Channel Myanmar

Madhur Bhandarkar

Fashion (2008) 6.9
Fashion (2008) Fashion (2008) "အိပ်မက်များဆီသို့..." IMDb - 6.9/10ဘောလိ၀ုဒ်ရဲ့ ဘုရင်မတွေထဲက နှစ်ပါးဖြစ်တဲ့ ပရီရန်ကာနဲ့ ကန်ဂနားတို့ အပြိုင်ကြဲထားကြတဲ့ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၈ခုနှစ်ဆိုတဲ့ ခေတ်ကာလတစ်ခုမှာ ရူပီး သန်းတစ်ရာ့ရှစ်ဆယ် အကုန်ကျခံရိုက်ကူးထားပြီး သန်းခြောက်ရာကျော် ပြန်လည်ရရှိခဲ့တဲ့အပြင် အဓိကဇာတ်ကောင်နေရာမှာဆို မင်းသားတွေကိုပဲ နှစ်သက်လက်ခံကြတဲ့ခေတ်တစ်ခုမှာ မင်းသမီးတွေအနေနဲ့ အဓိကဇာတ်ကောင်နေရာကနေတင်ဆက်ထားပြီး လူကြိုက်များအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတကားလည်းဖြစ်ပါတယ်။ အဲဒါအပြင်ကို နိုင်ငံတကာအိန္ဒိယရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဒီရုပ်ရှင်နဲ့ပဲ ပရီရန်ကာရော ကန်ဂနားပါ ထူးချွန်ဆုတွေအသီးသီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။မြို့သေးသေးလေးက အိပ်မက်အကြီးကြီးနဲ့ ကောင်မလေးတစ်ယောက်။ ကမ္ဘာကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်နဲ့အတူ မွမ်ဘိုင်းမြို့တော်ကြီးကိုရောက်လာပါတော့တယ်။ အပြိုင်အဆိုင် အတိုက်အခိုက်တွေများလှတဲ့ မော်ဒယ်လ်လောကကြီးထဲမှာ အိပ်မက်အကြီးကြီးအတွက် ပေးဆပ်မှုအကြီးကြီးရှိတတ်တယ်ဆိုတာ သိသွားပြီးချိန်မှာတော့ သူဖြစ်ချင်တဲ့အိပ်မက်အတိုင်း အကောင်အထည်ဖော်နိုင်မှာလား၊ ပတ်ဝန်းကျင်နဲ့လိုက် အရောင်တွေပြောင်းသွားပြီး ဘ၀ပဲပျက်သွားမလားဆိုတာ ဖက်ရှင်ဒီဇိုင်းဆန်းတွေနဲ့အတူ ကမ္ဘာကျော်မော်ဒယ်လ်ဖြစ်ချင်တဲ့ မင်းသမီးတွေရဲ့အလှကို ငေးမောခံစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3GB / 1.5GB Quality…BluRay 1080p /720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard ...
movie

Fashion (2008)

2023
Aan: Men at Work (2004) 5.7
Aan: Men at Work (2004) Aan: Men at Work (2004) Action, Crime, Drama IMDb 5.7/10 (3.2K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၀၀ခုနှစ်အလွန်လောက်က ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ မှုခင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်ကြတဲ့ အရှေးကူမား..ဆူနီးရှက်တီး..အစ်ရဖန်းခန်း..ဂျက်ကီရှရော့ဖ်စတဲ့ မင်းသားကြီးတွေအပြင် မင်းသမီး ရဗီနားတန်ဒန်နဲ့ လာရာဒက်သားတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ တခြားသော နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်များစွာနဲ့လည်း အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လူမှန် မြို့ပြင်ထွက်နေ ဆိုသလို ပူနေးမြို့ကနေ မွန်ဘိုင်းမြို့ကို အရာရှိတစ်ယောက်ဟာ နယ်ပြောင်းတာဝန်ကျလာခဲ့ပါတယ်။ရာထူးတိုးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ သူ ရောက်လာတဲ့ မွန်ဘိုင်းမြို့ရဲ့အခြေအနေဟာလည်း တစ်မြို့လုံးကို လူမိုက်ဂိုဏ်းအသီးသီးက အုပ်စိုးကျက်စားနေသလို နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေဟာလည်း လူမိုက်တွေနဲ့ပေါင်းပြီး မတရားစွာ ကြီးစိုးနေခဲ့ကြပါတယ်။အင်အားကြီးသူက အနိုင်စတတ်စမြဲ ဒီလောကကြီးမှာ ရဲတွေဟာလည်း ကျီးလန့်စာ စားနေခဲ့ရပါတယ်။ နာမည်သာရှိပေမယ့် စနစ်ဆိုးကြီးကြောင့် လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လုပ်ပိုင်ခွင့်နဲ့ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေပါ။အဲ့ဒီစနစ်ကြီးကို ဒီအရာရှိနဲ့ သူ့အဖွဲ့က ပြောင်းလဲပစ်ဖို့ ကြံစည်လာတဲ့အခါ တစ်ဖက်က လူမိုက်ဂိုဏ်းအသီးအသီးဟာလည်း ဒီရဲတွေကို ရှင်းထုတ်ပစ်ဖို့ ကြံလာခဲ့ပါပြီ။ဆက်လက်ပြီး ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းနဲ့သွားမလား...။ငွေများတရားနိုင်ဆိုတဲ့ ဇာတ်နာနဲ့သွားမလားဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ဆက်လက်ပြီးရှုစားပေးကြပါဦးနော်...။ File size…3GB ...
movie

Aan: Men at Work (2004)

2004
Babli Bouncer (2022) 6.7
Babli Bouncer (2022) Bobli Bouncer (2022)IMDb-6.5/10အိန္ဒိယမြို့အစွန်က ဘောက်ဆာရွာလေးမှာ လူငယ်တိုင်း ဘောက်ဆာလေ့ကျင့်ကျွမ်းကျင်ကြတယ် ဒီထဲကမှ ဘောက်ဆာဆရာရဲ့ သမီးဖြစ်တဲ့ ဘာဘလီကတော့ ရွာမှာ ဘောက်ဆာကျွမ်းကျင်တဲ့ မိန်းကလေး အတန်းပညာမှာအာရုံမစိုက်ခဲ့တာကြောင့် 10 တန်း တဖုန်းဖုန်းကျပြီး ကျောင်းထွက်ခဲ့ရပေမယ့် ဘောက်ဆာမှာတော့ အမျိုးသားထဲမှာတောင် သူ့ကိုနိုင်သူမရှိဘူး မင်္ဂလာဆောင်တစ်ခုမှာ ကျောင်းတုန်းကဆရာမနဲ့တွေ့ပြီး ဆရာမသားကို သဘောကျမိသွားရာကနေ သူ့ဘ၀မှာ အပြောင်းအလဲတွေ စဖြစ်တော့တာပဲ....ဒေလီက ညကလပ်တစ်ခုကိုလာတဲ့ မိန်းကလေးတွေ အန်တီကြီးတွေရဲ့ ရစ်ဒဏ်ညစ်ဒဏ်ကို အမျိုးသားဘောက်ဆာ‌၀န်ထမ်းတွေ ဖြေရှင်းဖို့ အခက်တွေ့ရာကနေ အမျိုးသမီး ဘောက်ဆာ၀န်ထမ်းတွေ ခန့်ဖို့ ဖြစ်လာခဲ့တယ်ပညာတတ် လူရည်သန့်လေးဗီရာ့ဂျ်က အမှီအခိုကင်းတဲ့ မိန်းကလေးသဘောကျတယ်ဆိုတာနဲ့ အမှီအခိုကင်း နေထိုင်ပြချင်လို့ ညကလပ်မှာ အမျိုးသမီး ဘောက်ဆာအလုပ်လျှောက်ရင်း ရခဲ့တယ်ဗီရာ့ဂ်ျရဲ့ ‌မွေးနေ့မှာ အမူးလွန်ပြီး ဖွင့်ပြောမိရာကနေ ဗီရာ့ဂ်ျဆီက ခါးခါးသီးသီး ငြင်းခံရလိုက်တဲ့အခါမှာတော့.....ပျော်ပျော်နေတတ်ပြီး ခေတ်လူငယ်တွေကြားအသုံးအနှုန်း အပြုအမူတစ်ခုမှမသိတဲ့ ရိုးသားတဲ့ တောသူမလေးနဲ့ပညာတတ် ဥစ္စာပေါ ရုပ်ချောလေးတို့ရဲ့ အချစ်ဇာတ်လမ်းက ရှေ့ဆက်နိုင်မှာလား ဒီလိုနဲ့ပဲ ဇာတ်သိမ်းသွားမလားဆိုတာကို ခံစားကြည့်ပါဦးအပန်းပြေကြည့်ချင်တဲ့ကားကောင်းလေး ရှာနေတဲ့ ပရိသတ်တွေအကြိုက်တွေ့မယ့် အချစ်ဇာတ်မြူးလေးပါ File size…2.45GB ...
movie

Babli Bouncer (2022)

2022