Channel Myanmar
Mohit Suri
Half Girlfriend (2017) 4.6
Half Girlfriend (2017) Half Girlfriend(2017)(သူငယ်ချင်းချစ်သူ)မချစ်ရဲတဲ့သူတစ်ယောက်နဲ့ သူ့ကိုမှ ချစ်ပါတယ်ဆိုတဲ့သူတစ်ယောက် ငေးကြည့်ရုံကလွဲရှေ့မတိုးတဲ့ဇာတ်လမ်းမှာ ဘာဆက်ဖြစ်ကြမလဲ...။ ဒီတစ်ခါတော့ မင်းသား အာရွန်းကပူးနဲ့ ရှက်ဒရာကပူးတို့ရဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ကံကြမ္မာဟာ ထူးဆန်းပါတယ်။ အရာရာမှာ ဘက်စုံတဲ့ ကောလိပ်ရဲ့နာမည်အကြီးဆုံးကောင်လေးနဲ့ ရွာကတက်လာပြီး ရိုးသားမှု၊ ကြိုးစားမှုနဲ့ ရွာကအမေရဲ့ ကျောင်းသေးသေးလေးကလွဲ ဘာမှမရှိတဲ့ ကောင်လေးကိုမှ ဆုံပေးခဲ့ပါတယ်။ဘတ်စကတ်ဘောဆော့ဖော် သူငယ်ချင်းဘဝကနေ သံယောဇဉ်တွေ တစ်စတစ်စတိုးလာလည်း သူတို့ရဲ့ဆက်ဆံရေးကို ကောင်မလေးက သူငယ်ချင်းဆိုတာထက် အဆင့်တက်ခွင့် မပေးခဲ့ပါဘူး။ ဘာလို့များလဲ..။ ဒဏ်ရာရနေတဲ့နှလုံးသားဟာ ကိုင်တွယ်ရခက်တတ်ပါတယ်။ ဒါကို ဇာတ်လမ်းအဆုံးမှာ ကောင်လေးသေချာကိုင်တွယ်နိုင်ပြီး သူတို့ဆက်ဆံရေးလေး အဆင့်တက်သွားနိုင်မလား ဘာတွေဖြစ်သွားမလဲ..။ အချစ်ဆိုတာ ဘယ်လောက်နူးညံ့လဲဆိုတာကို သိမ်သိမ်မွေ့မွေ့လေးတင်ဆက်ထားတဲ့အပြင် လူငယ်ကျောင်းသားဒရာမာကားလေးမို့ ကြည့်ရတာမပျင်းပဲ ရင်ထဲရောက်သွားမှာ အသေချာပဲမို့ အားပေးကြည့်ရှုလိုက်ပါဦးနော်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ရဲ့ Aditi~ Cherry~ KKKZ နဲ့ Thaik San တို့ပဲ ဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie
Half Girlfriend (2017)
2017
Raaz: The Mystery Continues…(2009) 5.7
Raaz: The Mystery Continues…(2009) Raaz: The Mystery Continues (2009) Horror, Mystery, Romance IMDb 5.7/10 (3.8K)အခုတစ်ခါမှာလည်း ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ် ဒီကားမှာတော့ မင်းသားကြီး အင်မရန်းဟက်ရှမီနဲ့ မင်းသမီး ကန်ဂနားတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...ဒီဇာတ်ကားလေးက Jan 2009 လောက်ကထွက်ရှိခဲ့တာဖြစ်ပြီး သုံးထားတဲ့ ဘားဂျက် ရူပီ ၁၈ကုဋေမှာ ရူပီ ၃၈ကုဋေပြန်ရခဲ့ပြီး အတော်လေး အောင်မြင်ခဲ့တဲ့ ကားတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းကို ပြောရမယ်ဆိုရင် နန်ဒီသားဟာ ငယ်ရွယ်ချောမောလှပလွန်းတဲ့ မော်ဒယ်မလေး..ပရစ်ထဗီကတော့ ပန်းချီဆရာ..ဇာတ်လမ်းက အဲ့ဒီမှာစတာပဲ ပရစ်ထဗီခေါင်းထဲမှာ ပုံရိပ်တစ်ခုပေါ်လာတိုင်း ချဆွဲလိုက်တဲ့အခါ နန်ဒီသားရဲ့ပုံတွေပဲ ထွက်လာနေတယ်..နန်ဒီသားကို သူ တစ်ခါမှမမြင်ဖူးဘူး ပုံထဲကကောင်မလေး ရှိမှန်းတောင်မသိဘူးအပြင်မှာတကယ်မြင်လိုက်ရတဲ့အခါမှာတော့ သူ စပြီး စိုးရိမ်လာမိနေပါတယ်.. ဘာလို့လဲဆိုတော့ သူ ဆွဲလိုက်တဲ့ ပန်းချီတိုင်းက နန်ဒီသားရဲ့အနာဂတ်ကို ပြနေပြီး သူမကို ထိခိုက်စေမှာဖြစ်လို့ပါပဲ...တဖြည်းဖြည်းနဲ့ ပန်းချီကားချပ်တွေက ပိုပိုဆိုးရွားလာပြီး နန်ဒီသားကလည်း ပန်းချီထဲကအတိုင်း ဖြစ်ပျက်လာတဲ့အခါမှာတော့...။ဒီနောက်ကွယ်က လျှို့ဝှက်ချက်ကြီးကို ဘယ်လိုဖေါ်ထုတ်ကြမလဲ...။ File size…2.64GB / 1.13GB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated ...
movie
Raaz: The Mystery Continues…(2009)
2009
Ek Villain Returns (2022) 5.4
Ek Villain Returns (2022) Ek Villain Returns (2022) Action, Romance, Thriller IMDb 6.1/10 မင်းသားကြီး ဂျွန်အာဘရာဟမ်နဲ့မင်းသားကြီးအရ်ဂျွန်ကပူးနဲ့ မင်းသမီးချောဒစ်ရှာနဲ့ heropantiကချစ်စရာစပ်စလူးစိန်မင်းသမီးလေး တာရာတို့ ရိုက်ကူးထားတဲ့ ရုံတင်ကားသစ်ရပါပြီဒီကားက ဗီလိန်နှစ်ယောက်အားပြိုင်တဲ့ကား... တစ်ဖက်သတ်အချစ်တွေ နစ်မွန်းလာတဲ့အခါ လူက စိတ်ထွက်ပေါက်မရှိတော့ဘဲ လုပ်မိလုပ်ရာ လုပ်တတ်ကြရင်း စိတ္တဇဆန်ဆန်ဖြစ်လာတတ်ကြပါတယ်...မပိုင်ဆိုင်ရလည်း တခြားသူလက်ထဲ မပေးအပ်နိုင်ဘူးလို့ စိတ်ဆုံးဖြတ်ပြီးတဲ့နောက် ကိုယ်ချစ်ရသူကို အတ္တဆန်ဆန် အချစ်မျိုးနဲ့ ချစ်လာတတ်ကြပါတယ်...တချို့ကျတော့လည်း ချစ်တော့ချစ်တယ် ဒါပေမဲ့ အသက်အသေခံလိုက်မယ် အရှုံးတော့မခံနိုင်ဘူးဆိုတဲ့ အချစ်မျိုး...ဒီလိုအချစ်မျိုးတွေက လမ်းမှားကိုဆွဲခေါ်သွားနေပေမယ့်လည်း ကိုယ်ကိုယ်တိုင်ကတော့ ဒီအချစ်မျိုးထဲမှာ ပျော်မွေ့နေတတ်ကြပါတယ်...မွန်ဘိုင်းမြို့နယ်အတွင်းမှာ ကောင်မလေးတွေ အသတ်ခံနေရတယ် လိုက်လံစုံစမ်းကြည့်တော့ လူသတ်သမားဟာ ရည်းစားရှိတဲ့မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားပြီး ရွေးသတ်နေပါတယ်...ကဲ..ဇာတ်ကားကြည့်ပြီး ဆားပုလင်းနှင်းမောင်သာ လုပ်ပေတော့နော်ဒီဇာတ်ကားမှာ လှည့်ကွက်လေးတွေသုံးထားတာမို့ စိတ်ဝင်တစားကြည့်ရှုရမယ့်အပြင် မင်းသမီးချောလေးနှစ်လက်အပြိုင်ကြဲပြီး လန်းပေးထားလို့ ကြည့်ရကျိုးနပ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်... File size…2.5GB / 1.1GB Quality…1080p Hindi True WEB DL / 720p Format…mp4 Duration….2h 9m Subtitle…Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Ek Villain Returns (2022)
2022
Murder 2 (2011) 6.3
Murder 2 (2011) Murder 2 (2011) Action, Crime, Drama IMDb 6.3/10 (7.2K)ကဲ မင်းသားကြီး အင်မရန်းဟက်ရှမီရဲ့ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်လက်ရဲဇက်ရဲနိုင်တဲ့ အရ်ဂျွန်ဟာ သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ကြောက်လေ့မရှိတဲ့ လောကဓံကိုအန်တုနေတဲ့ မိုက်ကန်းကန်းလူတစ်ယောက်ပါ သူဟာ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး ရဲဌာနကို စိတ်ကုန်နေလို့ တရားဥပဒေဘောင်ပြင်ဘက်ထွက် ကြေးစားလုပ်နေသူတစ်ယောက်ပါတစ်ရက် သူ့ကိုအလုပ်တစ်ခုလာအပ်ပါတယ် ညဉ့်ငှက်လေးတွေ ပျောက်ပျောက်နေတဲ့အမှုပါ..ဖောက်သည်က ခေါ်သွားပြီးရင် ကောင်မလေးတွေက ပြန်ပေါ်မလာတော့ပါဘူး..ပျောက်သွားတာလား ထွက်ပြေးသွားတာလား ဝေခွဲမရလို့...အဆိုပါအမှုကိုလိုက်နေရင်းနဲ့ မြို့ထဲမှာလည်း လူတွေပျောက်ပျောက်နေတာကို သတိထားမိလာခဲ့ပါတယ်..ပျောက်ဆုံးနေသူတွေအားလုံးဟာလည်း မိန်းကလေးတွေချည်းပါပဲ...ဒီအမှုကိုလိုက်နေရင်းနဲ့ ထင်မှတ်မထားတဲ့ ကိစ္စတွေနဲ့ လှည့်ကွက်လေးတွေ ပေါ်လာတဲ့အခါမှာတော့ ဇာတ်ရှိန်တွေ ဘယ်လိုတက်လာမလဲဆိုတာကို ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပေးကြပါ...အင်မရန်းဟက်ရှမီရဲ့ဇာတ်ကားဖြစ်တဲ့အတွက် အနုအရွခန်းလေးတွေ ပါသေးလို့ ရင်ခုန်စိတ်လှုပ်ရှားစေဦးမှာဖြစ်တယ်လို့ ညွှန်းပေးလိုက်ပါတယ်နော် File size…1.8GB / 800MB Quality…1080p WEBRIP Hindi / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Murder 2 (2011)
2011
Hamari Adhuri Kahani (2015) 6.7
Hamari Adhuri Kahani (2015) Hamari Adhuri Kahani (2015)======================IMDb Rating - 6.7/10ဗာဆူဒါး..."ပန်းဥယျာဉ်တစ်ခုမှာ ကြွေကျနေတဲ့ပွင့်ချပ်တွေနဲ့သစ်ရွက်ခြောက်တွေမရှိရင်အဲ့ဒီပန်းဥယျာဉ်က အစစ်နဲ့မတူဘူး""စန္ဒာလမင်းမှာတောင် ချိုင့်ခွက်လေးတွေရှိတယ်" အာရဗ်... "မင်းရဲ့နာကျင်မှုကို အလဲအလှယ်လုပ်တဲ့အနေနဲ့လောကကြီးက ပျော်ရွှင်မှုတွေအားလုံး ငါမင်းကိုပေးချင်တယ်" ဟရီ... "ဒီခန္ဓာကိုယ်ကို ငါပိုင်တယ်""ဒီအသက်ရှူသံတွေကို ငါပိုင်တယ်"−−−−−−−−−−−−−−−−−−−−−−−−−−−−−−အိန္ဒိယလူမျိုးတို့ရဲ့ ထုံးစံအတိုင်း ရိုးရာဓလေ့ဆို တသွေမသိမ်းလိုက်နာပြီး မိဘစကားဆို မြေ၀ယ်မကျနားထောင်တတ်တဲ့မိန်းမ‌ပျိုလေးတွေဟာ အိမ်ထောင်ရက်သားကျချိန်မှာလဲ . လင်ယောကျာ်းကိုဆို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေဘုရားလိုကိုးကွယ်တက်လာကြပါတယ်။ ဒါပေမယ့် အဲ့ဒီလို သိမ်မွေတဲ့ မိန်းမပျိုလေးတွေရဲ့ အနာဂတ်ဟာ လင်ယောကျာ်းအပေါ်သာ မှီခိုနေတာပဲဖြစ်ပြီး လင်ယောကျာ်းက  လင်၀တ္တရားကြေပွန်မှု မရှိတဲ့အခါ သူတို့ရဲ့ ရှေ့ရေးဟာ ရင်လေးစရာဖြစ်လာတာပေါ့။ဒီဇာတ်လမ်းလေးက နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးလေးရဲ့ အရှက်အကြောက်တရားနဲ့ ချစ်ခြင်းမေတ္တာတို့ လွန်ဆွဲရင်း ဖြစ်ပေါ်လာတဲ့အကျိုးဆက်လေးတွေကို အနုပညာဆန်ဆန် တင်ဆက်ပေးထားတာပါ....ဒီဇာတ်လမ်းရဲ့ သဘောလေးကိုက မိန်းကလေးတွေအဖို့ပညာယူစရာအတော်များသလို တချိန်မှာအိမ်ထောင်ဦးစီးဖြစ်လာမယ့် ယောက်ျားသားတို့အနေနဲ့လဲ ပညာရစေမှာမို့ CM မှ တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို သူရ နှင့် YK KY တို့မှရေးသားပေးပြီး။ ...
movie
Hamari Adhuri Kahani (2015)
2015
Malang (2020) 6.7
Malang (2020) ကဲ Bollywood ပရိသတ်ကြီးအတွက် စောင့်မျှော်နေကြတဲ့ ရုံတင်ကားကြီးဖြစ်တဲ့ Malang ကို တင်ဆက်ပေးလိုက်ပါပြီ2020 မှာ အတော်လေးအောင်မြင်လူကြိုက်များသွားတဲ့ကားဆိုလည်း မမှားပါဘူးမင်းသားချော အဒီသ်ယားနဲ့ မင်းသမီးချော ဒေရှားတို့ကိုကတော့ ဘောလီဝုဒ်ဖန်တိုင်းသိကြမှာပါသီချင်းတွေကလည်း စောက်လန်းတွေချည်းပါပဲRomance, Thriller ကားကောင်းတစ်ကားပီပီ ဇာတ်လမ်းကလည်း မြုပ်ကွက်တွေနဲ့ စလည်အဆုံးဆွဲခေါ်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်ဒါကြောင့် စပွိုင်းအမိမခံပါနဲ့ (ကြည့်ပြီးသူများလည်း ဇာတ်ကြောင်းမပြောကြဖို့ မေတ္တာရပ်ခံပါရစေ)ဇာတ်လမ်းလေးကတော့"လူသတ်မှုတစ်ခု တိုင်ချက်ဖွင့်ချင်လို့ပါ ဆရာ""မင်းပတ်ဝန်းကျင်ဧရိယာက ရဲစခန်းမှာတိုင်လိုက်လေကွာ""မဖြစ်သေးပါဘူး ဆရာ အခုမှကျူးလွန်မှာမို့လို့ပါ" ဒီလိုဖုန်းကောလ်တစ်ခု စခန်းမှူး အာဂရှိစ်ထံဝင်လာခဲ့ပါတယ်အာဂရှိစ်ဆိုတာကလည်း ရာဇဝတ်သားမှန်သမျှ ရင်ဆိုင်တိုက်ပွဲတွေ့လို့ဆိုပြီး  အသေချည်းဆော်တဲ့ရဲတစ်ယောက်ပါ ဆေးချပြီး အမြဲကောင်းနေသူပေါ့တစ်ဖက်က သူ့ကို နောက်သလိုလို စိန်ခေါ်သလိုလိုနဲ့ ဝင်လာတဲ့ဖုန်းဆက်သမားနဲ့ အာဂရှိစ့်တို့ ထိပ်တိုက်တွေ့ကြလေသောအခါဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါဇာတ်လမ်းအများကြီးမပြောတာ စပွိုင်းမိသွားမှာစိုးလို့ပါ နိုင်ငံတကာ ရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့IMDb 6.7/10 နဲ့Rotten 67% အထိရရှိထားတဲ့ ကားကောင်းတစ်ကားပါ(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ) File Size : (2.0 GB) , ...
movie
Malang (2020)
2020
Awarapan(2007) 7.2
Awarapan(2007) Awarapan(2007)ဒီAwarapan 2007ဇာတ်ကားလေးကတော့ IMDB rating 7.2/10ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး Action, Drama, Romance ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။ ဂန်းစတားတစ်ယောက်...သူ့ဘဝမှာ သစ္စာတရားဆိုတာကိုလက်ကိုင်ထားပြီးဂန်းစတားအဖွဲ့တစ်ခုဆီမှာလုပ်တယ်...ကိစ္စတော်တော်များများဟာ သူ့ရဲ့လက်ရဲဇက်ရဲနဲ့ထက်မြက်တဲ့ စဉ်းစားဉာဏ်တွေကြောင့်အောင်မြင်တယ်...ဂန်းစတားခေါင်းဆောင်ကလည်း သူ့ကိုအားကိုးတယ်...တစ်နေ့တော့ သူ့ကို လူကုန်ကူးခံရတဲ့မိန်းကလေးတစ်ယောက်ကိုသတ်ဖို့အမိန့်ပေးခြင်းခံရပါတယ်။ မိန်းကလေးတစ်ယောက်ကို သတ်ရမယ်ဆိုပေမဲ့လည်းအမိန့်က အမိန့်ပဲမဟုတ်လား....ဒီလုပ်ရပ်ကို သူမနှစ်မြို့ပေမယ့်လည်း သူသတ်ဖြတ်ဖို့စီစဉ်ပါတယ်...သို့ပေမယ်... ဒီမိန်းကလေးအပေါ်မှာ သနားဂရုဏာသက်သွားပြီးတဲ့အချိန်မှာတော့ဘယ်သူမှ မထင်ထားတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ပါတော့တယ်...သူ့ရွေးချယ်ထားတဲ့လမ်းကြောင့် ဂန်းစတားအဖွဲ့က သူ့ကို ဘယ်လို အဆုံးသတ်ပေးမလဲ..သူချစ်ခင်သွားတဲ့ကောင်မလေးကရော ဘယ်သူဖြစ်မလဲ...အန္တရယ်များလွန်းလှတဲ့ ဒီလမ်းကြောင်းကိုရော သူဖြတ်ကျော်နိုင်ပါ့မလား.....အက်ရှင် ဇာတ်ကားကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း...... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ဖြစ်ပါတယ်.....File Size : (1.13 GB) and (561 MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Action , Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Awarapan(2007)
Ek Villain (2014) 6.5
movie
Ek Villain (2014)
2014
Aashiqui 2 (2013) 7.0
movie
Aashiqui 2 (2013)
2013