Channel Myanmar

Patrice Leconte

Maigret (2022) 5.9
Maigret (2022) Maigret (2022)~ IMDb - 5.9/10, Rotten Tomatoes - 93% ~Georges Simenon လက်စွမ်းပြခဲ့တဲ့ Maigret ဝတ္တုတွေဟာ တော်တော်အောင်မြင်ခဲ့သလို ဇာတ်ကားပြန်ရိုက်ကြတာလည်း မနည်းပါဘူး။ ဂျော့ဂျ်ဟာ အဲလ်ဘတ်ကမြူးနဲ့ ခေတ်ပြိုင်လို့ပြောလို့ရတဲ့ စာရေးဆရာဖြစ်ပြီး စည်းအပြင်ကလူလိုမျိုး ခပ်ဆင်ဆင်ဝတ္တုကို ကမြူးနဲ့ တစ်ပြိုင်တည်းထုတ်ခဲ့ဖူးတဲ့သူပါပဲ။ ကံဆိုးစွာနဲ့ ကမြူးလ်ဝတ္တုပဲ လူသိများသွားခဲ့ပါတယ်။ ဒါပေမဲ့ ဂျော့ဂျ်ဟာလည်း ဆရာတစ်ပါးဆိုတာတော့ ငြင်းမရပါဘူး။ ဂျော့ဂျ်ရဲ့ ပထမဆုံး Maigret ဝတ္တုဟာ ၁၉၃၁မှာ စထုတ်ခဲ့တာမို့ ခုဆို နှစ်တစ်ရာတောင်ပြည့်လုနီးနီးပါပဲ။ ဂန္ထဝင်စုံထောက်ဝတ္တုတွေထဲက တစ်ခုဆိုလည်းမမှားပါဘူး။ ဂျော့ဂျ်ရဲ့ပထမဆုံး Maigret ကားကိုတော့ ၁၉၃၂မှာ နာမည်ကျော် ပြင်သစ်ဒါရိုက်တာ Jean Renoir က ရိုက်ခဲ့ပြီး တော်တော်လည်း အောင်မြင်ခဲ့ပါတယ်။ စစဖွင့်ကတည်းက သမိုင်းကြီးခဲ့တဲ့ Maigret ကို အရင်နှစ်တွေတုန်းက မစ္စတာဘင်းန်တစ်ဖြစ်လဲ ...
movie

Maigret (2022)

2022
Voir la mer (2011) 5.6
Voir la mer (2011) Voir la mer (2011) ==============ဒီတစ်ခေါက်မှာတော့ ပြင်သစ် သုံးပွင့်ဆိုင် ဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နီကိုလာနဲ့ ကလီမန့်လို့ခေါ်တဲ့ ညီအစ်ကို နှစ်ယောက်က အားလပ်ရက်မှာ သူတို့အမေရှိတာ ပြင်သစ်ကို အလည်သွားဖို့ ခရီးထွက်လာခဲ့ပါတော့တယ်။ ခရီးမသွားခင်မှာပဲ ပရူဒန့်ဆိုတဲ့ ကောင်မလေးတစ်ယောက်က နီကိုလာနောက်လိုက်ပါပြီး သူမလည်း ခရီးစဥ်မှာအတူပါလာပါတော့တယ်။တကယ်တော့ ဇာတ်လမ်းလေးက ရိုးရိုးလေးပါပါပဲ . ညီအကိုတွေ ခရီးထွက်တယ်၊ ကောင်မလေးက လမ်းကြုံလိုက်တယ်ပေါ့။ မရိုးတာ ကတော့ ကောင်မလေးနဲ့ ညီအကိုနှစ်ယောက်လုံးနဲ့ ညိတာပါပဲ။ ကျန်တာတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါ၊ တစ်ခုသတိ ပေးချင်တာက မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်တဲ့ အခန်းတွေ ပါဝင်တာမို့ သတိပြုကြည့်ရှုကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.8 GB) / (780 MB) / (449 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Parris Encoder..........SWM 
movie

Voir la mer (2011)

2011