Channel Myanmar

Nareubadee Wetchakam

Low Season (2020) 7.8
Low Season (2020) ဇာတ်ကားနာမည် "ခရီးသွားပါးချိန်" ဆိုတဲ့အတိုင်းပါပဲ ခရီးသွားရာသီမဟုတ်တဲ့ မိုးရာသီတစ်နေ့မှာ တောင်ပေါ်တည်းခိုစခန်းလေးတစ်ခုကို ဧည့်သည်ကောင်မလေးတစ်ယောက် ရောက်လာပါတော့တယ် ကောင်မလေးဟာ မွေးကတည်းကသရဲတွေကိုမြင်ရပြီး သူ့ရဲ့အဲ့အချက်ကြောင့် ကောင်လေးတွေထားခဲ့တာကို ခဏခဏခံရသူလည်းဖြစ်ပါတယ်။ နောက်ဆုံးတွဲခဲ့တဲ့ စီနီယာအစ်ကိုကြီးချောချောလေးဟာလည်း နာမည်ကြီးပြီးနောက်ပိုင်း ရုပ်ရှင်မင်းသမီးတစ်ယောက်နဲ့ဖောက်ပြန်လို့ အသည်းကွဲပြီး ဒီတောင်ပေါ်စခန်းလေးကို ရောက်လာပါတော့တယ်။ ထူးခြားတာက အဲ့ဒီတောင်ပေါ်စခန်းလေးက အသည်းကွဲသမားတွေပဲစုနေတဲ့နေရာ... အဲ့ဒီတော့ အသည်းကွဲသမားအချင်းချင်း တစ်ယောက်ဒဏ်ရာတစ်ယောက် ဘယ်လိုကုစားကြမလဲ။ ဘယ်လိုအမှတ်တရတွေကိုဖန်တီးကြမလဲ။ သရဲနဲ့ပတ်သက်ပြီးရော ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲဆိုတာကို ချင်းမိုင်ရဲ့သဘာဝတောတောင်ရေမြေအလှအပလေးတွေနဲ့ ချစ်စရာရိုးရာဓလေ့လေးတွေကိုခံစားရင်း စိတ်လှုပ်ရှားဖွယ်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ မင်းသားချော Mario နဲ့ ချစ်စရာမင်းသမီးလေး Ploypailinတို့ chemistryမိမိလေး ပါဝင်သရုပ်ဆောင်ထားတဲ့ Romance Horror Comedy ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး   စာကြွင်း... မင်းသမီးကတော့ ဘယ်အရပ်ရောက်ရောက် ခေါင်းချတာနဲ့အိပ်ပျော်တယ် ကိုယ်တွေလိုပဲ    File Size - 1.26 GB Quality - Web-DL 1080p Subtitle - Burmese (Hardsub) Translator - MTA Encoder - Thit San Khant
movie

Low Season (2020)

2020
Saranae Siblor (2010) 6.5
Saranae Siblor (2010) Saranae Siblor ဇာတ်ကားဟာဆိုရင်တော့ Director : Nareubadee wetchakam ရိုက်ကူးထားပြီး မင်းသား Mario အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating - 6.3/10ဒီဇာတ်ကားထဲ့မှာဆိုရင် ထိုင်းမင်းသား Mario က ဇာတ်လမ်းစစခြင်းမှာ ခြောက်နေတာကြောင့် သူ့အဖေက ယောကျာ်းစစ်စစ်ဖြစ်အောင် သူ့ဦးလေးရှိရာဆီသို့ ပို့လိုက်ပါတယ်။ သူ့ဦးလေးအိမ်မှာဆိုရင် အော့ဒ် နဲ့ အဒ် အမွှာညီအကိုရှိပါတယ်။ Marioဟာ သူ့ဦးလေးဆီရောက်နေစဉ်မှာပဲ ဘီဘီ ဆိုတဲ့ ကောင်မလေးကို ကြိုက်သွားပါတယ်။ နောက်ပိုင်း ကောင်းမလေးက ပြန်ကြိုက်မလား... ဖွင့်ပြောပြီးတဲ့နောက် ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ကြည့်ရှု့ကြပါတော့...။ ဒီဇာတ်ကားဟာဆိုရင် သရဲကားဆန်ဆန် ရိုက်ကူးထားပေမယ့် သိပ်ကြောက်ဖို့မကောင်းပါဘူး။ အရမ်းရယ်ရပြီး မျက်နှာပြောင်တဲ့ ဇာတ်ကားဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ May Thin Kyu ဖြစ်ပါတယ်)File size__( 900 MB) and ( 350 MB) Quality__HD 720p IMDb Rating__6.3/10 Format__mp4 Duration__01:44:57 Type__Comedy Subtitle__Myanmar Subtitle (Hardsub) Translated by May Thin Kyu  Encoded by Naing Aung Latt
movie

Saranae Siblor (2010)

2010
Cat A.W.O.L (2015) 7.1
Cat A.W.O.L (2015) ကြောင်လေးတွေကိုချစ်တတ်တဲ့ ကောင်မလေးတွေရော ကြောင်လေးနဲ့ တူတဲ့ကောင်မလေးတွေကိုချစ်တတ်တဲ့ ကောင်လေးတွေရော အကြိုက်တွေ့ စေမယ့် ထိုင်းအချစ်ဟာသကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... မေရိုက ကြော်ငြာရိုက်ကွင်းက အလုပ်သင်ဝန်ထမ်းမလေးပါ... သူက မော် လို့ ခေါ်တဲ့ ခန့် ညားပြီး တော်တဲ့ ဒါရိုက်တာလေးကို ချစ်မိနေပါတယ်... သူတို့ နှစ်ယောက်အတူတူ ကြော်ငြာတစ်ခုကိုရိုက်ကူးဖို့ ဖြစ်လာတဲ့အခါ... ကြော်ငြာသရုပ်ဆောင်ကလည်းထူးထူးခြားခြား လူမဟုတ်ဘဲ ယာကူဇာကြီးတစ်ယောက်ရဲ့ ကြောင်ဖြစ်နေတဲ့အခါ... အခက်အခဲပေါင်းစုံကို တူတူကျော်ဖြတ်ရင်း မေရို ရဲ့ အချစ်တွေကို မော် တစ်ယောက်သိလာမလားဆိုတာကတော့ ... ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ကြည့်ရမယ့် အချစ်ဟာသကားလေးဖြစ်ပါတယ်... မီးညောင်လေးတွေလည်း အများကြီးပါတာကြောင့် ကြောင်ချစ်သူတွေလည်း အကြိုက်တွေ့ စေမယ့် ကားကောင်းလေးတစ်ကားပါ.....unicode ကြောင်လေးတွေကိုချစ်တတ်တဲ့ ကောင်မလေးတွေရော ကြောင်လေးနဲ့တူတဲ့ကောင်မလေးတွေကိုချစ်တတ်တဲ့ ကောင်လေးတွေရော အကြိုက်တွေ့စေမယ့် ထိုင်းအချစ်ဟာသကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်.... မေရိုက ကြော်ငြာရိုက်ကွင်းက အလုပ်သင်ဝန်ထမ်းမလေးပါ... သူက မော် လို့ခေါ်တဲ့ ခန့်ညားပြီး တော်တဲ့ ဒါရိုက်တာလေးကို ချစ်မိနေပါတယ်... သူတို့နှစ်ယောက်အတူတူ ကြော်ငြာတစ်ခုကိုရိုက်ကူးဖို့ဖြစ်လာတဲ့အခါ... ကြော်ငြာသရုပ်ဆောင်ကလည်းထူးထူးခြားခြား လူမဟုတ်ဘဲ ယာကူဇာကြီးတစ်ယောက်ရဲ့ကြောင်ဖြစ်နေတဲ့အခါ... အခက်အခဲပေါင်းစုံကို တူတူကျော်ဖြတ်ရင်း မေရို ရဲ့အချစ်တွေကို ...
movie

Cat A.W.O.L (2015)

2015