ဒီတစ်ခါတော့ ရိုမန်တစ်ဆန်ချင်တဲ့ RS တွေနဲ့ ရုပ်ရှင်ကြည့်ပြီး အားကျချင်တဲ့ FA တွေအတွက် Romance ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာ နာမည်ကျော်စာရေးဆရာ Nicholas Sparks ရဲ့ Safe Haven ဆိုတဲ့ ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Nicholas Sparks ကတော့ အားလုံးသိတဲ့ The Notebook, The Faults in Our Stars လို ရုပ်ရှင်တွေရဲ့ မူရင်းဝတ္ထုလက်ရာရှင်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ကေတီဆိုတဲ့အမျိုးသမီးငယ်လေးဟာ မြောက်ကယ်ရိုလိုင်းနားကမ်းခြေမှာရှိတဲ့ မြို့ငယ်တစ်မြို့မှာ အခြေချပြီး ဘဝသစ်တစ်ခုစတင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ စားပွဲထိုးတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်ပြီး ဇာတ်မြုပ်နေခဲ့ပေမယ့် ဒီရပ်ကွယ် ဒီမြို့လေးက သူ့ကို ဝိုင်းဝန်းစောင့်ရှောက်ပေးကြ၊ ချစ်ခင်ကြပါတယ်။ အထူးသဖြင့် မိန်းမဆုံးပါးသွားပြီးနောက် ကလေးတွေနဲ့ကျန်ရစ်ခဲ့တဲ့ အဲလက်စ်က သူ့ကိုအတော်လေး ဂရုစိုက်ပေးပါတယ်။အဲလက်စ်နဲ့ သူ့ကလေးတွေကြောင့် ကေတီတစ်ယောက် လူတွေကို ...
movie
Safe Haven (2013)
2013
5.2
A Dog’s Purpose (2017)
ဘေလီ လို့ ခေါ်တဲ့ ရွှေဝါရောင် အမဲလိုက်ခွေး အမျိုးအစားလေး က သူ့ ကို တကယ်ချစ်ပြီး ကြင်နာပေးတဲ့ အီသန် နဲ့  ဟန်နာ တို့ ရဲ့ အချစ်တော်ခွေးလေးပေါ့ အီသန် က ဘေလီ ကို Rugby ဘောလုံးလေးနဲ့ ကစားနည်းလေးတွေ သင်ပေးခဲ့တယ် တစ်နေ့ မှာတော့ အကြောင်းကြောင်းကြောင့် အီသန် နဲ့  ဟန်နာ တို့  လမ်းခွဲ ခဲ့ကြတယ် နောက်ပိုင်း အီသန် ပညာသင်ဖို့ ထွက်ခွာသွားခဲ့တဲ့အချိန်မှာတော့ ဘေလီ လေးလည်း သခင်ကို လွမ်းတဲ့စိတ်နဲ့  နေမကောင်းဖြစ်ပြီး ဆရာဝန်တွေက သူ့ အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးခဲ့ကြတယ် ဒီလိုနဲ့  ဘေလီဟာ နောက်ဘ၀တစ်ခုမှာတော့ ရဲတပ်သား ခွေးလေးဘ၀ကို ပိုင်ဆိုင်ခဲ့ပြီး သူတတ်စွမ်းသလောက် အခြားလူတွေ နဲ့ သူ့ ရဲ့ သခင်အသစ်ကို ကူညီပေးခဲ့တယ် ဒါပေမဲ့လည်း ဘေလီ ...
movie
A Dog’s Purpose (2017)
2017