Channel Myanmar

Mike Newell

Mona Lisa Smile (2003) 6.5
Mona Lisa Smile (2003) Mona Lisa Smile (2003) ================= IMDb Rating - 6.5/10၁၉၅၃ / ၅၄ ခုနှစ်တွေဆီက အမျိုးသမီး အခန်းကဏ္ဍ၊ သူတို့ရဲ့ ပညာသင်ယူရေး၊ အိမ်ထောင်ရေးတို့ရဲ့ ရှေးရိုးစွဲအခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် တင်ပြထားတဲ့ ဇာတ်လမ်းကောင်း တစ်ခုပါ။ အဲဒီခေတ်တွေဆီက အမျိုးသမီးတွေ ပညာသင်ယူခွင့် ရတာကိုပဲ ဘုရားပေးတဲ့ဆုလို့ ခံယူရတဲ့အချိန်ပေါ့။ ကောလိပ်တက်၊ ဘွဲ့ယူဆိုတဲ့ မဟာ့မဟာ အခွင့်အရေးကြီး ရကာစ။အင်္ဂလန်ဆိုတာ ကိန်းကြီးခန်းကြီးနိုင်တဲ့နေရာမှာ သိပ်ကို နာမည်ကြီး တယ်ဗျ။ ညစာကို မိသားစုအချင်းချင်း စားဖို့အရေးတောင်မှ လည်စည်း မပါဘဲမစားရတာ၊ ညနေ ၅ နာရီ အမီစားရတာ ဘာညာ။ အဲဒါကိုမှ လူကုံတန်အသိုင်းအဝိုင်းဆိုရင်တော့ ပိုဆိုးပြီသာမှတ်။ အဲဒီလိုနိုင်ငံ၊ အဲဒီ စနစ်ကို ရေရှည်တည်မြဲရေးလုပ်ပေးနေတဲ့ ကောလိပ်တစ်ခုကိုမှ လွတ်လပ် ပြီး တက်ကြွတဲ့ ဆရာမလေး ‌အမေရိကားကနေ ရောက်လာခဲ့တယ်။ ဘွဲ့ ရတဲ့အထိ လွှတ်ပေးထားပြီး ဘွဲ့ရတာနဲ့ ခင်ပွန်းသည်အတွက် ညအိပ်ပြည့် တန်ဆာ၊ အိမ်မှာ အစေခံတစ်ယောက်ဖြစ်သွားတဲ့အိမ်ထောင်ရေးထဲ ဆွဲ သွင်းလိုက်ကြရောတဲ့။ အဲဒီလိုအဖြစ်တွေကို မကြည့်နိုင်တဲ့ ဆရာမလေး ဟာ ...
movie

Mona Lisa Smile (2003)

2003
Harry Potter and The Goblet of Fire (2005) 7.7
Harry Potter and The Goblet of Fire (2005) Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie

Harry Potter and The Goblet of Fire (2005)

2005
4K HEVC
Four Weddings and a Funeral (1994) 7.1
Four Weddings and a Funeral (1994) "ပထမမင်္ဂလာဆောင်" ကိုယ်က အနှောင်အဖွဲ့ကိုကြောက်တတ်တဲ့ လွတ်လပ်သူပေါ့။ မင်္ဂလာဆောင်အခမ်းအနားတွေနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး မင်္ဂလာဆောင်ခြင်းဆိုတာနဲ့ ရန်သူဖြစ်ခဲ့တာပေါ့။ ဒီမင်္ဂလာပွဲမှာ ကိုယ်မင်းကို ပထမဆုံးစတွေ့ခဲ့တယ်။ ချစ်တယ်ဆိုတာ အိပ်နေရတာလောက် မကောင်းဘူးလို့ထင်ထားတဲ့ ကိုယ်...အဲဒီနေ့မှာအချစ်ဆိုတာကို ပါးပါးလေး စတွေ့မိခဲ့တယ်။ မင်းအရမ်းလှနေတယ်။ ကိုယ်တို့ အတူ ကြည်နူးစရာညတစ်ညကိုဖြတ်သန်းခဲ့ပြီး ရိုးရိုးလေးပဲ နှစ်ဦးသဘောတူ ခွဲခွာခဲ့ကြတယ်။ ကိုယ်တို့ဘဝရဲ့ အရေးအကြီးဆုံးအရာတစ်ခု ဆုံးရှုံးသွားမှာကို သိရက်နဲ့တောင်မှပေါ့။ "ဒုတိယမင်္ဂလာဆောင်" ဒီမင်္ဂလာဆောင်ကိုလည်း ကိုယ်နောက်ကျပြန်ပြီ။ ပြီးတော့မင်းရဲ့ သတို့သားဖြစ်မယ့် အခွင့်အရေးမှာလည်း နောက်ကျခဲ့ရပြီ။ ပြီးတော့ ဒီမင်္ဂလာဆောင်တွေကို မုန်းတတ်လာပြီ။ စိတ်ဓာတ်အကျဆုံးအချိန်မှာ မင်းနဲ့တွေ့ခဲ့ပြီး နောက်ထပ် ကြည်နူးစရာညတစ်ညရခဲ့တယ်။ ဒီလိုညမျိုး ဘယ်တော့မှမရနိုင်တော့ဘူးဆိုတဲ့ ခံစားချက်နဲ့အတူ ကိုယ်နှလုံးသားထဲမှာ ကျိတ်ငိုခဲ့ရတယ်။ "တတိယမင်္ဂလာဆောင်" ကိုယ်အမုန်းဆုံးမင်္ဂလာဆောင်ပေါ့။ ကိုယ် မင်းကို ကိုယ့်ရဲ့ခံစားချက်တွေကို ပွင့်လင်းပြခဲ့ပေမဲ့ ဒီဖြစ်စဉ်ကြီးဖြစ်လာတာကို မတားဆီးနိုင်ခဲ့ဘူး။ ကိုယ်ချစ်တဲ့သူက တခြားသူရဲ့ရင်ခွင်ထဲမှာရှိနေတာကို ကြည့်ရတာ အချစ်အပေါ်ထားတဲ့ကိုယ့်ရဲ့ ယုံကြည်မှု ကိုယ့်နှလုံးသားလို တစ်စစီ ကြေမွသွားခဲ့တယ်။ "သေဆုံးခြင်း" ချစ်တဲ့ သူငယ်ချင်းတစ်ယောက်ဆုံးရှုံးလိုက်ရတာ နှလုံးသားတစ်စိတ်တစ်ပိုင်း ...
movie


1994
The Guernsey Literary and Potato Peel Pie Society (2018) 7.1
The Guernsey Literary and Potato Peel Pie Society (2018) ဒီဇာတ်ကားလေးက English ရေလက်ကြားက Normandy ကမ်းရိုးတန်းနားမှာရှိတဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေ သိမ်းယူပြီး ခံတပ်တစ်ခုအဖြစ်ပြောင်းလဲခံထားရတဲ့ Gurnsey ဆိုတဲ့ကျွန်းလေးပေါ်က အဖြစ်အပျက်လေးတစ်ခုအဖြစ် ဖန်တီးရိုက်ကူးထားတာပါ။စစ်အတွင်းကအကြောင်းတွေရေးပြီး နာမည်ကြီးလာခဲ့တဲ့ စာရေးဆရာမလေး Juliette Ashton တစ်ယောက် သူရဲ့ဘဝကို မပျော်ပိုက်သလိုဖြစ်နေတဲ့အချိန်မှာGurnsey ကျွန်းပေါ်က Dorsey Adam ဆိုတဲ့ လယ်သမား စာအုပ်ချစ်သူတစ်ယောက်က စာအုပ်တစ်အုပ်ကိုရှာပေးဖို့အကူအညီတောင်းတဲ့ စာကိုလက်ခံရခဲ့ပါတယ်။သူတို့ရဲ့ စာဖတ်အသင်းနာမည်က ဂန်ဆီစာပေနှင့်အာလူးပိုင်မုန့်အသင်းတဲ့။အဲဒီရယ်စရာ ထူးဆန်းတဲ့ နာမည်နဲ့ စာဖတ်အသင်းကိုစိတ်ဝင်စားမိပြီး ကူရှာပေးဖို့ပြောတဲ့စာအုပ်ကို တစ်ခါတည်းပို့ပေးပြီးတော့ အဲ့ဒီအသင်းဖြစ်ပေါ်လာပုံတွေ ဘာလို့အဲဒီနာမည်ဖြစ်နေရတာလဲဆိုတာကိုမေးရင်းနဲ့ အဖြေတွေရလာတဲ့အခါမှာ သူကိုယ်တိုင် Gurnsey ကျွန်းကိုသွားချင်စိတ်တွေပေါ်လာပြီး Gurnsey ကျွန်းကိုရောက်တဲ့အခါမှာ သူနောက်ထပ်ဘယ်လိုဇာတ်လမ်းတွေကိုရှာတွေ့မယ်ဖန်တီးမယ်ဆိုတာကို ကြည်နူးစရာ၊ ဝမ်းနည်းစရာ တွေ့ရမှာပါ။ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 7 ပါ။ကျွန်တော်တို့မှာ မတွေ့ဖူးခင်ကတည်းကရင်းနှီးနေတဲ့မျက်နှာတွေရှိနေပါသလား ရှိခဲ့မယ်ဆိုရင် အဲဒီသူနဲ့ ကျွန်တော်တို့ သက်ဆိုင်သလို အဲဒီလူကလည်းကျွန်တော်တို့နဲ့ သက်ဆိုင်နေမှာအသေအချာပါပဲ။(d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်)File ...
movie

The Guernsey Literary and Potato Peel Pie Society (2018)

2018